Thursday, January 20, 2011

TCP နဲ့ UDP ဘာကွာ လည်း ?

TCP နဲ့ UDP ဘာကွာ လည်း ? အလုပ်ထဲမှာ NLB အကြောင်းပြောရင်းနဲ့ ပြောဖြစ်တယ် ။ TCP က destination အတိအကျကို လာပြီး ၊ UDP က broadcast ပုံစံသွားတယ်လို့ ထင်နေတယ့် သူတွေ တွေ့လိုက်ရလို့ပါ။ UDP မှာ Dest အမှန်က pick-up လုပ်၊ မဟုတ်တယ့်သူတွေ က drop တယ်လို့ထင်နေကြတယ်။ Hub နဲ့ Switch ကွာပုံနဲ့ ရောနေတယ်ထင်တယ်။ Tech engineer တွေနဲ့ပြောတာမဟုတ်လို့ (ကျနော်တို့ PM နဲ့ senior software eng တစ်ယောက်ပါ)၊ non-technical ပုံစံပဲပြောဖြစ်တယ်။

တစ်ခုက ကျနော် severfault မှာဖတ်ဖူးတယ့် CEO level explanation ။ ဆိုကျပါတော့၊ CEO က စာရွက်သုံးရွက်ကို လုံးပြီး အမှိုက်ပုံးထဲကို ပြစ်ချင်တယ်။ စာရွက်သုံးရွက်က သူပို့ချင်တယ့် data ( packets) ပါ။ CEO ကြီးက source ၊ အမှိုက်ပုံးက destination ပေါ့။ ဘယ်လိုပြစ်မလည်းဆိုတယ့် manner က TCP / UDP ပါပဲ။ TCP လိုပြစ်ရင်တော့ ပထမ တစ်ရွက်ပြစ်တယ်၊ ဝင်မဝင်ကြည့်တယ်၊ ဝင်ရင် နောက်တစ်ရွက်ထပ်ပြစ်တယ်။ ပြုတ်ကျသွားရင်တော့ ( ထကောက်ပြီးတော့) နောက်တစ်ခါထပ်ပြစ်တယ်။ အဓိကက စာရွက်သုံးရွက်လုံး အမှိုက်ပုံးထဲဝင်တာ သေချာဖို့ စနစ်တကျပြစ်တယ်ပဲ ဆိုပါတော့။ UDP ဆိုရင်တော့ တစ် နှစ် သုံး ဆိုပြီး အမှိုက်ပုံးရှိမယ့်ဘက်ကို အကုန်ပြစ်လိုက်မယ်၊ ဝင်တာမဝင်တာ ဂရုမစိုက်ဘူး ၊ မဝင်လည်းနေပါစေပေါ့။

CEO level က အရမ်း briefly ဖြစ်နေတယ်။ နောက် example တစ်ခုပြောမယ်။ We should call it "Project manager level explanation" လို့ပြောတော့ PM က မျက်ထောင့်နီနဲ့ကြည့်တယ်။
ကျနော်တို့ စာတစ်စောင် ပို့မယ်ဆိုပါတော့။ စာက Data ၊ ကျနော်က source ၊ ကျနော်ပို့ချင်တယ့် လိပ်စာက Destination ပေါ့။ ဘယ်လိုပို့မလည်း ( transmission method ) နှစ်ခုရွေးစရာရှိမယ် ။ DHL နဲ့ ပုံမှန် unregistered post mail ပေါ့။

DHL နဲ့ပို့တယ်ဆိုပါတော့ ၊
1. DHL က အိမ်ရှေ့ကိုရောက်အောင်လာမယ် ( route)
2. အိမ်တခါးကို လာခေါက်မယ် ( 3 way hand-shake)
3. ဒီ address မှာ ဒီစာကို လက်ခံနိုင်ကြောင်း သေချာမှ
4. စာကိုပေးပြီးရင်လည်း လက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းမယ် ( Acknowledgement)
5. တကယ်လို့ လက်ခံမယ့်ဘက်က လူမရှိရင်ပဲဖြစ်ဖြစ် ၊ လက်ခံဖို့အရမ်းအလုပ်တွေရှုပ်နေရင်ပဲဖြစ်ဖြစ် ၊ နောက်တစ်ခေါက်ပြန်ပို့မယ် ( transmission control, windowing)
6. ဒီလိပ်စာက ဒီလူမရှိတော့တာမျိုး၊ လိပ်စာမှားနေတာမျိုးဆို sender ကိုပြန် အကြောင်းကြားမယ်။
Sender ဖက်က ပို့လိုက်တာ ရောက်မရောက် သိနိုင်မယ် ၊ လိုအပ်ရင် နောက်တစ်ခေါက် ၊ နောက်တစ်နေရာ ပို့ဖို့လိုအပ်ရင် လည်းသိရမှာပေါ့။

Unregisterd post mail ဆိုရင်တော့
1. အိမ်အောက်က mailbox ကိုလာမယ် ( route)
2. စာတိုက်ပုံးထဲ ထဲခဲ့မယ်
လက်ခံရမယ့်လူ အိမ်ပြောင်းသွားလို့ သူလက်ထဲမရောက်လည်း တာဝန်မယူဖူး။ ရောက်လားမရောက်လားလည်း မသိနိုင်ဘူး။
ဒီ example မှာ connection less နဲ့ connection oriented ပုံစံကို ထဲ့မပြောနိုင်ပေမယ့် နှစ်ခုလုံးက destination ကိုသိပြီး destination ကိုပဲရောက်အောင်လာကြတာပါပဲ။ Transmission control ပါတာနဲ့ မပါတာပဲ အဓိကကွဲတယ်လို့ ပြောရင်ရပါတယ်။

Technical engineer ကိုဒါမျိုးပြောလို့ မရနိုင်ပေမယ့် ၊ ဘာမှန်းမသိ စွတ်ပြောတတ်တယ့် သူဌေးတွေ ( PM တွေရောပေါ့) အတွက်တော့ သူတို့ညာဏ်နဲ့ လိုက်မှီတယ့် explanation ဖြစ်မယ်ထင်ပါတယ် :D ။

စာမရေးတာကြာပြီ ၊ ဘာမှ မလုပ်တာကြာပြီ ။ တစ်ခုခုသေခြာပြန်လုပ်မယ်လို့ စိတ်ကူးပြီး တခြား colleague တစ်ရောက်စီကနေ သူ download လုပ်ထားတယ့် game အသစ်တွေ 36 GB ဒီနေ့ copy လုပ်လိုက်ပါတယ် ။

Divinity

Monday, October 18, 2010

SQL Editor In Java

အင်း ...ဒီနေ့လည်း အားအားယားယား တစ်ခုစမ်းကြည့်ဖြစ်တယ်။

Eclipseမှာ SQL ရေးချင်လို့စမ်းကြည့်တာပါ။ Plug-in တစ်ခုပါပဲ။ လွယ်ပါတယ်။ မူရင်းရေးထားတဲ့သူက အတော်လေးပြည့်ပြည့်စုံစုံရေးထားတဲ့အတွက် သိပ်ပြီးဝင်အာမချောင်ချင်ပါဘူး။ ဘယ်မှာသုံးလို့ရတယ်။ ဘယ်လို သုံးလို့ရတယ်ဆိုတာလေးလောက်ပဲ ပွားပါမယ်။

ခင်များတို့တော့ Java နဲ့ဘာတွေရေးနေကြရလဲမသိဘူး။ ကျွန်တော်ကတော့ SQL တွေခဏခဏပြင်ရတဲ့အလုပ်မျိုးဖြစ်နေတော့ တစ်နေ့လာ ဒီ sql တွေကိုပဲ SQL DEVELOPER ကနေ SCRIPT ပေါင်း ရှစ်သောင်းလေးထောင်ဆိုတာမျိုးရေးရတာကိုပျင်းပါတယ်။ အမြဲတမ်းရေးနေရတဲ့နေရာကိုကြာတော့မုန်းလာပါတယ်။ Eclipse မှာပဲ တစ်ထိုင်တည်းရေးတာရော Test တာရောလုပ်ချင်ပါတယ်။ ပျင်းတာကိုပြောချင်တာပါ။ IDE လေးနှစ်ခုကိုဖွင့်ပြီးပြောင်းလိုက်ရမှာကိုတောင်ပျင်းပါတယ်။ ပျင်းရတာလည်း အကြောင်းရှိပါတယ်။

အချိန်များရရင် Developer တိုင်းသိသင့်တဲ့ 97 ချက်ဆိုတဲ့ Oreily က စာအုပ်လေးဖတ်ကြည့်စေချင်ပါတယ်။ အဲဒီမှာ သိသင့်တာတွေအတော်များများပါပါတယ်။ ကျွန်တော်လည်းမြည်းကြည့်ပါတယ်။ ကိုယ်တိုင်လည်း လိုက်နာတာရှိသလို မလိုက်နာဖြစ်တာတွေလည်းရှိပါတယ်။

ကျွန်တော့်အယူအဆအရတော့ Developer တွေက Codes နည်းနိုင်သမျှနည်းနည်းပဲရေးဖို့ကြိုးစားရပါမယ်။ ဖြစ်နိုင်ရင်Program လေးတစ်ခုရေးထား၊ အမြဲတမ်းရေးရတဲ့ Script မျိုးဆိုရင် Copy&&Paste တောင်မလုပ်နဲ့။ အဲဒီလို သက်သက်သာသာနေလို့ရအောင်ကြိုးစားသင့်ပါတယ်။ လူမရေးရင် လူကြောင့်မှားတာမရှိပါဘူး။ အကြောင်းတစ်ရာမှာ မမှားနိုင်ဘူးဆိုရင်တောင် အကြောင်းတစ်ထောင်လောက်ဆိုရင် လူက စပြီး ပျင်းလာပါပြီ။ အဲဒီလိုအလုပ်မျိုးကို Tedious work လို့ခေါ်ပါတယ်။ မခက်ပေမယ့် အကြာကြီး ထပ်တလဲလဲလုပ်ရတာမျိုးပါ။ အဲဒါတွေကို ဖြစ်နိုင်ရင် program လေးဘာလေးရေးထားဖို့စဉ်းစားပါ။

အခုလုပ်ရတဲ့ အလုပ်က မြန်ဖို့လည်းမလိုဘူး။ ခက်တာလဲမဟုတ်ဘူး။ သေချာဖို့သိပ်အရေးကြီးတယ်။ အဲဒါကြောင့် ကျွန်တော်ဂရုစိုက်တာ သေသေချာချာနဲ့ Quality ကောင်းကောင်းဖြစ်ဖို့ပါပဲ။ လုပ်ငန်းသဘာဝအရ ကျွန်တော် တိတိကျကျလုပ်ရပါတယ်။ Eclipse မှာ sql ရေးတာက Editor က ပိုပြီး ရေးလို့ အဆင်ပြေလို့ပါ။ ပိုပြီးလည်း ရင်းနီးတယ်လို့ခံစားရပါတယ်။ နောက်တစ်ခုက Version Control က Eclipse နဲ့ချိတ်ထားတဲ့အတွက် Eclipse မှာရေးလိုက်ရင် ရွှေ့နေပြောင်းနေ ကူးနေစရာမလိုပါဘူး။ ကျွန်တော်ပျင်းတာက Eclipse မှာရေးပြီးသား sql ကို ကူးပြီး SQL developer မှာ run ကြည့်ဖို့ကို မကူးချင်တာပါ။

အဲဒီတော့ Plug-in တစ်ခုရှာကြည့်တာပါ။
ရှာကြည့်တော့လည်း ထွင်ထားတာက ကြာလှပါပြီ။ ကိုယ့်ဘာသာမသိသေးတာပါ။

ရေးရမှာပျင်းပါတယ်။

အဲဒီမှာ နည်းနည်းကြည့်ပြီးလုပ်လိုက်ပါ။
သိပ်တော့လည်းမကြာပါဘူး။နှစ်ဆယ့်ငါးမိနစ်ဆို စသုံးလို့ရပါပြီ။ မရသေးရင် တော်တော်ညံ့ပါလားလို့ ကိုယ့်ကိုယ်ကိုပြောပါ။

အဲဒီမှာပြထားတာကတော့ Oracle Database နဲ့ချိတ်တာပါပဲ။ ချိတ်တာကလည်း oracle thin client နဲ့အရင် web server တွေက ချိတ်သလိုမျိုးချိတ်တာပါပဲ။ အဲဒါတွေက မထူးဆန်းပါဘူး

သုံးရမှာက အဲဒီမှာ Database connection ရပြီဆိုရင် sql editor နဲ့ sql file တွေကို ဖွင့်ပြီး Alt+X နဲ့run ရင် result တွေကို တခါတည်းမြင်ရတဲ့အတွက် တစ်နေရာထဲမှာ ငြိမ်ငြိမ်လေးနေပြီး အလုပ်ဖြစ်ပါပြီ။ ထိုင်နေရင်း အလုပ်ဖြစ်တာ ဥဥနေတဲ့ဘဲပဲရှိတယ်ဆိုတာကို သတိရပါတယ်။ အလုပ်ဖြစ်အောင်လုပ်ပါ။

ကျွန်တော်ပေးချင်တဲ့အကြံကတော့ Trial and error, ကို တတ်နိုင်သမျှ နောက်ဆုံးမှသုံးပါ။ Developer ကောင်းတစ်ယောက်ဖြစ်ဖို့ အရင်စဉ်းစားပါ။ တစ်ယောက်ယောက်ကမေးရင် Are you sure၊? အရင်မေးပါဦး။ မေးတာက တလွဲဆိုရင် အဖြေလည်းတလွဲဖြစ်နေမယ်။ သေချာသိအောင်လုပ်ပါ။ Knowledge is Power ဆိုတာကြီးကို ကျွန်တော်တို့ အားတိုင်းပြောနေတာနဲ့ ဘာမှန်းတောင်မသိတော့လောက်အောင် အဓိပ္ပါယ်တွေဝေးကုန်ပါပြီ။ a little Knowledge is a dangerous thing ဆိုတာလည်းရှိပါတယ်။ Java ရေးတာကိုမှမဟုတ်ပါဘူး။ ဘာကိုပဲလေ့လာလေ့လာ အခြေခံကို ခိုင်အောင်လုပ်ပြီးတာနဲ့ လမ်းကိုရွေးပါ။ ဘာလုပ်မှာလဲ ဆိုတာကိုယောင်ဝါးဝါးမဖြစ်စေနဲ့။ Certification တွေကို အထင်သေးတာ၊ကြီးတာမရှိပါဘူး။ လုပ်ဖို့လိုတာကို လုပ်ရပါတယ်။ စနစ်တကျလေ့လာနေဖို့လိုပါတယ်။

ကိုယ်မသိသေးတာကို အထင်မသေးပါနဲ့။ သိအောင်လုပ်ပြီးမှ အထင်မကြီးပဲနေချင်နေ။ မသိသေးဘဲနဲ့ ဒါလေးတွေကလွယ်ပါတယ်မလုပ်ပါနဲ့။ မနေ့ညက Java Developer's Notes ဖတ်ရင်းနဲ့ သဘောကျတာတွေတွေ့ပါတယ်။ အခြေခံလေးတွေပေမယ့် သေချာသိလိုက်ရတာ ကျေနပ်ဖို့ကောင်းပါတယ်။

အရင်ရုံးက senior တစ်ယောက် Configure လုပ်ခဲ့တဲ့ Framework Setup တွေကို ပြင်ကြည့်ရင်း သူတို့လုပ်တာစနစ်ကျတာကို သတိပြုမိပါတယ်။ ဘာမဆို စကတည်းက စနစ်ကျမှ နောက်ပိုင်းမှာ အဆင်ပြေပါတယ်။ စကတည်းက လွဲနေတဲ့ Design မျိုးကို ပြင်ရရင် လိုတာထက်ပိုပြီးဒုက္ခရောက်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း အမြဲတမ်းလေ့လာနေရတဲ့နေရာမျိုးမှာပဲနေချင်ပါတယ်။ ဘာမဆို သင်လို့မတတ်လောက်အောင်ခက်တာမရှိပါဘူး။ ကိုယ့်ရဲ့ အသိဥာဏ်ပေါ်မူတည်ပြီး နားလည်ပုံကွာတာပဲရှိပါလိမ့်မယ်။ ကိုယ်ညံ့နေတာတွေကို များများဖြည့်ဆည်းပါ။ တော်တဲ့သူတွေ တော်တဲ့နေရာကိုရောက်သွားပါမယ်။ ညံ့တဲ့သူတွေလိုက်လို့မမီအောင်တော်ဖို့ပဲလိုပါတယ်။ ညံ့တဲ့သူတွေကို အပြစ်တင်နေစရာမရှိပါဘူး။ တကယ့်လက်တွေ့ဘ၀မှာ ကိုယ့်ကိုယ်ကို ဘယ်လောက်ယုံကြည်ပြီး ကိုယ်တိုင်ဘယ်လောက်ကြိုးစားသလဲဆိုတာက ကိုယ်ဘာဖြစ်လာမလဲဆိုတာကို ပိုင်းဖြတ်တာပါ။

ဒီမှာလေပေါနေရတာလည်းအကြောင်းရှိပါတယ်။ စိတ်ဓာတ်တွေပိုကောင်းလာရင် လေ့လာမှုမှာ အားပိုရှိလာဖို့ပါ။ ကိုယ့်ပန်းတိုင်ကို သေချာသိရင် မရောက်အရောက်သွားမှာပါပဲ။ သေချာမသိရင် အားမပါဘူး။

ကဲနည်းနည်းလောက်တော့ အပျင်းပြေစမ်းကြည့်လိုက်ပါ။

iHateJavaCozNowILoveFunctionalProgramming_Zero_Divided_By_Zero_Is_Zero

Saturday, October 16, 2010

၆၃ မကျတဲ့သူမဖြစ်စေနဲ့။

၆၃ မကျတဲ့သူမဖြစ်စေနဲ့။

မနေ့က Aဂျိုင်း စာအုပ်တစ်အုပ်ကို မြည်းရင်း ဘာတွေ့လည်းဆိုတော့ မပြီးနိုင်တဲ့ ကိစ္စကိုပြီးအောင်လုပ်ခိုင်းရင် အခိုင်အမာကာကွယ်ဖို့ပြောထားတာဖတ်လိုက်ရတယ်။

Aဂျိုင်းဆိုတာ Agile ကိုပြောတာပါ။
ဒီနှစ်ထဲမှာ Target လုပ်ထားတာက SCJA ဖြေဖို့ဖြစ်တဲ့အတွက် စာများများဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် Agile နဲ့ Spring ကို အများဆုံးဖတ်ပါတယ်။

Singapore မှာ Software Engineering ကိုကောင်းကောင်းနားလည်တဲ့သူ အနည်းငယ်ပဲရှိတယ်ဆိုတာကိုပြောရင် ယုံကြပါ့မလားမသိဘူး။ စလုံးတွေ စပြားတွေသိပ်တော်တာပဲဆိုတာကို မကြာမကြာကြားရပါတယ်။ တော်တာလည်းရှိပေမယ့် ရှော်တာတွေက ပိုများပါတယ်။

သူတို့ရဲ့ Life မှာ စာများများဖတ်ချိန်မရတော့တာလည်းပါပါတယ်။ အခုခေတ်မှာ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် များများလေ့လာတဲ့သူက မလေ့လာတဲ့သူထက် သာသွားတာပါပဲ။ သိပ်အထင်မကြီးနဲ့။ အတွေ့အကြုံအရလုပ်နေကြပေမယ့် တကယ်တမ်း သီအိုရီကို သွေဖယ်တာတွေကြောင့် ထွင်ပြီးသားဘီးပြန်ထွင်နေရတဲ့ ပရောဂျတ်တွေအများကြီးပါပဲ။ reinventing the wheel ဖြစ်ရင် သေချာပေါက် ဒုက္ခနဲ့လှလှတွေ့ပါပြီ။

Singapore မှာ ဘာတွေကိုအဖြစ်လုပ်လဲဆိုတာတွေကိုချည်းပဲရေးရင်တောင် တော်တော်များများရပါမယ်။ Team Lead တွေဟာ စာမဖတ်တာကြာတဲ့အခါ Failed ဖြစ်မယ့် Project ကို လူနှစ်ဆထည့်နေတုန်းပဲရှိပါသေးတယ်။ အဲဒါဆို သီအိုရီအရ ပိုပြီးသေချာပေါက် Failed ဖြစ်ပါတယ်။ မသိလို့ ရေးနေတဲ့သူတွေကို လူသစ်တွေက လာလာမေးတဲ့ interactions ကများလို့ပါ။ သိပ်တော်တဲ့လူတွေကိုလည်း လွယ်လွယ်နဲ့ငှားလို့မရပါဘူး။ ပေါချောင် မကောင်းပဲရှိပါတယ်။ ပေါချောင်ကောင်းဆိုတာ software engineer တော့မရပါဘူး။ အဲဒါကို သီအိုရီကဘယ်လိုရေးထားလဲဆိုရင် မိန်းမတစ်ယောက်က ၉ လမှာ ကလေးတစ်ယောက်မွေးလို့ရရုံနဲ့ မိန်းမကိုးယောက်ပေါင်းပြီးတစ်လတစ်ယောက်မွေးလို့မရသလိုပဲတဲ့ .....။ အဲဒါလေးကိုတော့ဖတ်ထားဖို့လိုပါတယ် ... Team lead လုပ်မယ့်သူတွေပေါ့လေ။

Agile Development မှာ User ကို Development Process မှာ အဓိကထားပါတယ်။ တစ်ခုရေးပြီးတာနဲ့ Userကိုပြ၊ မကြိုက်ရင်ပြင် ၊ ပြန်ပြ၊ ကျေနပ်တဲ့အထိဖြစ်ရင် ကျေနပ်ကြောင်းကို တစ်ခါတည်း confirm လုပ်၊ ဆက်ရေး။ အဲဒီလိုသွားရပါတယ်။ စင်ကာပူမှတော့ Change Request လိုချင်လောဘက များလေတော့ user ကို milestone ရောက်မှပြ၊ မကြိုက်ရင်လည်းပို့ထားတဲ့ User Requirement တွေနဲ့ ကိုင်ပေါက်၊ ညာချ၊ အဲဒါတွေဟာ လူကြီးလူကောင်းမဆန်ဘူး။ ပိုက်ဆံအချောင်လိုချင်တဲ့ အချောင်သမားပဲဆန်တယ်။ နိုင်ငံတကာမှာ Agile ကို တွင်တွင်ကျယ်ကျယ်လုပ်လာလို့ software တွေ quality ပိုကောင်းလာတယ်။ User satisfaction ရတယ်။ ပိုက်ဆံအများကြီးရကြတယ်။ ဒီမှာတော့ Deadline သာအမိ၊ Deadline သာအဖ၊ Quality သည် ဒုတိယဆိုတဲ့စကားကို ဥုံခံရွတ်နေတုန်းပဲရှိသေးတယ်။ Budget ကိုတွက်တဲ့နေရာမှာ စစ်တမ်းကောက်ရင် စင်ကာပူဟာ Software Engineering မှာရှေ့ကပြေးပါတယ်။ ရှိတဲ့လူနဲ့ြ့ပီးအောင်လုပ်မယ်ဆိုတဲ့ မဖြစ်ညစ်ကျယ် တစ်ထွာတစ်မိုက်ဥာဏ်ကလည်း များပါတယ်။Software ပြီးသွားရင် External QA ဖြတ်ရမယ်ဆိုတာကိုလည်း မေ့ထားတာ နှစ်ပေါင်းမနည်းတော့ပါဘူး။

အဲဒီလိုလောကမျိုးမှာ ရှင်သန်ဖို့ ဘာမှသိပ်များများသိဖို့မလိုပါဘူး Skills က knowledge ထက်ပိုအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ စင်ကာပူမှာ သိပ်မြန်တဲ့ကောင်တွေအများကြီးပဲ။ ဘာခိုင်းခိုင်း အသေအကြေမြန်တယ်။ Analysis ကို အချိန်မပေးနိုင်ဘူး။ ရေးတာပဲ။ ရေးပြီးရင်းရေးနေတာပဲ။ Framework ကဘာလို့ Bean ကို Inject လုပ်တာလည်းမမေးနဲ့။ သိဘူး။ ရေးတော့ရေးနေတာပဲ။ ကိုယ်ဘာရေးနေမှန်းနားမလည်တဲ့ကောင်တွေ အများကြီးပဲ။ အဲဒါတွေဘယ်ကရောက်လာတာလဲ။ ဘာလို့ရောက်တာလဲအထိ မသွားတော့ဘူး။ ရေးလို့ရရင်တော်ပြီ။ Configure ဒီလိုလုပ်၊ ဒီလိုလေးရေး။ ဒါပဲ။ ဒီလောက်ဆို ရပ်တည်လို့ရပြီ။ တကယ်တမ်း Struts နဲ့ Spring ဘာကွာလဲ၊ ဘာလို့ကွာလဲ။ Lightweight framework တွေက Modern Software Industry မှာ ဘာလို့လွမ်းမှိုးသွားလဲ ...အဲဒါတွေမပြောနဲ့တော့ ...ရေြး့ပီးရင်းရေး ... Quality အသင့်အတင့်လောက်ရေးတတ်ရင်ရပြီ။

တကယ်တမ်း ... သိအောင်ကြိုးစားကြည့်ပြီး အပေါ်စီးက မြင်နိုင်ရင် လေ့လာတဲ့နေရာမှာ အများကြီးလွယ်ကူပါတယ်။ Java မှမဟုတ်ပါဘူး OO concept က ဒါတွေပဲရှိတယ်။ ဘယ်လို implements လုပ်သလဲလောက်လေ့လာလိုက်ရင် Java ရဲ့ Branch တွေကို လေ့လာတဲ့အခါ အများကြီး အကျိုးရှိပါတယ်။ ပိုကောင်းတဲ့ Code တွေကို လွယ်လွယ်နဲ့ရေးနိုင်လာပါမယ်။ ပိုပြီးထောင့်စေ့တဲ့အမြင်ရလာပါမယ်။ အခြေခံလေးတွေဆိုပြီး အဆင့်မကျော်လိုက်ပါနဲ့။ အဆင့်ကျော်ထားရင် ဘာဖြစ်မလဲ .....။ ၆၃ မကျတဲ့သူဖြစ်သွားပါမယ်။

Design Pattern စာအုပ်ထဲမှာပြောထားတာတစ်ခုကို မှတ်မိလို့ပြန်ပြောရရင် Inheritance သိပ်ကောင်းတယ်ဆိုပြီး မလိုဘဲလျှောက်သုံးတာကိုရေးထားတာပါ။ ဘဲတွေက ပျံတယ်ဆိုတဲ့ ဘဲ class ကို extends လုပ်တာများသွားတော့ plastics ဘဲဆိုလည်း super class ကဘဲလိုပဲ ပျံနေတော့တာပဲ။ အဲဒီလိုတွေဖြစ်လာတော့မှ interface သုံးပြီး implements ကြတာတွေဖြစ်လာတာပါ။ OO Concept တွေဘယ်လောက်ကျေလဲသိအောင် Design Pattern နည်းနည်းလောက်တော့ပြန်ဖတ်ပါ။ ကိုယ်က များများသိတယ်ဆိုရင် ပူစရာမလိုပါဘူး။ ဖတ်လိုက်မှ အော် ဒီလိုကြီးလားဆိုရင်တော့ ပြန်စဉ်းစားပါ။ ကိုယ့်ကြောင့် Software ထဲမှာ plastic ဘဲ ဘယ်နှစ်ကောင်ပျံကုန်ပြီလဲဆိုတာကိုပေါ့လေ။

စာများများဖတ်ပါ။ ၆၃ ကျချင်ရင် စာဖတ်ပါ။ စင်ကာပူက ညီလေးတွေကို ပြောချင်ပါတယ်။ Library မှာ ဖတ်ပါ။ ဖတ်လို့ကြိုက်မှဝယ်ပါ။ ၀ယ်တဲ့အခါ ကိုယ်နဲ့အဆင်ပြေတဲ့စာအုပ်တိုက်ကို မှတ်ထားပါ။ ဥပမာ ... တစ်ချို့က Manning ကရှင်းတာတွေကို သဘောကျတယ်။ In action series တွေ သိပ်ရှင်းတယ်။ကောင်းတယ်။ ဒါပေမယ့် တစ်ချို့ကမကြိုက်ဘူး။ ကြာတယ်လို့ထင်တယ်။ Apress ကိုတစ်ချို့ကကြိုက်တယ်။ တစ်ချို့ကHead First တွေကြိုက်တယ်။ တစ်ချို့က Packet ကိုကြိုက်တယ်။ ကိုယ်ကြိုက်တာကိုယ်ဖတ်ပါ။ အဓိကကဖတ်နေဖို့နဲ့ သုံးကြည့်ဖို့ပါပဲ။

သုံးကြည့်ဖို့ဆိုတာကို နည်းနည်းချဲ့ပြောချင်ပါတယ်။ သုံးတယ်ဆိုတာက သုံးတတ်ရင်တော်ပါပြီ။ တစ်ချို့ကိစ္စတွေမှာ နားလည်ဖို့ ရေးကြည့်ရပါတယ်။ ကျွန်တော်တို့လို Academic ပိုင်းကလာတဲ့သူတွေက လက်တွေ့လုပ်ရမှာ အတော်လေးပျင်းပါတယ်။ ဒီလိုလုပ်ရင် ရတယ်ဆိုတာကို သိရင် ရပ်ထားတာများပါတယ်။ တကယ်လုပ်ကြည့်မှ Tips and Tricks လေးတွေကိုသိရပါတယ်။ အဲဒီလိုသိအောင်တော့ အနည်းနဲ့အများတကယ်လုပ်ကြည့်ဖို့လိုပါမယ်။

အခု လုပ်နေတာက Insurance company တစ်ခုရဲ့ software ကို maintain လုပ်ကြတာပါ။ ဘယ်လောက်တလွဲတွေလုပ်ထားလည်းဆိုတာကိုရေးလိုက်ရင် Insurance system ကြီးဒီလောက်သက်ဆိုးရှည်နေတာကိုတောင် အံ့သြမိပါတယ်။ အဲဒီလို ၆၃ မကျတဲ့ကောင်တွေ ရေးသွားလို့လည်း ငါတို့အလုပ်တွေပေါနေသေးတာလို့ ကြံဖန်ကျေးဇူးတင်မိပါတယ်။

Problem Solving Skills တိုးတက်ဖို့ အသေချာဆုံးနည်းက Systematic ဖြစ်ဖို့သတိထားပါ။ ဘယ်သူပြောတာကိုမှမယုံနဲ့။ Codes ပြောတာကိုယုံ။ ကိုယ့်ဘာသာကိုယ် source code ကြည့်။ ဘယ်သူဘာပြောပြော source code လောက်မသေချာဘူး။ Right Track ကို သွားဖို့ အမြန်ဆုံးနဲ့ ပြဿနာကိုဖော်ထုတ်နိုင်ဖို့ အတွက် အမြဲလေ့ကျင့်နေပါ။

အမြဲသုံးနေရတဲ့ folder တွေ software တွေဆီကို click သုံးချက်ထက်ပိုနှိပ်ြ့ပီးသွားနေရရင် ငပေါ Developer ပါပဲ။ အဲဒီလို Efficient မဖြစ်တာတွေကိုရှောင်ပါ။ ကိုယ့်စက်ထဲမှာ ဘာပဲသိမ်းသိမ်း structure ကျကျသိမ်းပါ။ Mail ကို Archive လုပ်ရင်လည်း ဖြစ်ကတတ်ဆန်းမလုပ်ပါနဲ့။ စနစ်ကျပါ။

အထက်လူကြီးကိုပြောရင် ယောင်ဝါးဝါးမလုပ်ပါနဲ့။ ပြတ်ပြတ်သားသား တိတိကျကျပြောပါ။ အလုပ်ကို အချိန်မဆွဲပါနဲ့။ ပြီးမှနားပါ။ မြန်မြန်မလုပ်တာကြာရင် လူက နှေးသွားတတ်ပါတယ်။ အဲဒီလိုဖြစ်လာရင် တစ်ခြားတစ်ခုခုကို လေ့လာပါ။ ကိုယ့်အစွမ်းအစကို မတုံးသွားစေပါနဲ့ သက်သက်သာသာနေရာမှာ ကြာကြာနေလေလေ ညံ့လေပါပဲ။ တစ်ချိန်ကြရင် အရင်က အတူတူဆိုတဲ့လူတွေနဲ့ ကိုယ်နဲ့ သိပ်ကွာသွားမယ်။ အဲဒီလိုဖြစ်ချင်သလားကိုယ့်ကိုယ်ကိုမေးပါ။

Java မှာ စိတ်လေလောက်စရာ Dependency Issues တွေရှိပါတယ်။ အဲဒါတွေကြုံရင် Forum တွေဖတ်ပါ။ လူများတွေဘယ်လိုဖြေရှင်းသလဲ စိတ်အေးအေးနဲ့လေ့လာပါ။ စိတ်ဘယ်တော့မှမပူနဲ့။ စိတ်ပူနေစရာမလိုဘူး။ ဒီအလုပ်က ကမ္ဘာမှာအခက်ဆုံးမဟုတ်ဘူး။ ကိုယ့်ထက်တော်တဲ့သူတွေ ရှာထားလိမ့်မယ်။ မတွေ့ရင်လည်းကိုယ့်ထက်ညံ့တဲ့ကောင်တွေမတွေ့သေးဘူးလို့မှတ်ပါ။ နားလည်အောင်ကြည့်ပြီးမှ ဖြေရှင်းပါ။ ရမ်းကစ်တာတွေမလုပ်ပါနဲ့။အချိန်ကုန်ပါတယ်။

API တွေကိုဖတ်ပါ။ အဲဒီလိုပြောရင် ရယ်စရာတစ်ခုကိုသတိရပါတယ်။ ထမင်းစားနေုတုနုး ကျွန်တော်တို့ Java သမားနှစ်ယောက်က API အကြောင်းပြောနေတာကို တစ်ခြား Language ရေးတဲ့သူငယ်ချင်းက dot လေးချလိုက်ရုံနဲ့မရဘူးလားဆိုပြီး အရေးထဲ IDE ရဲ့ auto completion (intellisense) နဲ့လာယှဉ်ပြောနေလို့ အတော်လေးစိတ်လေရပါတယ်။ Eclipse ကလည်း Auto Completion မှာ ထိပ်တန်းကရှိပါတယ်။ ရေးထားတဲ့သူတွေကလည်း ကမ္ဘာမှာ အတော်ဆုံးတွေပါ။ API ကတော့ Java သမားတွေ အတွက် အကောင်းဆုံးလေ့လာစရာပါပဲ။ API ထဲမှာ ဘာတွေလုပ်လို့ရသလဲဆိုတာကြည့်လိုက်ရင် အတော်လေးအိုကေသွားပါတယ်။

Java သမားတစ်ယောက်ဟာ တကယ်ရေးတဲ့နေရာမှာ ကြာကြာလေးနေဖို့လိုပါတယ်။မဟုတ်ရင် Training ground မဖြတ်သန်းခဲ့တဲ့ စစ်သားတွေလိုပဲ။တကယ်တမ်းကြတော့ ၆၃ မကျတော့ဘူး။

မြန်မာတွေက မညံ့ပါဘူး။ အခု ဖိလစ်ပင်းတွေနဲ့ အိန္ဒိယတွေ၊ တရုတ်တွေ စင်ကာပူကို Mass Export လုပ်နေချိန်မှာ Software သမားတွေအနေနဲ့ အများကြီးလေ့လာဖို့လိုပါတယ်။ အထူးသဖြင့် ကုလားတွေက စာဖတ်ပါတယ်။ ကျန်တဲ့ ဖဦးထုပ်နဲ့ တရုတ်ကတော့ ထင်သလောက်မဟုတ်တာများပါတယ်။ အဲဒီလို အပြိုင်အဆိုင်ပိုများလာတဲ့အချိန်မှာ တပမ်းသာဖို့က တကယ်တော်တဲ့လူဖြစ်ဖို့နဲ့ Flexibility ကောင်းဖို့၊ ၆၃ ကျဖို့လိုပါတယ်။ ကိုယ့်မှာ အားနည်းနေတဲ့အပိုင်းကိုရှာပါ။ ဖြည့်ဆည်းပါ။ တစ်နှစ်လောက်အတွင်းမှာ ဒီက ရေးနေတဲ့ သာမန် Developer တွေကို ကျော်တက်နိုင်ပါတယ်။ ဘာမှမပူပါနဲ့။ မြန်မာတွေလောက်ဘယ်သူမှ အားအားယားယား လေ့လာဖို့ အချိန်မရှိပါဘူး။ ဒီကို ရောက်နေတဲ့ Computer ကညီငယ်တွေ၊ IT ကညီငယ်တွေ၊ညီမငယ်တွေအားလုံး ကျောင်းမှာ ဖတ်ခဲ့တဲ့စာတွေကိုပြန်တွေးလိုက်ပါ။ အဲဒီဖတ်ခဲ့တာတွေရဲ့တစ်ဝက်လောက်ကိုပုံမှန်ဖတ်ပါ။ စင်ကာပူမှာ မြန်မာတွေတော်တာကို လက်ခံလာတဲ့ ကုမ္ပဏီတွေအများကြီးရှိပါတယ်။ ထပ်ပြီးသက်သေပြကြပါ။ နောက်လူတွေအတွက် အကောင်းဆုံးကူညီပေးလိုက်ဖို့က ကိုယ့်နေရာမှာ ကိုယ်ဟာ အကောင်းဆုံးလူဖြစ်နေဖို့ပါပဲ။

ညံ့နေတာကို ညံ့နေမှန်းမသိတဲ့သူကတော့ ဆက်ပြီးညံ့နေဦးမှာပါ။
စိတ်ဓာတ်ကနေစရပါမယ်။ တကယ်သိချင်ရင် သိဖို့ အများကြီးအခွင့်အလမ်းပေါ်ပါတယ်။ သိချင်စိတ်မရှိတဲ့သူကတော့ အခွင့်အလမ်းပေါ်ရင်လည်း မလေ့လာတဲ့အတွက် ဘာမှ အကျိုးမရှိပါဘူး။

ဒီဆောင်းပါးက နည်းနည်းတော့ လိုရင်းမရောက်သလိုဖြစ်နေပါတယ်။
တကယ့် Main Theme ကတော့တစ်ခုတည်းပါ။ Let's prove we are the best !!!!!!!!!!!!!!!!!!!

regards_zeroDividedByZeroIsZerO

Dedicated to all young Software Engineers ..., Coders, Debuggers,Deployers,DBAs,BAs and QAs.

Git :)

Java အကြောင်းရေးထားတာတွေအကုန်ပြန်ဖတ်ပြီး Main Theme ပျောက်နေတာကိုသတိထားမိပါတယ်။

အခုတလော အချိန်ကလည်း မဟားတရား အားနေတော့ ဘာမှမစဉ်းစားဘဲ Java ရေးလို့ရတယ်ဆိုတဲ့ အယူအဆကို အကောင်အထည်ဖော်တဲ့အနေနဲ့ ... သင်ခန်းစာတွေပါရေးပါမယ်။ တကယ်တော့ကိုယ့်ဘာသာကိုယ်ဖတ်ရတာ မြန်ပါတယ်။ ပြန်ရေးရတာ အတော်လေးပျင်းဖို့ကောင်းပါတယ်။Teach yourself Java in 12 seconds
sysout + ctrl+Space in eclipse.
then it will show : System.out.println();
Modify it a bit as following :
System.out.println("Hello Dying World!!!!");
run...

အဲဒါမျိုးတွေတော့မရေးချင်ပါဘူး။

လေးနက်တဲ့အကြောင်းအရာတွေကိုလည်း များများရေးချင်ပါတယ်။ များများဖတ်လေလေ မရေးဖြစ်လေလေဖြစ်နေတဲ့အတွက် ...ကြိုးစားပြီးပုံမှန်ရေးပါမယ်။

ဒီနေ့လည်း Git ကို စမ်းကြည့်ပါတယ်။ Git ကိုမပြောခင် Version Control System တွေအကြောင်းနည်းနည်းပြောချင်ပါတယ်။ ကလေးတွေသိအောင်လို့ပါ။

Source Code တွေကို တစ်နေရာမှာသိမ်းထားပြီး Version ခွဲထားတာမျိုးပါ။ ဥပမာဆိုပါတော့ ..ကျွန်တော်အခုရေးနေတဲ့ Dynamic Patcher ဆိုတဲ့ Project ကို ကျွန်တော်စရေးတယ်။ Version Controlတစ်ခုခုမှာ import လုပ်ထားလိုက်တယ်။ နောက်နေ့ကြရင် ဆက်ရေးတယ်။ ပြီးရင် ပထမနေ့မှာ import လုပ်ထားတဲ့ Version Control System ထဲကို ထပ်ထည့်တယ်ဆိုပါတော့။

Version Control System မှာက Dynamic Patcher verion 1, version 2 ဆိုပြီး နှစ်ခုဖြစ်နေပါမယ်။
နောက်ထပ် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကလည်း ဆက်ရေးပြီး Update လုပ်လိုက်ရင် version 3 ဖြစ်သွားပါမယ်။ ကျွန်တော်က ဆက်ရေးချင်ရင် အဲဒီ version 3 ကို check out ပြန်လုပ်ပြီး ဆက်ရေးရုံပါပဲ။

Version Control System ထဲကို သွင်းရင် check in လုပ်တယ်လို့ပြောပါတယ်။ ပြန်ထုတ်ရန် check out လုပ်တယ်လို့ပြောကြပါတယ်။ Team နဲ့ရေးတဲ့အခါ source code တွေကို merge လုပ်ဖို့ update လုပ်ဖို့တွေအတွက် Version Control System ကမရှိမဖြစ်လိုပါတယ်။

အခုလုပ်နေတဲ့ရုံးမှာတော့ Borland Star Team သုံးပါတယ်။ အင်မတန် အဆင်ပြေပါတယ်။ အရင်ရုံးမှာလည်း CVS ရှိပါတယ်။ အဆင်ပြေပါတယ်။

Version Control System တွေရဲ့ အားသာချက်က ဥပမာ ကျွန်တော်က Dynamic Patcher ကိုရေးပြီးသွားလို့ customer က CR(Change Request) လုပ်ရင် Main Project ကို မထိပဲ Branch ခွဲထုတ်ပြီး Branch မှာ Update လုပ်၊ Enhance လုပ်ပြီးမှ testing လုပ်လို့ရပါတယ်။ နောက်ဆုံး အားလုံးအိုကေပြီဆိုမှ Main Branch နဲ့ပြန်ပေါင်းပြီး Software ကို ပြန်ပြီး Deploy လုပ်လိုက်ရုံပါပဲ။

Git ကတော့ Open Source ဖြစ်ပါတယ်။ Linux Kernel ကို ရော Adroid တွေရဲ့ source တွေရော အဲဒီမှာ host လုပ်ထားပုံထောက်ရင် စိတ်ချရပါတယ်လို့ပြောပြီးသားဖြစ်နေပါပြီ။ အလကားရတာ များများသုံးတာဟာ Java သမားတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ အလကားရတာကို crash ဖြစ်တဲ့အထိ သုံးပစ်ရပါမယ်။ ... Java ရေးတဲ့သူတိုင်းဟာ အသစ်ကို စိန်ခေါ်နိုင်တဲ့သူမျိုးဖြစ်ရပါမယ်။ အပြောင်းအလဲကိုမကြောက်ပါနဲ့။ နောက်ဆုံးပေါ်နည်းတွေဟာ လူတွေကို လွယ်အောင်လုပ်ပေးတာပါ။ ပိုပြီးလွယ်သထက်လွယ်လာပါတယ်။ ....

Eclipse အတွက် စပြီးရေးကြတဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ်။ အခုလည်း Git အတွက် plug in လေးကူးလိုက်ရုံပါပဲ။ Java ရေးတယ်ဆိုတော့ Eclipse နောက်ဆုံးဗားရှင်းဖြစ်တဲ့ Helios ကို သိမယ်ထင်ပါတယ်။ မသိရင် လည်း update လုပ်လိုက်ပါ။ အဲဒီမှာ Market Place ပါလာပါတယ်။ iTunes ရဲ့ app store အထာမျိုးပါပဲ။ ပိုပြီး ရှာရဖွေရလွယ်ပါတယ်။ Git plug in လေးသွင်းလိုက်ရုံပါပဲ။

အခုဒီလိုလေးပြောတော့ ဒါကိုများရေးနေတယ်လို့ထင်ပါမယ်။ အားနေရင် တခြားနည်းလမ်းတွေနဲ့လည်းကြိုးစားကြည့်ပါ။ :P။

Git Plug in install လုပ်ပြီးရင် ထုံးစံအတိုင်း Eclipse ကို restart လုပ်ပါ။ ပြီးရင် ကိုယ်ရေးထားတဲ့ project ကိုright click ထောက်ပြီး share လိုက်ပါ။ Git repo မှာ share လိုက်ရုံပါပဲ။

That's all for Git integration in eclipse and basic knowledge for Version Control System .



Regards_zeroDivdedByZeroIsZero

public void callWarning(){
callWarningHelper();
}

public callWarningHelper implements DebtOfStarBucks throws notEnoughCashException(){
try{
System.out.println("
.........By the way, bro ................Didn't post for a long time meh ...
Don't be lazy as me :)
I will post a lot this month and next month :)");
//PURPOSELY THROWS EXCEPTION TO MAKE AN INFINITE LOOP
throw new Exception();
}catch(Exception exceptionIsNotError){
logger.error(exceptionIsNotError.toString());
callWarning();
}
}

Thursday, July 29, 2010

Linux commands (1)

Linux console ပေါ်မှာ အလုပ်လုပ်တယ့် အခါ တစ်ချို့ command တွေက သိထားရင် command line interface မှာ အတော်အသုံးဝင်ပါတယ်။ မသိလည်းရတယ် ၊ သိရင် ပိုအဆင်ပြေတယ့် command လေးတွေပေါ့။ နည်းနည်းချင်း ခေါင်းထဲပေါ်လာသလောက် ရေးသွားပါမယ်။

...........
Log file လိုဟာမျိုးကို ဖတ်တယ့်အခါမှာ tail command ကသုံးဝင်ပါတယ် ။ ဆိုကြပါတော့၊ httpd ရဲ့ access_log file ။ Apache process run နေပြီး user တွေက access လုပ်နေတိုင်း access_log ကရေးနေပါတယ်။ ဒီလို log မျိုးရဲ့ နောက်ဆုံး process တွေ log ကို လိုချင်ရင် အလွယ်တကူက `cat /var/log/httpd/access_log ဆိုပြီး cat ထုတ်လိုက်တာမျိုး ၊ tail -n50 /var/log/httpd/access_log ဆိုပြီး နောက်ဆုံး လိုင်း 50 ခေါ်ကြည့်တာတို့ လုပ်လိုက်တာများတယ်။ ဒါတွေက ဒီ command ကို ရိုက်လိုက်တယ့် အချိန်က log ထဲမှာရှိတာကိုပြတာပါ။ Real time တောက်လျှောက်လာရေးနေတာကို ဖတ်ချင်ရင်တော့
tail -f /var/log/httpd/access_log

ဆိုပြီး tail -f ကိုသုံးပါတယ်။ ဒါဆို console ထဲမှာ log file ကပွင့်လာပြီး log မှာ တစ်လိုင်းအသစ်လာရေးတိုင်း တစ်လိုင်းတက်တက်လာတယ်။ ဒါဆို debug လုပ်ဖို့ ပို အဆင်ပြေပါတယ်။

........
တစ်ခါတစ်လေ log file ( text file တစ်ခုခုပေါ့) ကို ရှင်းလိုက်ချင်တာမျိုးတွေမှာ ၊ အထဲက စာတွေ လိုက်ဖျက်ရရင်လည်း မလွယ်ဘူး။ File ကိုဖျက်ပြစ်လိုက်ပြီး ၊ process က log ပြန်လာရေးခိုင်းတာကလည်း ပြောရင် သိပ်မကောင်းဖူး။ File ကို ဖျက်ပြစ်လိုက်ရတာကိုက မကောင်းဘူး။ အထဲက content ကိုပဲ ရှင်းလိုက်ချင်ရင် ဒီလိုလေးက လွယ်တယ် ။
> /path/to/log.file

အရှေ့က '>' လေးက command ထဲမှာပါပါတယ်။ တစ်ကယ်က
echo "" > /path/to/log.file

ကိုလုပ်သွားတာပါ။ echo command နဲ့ output pipe '>' ကိုသိရင် ဒါကိုသိပါလိမ့်မယ်။ File ထဲက content ကို blank space တစ်ခုနဲ့ overwrite လုပ်လိုက်တာပါ။ အဲတော့ log file က empty log ဖြစ်သွားတာပေါ့။

..........
နောက်တစ်ခုကတော့ shell arguments တွေပါ။ အသုံးဖြစ်ဆုံးကတော့ ! နဲ့ !$ ပါ ။
! က နောက်ဆုံးသုံးခဲ့တယ့် argument ကို ကိုယ်စားပြုပါတယ်။ တကယ်လို့ အပေါ်မှာ file တစ်ခုကို vi သုံးပြီး edit ထားတယ်။ အခု တခြား directory ကိုရောက်နေပြီ ။ File path ကြီးကရှည်လို့ ပြန်မရိုက်ချင်ဖူးဆိုရင်
!vi

လို့ သုံးလို့ရပါတယ်။ Shell history ထဲက နောက်ဆုံး vi command ကိုပြန်ခေါ်ပေးပါလိမ့်မယ်။

.......
!$ ကတော့ last command ရဲ့ argument ကိုပဲယူတာပါ။
ls -l /bar/nyar/thar/da/kar/file

လို့ ရှာပြီး၊ နောက်တစ်လိုင်းမှာ အဲ file ကို vi မှာ edit ဖို့ဆိုရင် ပုံမှန်ဆို vi /bar/nyar/thar/da/kar/file ဆိုပြီး ရှည်ရှည်လျှားလျှားရိုက်နေရပါမယ်။ အဲတော့
vi !$

လို့ရိုက်လိုက်ရင် နောက်ဆုံး command ရဲ့ argument ကိုပြန်ယူပြီး vi သွားပါလိမ့်မယ် ။
( Up arrow နဲ့ last command ကိုပြန်ခေါ်၊ Home ကိုနှိပ်ပြီး ls -l ကိုဖျက် vi လို့ရိုက် ၊ ဒါလည်းရပါတယ်။ ဒါပေမယ့် ပိုမရှည်ဖူးလား။ ဒါတောင် Home တို့ End တို့ကို Shell environment ထဲမှာ set ထားမှပါ။ Unix အများစုမှာ default အားဖြင့်မပါပါဘူး။ Home နှိပ်လိုက်ရင် ^ တွေနဲ့ ပေါ်လာပါလိမ့်မယ်။ )

..........
အခုတော့ တော်လောက်ပြီ။ အခုသုံးလိုက်မိတာလေးတွေ ပြောပြတာပါ။ နောက်ကြုံရင် ကြုံတာတွေ ရေးပါအုန်းမယ် ။ တစ်ချို့ command တွေက သူ့နောက်က option တွေအရမ်း powerful ဖြစ်တာတွေရှိပါတယ်။ find တို့လို command မျိုးပေါ့။ exec လို အသုံးတယ့်တာတွေလည်း ရှိပါသေးတယ်။ နောက်များမှ ....

Divinity

Thursday, July 22, 2010

RAID is not *Backup*

Well,I've heard of this since a few years back. It could never protect from Human errors, e.g, mistakenly issued a DROP database command. :)

Some people believe RAID 1 could save them from the risk of data looses due to hardware failure since they have 2 copies of every things. That's partially true. RAID 1 could save you from data looses due to 'a hard drive failure', not any of hardware failure. In a RAID 1 system, it includes 2 hard drives minimum ( could be 3 with a hot-spare) and a RAID controller card. Everything on a primary HDD is mirrored across on secondary one. So even if the primary HDD is failed, we could still continue our business since every bits of data are still exist on the secondary HDD. Probability of failing both HDDs at the same time is a very rare chance, approximately 0.01% chances only. Looks promising, right ?

But as I've said above, RAID controllers are involved in RAID systems and they play the main role in it. In most cases, when a RAID controller fails, it might make some improper I/O onto the hard drives which can bring your system into file system corruption. The chances of failing RAID controller is a bit high if we are dealing with integrated raid cards. Dedicated RAID controllers are much better in this case.


...................................

I've had this problem one time a year ago on Windows System running on RAID 5. It makes my system hang and gives BSOD on next reboot ( still BSOD even on the other known good machines). At that time I got a few luck to copy out all data using a Linux Live CD and it was a development server which is not too critical.

Just in a few days ago, one of our client gives us a call and says their payment gateway system is not accessible. What a generic report from a user 'not accessible' with no specific details. I could browse to their admin web UI and ssh in and looks around. But when i tried to create a file using 'touch' I got an error. Well, this's it. Initially, I was totally clam as I know this system is running on 2 mirrored HDDs. If a HDD fails, I can just swap it with a new HDD and bingo. That is what I've in my mind while travelling down to data center.

But it was not that fortunate. I was surprised to see both HDD having the same IO issue. Magic fsck could not help me this time. Try those HDDs with another spare identical machine, Kernel panic. I whispers "that's good. you give me something interesting bullsh*t for today". By running ServeRAID on the problematic machine, I could see it can't detect the HDDs all the the time even to the new HDD I just brought from office. Only thing I can do is I can backup databases and some data from linux rescue mode. Yes, some lib directories are not even browsable at this point.

I've left with no choice but to prepare a new server to replace. This existing system has self compiled Apache and some modules, including openssl and some libraries which supports TLS. It's not a difficult things, but it takes time. It's 11pm already when I started installing a new server. Well, that's an almost overnight working day.

...................................

When a RAID controller's gone, it has a chance all your data could be gone/corrupted too. So backup is a 'must' even if you are running on RAID 50. Be planned, be prepared.


Divinity

Wednesday, July 21, 2010

SUID ဆိုတာ

Linux / Unix system တွေအကြောင်းလေ့လာရင် SUID / SGID ဆိုတယ့် အသုံးအနှုန်းမျိုး တွေ့ရတတ်ပါတယ် ။ SUID ဆိုတာ Set User ID ကို အတိုခေါ်တာပါ။ Executable file တွေရဲ့ permission မှာ ပေးလေ့ရှိပါတယ် ။ SUID ပေးရတယ့် ရည်ရွယ်ချက်က executable permission ရှိတယ့် ဘယ် user ကပဲ execute လုပ်လုပ် ၊ ဒီ command / file ကို file owner ရဲ့ identity နဲ့ run လိုက်ပါတယ်။ ဆိုလိုတာကတော့ root user ရဲ့ file တစ်ခုကို everyone executable ပေးထားမယ်၊ ဒါပေမဲ့ SUID set ထားရင် ဘယ် user ကပဲ run run ဒီ file က root user အနေနဲ့ run ပါမယ်။ အနီးစပ်ဆုံး လို့ ထင်တယ့် windows ဥပမာကတော့ run as administrator နဲ့ run သလိုပေါ့။ ( သိပ်တော့မတူသလိုပါပဲ။ Run as administrator ကိုသေချာမသိလို့ မပြောနိုင်ပါဘူး)

Linux / Unix မှာ file permission ကို rwx ( Read, Write, Execute) ဆိုပြီး သတ်မှတ်ပါတယ်။ SGID / SUID ပေးထားရင်တော့ s ဆိုတာလေးတွေ့ရလေ့ရှိပါတယ်။ဥပမာလေး ပြောရအောင် ။

User တိုင်းကို cd တို့ ls တို့လို command မျိုးကိုတော့ ပေးသုံးရပါတယ်။ အဲလို command တစ်ခုရဲ့ permission ကိုကြည့်ရင်
$ ls -l /bin/ls
-rwxr-xr-x 1 root root 116688 2010-04-28 23:56 /bin/ls


File ရဲ့ owner က root ဖြစ်ပြီး other users ( Everyone ပေါ့ဗျာ Windows မှာတော့) ကို Executable permission ပေးထားတာတွေ့ပါလိမ့်မယ် ။ Linux File permission ( rwx တို့ ၊ 700 တို့ 777 တို့ )အကြောင်းသိပြီးသား လို့ ယူစလို့ ဒါကိုမရှင်းတော့ပါဘူး။ ls command ကို User တိုင်းက အသုံးပြုနိုင်တယ်။ နောက်ထပ် User တိုင်း သုံး လို့ရတယ့် command လေးတစ်ခုကိုကြည့်ရအောင်။ Password change တယ့် passwd command ပါ။
ls -l /usr/bin/passwd
-rwsr-xr-x 1 root root 25836 2009-09-14 20:14 /usr/bin/passwd


သူလည်း everyone executable ပေးထားတယ် ဒါပေမယ့် တတိယအလုံးမှာ x မဟုတ်ပဲ s ဖြစ်နေတယ်။ ဒါ SUID set ထားတယ်လို့ ဖော်ပြတာပါ။ ls command တုန်းကလိုပဲ သူ့မှာလည်း နောက်ဆုံးအလုံးက 'x' ၊ ဒါဆို others မှာ executable permission ပေးထားတာပေါ့။ ကွာတာက ၊ ရှေ့မှာ 's' ဖြစ်နေတယ်။ ls command တုန်းကလိုပဲ User တိုင်းကသုံးနိုင်တယ်။ ဒါပေမဲ့ ဒီ passwd command ကို သုံးပြီး လုပ်သမျှအလုပ်တိုင်းကိုတော့ root အနေနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ SUID ကို security consideration တစ်ခုအနေနဲ့ သတ်မှတ်ကြလေ့ရှိပါတယ်။ Command တိုင်း file တိုင်းကို အားတိုင်း SUID set မလုပ်ဖို့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ဘာလို့လည်း ?

ခုနက passwd command လေးကိုပဲ ကြည့်ရအောင်။ User တစ်ယောက်ရဲ့ password ဟာ /etc/shadow ဆိုတယ့် file ထဲမှာ hash အနေနဲ့ ရှိပါတယ်။ တကယ်လို့သာ ဒီ hash တွေကို ရရင် rainbow table တွေဘာတွေနဲ့ decipher လုပ်နိုင်ကောင်းလုပ်နိုင်ပါတယ်။ Root user ရဲ့ password လည်း hash အနေနဲ့ ရှိပါတယ်။ အဲတော့ ဒီ /etc/shadow file ထဲက data က အရမ်းအရေးကြီးတယ့် sensitive data ပါ။ ဖြစ်နိုင်ရင် ဘယ် user ကိုမှ ပေးမကြည့်သင့်ဖူးပေါ့။ ဒီ /etc/shadow file ရဲ့ owner က default အနေနဲ့ root ဖြစ်ပြီး permission က 700 ( Owner သာလျှင် rwx ရှိပြီး ကျန်တယ့်လူတွေ read တောင်လုပ်လို့မရတယ့် permission) ပေးထားလေ့ရှိပါတယ်။

အဲမှာ စတာပါပဲ ၊ User တစ်ယောက်က password change ရင် passwd command ရဲ့ process တစ်ခုအနေနဲ့ password အသစ်ကို hash ပြောင်းပြီး ဒီ /etc/shadow file ထဲမှာရှိတယ့် သူ့ရဲ့ password hash ကို ပြင်ရပါမယ်။ ဒါမှ password အသစ်ဖြစ်မှာကိုး။ ဒါပေမယ့် root user ကပဲ ဒီ file ကို edit လို့ရတယ်။ ဒါဆို password change တိုင်း root ကိုလှမ်း change ခိုင်းရမှာလား ။ ဒါဆိုလည်း မဟုတ်သေးဘူး။ ဒါတွေကြောင့် password change ရာမှာသုံးတယ့် passwd command ကို root အနေနဲ့ SUID set ထားလိုက်ပါတယ်။ passwd command က လုပ်တယ့် အလုပ်မှန်သမျှ ၊ /etc/shadow မှာ hash update လုပ်တာအပါအဝင်၊ အားလုံးကို ဒီ file ရဲ့ owner ဖြစ်တယ့် root user အနေနဲ့ လုပ်သွားလိုက်တယ်။ /etc/shadow ကို everyone editable ပေးရတာထက် အများကြီးကောင်းတာပေါ့။ ဒီလောက်ဆိုရင် SUID ဆိုတာ ဘာလုပ်တယ်၊ ဘယ်လိုဆိုတာ သိလောက်ပါပြီ။

အပေါ်မှာ ပြောခဲ့သလိုပဲ SUID set ရင် အလွန်သတိထားရပါတယ်။ ဒီ executable file က ဘာတွေလုပ်သလည်းဆိုတာရယ် သူ့ source ရယ်ကို သိသင့်ပါတယ်။ SGID set ထားတယ့် file တစ်ခုက တစ်ခြား user ကို write permission မပေးရပါဘူး။ Edit လုပ်ပြီး သူလိုချင်တယ့် command တွေပြောင်းသွားရင် ကိုယ်ပဲ ပြသနာဖြစ်ပါမယ်။ Shell script လိုဟာမျိုး ၊ source file လိုဟာမျိုးကို SUID မပေးသင့်ပါဘူး။ Content ကိုမြင်နေရလို့ Buffer Over Flow(BOF) flaw ရှိတာတို့ဘာတို့ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် Compiled binary ကိုပဲ SUID ပေးသင့်ပါတယ်။ ဒါတောင် safe လို့ပြောလို့မရပါဘူး။

ခုတစ်လော စာမရေးဖြစ်တာကြာလို့ Clonezilla လေးနဲ့ server တစ်ခုကို image အဖြစ်ပြောင်းနေတာ ထိုင်စောင့်ရင်း ဒီ post ကိုရေးလိုက်ပါတယ်။ SGID တော့ နောက်မှပေါ့ ။ ဘာရေးရမှန်းမသိသလို စာစီမရတာလည်းကြာပြီ ။ :D


Regards
Divinity