တခြား database တွေလည်း သိပ်မရင်းနှီးတော့ တခြား database တွေမှာ ခက်လားမခက်လား တော့ မသိဘူး။ MySQL မှာတော့ မခက်ပါဘူး။ MySQL server command တွေထဲမှာ skip-grant-tables ဆိုတယ့် option ရှိပါတယ်။ Privileges system ကို မသုံးပဲ ၊ database အားလုံးကို unrestricted access ဖြစ်သွားပါတယ်။ Database downtime လေး မိနစ်ဝက်လောက်တော့ ရှိမှာပေါ့။ ဘယ်တတ်နိုင်မလည်း ။
ပထမဆုံး MySQL ကို --skip-grant-tables option နဲ့ ပြန်စပါ။
> mysqld_safe --skip-grant-tables &
နောက်ဆုံးက Ampersand (&) လေးကတော့ process ကို background process အဖြစ် run လိုက်တာပါ ။ ဒီလို run လိုက်ရင် MySQL က ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရပြီ ။
> mysql
Root user အနေနဲ့ MySQL ထဲကို ဝင်သွားပါလိမ့်မယ်။ အဲကြမှ password မြန်မြန် reset လုပ်ပေါ့။
mysql> UPDATE mysql.user SET password=PASSWORD('New-password') WHERE User='root';
Mysql database ထဲက user ဆိုတယ့် table မှာ password ဆိုတယ့် column ကို update လိုက်တာပေါ့။ နောက်က Password(' ') ဆိုတာကြီးကတော့ MySQL ရဲ့ password hashing function ပါ။ Query မှာတုန်းက plain text ကြီးနဲ့ ရိုက်ပေမယ့် database ထဲကို hash အနေနဲ့ insert သွားလုပ်လိမ့်မယ်။ ဒီ query က တခြား mysql account password မေ့ရင်လည်း အသုံးတဲ့ပါတယ်။
ပြီးရင် flush privileges လုပ်လိုက်ရင် privileges system ပြန်ပြီး active ဖြစ်ပါပြီ။ ဆိုလိုတာက ပုံမှန်အတိုင် တခြား account restriction တွေပြန်ရှိပြီပေါ့။ ကျနော်ကတော့ MySQL ကို restart ပြန်လုပ်လေ့ရှိပါတယ်။ init script ကို ပြန်ခေါ်ပြီး restart ချလိုက်တာ ဘာလောက်မှမကြာပါဘူး။
ကဲ ဒါဆို MySQL root password reset ရသွားပြီ။ ကျန်တာတော့ ကိုယ့်ဟာကို export ဆက်လုပ်တော့ပေါ့။ :)
Divinity