Thursday, March 18, 2010

NTFS Filesystem support on Linux

Ubuntu တို့ Fedora တို့မှာတော့ NTFS support က အစကတည်းကပါလာလိမ့်ရှိပါတယ်။ ဒါတောင်တခါတစ်လေကြ read ပဲရပြီး write မရပဲဖြစ်တက်သေးတယ်။ ကျနော်က CentOS အသုံးများတော့ CentOS မှာက NTFS write support မပါတက်ဖူး။ Kernel recompile ရင်တော့ရပေမယ့် NTFS write လေးရဖို့ kernel တော့ recompile မလုပ်ချင်ဖူး။ NTFS read/write ရအောင် NTFS-3G ဆိုတယ့် FS module ရှိတယ်။ RPMforge repository မှာရှိပါတယ်။ လွယ်လွယ်ကူကူ အဲဒါလေးပဲ install လိုက်တာကောင်းပါတယ်။

အရင်ဆုံး rpm-forge repo ကို yum repo ထဲမှာထဲ့ဖို့လိုပါတယ်။ ဒါမှ yum နဲ့ install လုပ်ရင် သူ့ဟာသူ dependency resolving လုပ်သွားမှာ။ မဟုတ်ရင် ကိုယ့်ဟာကိုယ် dependency တွေ install နေရမယ်။ CentOS လို့ယူဆပြီးပဲ ပြောပါမယ်။ ဒါပေမယ့် RPM အလုပ်လုပ်တယ့် Linux တိုင်းမှာ ရမှာပါ။

1. rpmforge rpm လေးအရင် download မယ်။ (wget ကတော့ ရှိပြီးသားလို့ ယူဆလိုက်ပါတယ်။ မရှိရင်တော့ wget အရင် သွင်းပါ။)
#wget http://apt.sw.be/redhat/el5/en/i386/RPMS.dag/rpmforge-release-0.3.6-1.el5.rf.i386.rpm


2. GPG key import လုပ်မယ်။ မဟုတ်ရင် RPM ကို install လုပ်လို့မရပဲဖြစ်နေပါလိမ့်မယ်။ 3rd party RPM ဖြစ်နေလို့ပါ
#rpm --import http://dag.wieers.com/rpm/packages/RPM-GPG-KEY.dag.txt


3. RPM ကိုအရင်စစ်
#rpm -K rpmforge-release-0.3.6-1.el5.rf.i386.rpm


4. RPMforge repo install လုပ်မယ်
#rpm -i rpmforge-release-0.3.6-1.el5.rf.i386.rpm

ဒီလို လုပ်လိုက်ခြင်းအားဖြင့် နောက် install လုပ်တိုင်း CentOS repo က တင်မဟုတ်ပဲ RPMforge repo ကပါ package တွေကိုရှာပါလိမ့်မယ်။

5. RPMforge repo မှာရှိတယ့် package တွေရဲ့ list ကို အရင် build လုပ်ရပါအုန်းမယ်။
#yum check-update


6. Kernel version လေး တစ်ချက် ကြည့်ရအောင်။ ဒါအရေးကြီးပါတယ်။ Kernel version နဲ့ kernel-devel version က တူဖို့လိုပါတယ်
#uname -r


7. Kernel-devel install လုပ်မယ်။
#yum install kernel-devel

တကယ်လို့ Kernel devel နဲ့ Kernel နဲ့ version မတူရင် kernel ပါပြန် install လုပ်ပြီး restart တစ်ခါချရပါလိမ့်မယ်။ Kernel အသစ်နဲ့ boot လုပ်ပြီးမှ ကျန်တာ ဆက်လုပ်ပါ။

8. လိုအပ်တယ့် Package တွေကို တစ်ခါထဲ install လုပ်ရအောင်
#yum install fuse fuse-ntfs-3g dkms dkms-fuse


9. NTFS partition ကို Linux ပေါ်မှာ mount လို့ရပါပြီ
#mount -t ntfs-3g /mount_point /windows_partition

Mount point ကတော့ ကိုကြိုက်ရာနဲ့ အစားထိုးပေါ့။ အစကတည်းက ကြိုပြီး create မထားရင်လည်း အခု create လို့ရပါတယ်။ Windows partitions ကိုမသိရင်တော့ fdisk နဲ့ကြည့်ပါ။

#fdisk -l


ကြလာတယ့် table ထဲက NTFS file system နဲ့ partition ကိုမှတ်ထား။ ဆိုကြပါတော့ /dev/hda2 ဆိုရင် အပေါ်က /windows-partition နေရာမှာ /dev/hda2 ကို အစားထိုးလိုက်ပါ။ စမ်းကြည့်ပါ အဆင်ပြေမှာပါ။


Divinity

Server Clustering ဆိုတာ . . . (2)

Clustering မှာ ဘယ်လိုအဆင့်တွေရှိလည်း ?
ခေါင်းစဉ်က သိပ်မကွဲပါဘူး။ မြန်မာစာ ပညာရှိမဟုတ်တော့ စကားလုံးရွေးရတာ တခါတလေ မလွယ်ဘူး။ Clustering မှာ ဘယ်လို level အလိုက်ရှိလည်းလို့ပြောရင် ပိုကောင်းမယ်။
1. Network Level Clustering
2. Service Level Clustering
3. Application Level Clustering ဆိုပြီး ယေဘူရအားဖြင့် သုံးခုရှိပါတယ်။ Failover ပုံစံအလုပ်လုပ်မလား၊ NLB အလုပ်လုပ်မလားဆိုတာက ဘယ်လို Setup လုပ်လည်းဆိုတာပေါ်မှာ မူတည်ပါတယ်။ ဘယ်လို Level clustering မှာမဆို နှစ်မျိုးလုံး ( တစ်မျိုးမဟုတ် တစ်မျိုး) setup လုပ်ဖို့ဖြစ်နိုင်ပါတယ်။

Network Level Clustering ( Vs Service Level Clustering)
သူကရှင်းပါတယ်။ တကယ်လို့ Cluster ထဲမှာ Server 5 လုံးရှိတယ်ဆိုပါတော့။ ဒီ Server ငါးလုံးက အချင်းချင်း Network reachability ကို စစ်နေပါတယ်။ Engineer က configure လုပ်ထားသလို 5 seconds ဆိုလည်း 5 seconds တိုင်းမှာ၊ 5 minutes ဆိုလည်း 5 minutes တိုင်းမှာ စစ်နေပါတယ်။ Network reachability ဆိုတာကတော့ ကျနော်တို့ ping ကြည့်သလိုပေါ့။ ကိုယ်သုံးတယ့် clustering technology ပေါ်မှာမူတည်ပြီး ဘယ်လိုစစ်နေလည်းဆိုတာတော့ ကွာပါလိမ့်မယ်။ တကယ်လို့ unreachable ဖြစ်သွားပြီဆိုရင် အဲ Server down သွားပြီလို့ ယူဆပြီး Server ကို Cluster ထဲကနေဖယ်လိုက်ပါတယ်။ ဒီ Clustering ရဲ့ အားနည်းချက်ကတော့ Server ကြီးက မ down ဘူး၊ Server ပေါ်က Service ကပဲ down နေရင် သူမသိပါဘူး။ သူက Network အရ ping ကြည့်လို့ ဒီ Server alive ရှိမရှိ စစ်တာမျိုးပဲစစ်ပြီး ဆုံးဖြတ်လို့ Network Level Clustering လို့ပြောတာပါ။

ဥပမာ စဉ်းစားကြည့်ရအောင်။ Windows Server 2003 မှာ Windows NLB Manager ဆိုတာ ပါပါတယ်။ သူက Network Level Clustering ပါ။ NLB ပုံစံ Clustering ပါ။ Server သုံးလုံးကို IIS web server run ပြီး Cluster လုပ်လိုက်ကြတယ်ဆိုပါတော့ ။ User က Access လုပ်ရင် Server သုံးလုံး တစ်လှည့်စီ respond လုပ်နေမှာပေါ့။ တကယ်လို့ Svr 1 က hang သွားတယ် ဆိုပါတော့ ၊ ဒါမှမဟုတ်လည်း network ကြိုးလွတ်သွားတာပဲဖြစ်ဖြစ်၊ ဒါမျိုးဆိုရင် Svr 1 down သွားတာကို ကျန်တယ့် Sever နှစ်လုံးက သိပါတယ်။ လာသမျှ user ကို Svr 2 နဲ့ 3 ကပဲ မျှပြီး respond လုပ်ပါလိမ့်မယ်။

ဒါပေမယ့် တကယ်လို့ Server 1 ကြီးက ဘာမှမဖြစ်ဖူး ၊ IIS ကပဲ crash ဖြစ်ပြီး stop ဖြစ်သွားတယ်။ ဒီလို scenario မှာ ကျန်တယ့် Server နှစ်လုံးက မသိပါဘူး။ Network aspect အားဖြင့် Server 1 က alive ရှိနေပါတယ်။ IIS Service down သွားတာ ၊ ဒီ Network Level Cluster မှာ ဒါကို မသိပါဘူး။ ဒါဆို ဘာဖြစ်မလည်း ? Cluster က Svr1 down နေတာကို မသိတယ့်အတွက် request 3 ခါမှာ တစ်ခါကို ထုံးစံအတိုင်း Svr1 ဆီကို ပို့နေပါလိမ့်မယ်။ ဒါပေမယ့် IIS ကြီးက down နေတော့ သုံးခါမှာ တစ်ခါ error ပြနေမှာပေါ့။ Reload လုပ်လိုက်ရင် ပြန်ကောင်းသွားပြန်ရော။

ဒါဆိုဘယ်လိုလုပ်မလည်း ? Service Level ကိုပါ monitor လုပ်နိုင်ဖို့လိုပါတယ်။ Windows ရဲ့ built-in တွေမှာတော့ မတွေ့မိပါဘူး။ ကျနော်မသိတာလည်းဖြစ်နိုင်ပါတယ်။ Linux မှာတော့ heartbeat version 2 တို့ LDirector တို့တော့ Opensource တွေရှိပါတယ်။ သူတို့က Service port ကိုပဲဖြစ်ဖြစ် Service ကိုတစ်နည်းနည်းနဲ့ စစ်ပေးပြီး Service down ရင်လည်း Server down တယ်လို့ သတ်မှတ်ပြီး Cluster ထဲကနေ isolate လုပ်ပေးလိုက်ပါတယ်။

API တွေနဲ့ချိတ်ဆက်ပြီး Application တစ်ခု Process တစ်ခုကို Server တွေအများကြီးပေါ်မှာ ခွဲဝေပြီး အလုပ်လုပ်တယ့် Application Level Clustering ကတော့ ကျနော် သေချာမရှင်းနိုင်တယ့် အကြောင်းအရာမို့ ကျော်လိုက်ပါရစေ။

Divinity

Tuesday, March 16, 2010

Auto Increment ID

တစ်ခါတစ်လေ ဒီလိုမျိုးလေးမလား ကြုံဖူးမလားမသိဘူး။
Database Table နှစ်ခုရှိတယ်ဆိုပါတော့။
Hibernate မသုံးတဲ့ ရိုးရိုး ကိစ္စလေးတွေမှာပြောတာပါ။

ပထမ table ကို TableA လို့ထားပါတော့။
ဒုတိယ table က TableB. TableA မှာ Id က auto increment လုပ်ထားတယ်။

ရိုးသားကြိုးစားတဲ့ DB Admin က normalize သေချာလုပ်ထားတဲ့အတွက် TableA ရဲ့ primary key က TableB မှာ Foreign key အဖြစ်နဲ့ ရှိပါတယ်။ ကျွန်တော်တို့လုပ်ရမှာက Table A မှာ record တစ်ခုထည့်လိုက်ပြီးတိုင်း TableB မှာ အဲဒီ ID ကို Foreign key အနေနဲ့သုံးထားတဲ့ နောက်ထပ် Record တစ်ခုကို ထည့်ရပါမယ်။
နမူနာပုံလေးကို ကြည့်ပါ။

Table A

ID Name NRIC
1 Zero 140222


Table B

ID ---- TableA_ID ----- Address
1 -------- 1 ---------------- Eunos Rainbow


အဲဒီလို record တစ်ကြောင်းစီ ထည့်ချင်တာပါ။ ကျွန်တော်ပြောချင်တာက Table A ကို row တစ်ခု insert လုပ်တာက ငှက်ပျောသီး အခွံနွှာတာထက်လွယ်ပါတယ်။ နောက်တော့ ID ကို ပြန်ရှာရတာက ပျင်းစရာကောင်းပါတယ်။ Select ပြန်လုပ်ရင်ရပေမယ့် ပျင်းပါတယ်။ အဲဒီလို မလိုအပ်တဲ့ code တွေရေးမယ့်အတူတူတော့ ဘာလို့ Developer လုပ်မှာလဲ ... ဆော့ခရေတ္တိခေတ်က စာကူးတဲ့သူသွားလုပ်နေမှာပေါ့။ အဲဒီလို ငပျင်းတွေအတွက် တစ်ခုလုပ်လို့ရတာရှိပါတယ်။ auto increment လုပ်ထားတဲ့ ID ကို ပြန်ယူလိုက်လို့ရပါတယ်။ စိတ်ချမ်းသာစရာကောင်းပါတယ်။ မဟုတ်ရင် နောက်တစ်ခါ သွား select လုပ်ရတဲ့အတွက် connection လည်းခြေထောက်ညောင်းမှာပဲ။ လူအယောက် တစ်သန်းသုံးတဲ့ System မှာဆို အချိန်အများကြီးကုန်သွားမယ်။ လေးငါးဆယ်ယောက်လောက်သုံးဖို့အတွက်တော့ System မလိုပါဘူး။ လက်နဲ့ပဲ ကောက်ရေးထားလိုက်ရင် ရတာပါပဲ။ ပုံမှန် အားဖြင့် Developer တစ်ယောက်ဟာ database ကို တတ်နိုင်သလောက် အသွားအလာလျှော့ရပါမယ်။ တစ်ခါသွားပြီး အကုန်ယူလို့ရတာ ယူနိုင်ရပါမယ်။ မယူနိုင်ဘူးဆိုရင် ကိုယ့် SQL ကို မြှင့်တင်ဖို့လိုပါတယ်။ မဟုတ်ရင် သွားတယ်ပြန်တယ်...ပြန်သွားတယ် ထပ်သွားဦးမယ်ဆိုရင် System ကလေးတယ် ပိုလေးတယ် ...အလုပ်မလုပ်တော့လောက်အောင်နှေးတယ်၊ DB sever ရဲ့ CPU က ၁၀၀ရာခိုင်နှုန်း ကနေကို ပြန်ကျမလာတော့ဘူး။ အဲဒါမျိုးတွေဖြစ်မယ်။ အဲဒီလိုပြောင်ပြောင်မြောက်မြောက် ဒုကပေးတတ်တဲ့ ခပ်ညံ့ညံ့ developer တွေရဲ့ code ကို boiler-plate code တွေလို့ခေါ်ပါတယ်။ maintain လုပ်ရတဲ့သူကတော့ မေတ္တာ အကြိမ်ကြိမ်ပို့မှာ အသေအချာပါပဲ။

အင်း ... အဲဒီ auto increment id လေးပြန်ယူတာလေးရေးကြည့်ပါမယ်။
PreparedStatement pst = conn.prepareStatement(sQuery,Statement.RETURN_GENERATED_KEYS);
ResultSet rs = pst.getGeneratedKeys();
rs.next();
autoId = rs.getInt(1);

အဲဒီလိုလေးရေးလိုက်ရင် autoId ကို နောက်တစ်ခါ ထပ်သွားမယူဘဲ သိရပါတယ်။ အသွားအလာ သက်သာသွာပါတယ်။ ခြေထောက်မညောင်းတော့ပါဘူး။ အဲဒီ autoId လေးကို ကောက်ပြီး ဒုတိယ TableB မှာ insert လုပ်လိုက်ပါ။ များများစဉ်းစားပြီးနည်းနည်းပဲ အလုပ်လုပ်ပါ။ လွယ်တဲ့နည်းတွေ ထွင်ထားပြိးသားရှိပါတယ်။ များများလေ့လာပြီး သက်သာအောင်နေပါ။

သိပ်ပျင်းတဲ့သူတွေပဲ ထူးချွန်နိုင်တယ်။
try and error နည်းက လူပင်ပန်းသလောက် အကျိုးမရှိဘူး။ တွက်ခြေမကိုက်ဘူး။
work hard ဆိုတဲ့စကားလုံးကို Developer တွေမှာမသုံးပါဘူး။ Work smart လို့ပဲ သုံးပါတယ်။ ပျင်းတဲ့သူဟာ Smart ကြတဲ့နည်းတွေအများကြီးသိပါတယ်။ work hard ကြီးတွေကို လူကြီးတွေက ချီးကျူးပါတယ်။ Work Smart တွေကိုတော့ လေးစားကြပါတယ်။ သက်သက်သာသာလေး လေးစားခံထိုက်တဲ့သူတွေဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။

Commit and Rollback

ဆိုကြပါတော့ ...။
လူတစ်ယောက်က ပစ္စည်းတစ်ခုကို ၀ယ်တယ်။
Discount ရတယ်။
ကံစမ်းမဲအတွက်လည်း သူ့စာရင်းကို သွင်းတယ်။
Database View နဲ့ Table သုံးခုလို့ပဲ ယူဆလိုက်ပါ။

ပစ္စည်းဝယ်တော့ Purchase ဆိုတဲ့ table မှာ တစ်ကြောင်း၊
Discount ရတော့ Discount table မှာ တစ်ကြောင်း၊
Lucky Draw အတွက် Lucky Draw table မှာတစ်ကြောင်း စုစုပေါင်း table သုံးခုမှာ record row သုံးကြောင်း insert လုပ်တယ်ဆိုပါတော့။

ဖြစ်ချင်တော့ အင်တာနက်ကြီးက လမ်းခုလတ်မှာဒေါင်းသွားတယ်ဆိုပါတော့။Purchase table မှာ ပဲ insert လုပ်ရသေးတယ်။ Discount တွေ၊ Lucky Draw တွေမှာ record မရေးခင်လည်း interrupt ဖြစ်တယ်ဆိုပါတော့။ ဘယ်လိုလုပ်မှာလဲ။ ဒီအတိုင်းထားလိုက်ရင်တော့၊ သူ့အတွက် Discount လည်းမရ၊ Lucky Draw လည်းမရတဲ့ Customer က ဒီ Shopping Mall ကြီးကို စိတ်အနာကြီးနာနေတော့မှာ။

လူတစ်ယောက်တည်းဖြစ်သွားတယ်ဆိုရင် သိပ်မသိသာဘူး။ အယောက် နှစ်သောင်းလောက် တစ်ပြိုင်နက်ဝယ်နေုတုန်းဖြစ်တယ်ဆိုပါတော့ ....။ဟဲဟဲ ....။ နောက်ဘယ်တော့မှလာမ၀ယ်တော့ဘူးဆို မခက်ဘူးလား။

လူတွေလည်း သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ရသလို ... prepared statement တွေလည်း commit ချိန်တန် commit ...rollback ချိန်တန် rollback ရတယ်။ အဲဒါဆို ... half way ဖြစ်နေတဲ့ process က rollback ပြန်လုပ်လိုက်တဲ့အတွက် တစ်ဝက်တစ်ပျက်ဖြစ်မနေတော့ဘူး။ နောက်တစ်ခု ပြန်ပြီး upload လုပ်လိုက်ရုံပဲ။ ဒါကလည်း အမြဲတမ်းဂရုစိုက်ရမယ့်အချက်ဖြစ်ပါတယ်။

ဘယ်နေရာမှာပဲလုပ်နေလုပ်နေ Java Developer တစ်ယောက်ဟာ အမြဲတမ်း standard ကျတဲ့ procedure နဲ့ ရေးဖို့ ကြိုးစားစေချင်ပါတယ်။ ကိုယ်ရေးထားတဲ့ codes ကို သိကြားမင်း ဆင်းပြီး bug လုပ်တောင် မရဘူးကွ ဆိုတာမျိုး ရေးနိုင်ဖို့ကြိုးစားရပါမယ်။ အထူးသဖြင့် မရေးခင် အားလုံး ကို စဉ်းစားပါ။ ပျော်ပျော်ကြီး ချမရေးချင် သူ့ရဲ့ business logic ကို flow chart လေးဖြစ်ဖြစ် အကြမ်းဆွဲထားလိုက်ပါ။ စာရွက်နဲ့ဖြစ်ဖြစ်ပေါ့။ ဒါဆို ဘာတွေ ကြုံရနိုင်လဲဆိုတာကို ပိုသိလာပါလိမ့်မယ်။ တစ်ခု process တွေကို scenario တစ်မျိုးထဲမှာ ကြိတ်ပြီးစဉ်းစားပြီး ပျော်မနေပါနဲ့။ တကယ့်လောကကြီးက ကိုယ်တွေးထားတာလေးပဲဖြစ်မယ်လို့ အာမမခံထားပါဘူး။


အကြမ်းဖျင်းပြောရရင် commit အတွက် autoCommit ကို false ပေးထားပါ။
connection တစ်ခုထဲကိုပဲ parameter အနေနဲ့ parse လုပ်သွားပြီး table သုံးခုစလုံးကို insert လုပ်ပါ။
အားလုံးပြီးရင် အဲဒီ connection ကို commit လုပ်ပါ။
exception ဖြစ်ရင် rollback ပြန်လုပ်လိုက်ပါ။ အဲဒါဆိုရင်တော့ စိတ်ချရသလောက်ရှိပါပြီ။

Java Developer တွေဟာ ငပျင်းတွေဖြစ်ပါတယ်။
Codes တစ်ခုကို တစ်သက်လုံး နှစ်ခါပြန်မရေးပါဘူး။
Reusable ဖြစ်အောင်ရေးပြီး ဘယ်နေရာမှာမဆို ပြန်သုံးလို့ရအောင် ရေးရပါတယ်။
Process တစ်ခုကို Method တစ်ခုရေးပြီး ကိုယ့်ကိုယ်ကို သက်သာအောင်နေပါ။
လူအများနဲ့ရေးတဲ့အခါ ... ကိုယ့် codes တွေလူများကြည့်ပြီး ထိုင်မငိုပါစေနဲ့ ...။
နှစ်ခါသုံးခါ ရေးရမယ့် method တွေကို သပ်သပ်ခွဲထုတ်ထားလိုက်ပါ။ Eclipse မှာ ctrl+click ခေါက်ပြီး လိုက်ကြည့်လို့ရပါတယ်။ ကိုယ့်အတွက် အဆင်ပြေအောင်ရေးပါ။ နားမလည်မှာစိုးရင် Comment တွေကို သပ်သပ်ရပ်ရပ်ရေးပါ။ ဖြစ်နိုင်ရင် comment ကို ရှည်ရှည်ရေးပြီး အကြမ်းဖျင်းရှင်းပြပါ။ ဒါဟာ နောက်လူအတွက် သိပ်ကောင်းပါတယ်။ ရှေ့က ရေးသွားတဲ့သူ ညံ့တိုင်း လိုက်မညံ့တဲ့ developer ဖြစ်နိုင်ပါစေ။
အခုရေးထားတဲ့ post လေးက သီအိုရီ အနေနဲ့ပဲပြောထားပါတယ်။
တကယ်လည်းရေးကြည့်ကြပါမယ်။ အခုလည်း hosting အတွက် စဉ်းစားနေပါတယ်။ ရုံးက Server တစ်လုံးမှာ host လုပ်ပြီးရေးရင်လည်း illegal ဖြစ်နေမယ် ....။

ဘာပဲဖြစ်ဖြစ်ပါဗျာ ...။ ကျွန်တော်တို့တွေ ပိုတော်တဲ့ ညီငယ်၊ညီမငယ်လေးတွေ ဖတ်နိုင် လေ့လာနိုင်ဖို့ အများကြီးရေးဖြစ်မှာပါ။
မြန်မာတွေဟာ well-educated တွေဆိုတာကို ကျွန်တော်တို့ သက်သေပြချင်ပါတယ်။ ဒီလိုသက်သေပြနိုင်ဖို့ ကျွန်တော်တို့တွေ အားလုံး ကြိုးစားနေကြပါတယ်။

ကိုယ့်အတွက် ဘာမှမဟုတ်တာလေးတွေဟာ လိုအပ်နေတဲ့ တစ်ယောက်ယောက်အတွက် အဆင်ပြေသွားတာမျိုးဖြစ်သွားနိုင်တယ်ဆိုကို ယုံကြည်တဲ့အတွက် ဒီထက် ပိုကောင်းတဲ့၊ ပိုစနစ်ကျတဲ့ သင်ခန်းစာတွေနဲ့ ဆွေးနွေးမှုတွေကိုလည်း ဆက်ပြီး ရေးသွားပါဦးမယ်။

Thursday, March 11, 2010

Java in Linux

Java in Linux

အသေးအဖွဲလေးနှစ်ခုပြောမလို့ပါ။
တခါတလေ ... Java Servlet အဟောင်းတွေကို ဟိုရွှေ့ဒီရွှေ့လုပ်နေရတဲ့အခါ ...မတော်လို့များ Linux ပေါ်ကို ရွှေ့ရတဲ့အခါကြရင် ... တစ်ခါတစ်လေ Servlet ကနေ ရိုက်ထုတ်လိုက်တဲ့ html တွေက html လိုမပေါ်ဘဲ text တွေလိုပေါ်နေတတ်ပါတယ်။ မကြောက်သွားပါနဲ့ ...။ ပထမဆုံးလုပ်ရမယ့်အလုပ်က အရင်က Developer ကို တစ်ခါလောက်ဆဲပါ။ ... ပြီးရင် response.setContentType("html/text") လုပ်ထားသလားစစ်ပါ။ .. အသုံးမကျတဲ့ငနဲတစ်ချို့ဟာ response type ကို ထည့်ထားလေ့မရှိပါဘူး။ Window မှာလို ... Linux မှာ သူ့ဘာသာသူသိမယ် လို့ အယူမလွဲပါနဲ့။ Linux မှာ File extension မရှိလို့ သူက မသိပါဘူး။ Content type ကို response လုပ်မှပဲ သူသိပါလိမ့်မယ်။ ဒါက ကြုံရတတ်တဲ့ ကြံကြံဖန်ဖန်တစ်ခုပါ။

နောက်တစ်ခုရှိပါသေးတယ်။
Java ဟာ Garbage Collection အတွက် အများကြီးပြုပြင်ထားပြီးသား language ဖြစ်ပါတယ်။ ဒါပေမယ့် ...လက်တွေ့မှာ ထင်သလိုမဖြစ်တာတွေလည်း ရှိပါတယ်။ con.close() နဲ့ပိတ်လိုက်ပေမယ့် Linux မှာ ပိတ်သာပိတ်တယ် ... အဲဒီ connection ကို destroyed မလုပ်လိုက်တဲ့အခါမျိုးမှာ ... မထင်မှတ်တဲ့ Multiple Connections Errors တွေတွေ့ရတတ်ပါတယ်။ ပျော်ပျော်ပါးပါးတစ်ခုလုပ်လိုက်ပါ။ con=null; ဆိုပြီး con.close(); အပြီးတွေနဲ့ Exception handling တွေမှာ ထည့်ပေးလိုက်ရင် အိုကေသွားပါတယ်။

Linux မှာ Java ကို cron နဲ့ run တာလေးတွေလည်းရေးဖို့ရှိပါသေးတယ်။
ဒီမှာရေးနေကြတဲ့ သူတွေက အပြင်းစားတွေမဟုတ်ဘဲ အပျင်းစားတွေဖြစ်နေပါတယ် ....။ ပုံတွေနဲ့ ရေးပါဦးမယ်ဆိုတဲ့သူတောင် ပုံဆွဲရမှာပျင်းတယ်ဆိုပြီး ငိုက်နေတာတွေ့ပါတယ်။

ဒီ blog ကို ပိုပြီး active ဖြစ်အောင်လုပ်တဲ့အနေနဲ့ .. Java သင်ခန်းစာတွေပါ တင်ဖို့ စိတ်ကူးနေပါတယ်။
သင်တန်းတက်ဖို့အချိန်မရတဲ့ ၀ါသနာရှင်တွေအတွက်ပါ ....။ Setup လုပ်တာတွေ အားလုံး တစ်ဆင့်ချင်း လုပ်ကြည့်ကြတာပေါ့ ...။ ပျော်စရာကောင်းပါတယ်။ ၀ါသနာပါရင်ပေါ့လေ။

စာရေးမယ်ပြောထားပြီး အခုအထိ မရေးသေးတဲ့သူတွေကိုလည်း warning ထပ်ပေးပါတယ်။ ...

With Regards,
Zero Div Zero=Zero

Tuesday, February 16, 2010

Server Clustering ဆိုတာ . . . (1)

Clustering ဆိုတာ ဘာလည်း ?
နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုတယ့် Server တွေ၊ ဒါမှမဟုတ်လည်း Computer တွေဟာ Application တစ်ခု ( တနည်းအားဖြင့် အလုပ်တစ်ခု) ကို အတူတကွ အလုပ်လုပ်ကြ ၊ serve လုပ်ကြတာဖြစ်ပါတယ်။ website တွေ လူသုံးအလွန်များလာတာမျိုး ၊ database တွေ query access အလွန်များလာတာမျိုးကြရင် Server တစ်လုံးထဲနဲ့ ပြန်ပြီး respond လုပ်ဖို့ မနိုင်တော့ပါဘူး။ Server တွေခွဲပြီး Cluster လုပ်လိုက်ချင်းအားဖြင့် ပိုကောင်းတယ့် respond time ကိုလည်းရနိုင်သလို ၊ Server တစ်လုံးလုံးမှာ network error ပဲဖြစ်ဖြစ် hardware failure ပဲဖြစ်ဖြစ် ( HDD ပျက်သွားတာမျိုး) တစ်ခုခုဖြစ်ရင် Site တစ်ခုလုံး ၊ Database တစ်ခုလုံး ရပ်သွားခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

Clustering လုပ်တဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။ Cluster တစ်ခုမတည်ဆောက်ခင်မှာ ကိုယ့်ရဲ့ လိုအပ်ချက် ပေါ်မှာ မူတည်ပြီး ဘယ်လို Clustering မျိုးလုပ်မလဲဆိုတာ ဆုံးဖြတ်ရပါတယ်။ ယေဘူရ အားဖြစ်တော့ Clustering ပုံစံ နှစ်မျိုးရှိပါတယ်။

Failover cluster
Server နှစ်လုံးရှိနေမယ်၊ တစ်လုံးက down သွားရင် နောက်တစ်လုံးက ချက်ချင်း ပထမ server နေရာကိုယူပြီး respond ဆက်လုပ်နေတာမျိုးပါ။ User တွေဘက်ကကြည့်ရင် Server တစ်လုံး down သွားတာ သိလိုက်မှာမဟုတ်ပါဘူး။ Active - Passive setup လို့လည်း ခေါ်ပါတယ်။

ဥပမာ WebSvr1 နဲ့ WebSvr2 ဆိုကြပါဆို့။Server နှစ်လုံးစလုံးက www.example.org ဆိုတဲ့ Website ကို host လုပ်ထားတယ် ဆိုပါတော့။ ပုံမှန်အားဖြင့် WebSvr1 ကပဲ respond လုပ်ပါတယ်။ User 1 က www.example.org လို့ surf လုပ်ရင် WebSvr1 ကပဲ respond ပြန်သလို၊ User 2 က www.example.org လို့ surf ရင်လည်း WebSvr1 ကပဲ respond လုပ်ပါတယ်။ WevSvr1 အကြောင်းတစ်ခုခုကြောင့် down သွားရင်တော့ WevSvr2 က အစားထိုးဝင်ရောက်ပြီး User 1 နဲ့ User 2 ကို respond လုပ်ပါတယ်။ User 1 နဲ့ User 2 အနေနဲ့ Svr1 down သွားကြောင်း သိလိုက်မှာ မဟုတ်ပါဘူး။ ဒါ Failover cluster ပါ။

Load balance cluster
Active - Active setup လို့လည်း သုံးလေ့ရှိပါတယ်။ Server နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုတယ့် server တွေက အလုပ်တစ်ခုကို မျှဝေလုပ်ကြတာမျိုးပါ။ ( Grid computing ၊ Server System Image တို့ကို hardware level clustering အဖြစ်ပြောကြလေ့ရှိပါတယ်။ Server clustering technology တစ်ခုချင်းကို နောက်မှ အခွင့်သင့်ရင် အသေးစိတ်ရေးပါအုန်းမယ်။ )

အခုတော့ မြင်သာအောင် Network Load Balancing Cluster ကို ဥပမာပေးပါရစေ။၊ အပေါ်က ဥပမာအတိုင်း Website တစ်ခုကို web server နှစ်လုံးက round-robin network load balanced ပုံစံနဲ့ ဥပမာ ပြောရရင်၊ Web Server နှစ်လုံးရှိမယ် WebSvr1 နဲ့ WebSvr2။ Server နှစ်လုံးစလုံးက www.example.org ဆိုတဲ့ Website ကို host လုပ်ထားတယ် ဆိုပါတော့။ User 1 က www.example.org လို့ surf လုပ်လိုက်ရင် WebSvr1 က respond လုပ်ပါမယ်။ User 2 က surf လုပ်ရင် WebSvr2 က respond လုပ်ပါမယ်။ တကယ်လို့ User 3 ထပ်ရောက်လာရင် WebSvr1 က respond လုပ်ပါလိမ့်မယ်။ Server loading ကို balance လုပ်ယူလိုက်တာပါ။ User 4 ထပ်ရောက်လာရင် Svr2 က respond လုပ်ပါလိမ့်မယ်။ တကယ်လို့ Svr1 ကသာ down သွားရင် User လေးယောက်လုံးကို Svr2 က ဆက်ပြီး respond လုပ်ပါလိမ့်မယ်။ Load balanced လုပ်ထားရာကနေ ၊ တစ်လုံးပြုတ်သွားတော့ ပိုတော့ နှေးသွားကောင်း နှေးသွားနိုင်ပါတယ်။

Failover နဲ့ NLB ဘာကွာလဲ
Srv 1 down သွားရင် Srv 2 က အလုပ်လုပ်ပေးတာ၊ ဒါဆို သိပ်မကွာဘူးလို့ ထင်နိုင်ပါတယ်။ ရောနေနိုင်လို့ ပြန်ရှင်းပါမယ်။ Failover မှာတုန်းက Server နှစ်လုံးက Active-Passive ပါ။ Active အလုံးက ကောင်းကောင်းအလုပ်လုပ်နေ သေးသမျှ Passive အလုံးက standby အနေအထားမှာပဲနေပါတယ်။ အလုပ်ဝင်မလုပ်ပါဘူး။ သူ့ဟာသူ မနိုင်မနင်းဖြစ်လည်း ဂရုမစိုက်ပါဘူး။ သူ down မှ ငါ role တက်မှာဆိုတာမျိုးစိတ်ထားနဲ့ကို လစ်လျှူရှူထားပါတယ်။ NLB မှာကတော့ Active-Active ပါ။ ရှိသမျှ Server အားလုံးက load ကို ခွဲယူထားတာပါ။ အပေါ်က Scenario မှာ server နှစ်လုံးဆိုပေမယ့် Server သုံးလုံး အနေနဲ့ စဉ်းစားရင် ပိုရှင်းမယ်ထင်ပါတယ်။ User ခြောက်ယောက်ကို Server သုံးလုံးက နှစ်ယောက်စီခွဲပြီး respond လုပ်နေရာကနေ၊ Srv 1 down သွားရင် Srv 2 နေ့ Srv 3 က သုံးယောက်ဆီ ခွဲယူပြီး respond လုပ်ပေးပါလိမ့်မယ်။ Srv 1 မ down ခင်ကလည်း သူတို့ အလုပ်လုပ်နေပါတယ်။ Srv 1 down သွားတော့ သူတို့ပိုအလုပ်ရှုပ်သွားတယ်။

အခုနောက်ပိုင်းမှာ failover စစ်စစ်ကို သုံးတာ ရှားပါတယ်။ NLB server ငါးလုံးအတွက် Srv တစ်လုံးကို standby အနေနဲ့ ထားပေးထားတာမျိုးပဲရှိပါတော့တယ်။ Server တစ်လုံးအတွက် နောက်တစ်လုံး standby ထားပေးထားတာမျိုး မလုပ်ကြတော့ပါဘူး။ ကုန်ကျစရိတ်အရရော ၊ မီတာအလကား ကုန်နေတာမျိုးလည်း မဖြစ်အောင်ပါ။


Server တွေကို cluster လုပ်ပြီး သုံးရင် ဘာတွေပိုကောင်းမလည်း ?
1 . High Availability
နှစ်လုံးထက်ပိုတယ့် Server တွေကို အတူတကွ အလုပ်လုပ်စေတာမို့လို့ Failover မှာပဲဖြစ်ဖြစ် NLB မှာပဲဖြစ်ဖြစ် Server တစ်လုံး down သွားရုံနဲ့ operational state ရပ်မသွားပါဘူး။ ဆက်ပြီး အလုပ်လုပ်နေနိုင်သေးတယ့် အတွက် Availability အသုံးပြုနိုင်စွမ်း ပိုမြင့်စေပါတယ်။ ဒါဟာ User တွေရဲ့ စိတ်ကြေနပ်မှုအတွက် အရေးပါပါတယ်။
2. Better Performance
Failover cluster မှာတော့ ဒီအချက်ဟာ သိပ်အကြုံးမဝင်ပါဘူး။ NLB cluster မှာတော့ Request 200 ကို Server တစ်လုံးထဲက reply လုပ်တာထက်၊ Server နှစ်လုံးက reply လုပ်တာမို့ ပိုမြန်မြန်ဆန်ဆန် respond လုပ်နိုင်တာ တွေ့ရပါလိမ့်မယ်။
( Note: CPU 3.0 MHz နဲ့ Memory 4GB server နှစ်လုံးကို cluster လုပ်တာနဲ့ CPU 3.0 MHz Dual Processor နဲ့ Memory 8GB server တစ်လုံး performance ချင်းယှဉ်ရင် Cluster ကသာပါလိမ့်မယ်။ ကိန်း ဂဏန်းအရ အတူတူလောက်ရှိပေမယ့် motherboard က bus speed တို့၊ Network traffic တို့ ထဲ့တွက်ရပါလိမ့်မယ်။ Critical application ဆိုရင် High-Availablity(HA) ကိုလည်း အရေးပါတယ့် factor အနေနဲ့ ထဲ့တွက်ရပါတယ်။ )
3. Better Scalability
User တွေအရမ်းများလာမှ တစ်လုံးထဲကနေ ပိုပြီး powerful ဖြစ်တယ့် Server ကိုရွှေ့ရရင် မလွယ်ပါဘူး။ Clustered environment မှာတော့ cluster ကို တိုးချဲ့ရတာ ပိုလွယ်ပါတယ်။ Cluster ထဲကို Server တွေတိုးပြီး ၊ load ကိုပြန်ထိန်းဖို့က ပိုပြီး အဆင်ပြေ လွယ်ကူပါတယ်။

Clustering မှာ ဒီနှစ်ခုကိုပဲပြောနေတယ် ထင်အုန်းမယ်။ ဒီ concept နှစ်ခုအတွက် technology အမျိုးမျိုး ကွဲပြီးဖြစ်လာတာမို့၊ ဒီနှစ်ခုကို အရင်ပြောချင်လို့ပါ။ ဒါပေမယ့် ဆက်ပြောချင်တယ့် အကြောင်းအရာတွေက စာကြီးပဲဖတ်ဖို့ထက် ပုံလေးတွေနဲ့မှပိုအဆင်ပြေမယ်ထင်တယ်။ ပုံလေးတွေဆွဲပြီးမှ နောက် post တစ်ခုဆက်ရေးတော့မယ်ဗျာ။

Divinity

Tuesday, February 2, 2010

Linux Directory Structure

Linux system ကိုစလေ့လာမယ်ဆိုရင် Linux ရဲ့ directory structure ဟာ Windows နဲ့ လုံးဝကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။ Windows မှာတုန်းကလို C: D: တွေလည်းမရှိတော့ သလို Windows directory လိုမျိုးလည်း ရှာတွေ့မှာမဟုတ်ပါဘူး။Windows မှာဆိုရင် ဒါကတော့ C:\windows အောက်မှာ၊ ဒါဆိုရင်တော့ system32 အောက်မှာ ဆိုတာမျိုး ရင်းနှီးနေပေမယ့် Linux မှာဆိုရင်တော့ ဘယ်လို file တွေက ဘယ် directory အောက်မှာရှိတတ်တယ်ဆိုတာ စစချင်းမှာ ရှာဖို့ခက်နေတတ်ပါတယ်။ ဒါဆို Linux မှာဘာတွေရှိလည်း၊ အဲဒါတွေက ဘာတွေလည်းဆိုတာ နည်းနည်းလေ့လာကြည့်ရအောင်။ (Linux / Unix environment မှာ directory ဆိုတယ့် အသုံးအနှုန်းအစား File System လို့လည်းသုံးတတ်ပါတယ်။ )

Linux distribution အလိုက် တခြား directory တွေရှိတတ်ပေမယ့် ကျနော်တို့ Linux တိုင်းမှာပါတယ့် Generic ဖြစ်တယ့် directory တွေကို အဓိက ကြည့်ကြရအောင်။

Linux မှာdirectory( file system) တွေ အားလုံးက System Root directory လို့ခေါ်တယ့် '/' ကနေစပါတယ်။ System root directory ဖြစ်တဲ့ “/” အောက်ကနေ ကျန်တဲ့ directory တွေအားလုံး ဆက်သွားပါတယ်။ ဒါကြောင့် /boot တို့ /etc တို့ဆိုပြီး '/' ရဲ့နောက်မှာ ဆက်ပြီးရေးကြတာပါ။ ( ဒါဆို '/' က C: ကြီးပေါ့လို့တော့ မထင်ပါနဲ့။ တူတာတွေရှိပေမယ့် မတူတာတွေလည်းရှိပါတယ်။) Linux ရဲ့ directory structure ကတော့


/ --
- /boot
- /sbin
- /bin
- /etc
- /home
- /root
- /lib
- /usr
- /var
- /tmp
- /dev
- /mnt
- /proc
- /opt



/
ဒီ directory ကတော့ Linux directory structure ရဲ့ အစမှတ်ဖြစ်ပါတယ်။ System Root directory လို့ ခေါ်ပါတယ်။ ဒါပေမယ့် အလွယ်တကူ root directory လို့ပဲခေါ်ကြတယ့် အတွတ် Root user ရဲ့ home directory ဖြစ်တယ့် /root နဲ့ ရောတတ်ကြပါတယ်။ ကျန်တယ့် directory တွေဟာ Root directory ( '/' ) ကနေမှ directory tree အဖြစ်ခွဲထွက်လာကြတာပါ။
Root directory ( '/' )က ပုံမှန်အားဖြင့် directory တွေစုထားတယ့် ပင်မ directory တစ်ခုပါ။ Root directory ( '/' ) ရဲ့ အောက်မှာ (/usr တို့ /bin တို့လို) directory တွေပဲရှိတတ်ပါတယ်။ ပုံမှန် file တစ်ခုကို '/' အောက်မှာ ဖွဲ့စည်းလေ့မရှိပါဘူး။


/boot
Boot directory ကတော့ Operation system တစ်ခု boot တက်လာဖို့လိုအပ်တယ့် file တွေ သိမ်းစည်းထားတယ့် နေရာပါ။ /boot directory ရဲ့ အောက်မှာ Boot loader လို့ခေါ်တယ့် Grub တို့ lilo တို့ရဲ့ config file တွေ၊ Kernel image တွေ initrd file တွေရှိပါတယ်။


/sbin
System binary directory ပါ။ ဒီ /sbin directory မှာ System administrator တစ်ယောက်အတွက် လိုအပ်မယ့် command တွေ binary တွေကိုထားပါတယ်။ /sbin အောက်မှာရှိတယ့် တစ်ချို့ command တွေကို System Administrator ကသာ Access လုပ်ခွင့်ရှိပါတယ်။ Harddisk ကို partition ပိုင်းတယ့် fdisk တို့ ၊ format ချတယ့် mkfs command တွေကို /sbin အောက်မှာထားပါတယ်။ /sbin ရဲ့ ပုံစံတူ နောက်ထပ် directory တစ်ခုကတော့ /usr/sbin directory ပါ။ Administrator တွေပဲသုံးရတယ့် useradd / userdel / groupadd တို့လို command မျိုးတွေ ထားပါတယ်။


/bin
User တွေအားလုံး နေ့စဉ် အသုံးပြုနေတယ့် binary ( commands) တွေကို /bin directory အောက်မှာထားပါတယ်။ cp / mv / rm / ls တို့လို command တွေအပြင် SHELL တွေဖြစ်တယ့် bash တို့ csh တို့ကိုနဲ့ ဆိုင်တယ့် binary တွေကို /bin directory ထဲမှာ ထားပါတယ်။


/etc
Editable Text Configuration directory လို့ ဆိုတယ့် အတိုင်း System မှာရှိတယ့် services တွေရဲ့ configuration file တွေကို /etc directory ထဲမှာ ထားလေ့ရှိကြပါတယ်။ Hostname configuration အတွက် hosts file တို့၊ DNS server address မှတ်တယ့် resolve.conf တို့လို configuration file တွေအပြင်၊ GUI windows အတွက် လိုအပ်တယ့် X11 ရဲ့ configuration တွေလည်းရှိပါတယ်။ တကယ်လို့ သင့်ရဲ့ System ပေါ်ကို တစ်ခြား application တွေ တင်မယ်ဆိုရင် ၊ ဆိုကြပါဆို့ Apache တို့ MySQL server တို့ တင်မယ်ဆိုရင် Apache service အတွတ် Mysql-server service အတွက် လိုအပ်တယ့် Configuration file တွေကို /etc အောက်မှာ /etc/apache2 စသဖြင့် သက်ဆိုင်ရာ sub-directory အောက်မှာ ထားသွားမှာဖြစ်ပါတယ်။


/home
User တွေရဲ့ home directory ပါ။ User တစ်ယောက်ချင်းအတွက် /home directory ရဲ့အောက်မှာ username နဲ့ sub-directory တစ်ခုဆီ တည်ဆောက်ပေးလေ့ရှိပါတယ်။ (ဥပမာ၊ divinity ဆိုတယ့် user အတွတ် /home/divinity ဆိုတဲ့ directory ကိုဆောက်ပေးမှာဖြစ်ပြီး user 'divinity' ရဲ့ ကိုယ်ပိုင် home directory အဖြစ်သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။)User တစ်ယောက်ရဲ့ home directory ကို တစ်ခြား user တစ်ယောက်က ဝင်ကြည့် ဝင်ပြင် လုပ်လို့မရအောင် လုပ်ထားလေ့ရှိပါတယ်။ User တစ်ယောက်ချင်းစီရဲ့ Environmental variable / parameter တွေကိုလည်း သက်ဆိုင်ရာ User ရဲ့ home directory အောက်မှာ သက်မှတ်ပေးလေ့ရှိပါတယ်။


/root
ဒီ directory ကို directory tree ရဲ့ အစဖြစ်တယ့် System Root directory ( '/' ) နဲ့ ရောတတ်ကြပါတယ်။ ဒီ /root directory က Linux system တွေရဲ့ SuperUser ဖြစ်တယ့် root user ရဲ့ home directory ဖြစ်ပါတယ်။ System root directory ( '/' ) နဲ့ဘာမှမဆိုင်ပဲ System root ရဲ့အောက်မှာ ဒိုက်ရိုက်ရှိနေတယ့် directory တစ်ခုမျှသာဖြစ်ပါတယ်။


/lib
Linux system နဲ့ သူ့ရဲ့ Program တွေက အသုံးပြုမယ့် library files တွေထားတယ့်နေရာဖြစ်ပါတယ်။ Library file ဆိုတာ Windows မှာ ဆိုရင်တော့ DLL file တွေနဲ့ တူပါတယ်။


/usr
User application တွေနဲ့ သက်ဆိုင်တဲ့ file တွေကို ထားတယ့်နေရာဖြစ်ပါတယ်။ User တွေအသုံးပြုမယ့် telnet တို့ ftp တို့အတွတ် binary တွေ configuration တွေကို /usr အောက်က သက်ဆိုင်ရာ sub-directory တွေထဲမှာ ထားပါတယ်။ ( ဥပမာ၊ တကယ်လို့ Apache ကို install လုပ်ထားမယ်ဆိုရင် Apache configuration file က /etc အောက်ကိုရောက်နေပေမယ့် ကျန်တယ့် Apache module တွေက /usr အောက်မှာ ရှိမှာဖြစ်ပါတယ်။ )


/var
ဒီ directory ကတော့ Spooling လုပ်ဖို့လိုအပ်တယ့် data တွေကို ထားတယ့် နေရာလို့ ပြောလို့ရပါတယ်။ Variable data directory လို့ခေါ်တယ့် အတိုင်း အမြဲတန်းပြောင်းလဲနေတယ့် file တွေပါ။ Printer deamon ရဲ့ printer spool လိုမျိုးတွေ၊ Mail server တွေရဲ့ mailbox တွေ mail queue တွေကို /var အောက်မှာထားပါတယ်။ Linux system ရဲ့ system log file တွေကိုလည်း /var/log directory ထဲမှာ ထားလေ့ရှိပါတယ်။ System မှာ run နေတယ့် service တွေနဲ့ system ရဲ့ လုပ်ဆောင်ချက်အားလုံးနည်းပါးကို /var/log အောက်မှာ သက်ဆိုင်ရာ log file တွေနဲ့ မှတ်ပါတယ်။


/tmp
User တိုင်း Service တိုင်း everyone full permission ရတယ့် directory တစ်ခုပါပဲ။ Service တွေအတွက် လိုအပ်တယ့် temporary file တွေကို /tmp directory ထဲမှာ ထားလေ့ရှိပါတယ်။ /tmp ထဲက temporary file တွေကို အချိန်အပိုင်းအခြားတစ်ခုနဲ့ဖြစ်စေ၊ Program ကအသုံးပြုပြီးသွားရင် သူ့အလိုအလျောက်ဖြစ်စေ၊ system reboot မှာဖြစ်စေ ရှင်းပြစ်လေ့ရှိပါတယ်။


/dev
Linux system ရဲ့ အထူးစမ်းဆုံး directory ပါ။ Computer မှာရှိနေတယ့် hardware တွေကို file တွေအဖြစ်နဲ့ ပြထားတာကို တွေ့ရပါလိမ့်မယ်။ /dev/cdrom, /dev/fd0 အစရှိသဖြင့် computer ရဲ့ CDrom device နဲ့ floppy device ကို ကိုယ်စားပြုတယ့် file တွေ ကိုတွေ့ရပါလိမ့်မယ်။ IDE hard drive တွေကို ပထမ hard drive ကို /dev/hda၊ ဒုတိယ hard drive ကို /dev/hdb အစရှိသဖြင့်၊ SATA, SCSCI drive တွေကို /dev/sda , /dev/sdb အစရှိသဖြင့် ကိုယ်စားပြုလေ့ရှိပါတယ်။ /dev directory မှာရှိတယ့် file တိုင်းဟာ read နိုင် write နိုင်ပြီး hardware device တွေကို direct communicate လုပ်ပါတယ်။ ဥပမာပြောရရင် /dev/dsp ဆိုတယ့် file ဟာ system speaker ကို ကိုယ်စားပြုပါတယ်။ Speaker file ကို တစ်ခုခုရေးကြည့်ရအောင်။ echo "Hello testing" >> /dev/dsp လို့ command ရိုက်ရင် speaker က အသံတစ်မျိုးထွက်ပါလိမ့်မယ်။ (Hello Testing လို့တော့ မဟုတ်ဖူးပေါ့ဗျာ။ /dev အောက်က fileတွေကို read / write လုပ်ချင်းအားဖြင့် hardware device တွေကို access လုပ်တယ်ဆိုတာ သိစေရုံ သက်သက်မျှသာ ဖြစ်ပါတယ်။ )


/mnt
Linux system တွေရဲ့ Generic mount point ဖြစ်ပါတယ်။ Default မှာတော့ directory အလွတ်ကြီးတစ်ခုပါ။ ဥပမာ pen drive လေးတပ်လိုက်တယ်ဆိုရင် တကယ်လို့ pen drive ကို detect ဖြစ်မယ်ဆိုရင် Linux က /mnt အောက်မှာ mount point တစ်ခု တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ /mnt/FAT ဆိုတာမျိုးပေါ့။ အဲဒီ /mnt/FAT ကို ဖွင့်ကြည့်ရင် ကိုယ့် pen drive ထဲက file တွေကို မြင်ရမှာဖြစ်ပါတယ်။ တစ်ချို့ device တွေကို manual mount လုပ်ပေးရရင်လည်း Generic အနေနဲ့ /mnt အောက်မှာပဲ mount လုပ်ကြလေ့ရှိပါတယ်။


/proc
Linux ရဲ့ ထူးစမ်းတဲ့ file system / directory နောက်တစ်ခုဖြစ်ပါတယ်။ /proc directory ဟာ ဘယ် hardware media ပေါ်မှာမှ မရှိပါဘူး။ Virtual memory ထဲမှာ ယာယီတည်ဆောက်ထားတယ့် directory တစ်ခုဖြစ်ပါတယ်။ Operation system ရဲ့ လက်ရှိ အခြေအနေ (Current state) ကိုဖော်ပြတယ့် file တွေကို tree structure တစ်ခုလို directory အဆင့်ဆင့်နဲ့ တည်ဆောက်ထားပြီး အချိန်နဲ့အမျှပြောင်းလည်းနေနိုင်တယ့် filesystem တစ်ခုလည်းဖြစ်ပါတယ်။ /proc အကြောင်း အသေးစိတ်ကတော့ ဒီ URL ကို ညွှန်ပါရစေ
http://www.freeos.com/articles/2879/


/opt
Unix standard directory တစ်ခုဖြစ်ပြီး Linux system တွေမှာ အသုံးနည်းတဲ့ directory တစ်ခုပါ။ Default installation တုန်းက မပါခဲ့တယ့် system / operation system နဲ့လည်း မသက်ဆိုင်တယ့် Application တွေကို /opt အောက်မှာ install ကြလေ့ရှိပါတယ်။ Linux distribution အများဆုကတော့ /usr ကို ပိုအသုံးများပြီး /opt ကို သိပ်အသုံးပြုလေ့မရှိပါဘူး။

................

ဒီ directory structure အကြောင်း ဒီတိုင်းဖတ်ရင် နည်းနည်း ခေါင်းနောက်သွားနိုင်ပါတယ်။ ဒါပေမယ့် Linux computer တစ်လုံးနဲ့ ယှဉ်ပြီး ကြည့်ရင် အလွန်လွယ်လွယ်ကူကူ သဘောပေါက်နိုင်ပါတယ်။ Linux community တွေမှာ ပြောလေ့ရှိတယ့် စကားတစ်ခုရှိပါတယ်။ 'Get your hands dirty'။ လက်တွေ့လုပ်ဖို့ တိုက်တွန်းတယ့် idiom တစ်ခုဖြစ်ပါတယ်။ စမ်းသပ်ရင်း နားလည်လာရင် Linux installation လုပ်ကတည်းက ကိုယ်က ဒီ linux box ကို ဘာ အတွက်အသုံးပြုမလည်း ဆိုတာပေါ်မူတည်ပြီး partitioning ကို လိုသလို partition ပိုင်းပြီး ပိုကောင်းတယ့် read / write speed ကို လည်း ရနိုင်ပါလိမ့်မယ်။

Linux system တစ်ခုအတွက် partitioning stage အကြောင်းကိုလည်း နောက် doc တစ်ခုမှာ ရေးဖို့ကြိုးစားပါမယ်။ Guide line ဆိုတာမျိုးထက် partitioning အကြောင်းရှင်းပြရင်းနဲ့ ဘယ်လို server မျိုးအတွက် ဘယ်လို partition scheme မျိုးထားသင့်တယ်ဆိုတာမျိုး ဆွေးနွေးချင်ပါသေးတယ်။ ကျေးဇူးတင်ပါတယ်။


Divinity