Showing posts with label Greetings. Show all posts
Showing posts with label Greetings. Show all posts

Tuesday, February 2, 2010

နှုတ်ခွန်းဆက် ...

ကျွန်တော်တို့ အနေနဲ့ ကိုယ်လေ့လောနေတာတွေကို ပြန်ပြောဖို့ စဉ်းစားမိကြတာတော်တော်လေးကြာပါပြီ။ မနှစ်ကကတည်းက စာအတူရေးဖို့ ညှိနေတာ ဟိုရွှေ့ဒီရွှေ့လုပ်နေတာနဲ့ မလုပ်ဖြစ်သေးတာ အတော်လေးကြာပါတယ်။ ကိုယ်လုပ်ဖြစ်တာတွေပဲရေးမှာဖြစ်လို့ အရမ်းကို Technical ဆန်တာတွေပဲဖြစ်မှာပါ။ လိုအပ်တာတွေကို မြန်မာလိုချည်းပဲ ရေးလို့အဆင်မပြေတဲ့အခါ English လို ရေးတာတွေလည်း စုစည်းပြီးထည့်ပေးဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့တွေက အပိုလုပ်တွေ လုပ်မှာမဟုတ်တဲ့အတွက် အလုပ်လုပ်နေရင်း တွေ့ရကြုံရတဲ့ပြဿနာတွေကိုပဲ ရေးဖြစ်မှာပါ။ သူငယ်ချင်းတွေထဲက ရေးဖို့စိတ်ဝင်စားတဲ့သူတွေကိုလည်းဖိတ်ခေါ်ပါတယ်။ လောလောဆယ်တော့ JAVA အတွက်တစ်ယောက်နဲ့ Network အတွက် တစ်ယောက်ရေးဖို့ရှိပါတယ်။ Professional ဆန်ဆန်ပြောတာမျိုးတွေကို ပြန်ပြီးဆွေးနွေးသွားဖြစ်ပါမယ်။ ... နည်းပညာသမားတွေအတွက် ပျော်စရာကောင်းမယ့် ဘလော့ခ်တစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Just to Prove, we Myanmar are smart.