Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

Wednesday, April 27, 2011

Religion : Googlism

Google သာမရှိရင် ကျနော်တို့ engineer ဖြစ်ပါ့မလား ? Google သာမရှိရင် ကျနော်လည်း mechanical engineer ပဲလုပ်ဖြစ်မယ်ထင်တယ်။ အခုလို IT ဖြစ်လာမှာမဟုတ်ဖူး။ ကျနော်တို့ အတွက် Google က ဘဝပဲ ဟဲဟဲ။ ဒါလည်း ပြောရရင်တော့ မကောင်းဘူး။ ကျနော်တို့ မှတ်ဉာဏ်ထက် Google docs တွေ Google bookmarks တွေ ကိုပိုအားကိုးလာရင် မကောင်းဘူးလို့ထင်တာပဲ။ အတိုင်းအတာ တစ်ခုထိ သုံးရပေမယ့် ဒီပေါ်မှာပဲ depends မလုပ်မိသင့်ပါဘူး။ ကျနော်ဒီနေ့ MySQL cluster setup လုပ်ဖြစ်လို့ ကျနော်ရဲ့ ပထမဆုံး setup လုပ်ဖြစ်တယ့် အတွေ့အကြုံနဲ့ ပြန်ယှဉ်စဉ်းစားမိပါတယ်။

ကျနော်တို့ ဒီက Telecom တစ်ခုအတွက် application တစ်ခု setup လုပ်တုန်းကပါ၊ ကျနော်က servers setup လုပ်ရပါတယ်။ Solaris 8 ပေါ်မှာ။ သူတို့ server တွေထားတယ့် server room တွေမှာ ကျနော်တို့အတွက် internet access မရှိပါဘူး။ အဲ server ကိုတိုင်လည်း IP က approve မဖြစ်သေးလို့ link activate မဖြစ်သေးပါဘူး။ အဲတော့ ပြောရင် ဘာ network connection မှမရှိပါဘူး။ Documentation ပြင်ဆင်သွားပေမယ့် ရှန်းတတ်တယ့်ကျနော် documentation မှာအဆင့်ကျော်သွားပါတယ်။ ရှာစရာ internet လည်းမရှိဘူး။ အဲတုန်းက iphone မပေါ်သေးဘူး။ :D Windows mobile မကောင်းကြောင်းကတော့ ကျနော်မပြောတော့ဘူး။ ကျနော်တို့မှာ internet ကနေ ရှာဖို့ phone မှာရှာ လိုက်ဖတ် ၊ နောက်မှ ကျနော် အဆင့်ကျော်သွားတာမှန်းသိတယ်။ အဲတုန်းကဘာပဲလိုလို Google မှာရှာ တွေ့တယ့် အတိုင်းလုပ်လိုက်တာပဲ။ ရရင်ရ ၊ မရရင် ဆက်ရှာ။ ဒါပဲလုပ်တတ်တယ်။ အဲဒါကိုပဲ လုပ်တတ်နေပြီလို့ ကိုယ့်ဟာကို ထင်တာ။ Internet မရှိတယ့် နေရာမှာ အလုပ်လုပ်ဖူးပြီးမှ ငါတော်တော်လိုသေးတယ်လို့ သိတာ။ ဒါတောင် compilation မလုပ်ရလို့။

Internet က လေ့လာကြတာ အလွန်ကောင်းပေမယ့် internet ရှိမှ ဖြစ်ရင်တော့ မကောင်းဘူး။ Howto တွေရှာကြရင်လည်း ဘာကြောင့် ဒီ howto မှာ ဒီလို လုပ်သလည်းဆိုတာကို လေ့လာဖို့ သိပ်မလုပ်ကြဖူး။ Ubuntu howto ကို Fedora ပေါ်မှာ ပြန်အသုံးမချနိုင်တယ့် linux ဆရာတွေ တွေ့ဖူးပါတယ်။ ဒီ command ကရှိမှ မရှိတာ ဆိုပြီး fedora version howto ရအောင် လိုက်ရှာတာမျိုး။ နောက်တော့ ကျနော် README file တွေ ဖတ်ဖြစ်လာတယ်။ ဘာပဲ compile လုပ်လုပ် README အရင်ဖတ်တယ်။ ပြီးမှ internet မှာရှာတယ်။ ဒါလည်း reference အနေနဲ့ပါ။ Linux မှာ source file တွေမှာပါတယ့် text file တွေမှာ compilation / installation အတွက် ရှင်းပြထားတာမျိုး ပါလေ့ရှိပါတယ်။ ကျနော်လည်း နောက်မှတွေ့တယ်။ MySQL source file ထဲမှာ INSTALL-BINARY ဆိုတယ့် file တစ်ခုမှာ အဆင့်လိုက်ရှင်းပြထားပါတယ်။ အဲတုန်းကတော့ 20C temperature အခန်းထဲ ချွေးတွေပျံလို့။

အမြဲတန်း အလုပ်ဖြစ်သွားရုံထက် explore လုပ်ကြည့်ပါ အမှားမရှိပါဘူး။ ဒီလို စကားမျိုး Zero ရေးတယ့် post တွေမှာ ပါလေ့ရှိပါတယ်။ တစ်ခုကို ကောင်းကောင်းနားလည်ထားရင် မသိသေးတာတစ်ခုကို ရှာဖွေဖတ်ရင်လည်း နားလည်လွယ်ပါတယ်။ Google က ကျနော်တို့ရဲ့ ကိုးကွယ်ရာ မဟုတ်ပဲ ခိုင်းစားရုံလောက်ပဲ ခိုင်းစားကြရအောင်။


Divinity

Note : ကျနော် MySQL cluster setup လုပ်ရင်း စဉ်းစားမိတာ ရေးလိုက်တာပါ။ MySQL cluster setup ကတော့ ဆက်ပါအုန်းမယ်။ MySQL cluster အတွက် လိုအပ်တယ့် ndbd က CentOS repo ထဲမှာ မရှိပါဘူး။ Mysql-max က Redhat မှာ enterprise subscriber တွေအတွက်ပဲရှိပါတယ်။ အပြင် rpm ကို download မှာထက်တော့ MySQL site က tgz လေး download ပြီး ကိုယ့်ဟာကို setup လုပ်တာ ကျနော့်အတွက် ပို အဆင်ပြေပါတယ်။ ဒီည game မဆော့ဖြစ်ရင် mysql cluster ရေးပါအုန်းမယ်။ :D

Tuesday, July 13, 2010

IT Trends

ရေးခဲ့ဖူးတယ့် စာတွေ အားလုံးကို ပြန်စုထားချင်လို့ ဒီ post ကို ဒီမှာပါပြန်တင်လိုက်ပါတယ်။ Post အနေနဲ့ဆို သိပ်ရှည်လို့ pdf ကိုပဲတင်လိုက်ပါတယ်။
လွန်ခဲ့တယ့် တစ်နှစ်ကျော် June 2009 က ကျနော် Mystery Zillions မှာရေးခဲ့တယ့် ဆောင်းပါးပါ။ ကျနော့ရဲ့ ပထမဆုံးသော မြန်မာစာကို ရှည်ရှည်ရေးတယ့် post တစ်ခုပေါ့။ IT career ဘာရွေးရမှန်းမသိဘူး ဆိုတယ့်သူတွေအတွက်၊ ရွေးချယ်ထားတယ့်လမ်းမှာ ဘယ်လို အဆင့်တွေရှိမလည်းဆိုတာ နည်းနည်းလောက် တွေးမိသွားအောင်ရေးခဲ့တာပါ။ မြန်မာစာကို ကိုစိုးမင်းကြီးရဲ့ Burglish.com ကနေ ရိုက်ခဲ့တာမို့၊ စာလုံးပေါင်းအမှားတွေ အများကြီးဖြစ်နေပါတယ်။ ( အခုလည်း burglish သုံးနေတုန်းပါ၊ စာလုံးပေါင်းအမှားနည်းလာတာပဲရှိတယ် ၊ ) ဒီ post ကို pdf ပြန်လုပ်ပြီး တင်ပေးခဲ့တယ့် ကိုရသာကိုလည်း ကျေးဇူးတင်ပါတယ်။

PDF ကို ဒီမှာ download ပါ

Thanks
Divinity

Sunday, June 27, 2010

Linux မှာ virus မရှိဘူးဆို ?

အခုတစ်လော Linux မှာ virus မရှိလို့သုံးတယ်ဆိုတယ့် သူတွေများလာတယ်ဆိုတယ့်အကြောင်း ညီလေးတစ်ယောက်ကလာလာပြောနေတယ်။ Virus ကြောက်စရာမလိုလို့ Ubuntu ပဲသုံးတယ်ဆိုတယ့် သူတွေပေါ့။ Linux ကပျော်စရာ လည်းကောင်းသလို challenging လည်း ပိုများပါတယ်။ သူတို့ဘာသာ ဘာကြောင့်ပဲသုံးသုံးပါ သုံးဖြစ်ဖို့က အဓိကပေါ့။ သုံးဖြစ်သွားရင် သုံးရင်း လေ့လာရင်း သိလာလိမ့်မယ်။ ဒါပေမယ့် မသုံးဖြစ်တယ့် သူတွေ၊ လေ့လာမှု အားမကောင်းတယ့် သူတွေအတွက် idea အမှားကြီးဖြစ်ပြီး 'ဪ ကြားပြီးပြီလား၊ Linux ဆိုတာကြီးက virus မရှိဖူးတဲ့' ဆိုပြီး ယောင်တောင်တောင်နဲ့ ကိုယ်တိုင်လည်းမသိပဲ သံယောင်လိုက်မယ့်သူတွေ အတွက်တော့ မကောင်းဖူး။

Linux က bullet proof operating system တစ်ခုမဟုတ်ပါဖူး။ Security ကို အဓိက ဦးစားပေးစဉ်းစားထားတယ့် Unix ကို အခြေခံထားတာပဲရှိတယ်။ လူလုပ်တယ့် ကိစ္စ ဘယ်တော့မှ perfect မဖြစ်ဖူး၊ စိတ်ပူမနေနဲ့။ Windows နဲ့ ယှဉ်လိုက်ရင် Virus နည်းတယ်လို့ပဲပြောလို့ရတယ်။ နည်းလွန်းလို့ မရှိသလိုဖြစ်နေတာပါ။ ဘာကြောင့် နည်းတာလည်း ဆိုရင်တော့ ဒါတွေကြောင့်လို့ ကျနော်က မြင်တယ်။

၁။ အသုံးပြုမှုနည်းပါးခြင်း
Home user တွေကြားထဲမှာ Linux အသုံးပြုသူက 2% လောက်ပဲရှိပါတယ်။ ဒီလောက်လေးနဲ့ကြ virus/trojan ရေးတယ့်သူတွေကို မဆွဲဆောင်နိုင်ပါဘူး။ ကိုယ်ရေးတယ့် virus/trojan ပြန့်နိုင်စွမ်းလည်း နည်းမယ်။ အလုပ်လည်းသိပ်မဖြစ်ဖူးပေါ့။ ဒါနဲ့ပဲ Linux မှာ virus ရေးဖို့ သိပ်စိတ်မဝင်စားကြတာဖြစ်မယ်။ နောက်တော့ ရှိလာကြမှာပါ။

၂။ Advanced Users
လွန်ခဲ့တယ့် သုံးနှစ် 2007 လောက်ကထိ Linux ကသုံးရတာမလွယ်ကူပါဘူး။ လွယ်လွယ်ကူကူ သုံးချင်သူတွေ၊ Computer အကြောင်း သိပ်မသိချင်ပါဖူး၊ သုံးလို့ရပြီးတာပဲ ဆိုတယ့် သူတွေရဲ့ choice မဖြစ်ခဲ့ပါဖူး။ Linux သုံးတယ့် သူတော်တော်များများက IT နယ်ပယ်ထဲကလူတွေ၊ IT ကို အနည်းနဲ့ အများ စိတ်ဝင်စားတယ့် သူတွေ များပါတယ်။ ဒီ computer ပေါ်မှာ သူတို့ ဘာလုပ်နေတယ်ဆိုတာကို သေခြာသိတယ့် သူတွေမို့ ၊ security sense ရှိကြပါတယ်။ တွေ့ကရာ လျှောက် click ၊ install ဆိုပြီး လုပ်ကြမယ့် သူတွေမဟုတ်လို့ ဒီလိုလူတွေကို target ထားတာထက်စာရင် ၊ Pop-up တွေ့ရင် ကောက် click လိုက်မယ့် novice တွေကို ပိုပြီး target ထားတာကောင်းမှာပေါ့။ အဲလို novice တွေက သုံးရတာပိုလွယ်ကူတယ့် windows သုံးလေ့ရှိတယ်လေ။ အဲလို user တွေ Linux များများသုံးလာရင် Linux လည်း target ကောင်းတစ်ခုဖြစ်လာမှာပါ၊ စိတ်ဓာတ်မကျပါနဲ့။

၃။ Fix တွေထွက်တာမြန်တယ်
Opensource မို့လို့ lib တွေမှာ exploit တွေ flaw တွေရှိနေရင် ရှာဖွေတွေ့ရှိသူကတာ inform လုပ်၊ နောက်က fix လုပ်မယ့် သူတွေက အများကြီး။ ဒါကြောင့် Linux ရဲ့ exploit တွေက သိပ်ပြီး ကြိုးစားကြည့်ချင်စရာ မကောင်းဖူး။ ကိုယ်က ဒီနေ့ရှာတွေ့ နောက်နေ့ fix ထွက်နေပြီ။ User တွေ patch install လုပ်တာ မလုပ်တာ တစ်ပိုင်းပေါ့။ MS မှာတော့ Conficker တုန်းက exploit ရှာတွေ့တာနဲ့ fix က နှစ်လလောက်ကြာပါတယ်။ User က update မလုပ်မိတာတွေရှိလို့ ဒီ exploit က တစ်နှစ်လောက် ကောင်းကောင်း အလုပ်ဖြစ်နေတာပဲ။ ဒီလိုတွေရှိတော့လည်း လုပ်စားရ ပိုကောင်းတယ့် Windows က virus/trojan ပိုထွက်တာပေါ့။

ဒါ ထင်သာ မြင်သာ အချက်တွေပါ။ ဒါထက်ပိုတာတွေ ရှိအုန်းမှာပါ။ Unix / Linux မှာ အရင်တုန်းက rootkit ဆိုတယ့် အသုံးအနှုန်းက ပိုခေတ်စားပါတယ်။ Trojan လို backdoor လို ကောင်မျိုးပါပဲ။ Backdoor ပိုဆန်မယ်ထင်တယ်။ Kernel module တစ်ခုအဖြစ်၊ device driver တစ်ခုအဖြစ် ကိုယ့်ကိုကိုယ် ဟန်ဆောင်ပြီး Operation system တက်တိုင်း သူကပါလိုက်တက်လာမယ်၊ service တစ်ခု port တစ်ခု compromise ထားမယ်၊ attacker အတွက် ဝင်လမ်း ထွက်လမ်းဖွင့်ပေးထားမယ်ပေါ့။ ဒါပေမယ့် process list ထဲမှာတော့ မပေါ်ဘူး။ ဒါမျိုးက တကယ် intrude လုပ်ပြီးသွားမှ နောက်တစ်ခါ ပြန်ဝင်ရလွယ်အောင် လုပ်တာမျိုးပါ။ Virus / Trojan ဆိုတာမျိုးထက် advance ဖြစ်ပါတယ်။

ခုတော့ user information ခိုးတယ့် trojan လိုကောင်တွေတောင် linux မှာ ပေါလာပါပြီ။ Ubuntu / debian package ဖြစ်တယ့် deb file တွေမှာ trojan လေးတွေထဲ့ပေးတာတို့၊ tarball မှာကို ပါလာတာတို့ရှိလာပါပြီ။ Opensource မို့လို့ security fix ထွက်တာမြန်သလို ၊ opensource မို့လို့ trojan လေးထဲ့ပေးလိုက်ဖို့လည်း ပိုလွယ်ပါတယ်။ Deb တို့ rpm တို့ဆိုတာ လွယ်လွယ်ပြောရင် exe installer တွေလိုပါပဲ။ Run လိုက်ရင် ဘာတွေလုပ်မယ်၊ ဘယ်လမ်းကြောင်းအောက်မှာ ဘာထားမယ်၊ ဘယ် service ကို startup မှာတင် run အောင် service register မယ်၊ ဒါမျိုးတွေပါပဲ။ ပုံမှန် install လုပ်မယ့် action လေးအပြင် trojan install လေးပါထဲ့ပေးထားရင် သိမှာမဟုတ်ပါဘူး။

Tarball source file တွေဆိုလည်း ပြန်ပြင်ထားတယ့် source file လေးတွေထဲ့ပေးထား၊ user က compile ပြီး install လည်းလုပ်လိုက်ရော trojan လေးပါဝင်။ ဒါလည်းဖြစ်တာပဲ။ ပုံမှန်ကတော့ ယုံကြည်ရတယ့် site က repository ကမဟုတ်ရင် install မလုပ်ဖို့ပဲရှိပါတယ်။ Security အတွက် instller package က original အတိုင်းဟုတ်မဟုတ် ၊ ပြောင်းလည်းထားတာရှိမရှိ PGP တို့ GPG တို့လို hash matching / keys တွေနဲ့ ပေးလေ့ရှိပါတယ်။ ဒါကတော့ သုံးနေတယ့်သူတွေ သိမှာပါ။ GPG မကိုက်လို့ ၊ ဒါမှမဟုတ် official GPG မရှိလို့ install လုပ်မှာ သေချာလား ဆိုတယ့် confirmation မျိုးမေးတာ Ubuntu မှာလည်း ရှိပါတယ်။ ဒါမျိုးလေးတွေ နည်းနည်း တော့ ဂရုစိုက်ပေးရင် ပိုကောင်းပါမယ်။

AppArmor တို့ SELinux တို့လို့ security layer မျိုးထပ်သုံးရင်တော့ ပိုကောင်းပါတယ်။ ဘယ် user ၊ ဘယ် process က ၊ ဘယ် folder ကိုပဲ access ရမယ်၊ ဘယ်လို action မျိုးပဲရမယ် ဆိုတာမျိုးတွေက ပုံမှန် Unix / Linux ရဲ့ native ACL ထက် အများကြီး ပိုပြည့်စုံပါတယ်။ ဒါပေမယ့် အလုပ်ပိုလို့ Fedora တို့ ဘာတို့မှာဆို တော်တော်များများက disable ပြီး သုံးကြတယ်။ ကျနော်အပါအဝင်ပါ :D ။ သတိဆိုတာတော့ ပိုတယ်မရှိပေါ့ဗျာ။ ( သူများတွေအတွက်ပြောတာပါ )

ခုတစ်လော Unreal IRCD ရဲ့ news ကိုဖတ်မိလို့ ဒီ post ရေးဖြစ်သွားတာ။ Unreal IRCD ဆိုတာ opensource IRC server patform တစ်ခုပါ။ IRCD ထဲမှာတော့ နာမည် အရှိဆုံးပဲထင်တယ်။ သူတို့ရဲ့ Official download mirror တစ်ချို့က tarball တွေကို တစ်ယောက်ယောက်က trojan ပါတယ့် file တွေနဲ့ အစားထိုးသွားပါတယ်။ Compile / install လုပ်လိုက်ရင် trojan လေးပါ ပါလာမယ်။ ဒါတောင် official mirror တွေ။ သူတို့က GPG နဲ့ပေးတာမျိုးမဟုတ်တော့ file ရဲ့ integrity check မပါဖူးပေါ့။ ပြင်ထားလည်း User ဘက်ကမသိနိုင်ဖူး။

Linux မှာ virus တွေ trojan တွေရှိတယ်လို့ လှန့်တာမဟုတ်ပါဘူး။ Windows နဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်။ ရှိတာတော့ ရှိတာပါပဲ။ Linux က idiot proof OS တစ်ခုမဟုတ်ကြောင်းနဲ့ 'ငါတို့ကတော့ virus မကြောက်ရလို့ Linux ပဲသုံးတယ်' လို့ ပြုံးပြုံးကြီး မပြောမိအောင် သတိပေးတာပါ။ ကိုယ်ကိုတိုင်လည်း အမှားကြီးကို မှတ်ထား၊ သူများတွေကိုလည်း အမှားတွေ လျှောက်ပြောနေမိရင် ဆက်လေ့လာတယ့်နေရာမှာ သိထားတယ့် အကြောင်းအရာ အမှားကြီးတွေက ကန့်လန့်ခံနေလို့ ပိုပြီး ခက်ခဲနေမှာ ဆိုးလို့ပါ။ Santa Clause တကယ်ရှိမရှိနဲ့ ၊ Linux မှာ virus / trojan တကယ်ရှိမရှိက သူများပြောတာထက်. . သုံးရင်း ၊ လေ့လာရင်း ရှာဖွေတွေ့ရှိပါလိမ့်မယ်။


Divinity

Thursday, June 10, 2010

Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (3)

1994 မှာစတင်ကခဲ့ပြီး OpenSource community ရဲ့ leading company လို့ ကိုယ့်ကိုကိုယ် ခေါ်တယ့် company ကတော့ Redhat ပါ။ Opensource လို့ပြောတယ့် product တွေနဲ့ စီးပွါးရေးလုပ်တယ်ပဲပြောရမလားပဲ။ သူတို့ရဲ့ ကိုယ်ပိုင် proprietary component တွေ tools တွေကလွဲရင် Redhat Enterprise Linux တစ်ခုလုံးရဲ့ source code ကို opensource ပေးပါတယ်။ JBoss ဆိုလည်း Community version ဆိုပြီးရှိတယ်။ တချို့သော အစိတ်အပိုင်းတွေက လွဲရင် အားလုံး Opensource ပေးပြီး သူတို့က Technical Support တို့ Consultancy တို့ ရောင်းစားပါတယ်။

Redhat ကပေးထားတယ့် Source code တွေကို Community ကပြန် compile လုပ်ထားတဲ့ OS တွေရှိပါတယ်။ Redhat clone လို့လည်းခေါ်ကြတယ့် Redhat derivation တွေပါ။ အဲထဲမှာတော့ CentOS ၊ Scientific Linux နဲ့ Whitebox က လူသုံးကြပါတယ်။ အဲထဲမှာတော့ CentOS က လူသုံးအများဆုံးနဲ့ Redhat နဲ့ အတူဆုံးပါပဲ။ Desktop user / home user တွေကို အဓိကထားတာမဟုတ်လို့ End user application တွေ သိပ်မပါလှပါဘူး။ ( Redhat Enterprise Linux Desktop ဆိုပြီး ရှိပေမယ့် တစ်ခါမှ စမ်းဖို့ မကြုံသေးပါဘူး။ )

CentOS ကလည်း Linux Sever OS ထဲမှာ အတော်တွင်ကျယ်ပါတယ်။ Redhat Enterprise Linux နဲ့ CentOS က 95% လောက်အတူတူပါပဲ။ Redhat ရဲ့ source codes ကို centOS community / team ကပြန် compile လုပ်ထားတာပါ။ အဲဒါကြောင့် update တွေ patch တွေကြတော့ CentOS တို့ SL တို့ က နည်းနည်းနောက်ကြပါတယ်။ Redhat က release လုပ်ပြီးမှ လိုက် compile လုပ်တာကိုး။ Stability ပိုင်းမှာ စိတ်တိုင်းကြစရာ ကောင်းပါတယ်။

Redhat ကငွေကြေးအားဖြင့် ထောက်ပံ့ထားတယ့် Community linux တစ်ခုကတော့ Fedora ပါ။ Redhat Engineer တွေလည်း Fedora team မှာပါပါတယ်။ Community linux တို့ရဲ့ ထုံးစံအတိုင်း အမြဲတန်း အရှိန်အဟုန်နဲ့ သွားတယ့် linux တစ်ခုပါပဲ။ Fedora project က အမြဲတမ်း feature အသစ်အဆန်းလေးတွေ ထွက်လေ့ရှိတယ့် project လို့ပြောကြပါတယ်။ Fedora ရဲ့ တည်ထွင်မှုတွေဟာ စမ်းသက်မှုအဆင့်ဆင့်ကျော်ဖြတ်ပြီးရင် Redhat က မွေးစားလေ့ရှိပါတယ်။ စမ်းသပ်တယ့် နေရာလိုဖြစ်နေလို့ တစ်ချို့ Fedora version တွေဟာ buggy ဖြစ်တက်ပါတယ်။

ပြောဖို့ ကျန်သွားတယ်။ Oracle ရဲ့ Oracle Enterprise Linux ဆိုတာလည်းရှိပါတယ်။ 1998 မှာ Oracle က သူတို့ database product ကို Redhat ပေါ်မှာ run နိုင်ကြောင်း ( Supported OS) အဖြစ် ကြေညာပါတယ်။ နောက်တော့ ဘယ်လိုဖြစ်တယ်မသိ သူတို့ logo နဲ့ Linux ထွက်လာပါတယ်။ အနည်းငယ် ပြုပြင်ထားတယ်လို့တော့ သူများပြောဖူးတယ်။ ရောင်းတယ့် product ကို ကိုကပြန် ဖန်တီးပြီး ပြန်ရောင်းတာဆိုတော့ သိပ်မမိုက်ပါဘူး။ ပိုက်ဆံပေးရတာချင်းတူရင်တော့ origin ဖြစ်တယ့် Redhat က Technical Support ပိုသာမယ်လို့ ယူဆရတာပဲ။ Linux က Redhat အတွက်က main stream product ကိုး။

Redhat လိုပဲ rpm based linux လို့သတ်မှတ်ပြီး ( ဒါပေမယ့် Redhat ကိုအခြေမခံပါဘူး) Commercial product ကြီးနောက်တစ်ခုကတော့ Novell ရဲ့ SuSE enterprise ပါ။ ဟိုးအစတုန်းက Slackware ကိုအခြေခံခဲ့ပြီး ဖြေးဖြေးခြင်းကွဲထွက်လာတာ အခုဆို slack နဲ့ တော်တော်ကို မတူတော့ပါဘူး။ အသုံးတွင်ကျယ်မှုမှာတော့ Redhat ကိုမမှီပေမယ့် တကယ့် company အကြီးကြီးတွေရဲ့ mission criticle server တွေမှာတော့ ဝေပုံကြယူထားတာပါပဲ။ Technical support ပိုင်းနဲ့ Customer care မှာ Redhat ထက်တောင်သာတယ်လို့ ဆိုပါတယ်။ ( ဒါကတော့ ကို William ပြောတာပါ။ သူတို့ company မှာ SuSE ကိုပဲ အဓိကသုံးတယ်ဆိုလို့ မေးဖြစ်ခဲ့တာပါ။)

SuSE မှာလည်း Redhat ရဲ့ Fedora လို စမ်းသက်ကွင်းတစ်ခုရှိပါတယ်။ OpenSuse ပါ။ သူကလည်း beta လိုလို နဲ့ ကျနော်သုံးဖူးတုန်းကတော့ စိတ်လေစရာကောင်းလောက်အောင် buggy ခဲ့ပါတယ်။ KDE မို့လို့ ကြည့်ရတာ မိုက်ပါတယ်။ SuSE / OpenSuSE ရဲ့ GUI က တစ်ချို့နေရာတွေမှာ တော်တော်လှပါတယ်။ KDE တောင်မှ သူက ထက်ပြင်ထားတာမို့ Gnome တွေထက်တော့ memory ပိုစားပါတယ်။

စကားစပ်လို့ပါ၊ မှတ်မှတ်ရရ OpenSuSE ကို စိတ်နာစေတယ့် အကြောင်းလေးပေါ့။ အလုပ်ကဝင်ခါစ၊ Linux က သိပ်မတတ်တခေါက်၊ Samba ကို Active directory နဲ့ cross authenticate လုပ်ချင်လို့။ PAM တွေပြင်တယ် command line ကနေ။ GUI မှာ user account manager လေးဖွင့်ပြီး ပြန်ပိတ်လိုက်ရင် ကျနော်ပြင်ခဲ့သမျှ PAM configuration အကုန် roll back ပဲ။ မရှိတော့ဘူး။ အကုန် default တွေပြန်ဖြစ်ကုန်တယ်။ Samba မှာ Authentication method မှာ local authentication ( server) အစား AD authentication (ads) လို့ ပြင် ၊ save လုပ်၊ ပြန်ကြည့်ရှိသေးတယ်။ UI ကနေ Samba configuration wizard လေးဖွင့်လိုက်၊ ချက်ချင်း ဘာမှမပြင်ပဲ cancel လုပ်၊ ဟိုမှာ server ပြန်ဖြစ်နေပြီ။ UI က wizard လေးဖွင့်လိုက်မိတာနဲ့ အကုန်ပြန်လုပ်ရတာပဲ။ အဲဒါပြီးကတယ်က ကျနော် OpenSuSE ပြန်မသုံးဖြစ်တော့ပါဘူး။ o_O

ဒီနေ့ ခေါင်းကလည်းမူးနေသလိုလို အိပ်ချင်နေသလိုလိုနဲ့ ရေးထားတာ အဆက်အစပ်သိပ်မရှိဖူး။ နောက်မှ တစ်ချို့ဟာလေးတွေ ပြန်ဖြည့်ပါအုန်းမယ်။ Zero / Zero = Zero ပြောသလို ရုံးထဲမှာ အိပ်ငွေ့ချတယ့် ဓာတ်ရှိပုံရတယ်။ တစ်နေကုန် သူများရုံးမှာ သွားနေတာ လန်းဆန်းလို့ ၊ ရုံးလည်းပြန်လာရော 10 minutes မကြာဖူး လေးလံထိုင်းမှိုင်းပြီး အိပ်ငိုက်သွားတယ်။ နောက်နေ့ကြ ခုံပြောင်းထိုင်ကြည့်အုန်းမှပါ။ :(

Thursday, June 3, 2010

Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (2)

Linux distribution ခေတ်ဦးလောက် 1993 - 1994 ပတ်ဝန်းကျင်မှာ Slackware နဲ့ရှေ့ဆင့်နောက်ဆင့်နီးပါး ထွက်လာတယ့် distro ကတော့ Debian ပါ။ Operation System တွေထဲက အအောင်မြင်ဆုံး Community driven server OS လို့တောင်ပြောလို့ရပါတယ်။ Enterprise level linux server တွေမှာ Redhat ပြီးရင် လူသုံးအများဆုံးလောက်ရှိပါတယ်။ Stability အားကောင်းတယ့် Linux distro တစ်ခုပါ။ Ubuntu ရဲ့အဖေမို့ Ubuntu ကျွမ်းကျင်ရင် Debian လေ့လာရတာ မခက်ပါဘူး။ Community အလွန်အားကောင်းပါတယ်။ အဲဒီအတွက်လည်း Debian ဟာအလွန် up to date ဖြစ်ပါတယ်။ Re Debian package (.deb) တွေ ကို Commnity တစ်ခုလုံးက Engineer ထောင်နဲ့ချီ maintain လုပ်နေတာမို့ Commercial Linux တွေထက် update release ပိုမြန်ပါတယ်။ Library တစ်ခု ၊ package တစ်ခု version အသစ်ထွက်ရင် Debian repo တွေမှာလည်း update version ရှိနေပါပြီ။ Debian မှာ package manager အနေနဲ့ apt ကို အဓိကသုံးပါတယ်။ ကျနော်ကိုယ်တိုင်က Deb linux fans မဟုတ်ပေမယ့် package management မှာ apt က redhat ရဲ့ yum ထက်ပိုသာတယ်လို့ မြင်ပါတယ်။ Server OS မို့ laptop မှာသွင်းရင် driver လေးတွေ ကိုယ့်ဟာကိုယ် ရှာသွင်းရတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ webcam လိုဟာမျိုးပေါ့။

အဖေထက်သား တစ်လကြီးတယ့် Deb-based Linux ကတော့ ဇာတ်လိုက်ကျော် Ubuntu ပါ။ Community driven ပါပဲ။ Server OS နေရာမှာ Debian ကိုမကျော်နိုင်ပေမယ့် Desktop version ကတော့ Linux တစ်ခုအနေနဲ့ဆိုရင် ဟုန်းဟုန်းတောက်အောင်မြင်ပါတယ်။ Ubuntu က desktop တွေ laptop တွေအတွက် အဓိကထားထားတာမို့ hardware တော်တော်များများကို driver သိပါတယ်။ Release cycle က ခြောက်လတစ်ခါ release လုပ်တော့ အမြဲတန်း kernel အသစ် library အသစ် hardware driver အသစ်တွေနဲ့ အဆင်ပြေပါတယ်။ Install လုပ်လိုက်ရင် hardare အားလုံးနီးပါးက သုံးရန်အသင့်၊ လိုအပ်မယ့် package လေးတွေကလည်း default ပါပြီးသား၊ ထပ် install လုပ်ချင်ရင်လည်း GUI ကနေ click click နဲ့တင်ရတယ်။ Mouse လေးသုံးရမှ ကျေနပ်သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ Windows လောက် idiot proven usability မဟုတ်ပေမယ့် 90% လောက် ok မှာပါ။ Debian ရဲ့သားမို့ debian community ကိုအမွေဆက်ခံထားပါတယ်။ Windows မဝယ်ချင်လို့၊ Virus စိတ်ညစ်လို့ Linux ဖက်ပြောင်းလာသူတွေက Ubuntu ကိုရွေးလေ့ရှိတာမို့ beginner ဆန်ဆန်မေးခွန်းတွေ တော်တော်များများက ubuntuforum.org မှာရှိနေပြီးသားပါ။ မသိရင် မေးစရာတောင်မလိုဘူး။ သွားရှာ ၊ ရှိတယ်။

ဒါဆို တော်တော်အစဉ်ပြေတယ့် Linux ပဲလို့ပြောလို့ရပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒါကလည်း ကြားဖြတ်ပြောတယ့် ကျနော့ရဲ့personal အမြင်၊ အကြံပေးတာပါ။ သိပ် user friendly ဖြစ်လွန်းတော့ Windows အစားထိုးစစ်စစ်ဖြစ်နေတတ်ပါတယ်။ Windows သုံးတုန်းကလည်း Operation system လို့ပြောရင် မျက်လုံးအဝိုင်းသား၊ Ubuntu သုံးတော့လည်း ထိုနည်းလကောင်း။ User အတွက် အစဉ်ပြေပါတယ်။ Engineer ဖြစ်ချင်ရင်တော့ လေ့လာရုံလောက်ပဲ GUI ကိုအားကိုးသင့်ပါတယ်။ Linux ကိုတကယ် သိချင် တက်ချင်ရင်တော့ GUI ကို သိပ်မမှီခိုစေချင်ပါဘူး။ မဟုတ်ရင် Ubuntu user ပဲဖြစ်လာတတ်ပါတယ်။ Linux user ဖြစ်မလာတော့ပါဘူး။

Ubuntu က Gnome desktop နဲ့လာလေ့ရှိပြီး၊ Kubuntu ရယ်လို့ KDE နဲ့ လာတာလည်းရှိပါတယ်။ Ubuntu ကိုမှ အခြေခံတယ့် Educational version Edubuntu တို့ဘာတို့လည်းရှိသေးတယ်။ နောက်ထက် Ubuntu ကိုအခြေခံထားတယ့် အတိုင်းအတာတစ်ခုထိ အောင်မြင်တယ်လို့ပြောလို့ရတယ့် Linux ကတော့ Linux Mint ပါ။ သူလည်း home user တွေအတွက် ရည်ရွယ်တာမို့ OpenOffice တို့ Multimedia player တော်တော်များများတို့ အဆင်သင့်ပါလာပါတယ်။ သူလည်းလှလှပပနဲ့ သုံးရတာ အတော်လွယ်တယ့် Linux ပါပဲ။

Ubuntu လိုပဲ Debian အခြေခံတယ့် နောက်နာမည်ကြီး Linux တစ်ခုက Knoppix ပါ။ 2003 မှာ စတင်ခဲ့ပြီး Linux LiveCD distro ထဲမှာ သူစအောင်မြင်တာလို့ ပြောရမလားမသိဘူး။ သူ့ထက်စောတယ့် DemoLinux တို့ဘာတို့ရှိပေမယ့် ကျနော်တို့က 2004 လောက်မှ မျက်စိစပွင့်တာမို့ Knoppix နဲ့ပဲ စသိခဲ့တာပါ။ Install လုပ်စရာမလိုပဲ CD ပေါ်ကနေတင် boot တက်လို့ရတယ်။ အများအားဖြင့် rescue disc အနေနဲ့ အသုံးများပါတယ်။ အဲ အခုတော့ Ubuntu အပါအဝင် Linux တိုင်းနီးပါးက LiveCD option ပေးလာပါတယ်။ Download ပါ၊ စမ်းကြည့်ပါ၊ ကြိုက်မှ install ပါပေါ့။

ဒါကတော့ Deb based ထဲက ရောက်တက်ရာရာပဲ။ Rpm based ထဲက Redhat တို့ Fedora တို့၊ Slackware ကို အခြေခံတယ့် Novell ရဲ့ SuSE linux တို့ ၊ Linux from scratch တို့၊ Hacker လို့ကိုယ့်ကိုကိုယ် ခေါ်တယ့်သူတွေကြိုက်တယ့် Security auditing linux တွေ၊ SmoothWall တို့လို firewall linux တွေ ... တော်တော်များတာပဲ။ ရေးဖြစ်မယ် ဆိုရင်ပြောပါတယ်။ :D

Wednesday, June 2, 2010

Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း

အခုနောက်ပိုင်း မြန်မာ အိုင်တီ community တွေမှာ Linux အကြောင်းတွေပြောလာကြ သုံးတယ့်သူပိုများလာကြတာတွေ့ရတယ်။ Windows နဲ့ Operation System အတူတူပဲလို့ထင်ရာကနေ၊ Computer နဲ့ Windows ခွဲခြားမရတယ့်အနေအထားကနေ ပြောင်းလည်းလာတာတော့ ဝမ်းသာစရာပါ။ ဒါပေမယ့် Linux လို့ပြောရင် Ubuntu ပြေးပြေးမြင်တယ့်သူတွေ များများလာတာတော့ စိတ်ကသိကအောင့်ဖြစ်စရာပဲ။ Linux distro တွေအကြောင်းနည်းနည်းလောက် လေ့လာကြည့်ရအောင်။ ကျနော်သေချာမသိတယ့် မသုံးဖူးတယ့် distro တွေကို ရမ်းမတုတ်ချင်လို့ ထဲ့မပြောတော့ပါဘူး။ ကျနော်သိသလောက်ထဲက ဘယ် distro က ဘာတွေစိတ်ဝင်စားစရာကောင်းလည်းပဲ ပြောတော့မယ်။ ကျနော်သိသလောက်ထဲက ပြန်မျှဝေယုံလောက်ပါ။

Linux distro တွေမှာ တချို့က power user တွေအတွက်အဓိက ထားတာမျိုးရှိပါတယ်။အဲလို distro တွေက stability နဲ့ performance ကိုအဓိကထားပါတယ်။ Linux ကိုနားလည်းထားပြီးသား experienced user တွေအတွက်သာ အစဉ်ပြေပါတယ်။ ဥပမာပြောရရင်တော့ Gentoo နဲ့ Slackware ပါ။ Slackware က Linux history ရဲ့ သက်တမ်းအရင့်ဆုံး distro ပါ။ User က ကျွမ်းကျင်ရင် ကျွမ်းကျင်သလို customized လုပ်နိုင်လို့ ကိုယ့်စိတ်တိုင်းကြ ရနိုင်တယ်လို့ ဆိုကြပါတယ်။ အဲ၊ တကယ်လို့ Linux အကြောင်းကို မတောက်တခေါက်တောင် မသိဘူး၊ သူများပြောတာ နားမယောင်ဘူး၊ ခုမှ Linux ကိုနားလည်ချင်လို့ စစမ်းချင်တာဆိုရင်လည်း Gentoo သို့မဟုတ် Slackware ကိုသုံးတာ အကောင်းဆုံးလို့ ပြောကြပါတယ်။ တကယ်တမ်း စိတ်ရှည်ရှည်နဲ့ အသေးစိတ်လေ့လာချင်တယ် ဆိုရင်ပါ။ Gentoo သို့မဟုတ် Slackware သုံးတက်တာဟာ Linux သုံးတတ်တာပဲ လို့ Senior တွေပြောတာ မှတ်သားဖူးတယ်။ စိတ်ရှည်ရှည်ထားနိုင်ရင် အကောင်းဆုံး distro တွေပေါ့။

ဖတ်ရတာတော့ စိတ်ဝင်စားစရာ distro ပဲ၊ ဘာလို့ မသုံးကြတာလည်း ? သုံးကြပါတယ်။ အလွယ်တကူမရှိလို့ Home user usable မဖြစ်လို့၊ လူသုံးနည်းတာပါ။ Package တွေကိုယ်တိုင် compile လုပ် configure လုပ်ရတာ စိတ်ဝင်စားစရာကောင်းပေမယ့် အလျှင်လိုလို့မရပါဘူး။ ဒီနေ့ install လုပ်၊ နောက်နေ့သူများတွေရှေ့ 'တွေ့လား ငါ linux သုံးနေတာ' လုပ်ချင်ရင်တော့ ဒီ distro မျိုးနဲ့ အစဉ်မပြေပါဘူး။ Linux system တစ်ခုရဲ့ အလုပ်လုပ်ပုံ၊ kernel module တွေ၊ package တွေ compile လုပ်တာ၊ Makefile တွေ၊ လိုအပ်တယ့် library တွေ ၊ behind the scene က အကြောင်းအရာတွေ သိချင်ရင်တော့ စိတ်ဝင်စားစရာ ကောင်းတယ့် Linux distro တွေပါ။

.............................
အင်းးးးးးးးးးးးး အားလုံး အစအဆုံးရေးပြီးမှတင်ချင်ပေမယ့် ကျနော့ google docs ထဲမှာလည်း ရေးလက်စတွေ တော်တော်များနေပြီ။ အလကားသိမ်းထားတာပဲ အဖတ်တင်နေမှာဆိုးလို့ ဒါကို အရင်တင်လိုက်ပါတယ်။ xD