Showing posts with label Advanced Java. Show all posts
Showing posts with label Advanced Java. Show all posts

Monday, December 19, 2011

Boxing Conversion

Boxing Conversion


Boxing ဆိုတာနဲ့ လက်ဝှေ့ထိုးတယ်များထင်မလားမသိဘူး။ primitive type တွေကို သူတို့အတွက်လုပ်ထားတဲ့ refernce type တွေဆီကို ပြောင်းတာကို Boxing လို့ခေါ်တာပါ။ သေတ္တာထဲထည့်တာပေါ့ခမျာ။ အောက်မှာရှစ်ခုရှိတယ်တဲ့ခင်ဗျ။
  • From type boolean to type Boolean
  • From type byte to type Byte
  • From type char to type Character
  • From type short to type Short
  • From type int to type Integer
  • From type long to type Long
  • From type float to type Float
  • From type double to type Double
Double ဆိုတာတွေ့ရင် မနေနိုင်မထိုင်နိုင် 1 cent issue ကိုသတိရမိတယ်ဗျ။ double တွေဟာ သိမ်းစရာရှိတာကို အတည့်မသိမ်းဘူးခင်ဗျ။ ဘာနဲ့တူသလဲဆိုရင် ဟာထဲကလို နွားတွေဖြတ်ပြေးတာကို ခြေထောက်တွေလိုက်ရေကြည့်ပြီး လေးနဲ့စားသလိုမျိုးပေါ့။ လွယ်တာကို ခက်အောင်လုပ်တယ်။ 60 ကို ၅၉.၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ဆိုပြီးသိမ်းတဲ့အတွက် အတွက်အချက်တွေ လုပ်ရင်း လုပ်ရင်း လုပ်ရင်း လုပ်ရင်း နောက်ဆုံး တစ်ပြားကွာကုန်တယ်ပေါ့ဗျာ။ အဲဒါကြောင့်လည်း BigDecimal ပဲနောက်ပိုင်းပြောင်းသုံးကြတယ်။


Run time ကြရင် Boxing conversion တွေက ဒီလိုပြောင်းလဲသတဲ့။
  • If p is a value of type boolean, then boxing conversion converts p into a reference r of class and type Boolean, such that r.booleanValue() == p
p က boolean ဆိုပါတော့။ လွယ်အောင်ရေးလိုက်ရင် boolean p=true;
ဆိုပါတော့။ run time ရောက်ရင် primitive type boolean လေးကို Reference Type အဖြစ်ပြောင်းပစ်လိုက်တယ်။ ပြောင်းပစ်လိုက်တယ်ဆိုတာမှာ Reference Type Boolean r ထဲကို boolean တန်ဖိုးရောက်သွားတယ်။ B အကြီးတွေ အသေးတွေ ရှုပ်နေတယ်လို့မထင်ပါနဲ့။ Java ရဲ့ကြီးကျယ်သော boxing ပြောင်းလဲမှုကြီးပါ။ 


Boolean b;
boolean a=true;
b = new Boolean(a);
System.out.println(b.booleanValue());
Boolean ကြီးဟာ reference type ကြီးပါ။ သူက class လည်းဖြစ်တဲ့အတွက် သုံးချင်ရင် new လုပ်ပေးရပါမယ်။ Boolean b= new Boolean("true") ဆိုပြီး တစ်ခါတည်း create လုပ်လိုက်တာကိုကြတော့ auto boxing လို့ခေါ်တယ်ဗျ။ Class တွေကို compare လုပ်နေတာလို့ ခင်ဗျားတို့သတိထားမိရင် == operator ကို သုံးရင်လွဲမယ်ဆိုတာကိုလည်း ပြောစရာမလိုပါဘူး။ Boolean ကြီးကို == နဲ့သွားပြီးတိုက်ဆိုင်ရင် လွဲမှာပဲ။ သူ့ရဲ့ value က .booleanValue() နဲ့ရှာမှထွက်လာမယ်။ .equals () operator နဲ့လည်း နည်းနည်းစမ်းပြီးရေးကြည့်ပါ။ ကျန်တာတွေလည်း အလားတူပါပဲ။


 အဲဒီရှစ်မျိုးကို ပြောင်းပြန်လှည့်ပြောရင် တနည်းအားဖြင့် Reference Type ကနေ primitive ကိုပြောင်းတာကို unboxing သေတ္တာထဲက ထုတ်တယ်လို့ဆိုတာပါပဲ။ လူများတွေ boxing/unboxing လုပ်တယ်ဘာညာဆိုတာတွေကို အကြီးကြီးထင်မှာစိုးလို့ပါ။ သိအောင်လုပ်ထားတာကောင်းပါတယ်။

Boxing was introduced in JDK 1.5 to eliminate trivial conversions between primitives (intboolean, etc) and corresponding wrapper objects (IntegerBoolean, etc). Boxing allows some code to be a bit more concise and legible. It's also useful when using collections (which only take objects, not primitives).

Integer, Boolean စတဲ့ Reference Type Objects တွေကို wrapper objects လို့လည်းခေါ်တယ်ဆိုတာကို ပြောချင်လို့ကူးလာတာပါ။ JDK 1.5 ရဲ့ သိသာထင်ရှားတဲ့အမှတ်အသားတစ်ခုပါပဲ။

အဆင်ပြေကြမယ်လို့ထင်ပါတယ်။
နားမလည်ဘူးလား။ နားလည်လားတော့မသိပါဘူး။ ကြိုးစားပြီး ရှာဖတ်ကြည့်ပါ။ ရေးတေးတေးဖြစ်နေရင်လည်း များများလေးလေ့လာကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တကယ်တမ်း အလုပ်မှာ ဒီလောက်သိစရာမလိုဘူး။ ရေးနေတာကြာပြီ။ ကျွန်တော်ဆို ဒါကို Boxing လား၊ ၀ူရှူးလားမသိဘဲ တစ်နှစ်ခွဲလောက်ရေးနေတာပဲ။ ရေးလို့ဖြစ်ပါတယ်။ ကိုယ်သိနေတာတွေကို ဘယ်လိုခေါ်လဲပြန်ပြီးလေ့လာရတာလည်း ပျော်စရာကောင်းပါရဲ့ဗျာ။

ကဲ Boxing သင်ခန်းစာ ဆုံးလေ၏။            ။

Regards,
Zero.

Ref:

Wednesday, April 20, 2011

Java Idioms

ဒီနေ့ပဲရုံးက သူငယ်ချင်းက Java Idioms တွေဖတ်ကြည့်ပါဆိုလို့ Link ယူထားလိုက်တယ်။ ဖတ်တော့မဖတ်ကြည့်ရသေးပါဘူး။


Language တစ်ခုခုကို hello world ရေးတတ်ရုံနဲ့တော့ ဘာမှမဖြစ်လာပါဘူး။ ဘယ် Language ကို ဘယ်လောက်အထိ ရေးတတ်သလဲ၊ ဘယ်လောက်အဆင့်မြင့်မြင့်ရေးနိုင်သလဲဆိုတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဟိုတလောက PHP ရေးကြည့်နေပါတယ်။ ပျော်စရာကောင်းပါတယ်။ Language အများစုရဲ့ တူညီမှုတွေကို နားလည်ရင် လေ့လာရတာလွယ်ပါတယ်။

Programming Language တွေက စာအုပ်တွေနဲ့တူပါတယ်။ ဘာသာစကားတစ်မျိုးတည်းနဲ့ရေးထားတဲ့စာအုပ်တွေပါ။ အဲဒီဘာသာစကားက Concept ဖြစ်ပါတယ်။ Concept ရှိတဲ့သူ၊ တစ်နည်းအားဖြင့် ဘာသာစကားကို နားလည်တဲ့သူ၊ဖတ်နိုင်တဲ့သူဟာ စာအုပ်တွေနဲ့တူတဲ့ language တွေကိုသဘောပေါက်နိုင်ပါတယ်။ ဘာသာစကားနဲ့တူတဲ့ Concept ကို ဘယ်လောက်ခိုင်ခိုင်မာမာရထားလဲဆိုတာပေါ်မူတည်ပြီး Language ကို ဘယ်လောက်အဆင့်မြင့်မြင့်နားလည်နိုင်သလဲဆိုတာဖြစ်လာပါတယ်။

အဲဒီတော့ ကိုယ်ရေးနေတဲ့ Language ကို သာ လေးလေးနက်နက် လိုက်စားမယ်ဆိုရင် ကျန်တာတွေကိုလည်း လွယ်လွယ်ကူကူလေ့လာနိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်လို့ပြောချင်ပါတယ်။

ဘယ် language ကအကောင်းဆုံးလဲဆိုတာမျိုးကို ဦးနှောက်နည်းတဲ့သူတွေပဲပြောပါတယ်။ ဘယ် language ကမှ ပြည့်စုံတဲ့ language မဖြစ်နိုင်ပါဘူး။ အားသာချက်ရှိရင်၊ အားနည်းချက်လည်းရှိတတ်ပါတယ်။ ကျကျနနလေ့လာသင်ယူပြီး အဆင့်မြင့်မြင့် ရေးနိုင်တဲ့ developer ကောင်းတွေ ဖြစ်ဖို့ လွယ်လွယ်လေးနဲ့တော့ မဖြစ်နိုင်ပါဘူး။ The Mediocre နဲ့ The Smart/Excellent တွေ ကြားမှာ ခြားနားတာတစ်ခုပဲရှိပါတယ်။

ကိုယ့်ကိုယ်ကို မှန်မှန်ကန်ကန်အကဲဖြတ်နိုင်မှုပါပဲ။

အမှန်ကတော့ တစ်ဆင့်ချင်းပြောသင့်ပါတယ်။ Code Quality ကို ဘယ်လိုတိုင်းသလဲ။ ကိုယ်ရေးတာ အိုကေရုံလား၊ အဆင့်မြင့်လား၊ တခြားသူအတွက် အဆင်ပြေလား၊ OO concept တွေကို လိုက်နာပြီးရေးသင့်တာတွေမှာ လိုက်နာလား၊ နောက်လာမယ့် enhancement တွေအတွက် ဘယ်လောက်စဉ်းစားထားလဲ၊ Testing ကိုရော ဘယ်လိုလုပ်ထားသလဲဆိုတာတွေပါကျယ်ကျယ်ပြန့်ပြန့်ပြောချင်ပါသေးတယ်။

ကိုယ်လုပ်တဲ့အလုပ်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ကျွန်တော်တို့ကြိုးစားကြရပါမယ်။
ကိုယ့်ကိုယ်ကို လေးစားနိုင်လောက်အောင် တော်တဲ့သူတွေဖြစ်ဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားရပါဦးမယ်။

အော် .. လောလောဆယ်တော့ java language ကို broken တွေပြောနေပါတယ်။

Regards,
Zero