Monday, July 30, 2012
Command တွေကို Bash History ကဖျောက်ရအောင်
Bash မှာ ရှေ့ကရိုက်သွားတဲ့ history ကိုသိမ်းထားပါတယ်။ ပြန်ကြည့်ချင်ရင် 'history' ဆိုတဲ့ command နဲ့ ပြန်ခေါ်ကြည့်လို့ရပါတယ်။ System administrator တွေ ၊ system engineer တွေ တစ်ခုခုမေ့သွားရင် ပြန်ကြည့်ဖို့လည်း လွယ်သလို၊ Team လိုက်ဆိုရင် သူများဘာလုပ်ထားလည်းပြန်ကြည့်လို့ ရတယ်။
တစ်ခါတစ်လေ ကိုယ်ရိုက်ထားတဲ့ command ကို သူများကိုမကြည့်စေချင်ဘူး။ 'root' ပေးမသုံးတဲ့ locked down system မှာဆိုရင် ကိုယ့် bash history နဲ့ကိုယ်ရှိပေမဲ့ 'root' ကို share ပြီးသုံးကြရင် bash history ကတစ်ခုထဲ။ကိုယ်ဘာလုပ်သွားလည်း နောက်လူက history မှာပြန်ကြည့်လို့ရတယ် ။ တစ်ခါတစ်လေ ကိုယ် troubleshoot လုပ်ထားပုံကို နောက်လူကို မသိစေချင်ရင် ဘယ်လိုလုပ်မလည်း ? ( Team တွေ Department တွေ ကွဲတဲ့ Company တွေမှာ အချင်းချင်းပြိုင်ဆိုင်မှုတွေ ရှိပါတယ်။ ဟိုဘက် Team ကကောင်တွေ စသုံးမကျဘူးလို့ ပြောဖို့ စောင့်နေကြတော့ ကိုယ့်အလှည့်ကျရင်လည်း ကိုယ့် knowledge ကို တခြား team ကိုမပေးချင်တာတွေ ရှိတတ်ပါတယ်။)
တစ်ခါတစ်လေကြ audit ပေါ့။ Server မှာ ပြသနာ တစ်ခုခုဖြစ်သွားရင် ၊ ဘယ်သူ့ကြောင့်လည်း ပြန်ရှာတယ်။ ကိုယ်ကအမှားလုပ်လိုက်မိလို့ ပြန် fix လုပ်ပြီး ဖုံးထားချင်ရင်တောင် bash history ကလိမ်ဖို့ ခက်တယ်။bash_history file ကို edit လုပ်ရင်လည်း file integrity ပျက်တယ်။ နောက်ပြီး edit လုပ်ထားမှန်းက ဖျောက်ဖို့မလွယ် ။
ကဲ ကိုယ်ရိုက်ထားတဲ့ command တွေ ဘယ်လို ဖျောက်ထားမလည်း ?
'history' command ရဲ့ output ကိုတစ်ချက်ကြည့်ရအောင် ။
994 exit
995 cd /etc
996 ls
997 ls
998 vi rc.local
999 ps -ef|more
1000 exit
ဒီမှာ ဘယ်ဘက်က နံပါတ်တွေကို offset လို့ခေါ်ပါတယ်။ ညာဘက်ခြမ်းကတော့ command ပေါ့။ Offset number ကိုသိရင် အဲ offset number ကို bash history ကနေဖျက်ဖို့ command ရှိပါတယ်။
'history' command မှာ '-d' ဆိုတဲ့ option ရှိပါတယ် ။ ကိုယ်ဖျက်ချင်တဲ့ command ကို history ကဖျက်လို့ရပါတယ်။ တစ်ခုပဲ ပြသနာက ။ 'history -d xx' ဆိုတဲ့ ဖျက်လိုက်တယ်ဆိုတဲ့ line ကြီးကတော့ history ထဲဝင်သွားတယ်။ ဥပမာ offset number 998 ( vi rc.local) ဆိုတာကို history ကဖျက်ချင်တယ်ဆိုရင် ' history -d 998' လို့ ဖျက်ရပါတယ် ။ ဒါပေမဲ့ နောက်တစ်ခါ history ပြန်ကြည့်ရင် ဒီလိုကြီး ပေါ်လိမ့်မယ်။
994 exit
995 cd /etc
996 ls
997 ls
998 ps -ef|more
999 exit
1000 history -d 998
အဲတော့မှ ဘာဖျက်ထားတာလည်းဆိုပြီး ရှုပ်ကုန်မှာ။ နည်းနည်း ပိုကောင်းတဲ့ နည်းလမ်းတွေရှိပါတယ် ။
Bash မှာ Shell Variable တစ်ခုရှိပါတယ်။ HISTCMD လို့ခေါ်တဲ့ Variable ပါ။ 'echo $HISTCMD' လို့ရိုက်ကြည့်ရင် နံပါတ်တစ်ခုကိုပေးပါလိမ့်မယ်။ အဲဒါက နောက် command အတွက် offset ပါ။ ခုနက 1000 အထိရောက်ပြီးတဲ့ အချိန်မှာ 'echo $HISTCMD' လို့ရိုက်ကြည့်ရင် 1002 ဆိုတဲ့ output ကိုပေးပါလိမ့်မယ်။ ဘာလို့လည်းဆို 1000 က 'history -d 998' ဆိုတဲ့ command ဖြစ်ပြီး echo $HISTCMD က 1001 ပါ။ အဲတော့ output က နောက် command အတွက် ရမယ့် offset 1002 လို့ရတာပါ။ ဒီ Variable ကိုသုံးပြီး bash history ကိုလိမ်လို့ရပါတယ်။
$HISTCMD က နောက်လာမဲ့ command ရဲ့ offset ကိုပေးတယ်လို့ ခုနကပြောထားတယ်နော်။ $HISTCMD-1 ဆိုရင် လက်ရှိ command ရဲ့ offset ပေါ့။ 'history -d (($HISTCMD-1)) ဆိုရင် ဒီ command ကို bash history ကနေ ပြန်ပြန်ဖျက်နေတာနဲ့ အတူတူပဲ။
နောက်တစ်ခု သိရမှာက Bash ရဲ့ operator တွေပါ ။ Bash ရဲ့ '&&' ဆိုတဲ့ operator က 'AND' ကို ကိုယ်စားပြုပါတယ်။ Command နှစ်ခုကို တစ်ခုပြီး တစ်ခု ဆက်လုပ်သွားဖို့ သုံးပါတယ်။ Package compilation အတွက် 'make && make install' ဆိုတာမျိုးရိုက်ပြီး ထမင်းသွားစာတာမျိုးပေါ့။ ပထမ command က completed successful ဖြစ်ရင် ဒုတိရ command ကို ဆက်အလုပ်လုပ်ပါတယ်။ Error ဖြစ်သွားရင်တော့ ရပ်သွားတယ်။ Command နှစ်ခုဖြစ်ပေမဲ့ Bash History မှာတော့ offset တစ်ခုနဲ့ entry တစ်ခုပဲ ဝင်ပါတယ်။
1003 ls -l && history
ကဲ ဒီလောက်ဆို မှန်းမိလောက်ပါပြီ ။ ရိုက်ချင်တဲ့ command ကိုရိုက် ၊ ပြီးရင်နောက်က && ခံပြီး 'history -d (($HISTCMD-1))' ထဲ့ရိုက်ရင် ကိုယ်ရိုက်သမျှ bash history ထဲ မရောက်တော့ဘူး။ ဒါမျိုးပေါ့ ..
# rm -rf /etc && history -d (($HISTCMD-1))
ဒါဆို /etc ကို ဖျက်လိုက်တဲ့ command က history ထဲမရောက်တော့ဘူး။ 'history -d' ကို အရှေ့မှာထားထား အနောက်မှာထားထား တူတူပါပဲ။ တစ်ခါတစ်လေ နောက်က ထဲ့ရိုက်ဖို့မေ့သွားရင်လို့ bash history ထဲရောက်သွားရင်တော့ ဒီလို ကွန့်လိုက်ပေါ့။ ဒါဆို နောက်ဆုံး history နှစ်ခု ဖျက်သွားလိမ့်မယ်။ ရှေ့က မေ့သွားတဲ့ command ရော ၊ ဒီဖျက်တဲ့ဟာကိုရော။
# history -d $((HISTCMD-2)) && history -d $((HISTCMD-1))
Catch တစ်ခုတော့ ရှိပါတယ်။ ဒါက Bash Variable ပါ ။ ဒါတောင် Bash version အဟောင်းတွေမှာ ဒီ Variable မရှိပါဘူး။ ksh တို့ဘာတို့မှာလည်း မရှိဘူး ထင်တယ်။ HISTCMD မရှိရင် နည်းနည်း လေး အလုပ်ပိုပါတယ်။
TMP=$(history | tail -1 | awk '{print $1}') && history -d $TMP
ဒါလည်း ရှေ့ကထားထား နောက်ကထားထား ရပါတယ် ။
ရိုက်ရတာ ရှုပ်ရင် ကိုယ့် bashrc ထဲမှာ ကိုယ့်ဟာကို alias ပေးထားလိုက်ပေါ့ ။ ဒါပေမယ့် trace မကျန်အောင်ဖျက်ပါတယ်ဆို bashrc မှာ trace ကြီးကျန်နေမှာတော့ မမိုက်ပါဘူး ၊ ဒါပေမဲ့ ကျနော်လို lazy တွေကတော့ ဝင်ဝင်ချင်း alias လေးပေး ၊ ပြီး session close မလုပ်ခင်မှာ bashrc ကနေ ပြန်ဖျက်ပြီး အပေါ်မှာပေးထားတဲ့အတိုင်း နောက်ဆုံး command နှစ်ခုဖျက်ခဲ့လိုက်တယ်။
တစ်ခုတော့ Caution ပေးပါတယ်။ တစ်ချို့ environment မှာ VPN နဲ့မှ servers တွေကို ဝင်လို့ရပြီး VPN မှာ keystroke log လုပ်ထားတတ်ပါတယ်။ ဒါဆိုရင်တော့ ဟဲဟဲ ။
ကဲ ကိုယ့် trace ကိုယ် ဖျောက်နိုင်ပါစေ ။ ကျနော် သိတဲ့ ၊ သုံးတဲ့ technique တစ်ခုကို share တာပါ ။ ကျနော်မသိတဲ့ catch ရှိကောင်းရှိနိုင်ပါတယ် ။
Divinity
Tuesday, May 22, 2012
Jasper Reports
Jasper Reports
iReport Designer လေးနဲ့ Report လေးတစ်ခေုလောက်လုပ်ကြည့်ဖို့ကောင်းပါတယ်။ JasperSoft ကနေ download လုပ်နိုင်ပါတယ်။
Java ရဲ့ ပြဿနာက jdk version တွေ တစ်ခုနဲ့တစ်ခု အဆင်ပြေဖို့ သတိထားရတာဖြစ်ပါတယ်။ iReport မှာ ဘယ် Jre version သုံးသလဲသိချင်ရင် About မှာကြည့်လိုက်လို့ရပါတယ်။
jrxml ဆိုတဲ့ template design လေးကို compile လုပ်လိုက်ရင် .jasper ဆိုတဲ့ complied class file ထွက်လာပါတယ်။
iReport ရဲ့ default jre ကို configure လုပ်ချင်ရင် etc folder အောက်က config file မှာ jdk home ပြင်လို့ရပါတယ်။
iReport မှာ Add parameter ထည့်ပြီး အဲဒီ parameter တွေကို text box မှာ ပြန်တွဲလိုက်ရင် parameter ပေါ်မူတည်ပြီး report ထုတ်လို့ရပါပြီ။ preview ကြည့်လိုက်ရင် parameter value တွေ တောင်းတာကို တွေ့ရပါလိမ့်မယ်။
အဲဒီလို report တစ်ခုလုပ်ပြီးရင် java servlet တစ်ခုကနေပြီး အဲဒီ report ကို လှမ်းခေါ်သုံးလို့ရပါပြီ။
web server မှာ deploy လုပ်တဲ့အခါမှာ groovy jar, iText jar နဲ့ common collection jar တွေလိုပါလိမ့်မယ်။
Java ဘက်မှာတော့ Report အတွက် jasper အသုံးများပါတယ်။ Elixir လည်းသုံးပါတယ်။ .Net ဘက်မှာတော့ Crystal Report ကို အသုံးများပါတယ်။ အားလုံးရဲ့တူညီချက်ကတော့ သပ်ရပ်လှပတဲ့ output file ရနိုင်တာဖြစ်မယ်ထင်ပါတယ်။ pdf , doc, xls စတဲ့ output files တွေ ထုတ်ဖို့ အသုံးပြုပါတယ်။ report ဟာ software development မှာ အင်မတန် အရေးပါပါတယ်။
Report ကို Application မှာ တခါတည်း ထည့်ရေးတာရှိသလို၊ Report Engine ကို Server တစ်လုံးမှာ run ထားပြီး url နဲ့ Parameter List ပို့ပြီးသုံးတာမျိုးလည်းရှိပါတယ်။
ဒါကတော့ ဗဟုသုတအဖြစ်ပြောရုံဖြစ်တဲ့အတွက် ဘာ sample code မှမပါပါဘူး။ နားလည်လွယ်မယ်လို့မျှော်လင့်ပါတယ်။ ကိုယ်တိုင် လုပ်ကြည့်လိုက်တာပိုကောင်းပါတယ်။ များများသိပြီး နမူနာတစ်ခုစီလောက် လုပ်ဖူးထားရင် လွယ်ပါတယ်။
Regards,
Zero
Notes: ဒါကတော့ အဆစ်ပေးတာပါ။
Recurrsion နဲ့ Looping အကြောင်း။
Monday, May 21, 2012
Hibernate in Action
Hibernate in Action
Hibernate ကို အရင်အလုပ်မှာ သုံးခဲ့ပါတယ်။
အခုမှ စာပြန်ဖတ်ရင်း ပြန်ပြီး လေ့လာနေပါတယ်။
http://www.manning.com/bauer2/chapter2.pdf
အဲဒါ manning က အမြည်းပေးတာပါ။
နမူနာ Hello world ကိုတော့ လုပ်ကြည့်ပြီးပါပြီ။ :)
HSQLDB နဲ့နမူနာလုပ်ပြထားပါတယ်။ အဲဒါကို tutorial လေးရေးဖို့စိတ်ကူးပါတယ်။ အင်တာဗျူး အဆက်တွေလည်း ရေးဖို့စိတ်ကူးပါတယ်။ ခက်တာက အချိန်သိပ်မရှိတော့တာပါပဲ။ ခွင့်ရက်ရှည်ယူတဲ့အခါမှပဲ tutorial တစ်ချို့ရေးပါမယ်။
Hibernate ကိုလည်း J2EE interview တွေမှာမေးလေ့ရှိပါတယ်။ ဗဟုသုတအနေနဲ့ပြောရရင်တော့ EJB 3.0 ရဲ့ Specifications ကို Hibernate team က ထုတ်ပေးတဲ့အတွက် နောက်ပိုင်းမှာ EJB 3 ကိုလေ့လာလေ့လာ၊ Java Persistence နဲ့ Hibernate ကိုလေ့လာလေ့လာ အတူတူလိုဖြစ်သွားပါပြီ။ အရင်ကတော့ မတူပါဘူး။ အလုပ်အတွက် EJB 2 လည်းပြန်ဖတ်နေတဲ့အတွက် အသေးစိတ်ရေးဖြစ်ရင် တင်လိုက်ပါမယ်။
Interview အတွက်လောက်ပဲဆိုရင် Manning ရဲ့ Java Persistence with Hibernate 2nd Edition ရှေ့နှစ်ခန်းလောက်ဖတ်ကြည့်လိုက်ရင် စကားစမြည်လောက်ပြောလို့ရလောက်ပြီထင်တယ်။
Hibernate ကလည်း တခြား J2EE branch တွေလိုပါပဲ။ နည်းနည်းသိပြီး အဆင်ပြေပြေသုံးတတ်ဖို့သိပ်မခက်ပါဘူး။ သေချာသိချင်ရင်တော့ အချိန်ပေးရမယ်ထင်တယ်။ အခုမှ ဖတ်လက်စဆိုတော့ သိပ်အများကြီးပြောစရာမရှိသေးပါဘူး။
အင်တာဗျူးမှာတော့ ORM ဆိုတာဘာလဲ။ ဆိုတာမျိုးလေးတွေတော့ အနည်းဆုံး ဖြေရတတ်ပါတယ်။ ကောင်းကျိုးဆိုးပြစ်လေးပါသိထားရင်လည်း အဆင်ပြေပါတယ်။ Paradigms mismatch လေးကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။
Hibernate ဟာ Java လောကမှာတော့ အခုနောက်ပိုင်း အသုံးများသထက်များလာပါတယ်။ .Net ဘက်မှာဆိုရင်လည်း nHibernate အဖြစ်အောင်ပွဲခံနေပါတယ်။ လေ့လာသင့်တယ်လို့ယူဆပါတယ်။ Tutorial တစ်ခုတစ်လေလောက် အမြည်းရေးဖြစ်အောင် ရေးလိုက်ပါမယ်။
Regards,
0

Labels:
hibernate,
j2ee,
Java,
java persistence,
manning
Wednesday, May 16, 2012
ကဲ ဘာလဲပြော။
public class Person {
private String name;
private String age;
public String getName() {
return name;
}
public void setName(String name) {
this.name = name;
}
public String getAge() {
return age;
}
public void setAge(String age) {
this.age = age;
}
}
____________________________________________________
public class testObj {
public Person personA=new Person();
public static void chageStr (Person personB){
testObj tstObj=new testObj();
tstObj.personA.setName("I am Person B");
}
public static void main(String[] args) {
System.out.println("What does I hold now?");
testObj tstObj=new testObj();
chageStr (tstObj.personA);
System.out.println(""+tstObj.personA.getName());
}
}
_________________________________________
highlight လုပ်ထားတဲ့ System out ကနေဘာထွက်မလဲမေးပါတယ်။
Ans: null
_________________________________________
ဒုတိယတစ်ခု နည်းနည်းပြင်ရေးလိုက်ပါတယ်။
public class testObj {
static Person personA=new Person();
public static void chageStr (Person personB){
personA.setName("I am Person B");
}
public static void main(String[] args) {
System.out.println("What does I hold now?");
chageStr (personA);
System.out.println(""+personA.getName());
}
}
_________________________________________
highlight လုပ်ထားတဲ့ System out ကနေဘာထွက်မလဲမေးပါတယ်။
Ans: I am Person B
_________________________________________
static Bean Obj တွေသုံးကြသလားမသိပါဘူး။ အပြင်မှာသုံးနေကြမဟုတ်ရင် မသိဘဲမှားဖြေမိဖို့များပါတယ်။
Labels:
Interview question,
Java,
static Bean,
tutorial
Monday, May 14, 2012
အင်တာဗျူး အလွဲများ ၁။
အင်တာဗျူး အလွဲများ ၁။
ကိုယ်တွေ့အင်တာဗျူးအတွေ့အကြုံများကို မျှဝေသွားပါမယ်။ ဒီတစ်ပတ်လုံး အင်တာဗျူးဖြေဖို့လေ့ကျင့်၊ သွားဖြေပါပဲ။ အခုဖြေခဲ့တဲ့အတွေ့အကြုံတွေ ဝေငှပါမယ်။
အမေရိကန်အခြေစိုက် လူများပွဲမစည် ဆိုတဲ့ ကုမ်ပနီပဲထားပါတော့ ။ နာမည်တွေရေးရင် မကောင်းလို့ပါ။
PM(Project Manager) နဲ့ Team lead လာပါတယ်။ PM က စပြီးမေးပါတယ်။ အရင်အလုပ်အတွေ့အကြုံတွေ ဘလာဘလာတွေပါ။ အဲဒါတွေကတော့ ပြောတတ်ရင်ရပါတယ်။ နည်းနည်းတော့ပြင်ဆင်ထားပါ။ ဘယ်လောက်ပဲ ဘိုလိုပြောတတ်ပြောတတ်၊ ကိုယ်တစ်နှစ်၊နှစ်နှစ်လုပ်လာတာကို နာရီဝက်လေးဆယ့်ငါးမိနစ်နဲ့ အပြီးပြောနိုင်ဖို့မလွယ်ဘူး။ အရေးကြီးပြီး နားထောင်ကောင်းမယ်ထင်တာတွေကို အရင်ရွေးပြောပါ။ ပြောနေရင်းနဲ့ ကိုယ်ရဲ့ အလုပ်ပေါ်ထားတဲ့ သဘောထားနဲ့ စိတ်ဆန္ဒပြင်းပြမှုကို ထည့်ပြောပါ။ attitude နဲ့ passion က သိပ်အရေးကြီးပါတယ်။ အလုပ်ကတော့ သူသူကိုယ်ကိုယ် လုပ်နိုင်တဲ့သူတွေများပါတယ်။
Business Scenerio တစ်ခုမှာ ဒါဆို ဘယ်လို လုပ်မလဲဆိုတာမျိုးမေးပါတယ်။ သေချာစဉ်းစားပြီး ကိုမောင်ဆင့်( common sense) နဲ့ဖြေရင် အိုကေလောက်တယ်။
နောက်တော့ issue tracking ကို ဘယ်လိုလုပ်သလဲမေးတယ်။ အဲဒါတွေကလည်း အလုပ်လုပ်နေရင်သိပါတယ်။
နောက်တော့ project planning , impact analysis, requirement gathering စတာတွေမှာ ပါခဲ့လားဘာညာမေးတယ်။ Users Meeting တွေမှာတက်သလား။ code ချည်းပဲ ထိုင်ရေးနေသလားစတာတွေမေးတယ်။
အဲဒါတွေကိုကောင်းကောင်းမွန်မွန်ဖြေလိုက်ပါ။
ပြီးတော့ ပါးစပ်နဲ့ oracle select,update,insert, delete ပြောရပါသေးတယ်။ ရယ်မိမလိုတောင်ဖြစ်သွားတယ်။
ပြီးတော့ team lead အလှည့်ဖြစ်ပါတယ်။ framework နဲ့ပတ်သက်တာတွေမေးပါတယ်။
ကြားထဲမှာဖြတ်ပြီး sql က exists နဲ့ in ဘာကွာလဲမေးပါတယ်။
exist ကတော့ ရှာနေတာ တွေ့တာနဲ့ရပ်တယ်။ ထပ်ရှာမနေဘူး။ အချိန်ကုန်သက်သာတယ်။ count လုပ်ရင်တော့သိသာတယ်ထင်တယ်။ ထင်တယ်လို့ပြောရတာ အဲဒီမေးခွန်းကို တစ်ခြမ်းပဲသိတယ်။ exist ကို အရင်ကတော့ တခါတလေသုံးတယ်။ နေ့စဉ်သုံးထဲမှာမပါတော့ မေ့နေပြီ။ exists တစ်ယောက် exist နေသေးပါလားတောင်မေ့ပြီ။
IN ကတော့ရှင်းပါတယ်ဗျာ။ in ဆိုပြီး set တစ်ခုထည့်ပြီးရှာလို့ရတာပေါ့။ or တွေကို ဆက်လိုက်တာကို မရေးချင်လို့ in လုပ်လိုက်တာပါပဲ။ အဲဒါလေးလည်းကြည့်ထားရင်တော့မမှားဘူးပေါ့။ ဒီမှာ ပြန်ရေးတာက အမှန်တော့ ethic နဲ့ မညီလှဘူး။ မြန်မာအချင်းချင်း ကူညီရာရောက်ပေမယ့် ကုမ်ပနီအတွက်တော့ မကောင်းလှဘူး။ ဖြစ်စေချင်တာကတော့ အရည်အချင်းရှိပြီး အလုပ်ကောင်းကောင်းရတဲ့ မြန်မာ တွေဖြစ်စေချင်တာပါ။ အင်တာဗျူးဖြေနိုင်ပြီး ဘာမှမလုပ်တတ်တဲ့သူတွေဖြစ်နေရင်လည်း အဆင်ပြေမယ်မထင်ပါဘူး။ အရည်အချင်းရှိပြီးသားသူတွေ အင်တာဗျူးတွေမှာ ချောချောမွေ့မွေ့ဖြစ်စေဖို့ပဲရည်ရွယ်ပါတယ်။
အခုခေါ်တဲ့ အလုပ်က Strut သုံးတယ်ဆိုတော့ Strut အကြောင်းမေးပါတယ်။ ဘယ်လောက်ပဲရေးနေ ရေးနေ၊ code တွေကို အလွတ်မှတ်မိဖို့မလွယ်ပါဘူး။ ဒါပေမယ့် တကယ်ရေးတဲ့သူက flow ကိုတော့မှတ်မိပါတယ်။ navigation flow ကိုပြောဆိုရင် jsp--->tag-->strut-config.xml--->ActionForm-->Action-->web.xml စတာတွေမှာ ဘာတွေ ဘယ်လိုရေးတယ်၊ပြင်တယ်ပြောပြလိုက်ရုံပါပဲ။ အဲဒါကိုတော့ဖြေနိုင်ပါတယ်။
နောက်တော့ scope တွေအကြောင်းထဲက တစ်ခုမေးပါတယ်။ page scope နဲ့ session scope ဘာကွာလဲတဲ့။ တကယ်တော့ အဲဒါတွေကို မေးမေးနေတာကို မကြိုက်ပါဘူး။ web မှာ အခုရှာ အခုတွေ့နိုင်တာကို မရှာဘဲသိတယ်ဆိုတာဟာ အရည်အချင်းလို့ကို မထင်တော့ပါဘူး။ ဒါပေမယ့် အင်တာဗျူးမှာ မေးရင်တော့ မရမက ဖြေကြရတာပါပဲ။ တကယ်ဆိုရင် scwcd ဖြေတုန်းက ဒါတွေကို အလွတ်ရနေတာတွေပါပဲ။ အခုတော့ မမှတ်မိသလောက်ဖြစ်နေပြီ။ ရေးမှမရေးရတော့တာကိုး။ တစ်နေ့တစ်နေ့ စာဖတ်လိုက်၊ အိပ်ငိုက်လိုက်ဆိုတော့ စာတွေလည်းပျံကုန်ပြီ။ ဒါပေမယ့် နာမည်အရစဉ်းစားလိုက်တယ်။ session ဆိုကတည်းက သယ်မှာပဲ။ shopping cart က sesssion လိုပဲ မှတ်ထားသိမ်းထားရမယ်။ အဲဒီတော့ Multiple pages ကနေ sesssion ထဲမှာသိမ်းထားတာတွေကို ယူသုံးနိုင်မယ်။ Page ကတော့ နာမည်ကိုက ဒီ Page တစ်ခုထဲလိုပဲဆိုတော့ အဲဒီပေ့ခ်ျမှာပဲသုံးမယ်။ အဲဒီပေ့ခ်ျကို include လုပ်ထားတဲ့ page မှာသုံးမယ်လို့ထင်တယ်။
နီးတော့နီးစပ်သွားပါတယ်။ အဖြေမှန်ကိုလည်း web မှာရှာကြည့်ထားပါ။ scope တွေအကြောင်းသိရတာပေါ့။
နောက်တစ်ခုက session ပါ။ ဒီမှာလေ့လာနိုင်ပါတယ်။ http://www.easywayserver.com/jsp/JSP-session.htm
session တစ်ခု expired ဖြစ်ပြီလား ဘာMethod နဲ့ check သလဲတဲ့။ seesion obj ထဲက Method တစ်ခုနဲ့ check တာပေါ့။ Method name ကတော့ မျက်လုံးနဲ့မြင်ရင်သိတယ်။ အလွတ်တော့မရဘူး။ အမှန်က inNew ပါ။ မရေးတာကြာလို့ မေ့ကုန်ပေမယ့် code အလွတ်ရတာကို ဂုဏ်မယူပါဘူး။ java doc ကြည့်လိုက်လည်းသိနိုင်တာပါပဲ။ လိဒ်ဂစ်တာ တီးတာကိုကြည့်ပါ။ notes ကိုကြည့်ပြီး တီးတဲ့သူကမှ ဆရာကျပါတယ်။ International notes ကောင်းကောင်းမကြည့်တတ်တဲ့ ဂစ်တာသမားကြတော့ တီးရင်းနဲ့ မကြည့်နိုင်တာနဲ့ အလွတ်ကျက်တီးရတာပါ။ အလွတ်ကျက်တယ်ဆိုကတည်းက အသေမှတ်လိုက်တဲ့သဘောပဲ။ အသေမှတ်တာတွေကို အားမပေးပါဘူး။ သိသင့်တာသိရင် ကျန်တာတွေကို အရှင်မှတ်ထားပါ။ ဒီ Method name ဟာ တစ်သက်လုံး isNew ဖြစ်နေမယ်လို့ အာမခံထားရင်တော့ ကောင်းပါတယ်။ မဟုတ်ရင် တစ်နေ့မှာ oracle က isNew ထက်ပိုပြီးအဓိပ္ပာယ်ရှိတာလေးတွေ့ပြီး ပြင်လိုက်ရင် ဘယ်လိုလုပ်မလဲ။ IDE ရဲ့ IntelliSense နဲ့ Java Doc ကိုကြည့်ပြီးရေးတတ်ဖို့ပဲလိုပါတယ်။ အဲဒီ Method တွေ အလွတ်ရလို့ အထင်ကြီးတာမျိုးကိုလည်း သိပ်ပြီး လက်မခံပါဘူး။
နောက်တော့ Database Connection အတွက် ဘာ Design Pattern သုံးခဲ့လဲဆိုတာပါ။ မှတ်မိတဲ့ facade pattern ကို နည်းနည်းပြင်ပြောခဲ့ပါတယ်။ ဒါကလည်း တစ်ရုံးနဲ့တစ်ရုံး ဘယ် Design Pattern သုံးမယ်ဆိုတာက ကြိုက်ရာသုံးမှာပါပဲ။ Design Pattern လေးဘာလေးဖတ်ထားရင်တော့ အဆင်ပြေလောက်တယ်။
နောက်တစ်ခုကတော့ Spring Transactions တွေအကြောင်းပါ။
ဟိုတလောကပဲ Java Developer's Notebook မှာ အဲဒီအခန်းဖတ်ခဲ့ပါသေးတယ်။ ခက်တာကမမှတ်မိတော့တာပါ။ ဒီမှာကြည့်လို့ရပါတယ်။
http://static.springsource.org/spring/docs/2.0.x/reference/transaction.html
EJB ကိုနည်းနည်းမေးပါတယ်။ အရင်ကတည်းက EJB မလုပ်ခဲ့ဖူးဘူးပြောထားတော့ သက်သက်ညှာညှာမေးပါတယ်။ Head First ရှေ့သုံးခန်းဖတ်လာတဲ့ အသိနဲ့ထင်တာတွေဖြေခဲ့ပါတယ်။ ကျန်တာတွေ နည်းနည်းပါးပါးရှိနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ် interview trends လေးကို သိနိုင်လောက်၊ ခန့်မှန်းနိုင်လောက်မယ်ထင်ပါတယ်။
ref:
http://stackoverflow.com/questions/24929/difference-between-exists-and-in-in-sql
http://www.easywayserver.com/jsp/JSP-session.htm

--this statement needs to check the entire table
select count(*) from [table] where ...
--this statement is true as soon as one match is found
exists ( select * from [table] where ... )
exist ကတော့ ရှာနေတာ တွေ့တာနဲ့ရပ်တယ်။ ထပ်ရှာမနေဘူး။ အချိန်ကုန်သက်သာတယ်။ count လုပ်ရင်တော့သိသာတယ်ထင်တယ်။ ထင်တယ်လို့ပြောရတာ အဲဒီမေးခွန်းကို တစ်ခြမ်းပဲသိတယ်။ exist ကို အရင်ကတော့ တခါတလေသုံးတယ်။ နေ့စဉ်သုံးထဲမှာမပါတော့ မေ့နေပြီ။ exists တစ်ယောက် exist နေသေးပါလားတောင်မေ့ပြီ။
IN ကတော့ရှင်းပါတယ်ဗျာ။ in ဆိုပြီး set တစ်ခုထည့်ပြီးရှာလို့ရတာပေါ့။ or တွေကို ဆက်လိုက်တာကို မရေးချင်လို့ in လုပ်လိုက်တာပါပဲ။ အဲဒါလေးလည်းကြည့်ထားရင်တော့မမှားဘူးပေါ့။ ဒီမှာ ပြန်ရေးတာက အမှန်တော့ ethic နဲ့ မညီလှဘူး။ မြန်မာအချင်းချင်း ကူညီရာရောက်ပေမယ့် ကုမ်ပနီအတွက်တော့ မကောင်းလှဘူး။ ဖြစ်စေချင်တာကတော့ အရည်အချင်းရှိပြီး အလုပ်ကောင်းကောင်းရတဲ့ မြန်မာ တွေဖြစ်စေချင်တာပါ။ အင်တာဗျူးဖြေနိုင်ပြီး ဘာမှမလုပ်တတ်တဲ့သူတွေဖြစ်နေရင်လည်း အဆင်ပြေမယ်မထင်ပါဘူး။ အရည်အချင်းရှိပြီးသားသူတွေ အင်တာဗျူးတွေမှာ ချောချောမွေ့မွေ့ဖြစ်စေဖို့ပဲရည်ရွယ်ပါတယ်။
SELECT * FROM Orders o WHERE EXISTS (
SELECT * FROM Products p where p.ProductNumber = o.ProductNumber)
IN is used to compare one value to several, and can use literal values, like this:
SELECT * FROM Orders WHERE ProductNumber IN (1, 10, 100)
အခုခေါ်တဲ့ အလုပ်က Strut သုံးတယ်ဆိုတော့ Strut အကြောင်းမေးပါတယ်။ ဘယ်လောက်ပဲရေးနေ ရေးနေ၊ code တွေကို အလွတ်မှတ်မိဖို့မလွယ်ပါဘူး။ ဒါပေမယ့် တကယ်ရေးတဲ့သူက flow ကိုတော့မှတ်မိပါတယ်။ navigation flow ကိုပြောဆိုရင် jsp--->tag-->strut-config.xml--->ActionForm-->Action-->web.xml စတာတွေမှာ ဘာတွေ ဘယ်လိုရေးတယ်၊ပြင်တယ်ပြောပြလိုက်ရုံပါပဲ။ အဲဒါကိုတော့ဖြေနိုင်ပါတယ်။
နောက်တော့ scope တွေအကြောင်းထဲက တစ်ခုမေးပါတယ်။ page scope နဲ့ session scope ဘာကွာလဲတဲ့။ တကယ်တော့ အဲဒါတွေကို မေးမေးနေတာကို မကြိုက်ပါဘူး။ web မှာ အခုရှာ အခုတွေ့နိုင်တာကို မရှာဘဲသိတယ်ဆိုတာဟာ အရည်အချင်းလို့ကို မထင်တော့ပါဘူး။ ဒါပေမယ့် အင်တာဗျူးမှာ မေးရင်တော့ မရမက ဖြေကြရတာပါပဲ။ တကယ်ဆိုရင် scwcd ဖြေတုန်းက ဒါတွေကို အလွတ်ရနေတာတွေပါပဲ။ အခုတော့ မမှတ်မိသလောက်ဖြစ်နေပြီ။ ရေးမှမရေးရတော့တာကိုး။ တစ်နေ့တစ်နေ့ စာဖတ်လိုက်၊ အိပ်ငိုက်လိုက်ဆိုတော့ စာတွေလည်းပျံကုန်ပြီ။ ဒါပေမယ့် နာမည်အရစဉ်းစားလိုက်တယ်။ session ဆိုကတည်းက သယ်မှာပဲ။ shopping cart က sesssion လိုပဲ မှတ်ထားသိမ်းထားရမယ်။ အဲဒီတော့ Multiple pages ကနေ sesssion ထဲမှာသိမ်းထားတာတွေကို ယူသုံးနိုင်မယ်။ Page ကတော့ နာမည်ကိုက ဒီ Page တစ်ခုထဲလိုပဲဆိုတော့ အဲဒီပေ့ခ်ျမှာပဲသုံးမယ်။ အဲဒီပေ့ခ်ျကို include လုပ်ထားတဲ့ page မှာသုံးမယ်လို့ထင်တယ်။
နီးတော့နီးစပ်သွားပါတယ်။ အဖြေမှန်ကိုလည်း web မှာရှာကြည့်ထားပါ။ scope တွေအကြောင်းသိရတာပေါ့။
နောက်တစ်ခုက session ပါ။ ဒီမှာလေ့လာနိုင်ပါတယ်။ http://www.easywayserver.com/jsp/JSP-session.htm
HttpSession session = request.getSession(false);
if (!session.isNew()) {
// Session is valid
}
else {
//Session has expired - redirect to login.jsp
}
session တစ်ခု expired ဖြစ်ပြီလား ဘာMethod နဲ့ check သလဲတဲ့။ seesion obj ထဲက Method တစ်ခုနဲ့ check တာပေါ့။ Method name ကတော့ မျက်လုံးနဲ့မြင်ရင်သိတယ်။ အလွတ်တော့မရဘူး။ အမှန်က inNew ပါ။ မရေးတာကြာလို့ မေ့ကုန်ပေမယ့် code အလွတ်ရတာကို ဂုဏ်မယူပါဘူး။ java doc ကြည့်လိုက်လည်းသိနိုင်တာပါပဲ။ လိဒ်ဂစ်တာ တီးတာကိုကြည့်ပါ။ notes ကိုကြည့်ပြီး တီးတဲ့သူကမှ ဆရာကျပါတယ်။ International notes ကောင်းကောင်းမကြည့်တတ်တဲ့ ဂစ်တာသမားကြတော့ တီးရင်းနဲ့ မကြည့်နိုင်တာနဲ့ အလွတ်ကျက်တီးရတာပါ။ အလွတ်ကျက်တယ်ဆိုကတည်းက အသေမှတ်လိုက်တဲ့သဘောပဲ။ အသေမှတ်တာတွေကို အားမပေးပါဘူး။ သိသင့်တာသိရင် ကျန်တာတွေကို အရှင်မှတ်ထားပါ။ ဒီ Method name ဟာ တစ်သက်လုံး isNew ဖြစ်နေမယ်လို့ အာမခံထားရင်တော့ ကောင်းပါတယ်။ မဟုတ်ရင် တစ်နေ့မှာ oracle က isNew ထက်ပိုပြီးအဓိပ္ပာယ်ရှိတာလေးတွေ့ပြီး ပြင်လိုက်ရင် ဘယ်လိုလုပ်မလဲ။ IDE ရဲ့ IntelliSense နဲ့ Java Doc ကိုကြည့်ပြီးရေးတတ်ဖို့ပဲလိုပါတယ်။ အဲဒီ Method တွေ အလွတ်ရလို့ အထင်ကြီးတာမျိုးကိုလည်း သိပ်ပြီး လက်မခံပါဘူး။
နောက်တော့ Database Connection အတွက် ဘာ Design Pattern သုံးခဲ့လဲဆိုတာပါ။ မှတ်မိတဲ့ facade pattern ကို နည်းနည်းပြင်ပြောခဲ့ပါတယ်။ ဒါကလည်း တစ်ရုံးနဲ့တစ်ရုံး ဘယ် Design Pattern သုံးမယ်ဆိုတာက ကြိုက်ရာသုံးမှာပါပဲ။ Design Pattern လေးဘာလေးဖတ်ထားရင်တော့ အဆင်ပြေလောက်တယ်။
နောက်တစ်ခုကတော့ Spring Transactions တွေအကြောင်းပါ။
ဟိုတလောကပဲ Java Developer's Notebook မှာ အဲဒီအခန်းဖတ်ခဲ့ပါသေးတယ်။ ခက်တာကမမှတ်မိတော့တာပါ။ ဒီမှာကြည့်လို့ရပါတယ်။
http://static.springsource.org/spring/docs/2.0.x/reference/transaction.html
EJB ကိုနည်းနည်းမေးပါတယ်။ အရင်ကတည်းက EJB မလုပ်ခဲ့ဖူးဘူးပြောထားတော့ သက်သက်ညှာညှာမေးပါတယ်။ Head First ရှေ့သုံးခန်းဖတ်လာတဲ့ အသိနဲ့ထင်တာတွေဖြေခဲ့ပါတယ်။ ကျန်တာတွေ နည်းနည်းပါးပါးရှိနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ် interview trends လေးကို သိနိုင်လောက်၊ ခန့်မှန်းနိုင်လောက်မယ်ထင်ပါတယ်။
ref:
http://stackoverflow.com/questions/24929/difference-between-exists-and-in-in-sql
http://www.easywayserver.com/jsp/JSP-session.htm
Sunday, May 13, 2012
Some J2EE questions you should know
အတိအကျကြီးမှတ်မိဖို့မလိုပါဘူး။ အရေးကြီးတာလေးတွေမှတ်မိရင်မဆိုးလှဘူး။ highlight လုပ်ထားတာတွေကတော့ ကျက်ထားတုန်းက မေ့နေတာတွေထင်တယ်။ အခုတော့မမှတ်မိတော့ဘူး။
Question: What
do you understand by a J2EE module?
Answer: A J2EE module is a software unit that consists of one or more J2EE components of the same container type along with one deployment descriptor of that type. J2EE specification defines four types of modules:
Web
application client and
resource adapter

EJB
//
a) Client-tier components run on the client machine.
b) Web-tier components run on the J2EE server.
c) Business-tier components run on the J2EE server and the
d) Enterprise information system (EIS)-tier software runs on the EIS servers

Question: Why do understand by a container?
Answer: Normally, thin-client multi-tiered applications are hard to write because they involve many lines of intricate code to handle transaction and state management, multithreading, resource pooling, and other complex low-level details. The component-based and platform-independent J2EE architecture makes J2EE applications easy to write because business logic is organized into reusable components. In addition, the J2EE server provides underlying services in the form of a container for every component type. Because you do not have to develop these services yourself, you are free to concentrate on solving the business problem at hand (Source:http://java.sun.com/j2ee/1.3/docs/tutorial/doc/Overview4.html ).
In short containers are the interface between a component and the low-level platform specific functionality that supports the component. The application like Web, enterprise bean, or application client component must be assembled and deployed on the J2EE container before executing.

// Question: What are the services provided by a
container?
Answer: The services provided by container are as follows:
a) Transaction management for the bean
b) Security for the bean
c) Persistence of the bean
d) Remote access to the bean
e) Lifecycle management of the bean
f) Database-connection pooling
g) Instance pooling for the bean

// Question: What are types of J2EE clients?
Answer: J2EE clients are the software that access the services components installed on the J2EE container. Following are the J2EE clients:
a) Applets
b) Java-Web Start clients
c) Wireless clients
d) Web applications

// What is Java Naming and Directory Service? - The JNDI provides naming and directory functionality. It provides
applications with methods for performing standard directory operations, such as associating
attributes with objects and searching for objects using their attributes. Using JNDI, a J2EE application can
store and retrieve any type of named Java object. Because JNDI is independent
of any specific implementations, applications can use JNDI to access multiple naming and directory services, including existing
naming and
directory services such as LDAP, NDS, DNS, and NIS.

What is Struts? - A Web page development framework, a MVC
framework. Struts combines Java Servlets, Java Server Pages, custom tags, and message resources into a unified framework. It is
a cooperative, synergistic platform, suitable for
development teams, independent developers, and everyone between.
What is JAAS? - The Java Authentication and Authorization Service (JAAS) provides a
way for a J2EE application to authenticate and authorize a specific user or group of
users to run it. It is a standard Pluggable Authentication Module (PAM)
framework that extends the Java 2 platform security architecture to support user-based
authorization.
What is J2EE Connector? - The J2EE Connector API is used by J2EE tools vendors and system integrators to
create resource adapters that support access to enterprise information systems
that can be plugged into any J2EE product. Each type of database or EIS has a
different resource adapter.
Subscribe to:
Posts (Atom)