Explain Plan
EXPLAIN PLAN FOR
SELECT * from [table] where [col1]='sth' and [col2]='sth' and and [col3]='sth' ;
select * from PLAN_TABLE;
Oracle မှာတော့ အဲဒီလို execute လုပ်ကြည့်လေ့ရှိကြတယ်။ ဒါမှ ကိုယ့် query က ဘယ်လို ဘယ်လို အလုပ်လုပ်နေတယ်ဆိုတာ သေချာသိနိုင်တယ်။
Tuesday, October 8, 2013
Thursday, October 3, 2013
weblogic errors
weblogic errors
weblogic 8 က error နှစ်ခုအကြောင်းပြောမယ်စိတ်ကူးတယ်။
တစ်ခုက stuck thread ပါ။ thread တွေရဲ့ maximum time ကျော်သွားတာပါ။ process တွေကြာတဲ့အခါဖြစ်လေ့ရှိပါတယ်။ report တွေဘာတွေ နှေးကွေးလေးလံလာရင် မကြာမကြာကြုံရပါလိမ့်မယ်။ အလွယ်လမ်းကတော့ ၁၅ မိနစ်မလောက်ရင် မိနစ် ၂၀ တိုး၊ မိနစ် ၂၀ မလောက်ရင် မိနစ် ၃၀ တိုးပေါ့။ ဖြစ်တဲ့ root cause ကိုတော့ နောက်မှ အေးဆေးရှာပေါ့။ လောလောဆယ် error မမြင်ရတာစိတ်ချမ်းသာရတာပဲ။ တစ်ချို့ scenerio တွေမှာဆိုရင် အချိန်ကြာသွားရင်း stuck ဖြစ်နေရာက unstuck ပြန်ဖြစ်သွားပါတယ်။ အမြဲတော့ အဲဒီလောက်အထိမကြာဘူး။ stuck threads တွေများလာရင် instance တစ်ခုလုံး down သွားတာပဲ။
တကယ်ဖြစ်တာက ရေးတဲ့သူတွေ လက်စွမ်းပြပြီး တလွဲတွေလုပ်ကြလွန်းတာကြောင့်ဖြစ်တယ်။ နည်းပညာတွေ ဘယ်လောက်တိုးတက်တိုးတက်၊ သုံးစွဲတဲ့သူက နည်းလမ်းမမှန်ရင် အဲဒါတွေက ကြုံမြဲကြုံနေရဦးမယ်။
မကြာမီနှစ်တွေမှာ software တွေကို app store မှာ game ရောင်းနေသလို တစ်ခု တစ်ကျပ်နဲ့ရောင်းရတော့မယ်ထင်တယ်။ အဲဒီခေတ်ရောက်ရင်တော့ တကယ်ကောင်းတဲ့ဟာကိုပဲ တစ်ကျပ်တိတိပေးဝယ်ရလိမ့်မယ်။ တော်ရိရော်ရိတွေကတော့ အလကားပေးတောင် မသုံးလောက်တော့ဘူး။
ဒုတိယတစ်ခုက major. minor ဆိုလား။
အဲဒီတစ်ခုလည်း မှတ်ထားကြပါ။ ရှာစားဖွေစားရတာခက်ရတဲ့အထဲ တခြားသူတွေရဲ့ပြဿနာကြောင့် ကိုယ်ကျိုးမနည်းအောင် သတိထားရပါတယ်။ အဲဒါကတော့ deployment လုပ်တဲ့ Linux သမားတွေကြောင့်ဖြစ်တာပါ။ ပုံမှန်အားဖြင့် java ဗာရှင်းတစ်ခုတည်းဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ production server မှာ jdk တစ်ခုထက်ပိုရှိနေရင် root account နဲ့ weblogic ကို restart လုပ်မိရင် 1.5 နဲ့တက်လာလိမ့်မယ်။ အဲဒါဆို 1.4 နဲ့ app တွေမှာ compile လုပ်လိုက်တိုင်း jsp version conflict တွေဖြစ်ပြီး page တွေ တက်တစ်ချို့၊မတတက်တစ်ချို့ဖြစ်ကုန်မယ်။ အဲဒါဆိုရင် restart လုပ်လိုက်တဲ့သူကို weblogic user account နဲ့ ပြန်ပြီး restart လုပ်ခိုင်းရတယ်။ အဲဒါလေးတွေက system အဟောင်းတွေကို ထိန်းသိမ်းနေတဲ့သူတွေအတွက်တော့ သိထားရမယ့်ကိစ္စတွေ။
အခုတလော log file တွေကြည့်ရင် အဲဒီ error နှစ်ခုကိုအရင်စစ်ဖြစ်တယ်။ မကြာမကြာကြုံခဲ့ပြီးပြီ။
ဖြစ်ကတတ်ဆန်းရေးခဲ့ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
Zero

Tuesday, October 1, 2013
Maven config
Maven config
Java မှာ ANT build က အတော်နာမည်ကြီးတယ်။ maven ကတော့ dependency ကိစ္စတွေအတွက်ပိုအသုံးဝင်သလိုရှိတယ်။ အကြမ်းဖျင်း အဲဒီလိုတော့ နားလည်တယ်။ အရင်ရုံးမှာတော့ maven သုံးတယ်။ အခုရုံးနဲ့ကျန်ရုံးတွေမှာတော့ ANT build ပဲသုံးတယ်။
အမှန်တော့ သိပ်မလိုလှဘူး။
သို့သော်လည်း တစ်စုတစ်ဝေးဖြစ်သွားအောင် အဲဒါလေးရေးလိုက်တယ်။
http://maven.apache.org/download.cgi ကနေပြီး maven ဗာရှင်းတစ်ခုခု download အရင်လုပ်။
ပြီးရင် extract လုပ်စရာလိုရင်လုပ်။
Environment variable ကနေပြီး MAVEN_HOME လုပ်ချင်လုပ်။ JAVA_HOME နဲ့ခပ်ဆင်ဆင်ပဲ။ PATH ထဲမှာ bin folder ကို point လုပ်။ အဲဒါက အလုပ်ရှုပ်တယ်ထင်တယ်။ အဲဒီတော့ command line ကပဲ။
set PATH=C:\maven\bin;%PATH%
C:\maven ကတော့ ကိုယ်extract လုပ်ထားတဲ့ location ပေါ့။ အဲဒီလိုလုပ်လိုက်ပြီးရင်။ mvn --version ဆိုပြီး command prompt ကနေရိုက်။ အိုကေတယ်ဆိုရင် maven version တွေပေါ်လာမယ်။ jdk 5 သို့မဟုတ် 6 နဲ့တော့ရတယ်။ ကျန်တဲ့ ဗာရှင်းတွေတော့ မသိ။ maven ရဲ့ default local folder က .m2 ဆိုတဲ့ဟာ။ User folder အောက်မှာရှိတယ်။ အဲဒါကိုလည်း ပြောင်းချင်ရင် maven folder ထဲက config မှာပြင်လိုက်လို့ရတယ်။ ခပ်လွယ်လွယ်ပဲ။
maven ရှိမှ pom.xml ဆိုတဲ့ build file တွေကို build လုပ်နိုင်မယ်။ web service စာအုပ်ဖတ်ရင်း maven setup လုပ်စရာလိုတာနဲ့ တစ်ခါတည်းရေးထားလိုက်တာပါ။ web service တွေအကြောင်းဘက် ဆက်ရေးမယ်စိတ်ကူးတယ်။
ref:
http://maven.apache.org/download.cgi

sequence Vs Max+1
sequence Vs Max+1
Max+1 ရေးတဲ့သူတွေ အရင်တုန်းက တော်တော်များမှန်းသတိထားမိတယ်။ unique key တစ်ခုကို ရဖို့ ရှိပြီးသား ဒေတာတွေအားလုံးကိုပြန်ဖတ်ပြီး ၁ပေါင်းရတာ ရေးတဲ့သူအတွက်လွယ်ပေမယ့် ဒေတာဘေ့စ်အတွက်ရေရှည်မှာ မလွယ်ဘူး။ အဲဒီလိုရေးတာပျင်းတဲ့သူတွေထင်တယ်။ table ကြီးတွေ ဝဝဖိုင့်ဖိုင့်ဖြစ်လာတဲ့အခါ Max+1 က ဒုက္ခပေးတတ်ပါတယ်။ sequence table လုပ်ပြီး .nextValue နဲ့သွားပါ။ အင်မတန်မြန်ပါလိမ့်မယ်။
sequence တစ်ခုနမူနာပြရရင် ဟောသလိုရေးပါတယ်။
CREATE SEQUENCE auto_icrrm_attendance_seq
MINVALUE 1
MAXVALUE 999999999999999999999999999
START WITH 2013000079
INCREMENT BY 1
CACHE 20;
အဲဒီလို create လုပ်ပြီးရင် ဒီလို သုံးရုံပါပဲ။
select auto_icrrm_attendance_seq.nextval from dual
Cache 20 ပေးထားတာကတော့ memory မှာ အခု ၂၀ တစ်ခါတည်းသိမ်းထားလို့ရအောင် oracle ကိုသတိပေးတာပါ။ အဲဒါက နည်းနည်းပိုမြန်စေပါတယ်။ ကိုယ်လိုချင်တာက unique ဖြစ်ရုံပဲလား။ sequence ဖြစ်ဖို့လိုသလားဆိုတာပေါ်မူတည်ပြီး နည်းနည်းလောက်တော့ စဉ်းစားပြီးသုံးကြပါ။
Regards,

xss attack
xss attack
xss attack အတွက် Java သမားတွေ JSTL သုံးပါ။
အခြေခံကိစ္စတွေ နားအေးသွားပါလိမ့်မယ်။
မဟုတ်ရင်တော့ secuirty audit လာရင် ပြင်မဆုံးဖြစ်နေလိမ့်မယ်။

submit Vs button
submit vs button
Struts မှာ တော်တော်လေးကြုံရတဲ့တစ်ခုက အဲဒီပြဿနာပဲ။ input type ကို submit လို့ရေးပြီး onclick မှာ javascript submitPage စတဲ့ function ရေးကြတာတွေ့တယ်။ အဲဒါ ပြဿနာရှိတယ်။
double submission ဖြစ်စေနိုင်သလို၊ parameter passing တစ်ခုခုကို javascript submitPage မှာ set လုပ်ထားရင်ကြတော့ တစ်ခါတစ်ခါ အဲဒီ parameter set မလုပ်ခင် submit button ရဲက submit နဲ့ form က submit ဖြစ်သွားပြီး set လုပ်ရမယ့် variable က null ဖြစ်သွားတတ်ပါတယ်။
အဲဒီတော့ အလွယ်ဆုံးနည်းက submitPage လို javascript နဲ့ form submit လုပ်မယ်လို့ရည်ရွယ်ရင် input type ကို button ပဲပေးပါ။ တစ်ခြားအထွေအထူးဘာမှမလုပ်ဘဲ click နှိပ်တာနဲ့ form submit လုပ်ချင်မှ input type=submit သုံးပါ။
အဲဒီဟာက ပြောလိုက်ရင် အင်မတန်လွယ်တယ်။ ပြဿနာဖြစ်တဲ့အခါ ရှာကြည့်ရင်တော်တော်နဲ့မတွေ့ဘူး။ လူများတွေရဲ့ အမှားကနေ သင်ခန်းစာယူပါ။ ကိုယ်တိုင်မှားကြည့်နေစရာမလိုတော့ဘူးပေါ့။
Regards,
Zero
Oracle SQL optimization
Oracle SQL optimization
Oracle SQL optimizationနဲ့ပတ်သက်ပြီး နည်းနည်းလောက်ပြောချင်တယ်။ background scenerio က ရှင်းရှင်းလေးပဲ။ table တစ်ခုက date ကို minimum function နဲ့ရှာတာပဲ။ min(attendance_date) ဆိုပါတော့။ အဲဒါကို ဒီအတိုင်းရေးပြီး development database မှာရော၊ UAT/QA တွေမှာရောအိုကေတယ်။ production မှာကြတော့ attendance_date မှာက index မပေးထားတော့ ၁၀ နာရီကျော်ကြာသွားတယ်။ ဒါမျိုးက မဖြစ်ဘူးမပြောနိုင်ဘူး။ ဖြစ်တာများတယ်။ index သေချာမလုပ်ထားရင် query လုပ်တဲ့အခါမှာ oracle က full scanning လုပ်ရတယ်။ အဲဒီမှာ table က ဧရာမကြီးဖြစ်နေရင် query တစ်ကြောင်းချင်းစီအတွက် အချိန်က သိပ်ကြာသွားတတ်တယ်။ အကောင်းဆုံးကတော့ attendance_date အပါအဝင် query criteria တွေကို index ပေးလိုက်တာပဲပေါ့။
အဲဒီကိစ္စကို သုံးလေးငါးရက် research လုပ်ကြည့်တယ်။ oracle မှာက index အမျိုးမျိုးဆောက်ထားပြီး ကိုယ်သုံးချင်တဲ့ index ကို hint ပေးလို့ရတယ်။
နောက်တစ်ခုက ကိုယ်ရေးလိုက်တဲ့ query တွေကို Explain Plan လုပ်ကြည့်ကြဖို့ပါ။ အဲဒါဆိုရင် တော်ရုံတန်ရုံ အများကြီးကြီးတွေ မှားစရာသိပ်မရှိတော့ဘူးပေါ့။
နောက်တစ်ခုက သိပ်ကို နှေးကွေးလေးလံပြီး ဒုက္ခပေးနေတဲ့ query တွေကို DBA privilage နဲ့ဒီလိုရှာကြည့်လို့ရပါတယ်။
SELECT * FROM (SELECT * FROM v$sql ORDER BY cpu_time DESC) WHERE ROWNUM <= 250;
ဒါဆိုရင် cpu_time အကြာဆုံး ထိပ်သီး ၂၅၀စာရင်းရပါမယ်။ အဲဒီထဲကမှ ကိုယ့်ကို ဒုက္ခပေးနေတဲ့ query ကိုရှာကြည့်ရင်တွေ့နိုင်လောက်ပါတယ်။
နောက်တစ်ခုကတော့ ဘယ်ယူဆာအကောင့်ထ်တွေနဲ့ကိုယ့် database ကိုလာချိတ်ထားသလဲဆိုတာကို session ကိုကြည့်ပြီးသိနိုင်ပါတယ်။
SELECT * FROM v$session WHERE ROWNUM < 250;
index တွေနဲ့ပတ်သက်ပြီး rule တွေရှိပါသေးတယ်။ အကြမ်းဖျင်းပြောရင်တော့ index ထည့်လိုက်ရင် select query တွေမြန်ပြီး update နဲ့ insert နဲ့နှေးသွားတတ်ပါတယ်။ ကိုယ့်ရဲ့ system ပေါ်မူတည်ပြီး အလွန်အကျွံမဖြစ်အောင်သတိထားပြီးသုံးကြရတာပါပဲ။
ကိုယ်ကြုံလိုက်တာတစ်ခုကို အမှတ်တရအနေနဲ့ပြန်ရေးလိုက်တာပါ။ သိပြီးသားဆိုရင် ပိုမှတ်မိအောင်၊ မသိသေးရင် သတိထားဖို့။ အဲဒီလောက်ပဲရည်ရွယ်ပါတယ်။
ref:
http://docs.oracle.com/cd/B19306_01/server.102/b14211/hintsref.htm

Subscribe to:
Posts (Atom)