Online မှာလေ့လာတဲ့အခါ အချိန်နဲ့ ငွေကြေးလိုပါတယ်။
ငွေကြေးထက် အရေးကြီးတာ အချိန်ပါ။ အချိန်မရှိရင် မလေ့လာနိုင်ပါဘူး။ အချိန်ရောငွေကြေးပါ ပြည့်စုံရင် သင်ယူမှုဟာ မြန်ဆန်ပါတယ်။
Java သမားတွေအတွက်ဆိုရင်လည်း အခြေခံက အစ သင်ပေးတဲ့ course လေးတွေရှိပါတယ်။ ဥပမာအားဖြင့် udemy မှာ Eclipse ကို ဘယ်လို install လုပ်တယ်ကအစ၊ အသုံးဝင်တဲ့ ၊ သိသင့်သိထိုက်တဲ့ အချက်လေးတွေပြောပြပေးတဲ့ course ဆိုရင် တစ်နာရီဝန်းကျင်လောက်ပဲ။ အလကားသင်နိုင်တယ်။
https://www.udemy.com/luv2code-eclipse-ide-for-beginners/learn/#/lecture/1979654
တစ်ချို့ကိုယ်သိချင်တာလေးတွေရှိရင် course တစ်ခု သုံးလေးဆယ်နဲ့ လေးနာရီ၊ငါးနာရီလောက် လေ့လာလိုက်ရင် အဆင်ပြေသွားနိုင်တယ်။ ဥပမာ Node JS သင်ခန်းစာမျိုး။ Amazon Web Service Certificate အတွက်သင်တန်းဆိုရင် ၄၇ ဒေါ်လာလောက်ပဲ။
Chess ထိုးတဲ့သင်ခန်းစာတွေလည်းရှိတယ်။ ဓာတ်ပုံပညာအတွက်လည်း သင်ခန်းစာအတိုလေးတွေရှိတယ်။
Coursera မှာ ဆိုရင်လည်း အလကားသင်လို့ရတာအများကြီးရှိတယ်။ Computer နဲ့ပတ်သက်တာတွေလည်းရှိသလို၊ စီးပွားရေးနဲ့ပတ်သက်တာတွေလည်းရှိတယ်။ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တွေက ပါမောက္ခတွေ၊ ကထိကတွေသင်တာဆိုတော့ ပြောစရာမလိုအောင်ကောင်းတယ်။ အဆင့်အတန်းမြင့်တဲ့ ပညာတွေကို အလကားသင်ယူနိုင်တာဟာ မင်္ဂလာတစ်ပါးပါ။
တစ်သက်တာ ပညာသင်ယူမှုကို လက်မလျှော့သူတွေ ဖြစ်နိုင်ကြပါစေ။
စာမရေးတာ အချိန်တော်တော်ကြာသွားပြီ။ ဒီလထဲမှာတော့ ပြန်အားလာတာနဲ့ နည်းနည်းစရေးလိုက်ပါတယ်။ ရေးစရာတွေ အများကြီးရှိနေပါသေးတယ်။ လောလောဆယ်ဖတ်ဖြစ်တဲ့ ITIL foundation နည်းနည်းလောက်ရေးဦးမယ်။
Regards,
0/0
Let's talk about IT
Saturday, January 2, 2016
Wednesday, April 9, 2014
WebLogic Clustered Env:
WebLogic Clustered Env:
Corporate တွေရဲ့ web application တော်တော်များများဟာ Clustered Environment မှာထားကြတယ်။
Clustering အကြောင်းပြောနေရင် ရှည်လျားထွေပြားကုန်မယ်။ အကြမ်းဖျင်းကတော့ Availability မြင့်အောင်ကြပါတာပါ။ Weblogic မှာတော့ Managed Server အနေနဲ့လုပ်ကြပါတယ်။ App1 ကို အရင်စ။ cluster ထဲသွင်းထား။ နောက်ထပ် App2 ကိုစ Cluster ထဲသွင်း။ cluster နဲ့မှန်မှန်ကန်ကန်လေးတက်လာတဲ့ server တွေမှာဆို
အဲဒီ BEA 000102 လေးတွေ့ရလိမ့်မယ်။ အဲဒီ IP နဲ့ Port နောက်မှာ Clusters 2 ခုရှိတယ်ပေါ့။ App1 နဲ့ App2 ကို Node တွေလို့လည်းခေါ်တယ်။ ဒါက အလွယ်ဆုံး ဥပမာပြောတာ။
များသောအားဖြင့်တော့ Load Balancer Hardware/software/Plug-in တစ်ခုခု ရှေ့နားကနေ ခံထားလေ့ရှိတယ်။ အဲဒါမှမဟုတ်ရင်လည်း အလကားလုပ်ထားသလိုဖြစ်ကုန်မှာကိုး။
ကြုံလေ့ကြုံထရှိတဲ့ ပြဿနာသုံးလေးခုအကြောင်းပြောကြရအောင်။ ပထမဆုံးက cluster လုပ်ထားရင် session ကို share ရမယ်။ မဟုတ်ရင် ပထမ request က App1 ကြောင့်၊ ဒုတိယ request က App2 ရောက်တွေဖြစ်ကုန်ရင် Session Timeout တွေဖြစ်စေနိုင်တယ်။
Load Balancer က App ကို တိုက်ရိုက်လွှဲလိုက်တာတော့မဟုတ်ဘူး။ App တွေရဲ့ အပေါ်မှာ Web ရှိဦးမယ်။ Balancer က Web ရဲ့ အပေါ်မှာရှိရမယ်။ အဲဒီလိုထားကြတယ်။
ဒုတိယတစ်ခု သတိထားရမှာက session ကို share ပါပြီတဲ့။ session ထဲကို ထည့်လိုက်တဲ့ bean တွေက serializable ဖြစ်ရမယ်။ အဲဒါမှမဟုတ်ရင် အဆင်မပြေဘူး။ Clustered Env မှာ Serialized မလုပ်ထားတဲ့ object တွေ ဒွတ်ခရောက်ကုန်မယ်။ Good Practice ကတော့ Object မှန်သမျှ Base object တစ်ခုကို extends လုပ်ခိုင်းထားပြီး၊ အဲဒီ base Object ကို serializable interface implements လုပ်လိုက်ရင် နောက်လာနောက်သားတွေ စိတ်အေးရတယ်။
နောက်တစ်ခုကတော့ ဂွစာတွေ။ third party plug-in တွေက တစ်ချက်တစ်ချက် serialized လုပ်လို့မရတာရှိတယ်။ အဲဒီ lib တွေပါလာရင် စောစောစီးစီး ပြောင်းသုံးလို့ရတုန်း ပြောင်းသုံးထားလိုက်။မဟုတ်ရင် နောက်မှာ ဒုက္ခသေချာပေါက်ပေးလိမ့်မယ်။
အခုလက်ရှိလုပ်နေတဲ့ project အဟောင်းတစ်ခုမှာ user ကို active ဖြစ်နေလား၊ မဖြစ်နေလားကို log-in လုပ်ကတည်းက user ID နဲ့ session ID ကို persist လုပ်ထားလိုက်ပြီး၊ ပြန်ပြန်စစ်တာမျိုး။ ဆာဗာတစ်လုံးထဲဆိုရင် ဘာမှမဖြစ်ဘူး။ Load Balancer ကို sticky session လုပ်ထားရင်လည်း အဆင်ပြေတယ်။(သို့သော် မကောင်းဘူး။ std: အရလည်း မလုပ်သင့်တာတွေရှိတယ်။) session ID ကို ပြန်သုံးတဲ့အခါမှာ session.getSessionID() method နဲ့သုံးထားတာတွေ့တယ်။ အဲဒီမှာ ပြဿနာအကြီးကြီးရှိတယ်။ cluster တွေမှာ session ထဲမှာ သိမ်းထားတဲ့ Java Object တွေကို replicate လုပ်တာမှန်ပေမယ့်၊ session ID နှစ်ခုဟာ somehow identical ဖြစ်မနေတာတွေ့တယ်။ အဲဒီမှာ logical error ဖြစ်ကုန်ပြီး၊ users မှန်သမျှ session timeout ကြလေသတည်းဖြစ်ကုန်တယ်။ အရင်က အလုပ်မလုပ်တဲ့ load balancer က သူ့ဟာသူ ၂ နှစ်လောက်ပျက်နေတုန်းက အကောင်းပဲ။ သူအလုပ်စလုပ်တာနဲ့ အဲဒီပြဿနာပေါ်လာတယ်။ နောက်တော့ session ID ကို user Obj ထဲပေါင်းထည့်ထားပြီး အဲဒီ user Obj ကို session ထဲပြန်ထည့်ထားလိုက်မှအေးသွားတယ်။ Obj တွေက cluster မှာ replicate-if-cluster ဆိုတဲ့ parameter on ထားလိုက်ရင် အဆင်ပြေတယ်။ weblogic.xml မှာပြင်ရတယ်။
အခုကိစ္စတွေဟာ ဖတ်ထားရင် လွယ်လွယ်သိတယ်။ ကိုယ်တိုင်ကြုံမှဆိုရင် ရွာလည်တတ်တယ်။ အထူးသဖြင့် Production Environment လိုမျိုး Clustered Env မရှိရင်သာတောင်ခက်တယ်။ အဲဒီ Setup Local မှာလုပ်တာကိုတော့ နောက်ထပ် post တစ်ခုမှာ ရေးလိုက်ပါဦးမယ်။
Regards,
Zero
Ref:http://docs.oracle.com/cd/E13222_01/wls/docs103/webapp/weblogic_xml.html#wp1071982

Labels:
clustering,
session ID,
weblogic
Thursday, March 20, 2014
SQLPLUS Notes
SQLPLUS Notes
1.Spool file ထုတ်တဲ့အခါမှာ နောက်မှာ space တွေ အရှည်ကြီးပါနေတတ်တယ်။
အဲဒီလိုပါနေရင် ဖိုင် size ဟာ မလိုအပ်ဘဲသိပ်ရှည်လာတယ်။ အဲဒါဆိုရင် Trimspool ကို On လိုက်ရင် ငြိမ်းပါတယ်။ မဟုတ်ရင်တော့ ဖွင့်မရအောင်ကြီးတဲ့ဖိုင်တွေဖြစ်လာမယ်။ procedure တွေcompare လုပ်တဲ့အခါ file size သိပ်ကြီးနေတာဟာ အာရုံနောက်တယ်။
Set Trimspool on ကြပါ။
2. Database က Date Format က Oracle မှာ ပုံမှန်အားဖြင့် DD-MON-RR ပုံစံပြတယ်။ ကိုယ့်စိတ်ကြိုက်ပြောင်းချင်ရင် to_char(sample_date,'DD-MON-YYYY') ဆိုပြီး တစ်ခုစီလိုက်ပြောင်းနေရတာ အာရုံနောက်တယ်။ column အခု တစ်ရာလောက်ပြောင်းရရင် စိတ်ညစ်စရာကြီး။ အဲဒါမျိုးဖြစ်ရင် Spool file ထုတ်တဲ့အခါမှာ
ALTER SESSION SET nls_date_format = 'DD-MON-YYYY'; လုပ်ထားလိုက်လို့ရပါတယ်။
အဲဒါက session မှာ သူ့ default ရှိနေတဲ့ nls_date_format ကို ကိုယ့်စိတ်ကြိုက် change လို့ရသွားစေပါလိမ့်မယ်။
3.Requirement တစ်ခုက တော်တော်ရယ်စရာကောင်းတယ်။ Spool file ထုတ်တဲ့အခါမှာ Column name က repetitive ဖြစ်ပါတယ်။ အဲဒါကိုဖျောက်ချင်တာပါ။ Linesize ကလည်း ၅သောင်းလား၊ ၆သောင်းလားအထိပဲရပါတယ်။ အဲဒါကျော်သွားရင် အလုပ်မလုပ်တော့ဘူး။ Production မှာရှိတဲ့ records က သိန်းနဲ့၊သန်းနဲ့ဖြစ်နေတာဆိုတော့ column name repetitive မဖြစ်အောင် Line Size ကို 0 ထားပြီး Column Name ကို Prompt နဲ့ ကိုယ့်ဟာကိုယ် ရေးလိုက်ရပါတယ်။ Forum တွေဖတ်ကြည့်ရင် အဲဒီလို ကိစ္စတွေလူများတွေ တွေ့ပြီးသားဖြစ်နေတာဖတ်ရပါတယ်။ ကိုယ်တိုင်ကြုံတော့လည်း အသုံးဝင်သွားတာပါပဲ။
ွှRegards,

Thursday, October 31, 2013
စင်ကာပူအစိုးရ၊ အနောနမတ်စ်နဲ့ ဆကယူရထီ
စင်ကာပူအစိုးရ၊ အနောနမတ်စ်နဲ့ ဆကယူရထီ
ဘာမဆိုဖြစ်နိုင်တယ်။
software ဆိုတာတွေက လေပေါ်မှာ စိတ်ချရတော့တာမဟုတ်တာကြာပြီ။ အလွယ်ပြောရရင်တော့ အချင်းချင်းနားနားကပ်ပြောတာကို အနားက တစ်ယောက်က ကြားရသလိုမျိုး၊ သူတို့ဟာသူတို့ အထာနဲ့ပြောလို့ (encrypted) ဖြစ်နေလို့ ချက်ချင်းသဘောမပေါက်တာသာရှိတယ်။ အဲဒီအထာစကားကို နားလည်တဲ့သူကို ကြားခဲ့တဲ့စကားကို ပြန်ဖွင့်ပြနိုင်ရင် နားလည်သွားနိုင်တာနဲ့ဆင်တယ်။
စင်ကာပူအစိုးရဝဘ်ဆိုဒ်များ။
.gov.sg တွေမှာ တူညီတာတွေ အများကြီးရှိတယ်။ စင်ကာပူက အစိုးရမှာ မူဝါဒတစ်ချို့ရှိတယ်။ ဥပမာ single sign-on သဘောမျိုးအတွက်သုံးတာတွေက တစ်ခုနဲ့တစ်ခုခပ်ဆင်ဆင်ဆိုရမယ်။ Authentication အတွက်တော့ အဓိက Singpass ကိုသုံးတယ်။ SingPass ကို individual အနေနဲ့သုံးတယ်ပြောရမယ်။ စင်ကာပူမှာ လူတိုင်းနီးပါး SingPass ရှိတယ်။ အခွန်ဆောင်ဆောင်၊ အစိုးရနဲ့ပတ်သက်တာဘာလုပ်လုပ် SingPass က လိုသလိုဖြစ်နေတယ်။ SingPass ကို Crimson Logic ဆိုတဲ့ ကုမ်ပနီကရေးတယ်။ Singapore Government websites တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ SingPass authentication ပေါ်မူတည်တယ်။ အနောနမတ်စ် တွေဟာ ဒါတွေကို သိမှာပဲ။ စင်ကာပူမှာလည်း အနောနမတ်စ်တွေရှိကောင်းရှိနေမှာကိုး။
SingPass သုံးဖို့ API ကို အစိုးရ websites လုပ်တဲ့ ရုံးတိုင်းနီးပါးမှာ ရှိတယ်ထင်တယ်။ အဲဒါတွေကလည်း system ပေါ်မူတည်တဲ့အတွက် system တိုင်းမှာရှိတဲ့ အားနည်းချက်တွေရှိမှာပဲ။ နောက်ထပ် Authentication နှစ်ခုက EASY(e-Services Authorisation System) နဲ့၊ ကုမ်ပနီတွေအတွက်သုံးတဲ့ UEN နဲ့ Login ဝင်တာတွေပဲ။
နောက်တစ်ခုက RSA keying လို့ခေါ်တယ်။ ဘဏ်တွေမှာ 2-factor သုံးသလိုမျိုး၊ စင်ကာပူမှာ အစိုးရ ဝက်ဘ်ဆိုထ်စ်တွေမှာသုံးတယ်။ first layer provider တွေထဲမှာတော့ NCS က ဈေးကွက်ရှယ်ရာတော်တော်ရထားတယ်။ medinet.gov.sg ဆိုတာမျိုးပဲ။ အဲဒီကနေမှတစ်ဆင့် government network ထဲနောက်တစ်ဆင့်ဝင်လို့ရတယ်။ secured channel လုပ်လိုက်တာနဲ့တူတယ်။ ပြီးတော့ encrypted url ထပ်လုပ်တယ်။ ဆိုလိုတာကတော့ ပထမအဆင့်ကိုဖောက်ပြီးမှ ဒုတိယအဆင့်ကိုရောက်မယ်။ အဲဒီပထမအဆင့် log-in server ကမှသာ ဝန်ကြီးဌာနအသီးသီးရဲ့ system တွေကို သွားနိုင်တယ်။ အဲဒီမှာ firewall setting တွေရှိတယ်။ ဆိုလိုတာကတော့ အဲဒါတွေဟာ မိန်းဂိတ်ပေါက်ဝတွေပဲ။ ဒီကနေမှဖြတ်သန်းဝင်ရောက်နိုင်မယ်။ နောက်ထပ် ကြားပေါက်တစ်ခုတော့ရှိသေးတယ်။ အစိုးရရုံးတွေမှာ ရုံးက အိုင်ပီနဲ့ဆိုရင်တော့ production server ကို တိုက်ရိုက်ဖွင့်ပေးထားတာရှိတယ်။ အဲဒါတွေကတော့ first level authentication ကို bypass လုပ်နိုင်တယ်။
Hack တယ်ဆိုတဲ့နေရာမှာလည်း web ကနေ hack တာက ခက်ခဲပင်ပန်းတဲ့နည်းလမ်းလို့ဆိုရမယ်ထင်တယ်။ attack တော်တော်များများဟာ os level တွေလောက်ကိုပစ်မှတ်ထားကုန်ကြတာတွေ့ပါတယ်။ cloud server မှာ Host ထားတာကိုတောင် down လုနီးပါးဖြစ်သွားတာ ဟိုတစ်လောကပဲကြားလိုက်ပါသေးတယ်။ ရိုးရိုး စက်စုတ်လေးတွေဆိုရင်တော့ ဝပ်စင်းပြီး ပြန်တောင်မတက်တော့ဘူး။ DB ကို ဦးတည်ပြီး တိုက်ခိုက်တာတွေလည်း အလွယ်နည်းတွေရှိပါတယ်။ ဥပမာ FAQ တို့၊ Feedback တို့အတွက်ကို main database မှာများ table အနေနဲ့ထားလိုက်ရင်တော့ အန်တရာယ်အလွန်ကြီးသွားတတ်ပါတယ်။ network layer မှာ attack လုပ်တာတွေကလည်း ရိုးရှင်းထိရောက်ပါတယ်။ ဆာဗာတွေအားလုံး CPU 100% ဖြစ်အောင်လုပ်တာတို့၊ Switch တွေ၊ Routers တွေ match ဖြစ်အောင်မသုံးထားတဲ့ Data Center ထဲအထိ သာသာယာယာလေးဝင်လာတာတို့ဖြစ်တတ်ပါတယ်။ ဟိုတလောက PA ဆိုတဲ့ အစိုးရစနစ်တိုက်ခိုက်ခံလိုက်ရပါသေးတယ်။ အရင်ရေးတဲ့သူတွေရော၊ အခုလက်ရှိ ထိန်းသိမ်းနေတဲ့သူတွေပါ အမေးမြန်းခံထိပါတယ်။
နောက်တစ်ခုက Shine portal ဆိုတာ ရှိပါတယ်။ NCS ကနေလုပ်ထားတာပါ။ အစိုးရစစ်စစ်လုပ်ငန်းတွေဆိုရင် အဲဒီကနေပဲသွားဖို့ အစိုးရရဲ့ ဆိုက်ဘာလုံခြုံရေးမူထဲမှာပါပါတယ်။ သူတို့ရဲ့ standard sets တွေရှိပါတယ်။ အဲဒါတွေကို လိုက်နာရပါတယ်။ email ပို့ဖို့ကအစ၊ web service သုံးရင်လည်း service တစ်ခုချင်းစီလိုက် ပိုက်ဆံပေးရတဲ့ central web service system ကနေသာ ဖြတ်သန်းသွားလာဖို့ဆိုတဲ့ စည်းကမ်းတွေရှိပါတယ်။ security certificate တွေကိုလည်း အဆင့်ဆင့်လိုက်နာကြရတာတွေရှိပါတယ်။ သို့သော်လည်း ဧည့်ဆိုးဆိုတာတော့ ဧည့်စာရင်းတိုင်ရတဲ့လမ်းဘက်က ဘယ်လာပါ့မလဲဗျာ။
နောက်တစ်ခုက အစိုးရတွေဟာ အပြောင်းအလဲတစ်ခုတစ်ခုအတွက် အချိန်တော်တော်ယူတယ်။ အဲဒါဟာ တခြားနေရာမှာတော့ ကောင်းရင်ကောင်းမယ်။ software အတွက်တော့ သိပ်မကောင်းလှဘူး။ Java upgrade ကို ၁.၄ တွေ အများကြီးရှိတယ်။ အဲဒါတွေကို 1.7 ကိုပြောင်းတယ်။ 2013 လောက်မှ ညီညီညာညာ တပျော်တပါးပြောင်းကြတာ။ 1.7 မှာလည်း သူ့ပြဿနာနဲ့သူရှိတယ်။ java update တွေဟာ ပြဿနာရှင်းဖို့ ထုတ်နေတာကို နားမလည်တဲ့သူက နားမလည်ဘူး။ တစ်ချို့ကတော့ နားလည်ပါရဲ့ သို့သော်လည်း web server တွေ၊ app server တွေက နောက်ဆုံးထုတ်တွေနဲ့ တစ်ချက်တစ်ချက် ချက်ချင်း သဟဇာတမဖြစ်တော့ မပြင်ကြဘူး။ known issue ကို မပြင်ရင်တော့ ကိုယ့်သေတွင်းကို ကိုယ့်လက်နဲ့တူးသွားတာမျိုးဖြစ်တတ်တယ်။ Web Logic patch တွေဆိုလည်း update လုပ်ချင်မှ လုပ်တာတွေ့တယ်။ Strut 2 မှာ vulnerable ရှိတယ်ဆိုတာ ဟိုတစ်လောက email ပို့တယ်။ အမှန်တော့အဲဒါတွေအတွက် security team တွေက စောင့်ကြည့်လေ့လာနေရမှာ။ vendor တွေအားကိုးလို့ကတော့ ဘာမှဖြစ်လာမယ်မထင်ဘူး။ Java နဲ့ရေးထားတဲ့ application အဟောင်းတွေ တော်တော်များများဟာ တော်တော်လေး outdated ဖြစ်နေပြီ။ Spring သုံးတဲ့ application တွေမှာလည်း spring security မသုံးကြတာများတယ်။ အများဆုံးအတွဲအစပ်ကတော့ Struts/Spring/Oracle/Weblogic အဲဒါပဲ။ အဲဒီမှာမှ clustering ခပ်စုတ်စုတ်လေးတစ်ခုလောက်ပါမယ်။ App1/App2 လုပ်ထားမယ်။ (မစွံတာများတယ်။) System အဟောင်းတွေဆိုရင် sftp ကနေ file upload တွေတောင်ပါသေး။ အဲဒါမျိုးတွေက မသမာတဲ့သူနဲ့တွေ့ရင် အန်တရာယ်သိပ်များတယ်။ data file uploading တွေဟာ UI မှာလို စစ်ထားဆေးထားတာ မပါတာများတယ်။ vendor ချင်းနားလည်မှုနဲ့လုပ်စားနေကြသလိုဖြစ်နေတယ်။
SingPass မှာလည်း username က FIN/IC no. ဆိုတော့ အဲဒီ အယ်လ်ဂိုရစ်သမ်ကို သိရင် အလွယ်လေးပဲ။ အရှေ့ဆုံးတစ်လုံး၊ နောက်ဆုံးတစ်လုံး။ checksum ကို ဘယ်အယ်လ်ဂိုရသမ်နဲ့စစ်ဆိုတာမျိုးရှိတယ်။ ဒါမှလည်း system တွေမှာ NRIC လက်ခံတဲ့အခါ valid ဖြစ်၊မဖြစ် စစ်ပေးနိုင်မှာကိုး။
အခုနပြောခဲ့တဲ့ Struts တို့၊ Spring တို့လို MVC framework တွေက အလကားပေးတာတွေပါ။ အဲဒီတော့ source ကိုလည်း ကြည့်လို့ရပါတယ်။ Framework တစ်ခုချင်းစီမှာ သူ့အားသာချက်၊ သူ့အားနည်းချက်နဲ့ပါပဲ။ စနစ်တကျမသုံးရင် loophole ဖြစ်တတ်ပါတယ်။ ဂျာဗားပေါ်ကာစတုန်းက applet တွေစိတ်ချရတယ်၊စိတ်ချရတယ်လုပ်နေရာက applet ချင်း session sharing လုပ်နေတဲ့ ပြဿနာကို စောစောသိလိုက်လို့ ပြဿနာသိပ်မကြီးကျယ်ဘဲ ငြိမ်းသွားဖူးတယ်။ web ပေါ်မှာတော့ ဘာမှ စိတ်ချရတယ်မရှိပါဘူး။ ဖျက်လိုဖျက်စီးမလုပ်ချင်တဲ့သူတွေ မဖျက်လို့၊ မပျက်တာပဲရှိတယ်။ NASA က web ကို စမ်းသပ်ပြီးတော့ စိတ်တိုင်းမကျလို့ လူတွေသုံးဖို့ပေးလိုက်တာဆိုတော့ စကတည်းက အခြေခံပြဿနာလေးတွေရှိပြီးသား။ protocol တွေက ကိုယ်ပြင်လို့ရတာမဟုတ်ဘူး။ web architecture အတိုင်းရှိပြီးသားကို သုံးကြရတာ။ browser တွေကို နိုင်နင်းတဲ့သူများကြတော့လည်း လိုသလို ဖျားယောင်းနိုင်ပြန်ရော။
တိုက်ခိုက်ခံရရင် recovery အတွက် Contingency Plan ရှိဖို့အင်မတန်အရေးကြီးပါတယ်။ အထူးသဖြင့် database တွေပါပဲ။ ကျန်တာတွေက ပြန်တက်လာအောင် တစ်နည်းနည်းနဲ့ကြံစည်လို့ရသေးတယ်။ confidential data တွေ ပေါက်ကြားသွား၊ ပျက်သွားရင်တော့ အစိုးရအနေနဲ့လည်း အင်မတန်အထိနာနိုင်တယ်။ တစ်ချို့စနစ်တွေမှာ ရုံးတွင်းမှာပဲ နောက်ရွေးကောက်ပွဲအတွက် အမတ်နေရာပေးဖို့ ရည်ရွယ်ထားပြီးသားလူတွေစာရင်းတို့ဘာတို့ရှိတတ်သေးတယ်ဆိုတော့ ဒါတွေလည်းပါသွားလို့မဖြစ်ဘူး။ database တွေကလည်း size ပေါ်မူတည်ပြီး backup လုပ်ရတာကြာတယ်။ port တွေ ip တွေကို trusted ကပဲ access လုပ်နိုင်အောင် ဘယ်လောက်လုပ်ထားလုပ်ထား ရှေ့နားက အကာအရံတွေ၊ မီးတံတိုင်းတွေပြိုပြီဆိုရင်တော့ သူ့မှာလည်း မစွမ်းသာတော့ဘူး၊ရန်သူ့လက်ကျရတာပဲ။
ဒါတွေကို တန်ပြန်နိုင်ဖို့ ရုရှနဲ့တရုတ်က geek တွေကို စင်ကာပူအစိုးရက မွေးစားဦးမယ်ထင်မိတယ်။ မကြာခင်မှာ DSTA ရဲ့အသုံးစားရိတ်၊ စင်ကာပူမှာ ယာယီစစ်မှုထမ်းရင်း သေဆုံးတဲ့စာရင်း၊ ဆီမီးအစိုးရကုမ်ပနီများအကြားသဘောတူညီမှု၊ ဝန်ထမ်းအသုံးစားရိတ်၊ အီးအာရ်ပီ နေ့စဉ်အမြတ်ငွေ၊ အစိုးရတစ်ဖက်လှည့်လုပ်ငန်းများဖြစ်သော MRT, singapore POOLS တွေရဲ့ အမြတ်ငွေ၊ CPF စီမံခန့်ခွဲရေးမူဝါဒ၊ အစိုးရ၏ ဘဏ်လုပ်ငန်းအပေါ်စည်းကြပ်မှုတွေကို ကြားရင်ကြားရမယ်။
ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့ ကိုယ့်ဟာကိုယ်ထိုင်ကြည့်တာ ပိုကောင်းပါတယ်။ ဘာမှမဖြစ်ဘဲလည်း ငြိမ်းချင်ငြိမ်းသွားမှာ။ ဖုန်းရွှေအစွမ်းနဲ့ကယ်တင်သွားတာမျိုးမဖြစ်ဘူးမပြောနိုင်ဘူး။ ဒီမှာလည်း အဲဒါတွေကို ယုံကြည်ပါဘိသနဲ့။ ။
Regards,
သုည

Tuesday, October 8, 2013
Explain Plan Oracle
Explain Plan
EXPLAIN PLAN FOR
SELECT * from [table] where [col1]='sth' and [col2]='sth' and and [col3]='sth' ;
select * from PLAN_TABLE;
Oracle မှာတော့ အဲဒီလို execute လုပ်ကြည့်လေ့ရှိကြတယ်။ ဒါမှ ကိုယ့် query က ဘယ်လို ဘယ်လို အလုပ်လုပ်နေတယ်ဆိုတာ သေချာသိနိုင်တယ်။

Thursday, October 3, 2013
weblogic errors
weblogic errors
weblogic 8 က error နှစ်ခုအကြောင်းပြောမယ်စိတ်ကူးတယ်။
တစ်ခုက stuck thread ပါ။ thread တွေရဲ့ maximum time ကျော်သွားတာပါ။ process တွေကြာတဲ့အခါဖြစ်လေ့ရှိပါတယ်။ report တွေဘာတွေ နှေးကွေးလေးလံလာရင် မကြာမကြာကြုံရပါလိမ့်မယ်။ အလွယ်လမ်းကတော့ ၁၅ မိနစ်မလောက်ရင် မိနစ် ၂၀ တိုး၊ မိနစ် ၂၀ မလောက်ရင် မိနစ် ၃၀ တိုးပေါ့။ ဖြစ်တဲ့ root cause ကိုတော့ နောက်မှ အေးဆေးရှာပေါ့။ လောလောဆယ် error မမြင်ရတာစိတ်ချမ်းသာရတာပဲ။ တစ်ချို့ scenerio တွေမှာဆိုရင် အချိန်ကြာသွားရင်း stuck ဖြစ်နေရာက unstuck ပြန်ဖြစ်သွားပါတယ်။ အမြဲတော့ အဲဒီလောက်အထိမကြာဘူး။ stuck threads တွေများလာရင် instance တစ်ခုလုံး down သွားတာပဲ။
တကယ်ဖြစ်တာက ရေးတဲ့သူတွေ လက်စွမ်းပြပြီး တလွဲတွေလုပ်ကြလွန်းတာကြောင့်ဖြစ်တယ်။ နည်းပညာတွေ ဘယ်လောက်တိုးတက်တိုးတက်၊ သုံးစွဲတဲ့သူက နည်းလမ်းမမှန်ရင် အဲဒါတွေက ကြုံမြဲကြုံနေရဦးမယ်။
မကြာမီနှစ်တွေမှာ software တွေကို app store မှာ game ရောင်းနေသလို တစ်ခု တစ်ကျပ်နဲ့ရောင်းရတော့မယ်ထင်တယ်။ အဲဒီခေတ်ရောက်ရင်တော့ တကယ်ကောင်းတဲ့ဟာကိုပဲ တစ်ကျပ်တိတိပေးဝယ်ရလိမ့်မယ်။ တော်ရိရော်ရိတွေကတော့ အလကားပေးတောင် မသုံးလောက်တော့ဘူး။
ဒုတိယတစ်ခုက major. minor ဆိုလား။
အဲဒီတစ်ခုလည်း မှတ်ထားကြပါ။ ရှာစားဖွေစားရတာခက်ရတဲ့အထဲ တခြားသူတွေရဲ့ပြဿနာကြောင့် ကိုယ်ကျိုးမနည်းအောင် သတိထားရပါတယ်။ အဲဒါကတော့ deployment လုပ်တဲ့ Linux သမားတွေကြောင့်ဖြစ်တာပါ။ ပုံမှန်အားဖြင့် java ဗာရှင်းတစ်ခုတည်းဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ production server မှာ jdk တစ်ခုထက်ပိုရှိနေရင် root account နဲ့ weblogic ကို restart လုပ်မိရင် 1.5 နဲ့တက်လာလိမ့်မယ်။ အဲဒါဆို 1.4 နဲ့ app တွေမှာ compile လုပ်လိုက်တိုင်း jsp version conflict တွေဖြစ်ပြီး page တွေ တက်တစ်ချို့၊မတတက်တစ်ချို့ဖြစ်ကုန်မယ်။ အဲဒါဆိုရင် restart လုပ်လိုက်တဲ့သူကို weblogic user account နဲ့ ပြန်ပြီး restart လုပ်ခိုင်းရတယ်။ အဲဒါလေးတွေက system အဟောင်းတွေကို ထိန်းသိမ်းနေတဲ့သူတွေအတွက်တော့ သိထားရမယ့်ကိစ္စတွေ။
အခုတလော log file တွေကြည့်ရင် အဲဒီ error နှစ်ခုကိုအရင်စစ်ဖြစ်တယ်။ မကြာမကြာကြုံခဲ့ပြီးပြီ။
ဖြစ်ကတတ်ဆန်းရေးခဲ့ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

Tuesday, October 1, 2013
Maven config
Maven config
Java မှာ ANT build က အတော်နာမည်ကြီးတယ်။ maven ကတော့ dependency ကိစ္စတွေအတွက်ပိုအသုံးဝင်သလိုရှိတယ်။ အကြမ်းဖျင်း အဲဒီလိုတော့ နားလည်တယ်။ အရင်ရုံးမှာတော့ maven သုံးတယ်။ အခုရုံးနဲ့ကျန်ရုံးတွေမှာတော့ ANT build ပဲသုံးတယ်။
အမှန်တော့ သိပ်မလိုလှဘူး။
သို့သော်လည်း တစ်စုတစ်ဝေးဖြစ်သွားအောင် အဲဒါလေးရေးလိုက်တယ်။
http://maven.apache.org/download.cgi ကနေပြီး maven ဗာရှင်းတစ်ခုခု download အရင်လုပ်။
ပြီးရင် extract လုပ်စရာလိုရင်လုပ်။
Environment variable ကနေပြီး MAVEN_HOME လုပ်ချင်လုပ်။ JAVA_HOME နဲ့ခပ်ဆင်ဆင်ပဲ။ PATH ထဲမှာ bin folder ကို point လုပ်။ အဲဒါက အလုပ်ရှုပ်တယ်ထင်တယ်။ အဲဒီတော့ command line ကပဲ။
set PATH=C:\maven\bin;%PATH%
C:\maven ကတော့ ကိုယ်extract လုပ်ထားတဲ့ location ပေါ့။ အဲဒီလိုလုပ်လိုက်ပြီးရင်။ mvn --version ဆိုပြီး command prompt ကနေရိုက်။ အိုကေတယ်ဆိုရင် maven version တွေပေါ်လာမယ်။ jdk 5 သို့မဟုတ် 6 နဲ့တော့ရတယ်။ ကျန်တဲ့ ဗာရှင်းတွေတော့ မသိ။ maven ရဲ့ default local folder က .m2 ဆိုတဲ့ဟာ။ User folder အောက်မှာရှိတယ်။ အဲဒါကိုလည်း ပြောင်းချင်ရင် maven folder ထဲက config မှာပြင်လိုက်လို့ရတယ်။ ခပ်လွယ်လွယ်ပဲ။
maven ရှိမှ pom.xml ဆိုတဲ့ build file တွေကို build လုပ်နိုင်မယ်။ web service စာအုပ်ဖတ်ရင်း maven setup လုပ်စရာလိုတာနဲ့ တစ်ခါတည်းရေးထားလိုက်တာပါ။ web service တွေအကြောင်းဘက် ဆက်ရေးမယ်စိတ်ကူးတယ်။
ref:
http://maven.apache.org/download.cgi

Subscribe to:
Posts (Atom)