အခုနောက်ပိုင်း မြန်မာ အိုင်တီ community တွေမှာ Linux အကြောင်းတွေပြောလာကြ သုံးတယ့်သူပိုများလာကြတာတွေ့ရတယ်။ Windows နဲ့ Operation System အတူတူပဲလို့ထင်ရာကနေ၊ Computer နဲ့ Windows ခွဲခြားမရတယ့်အနေအထားကနေ ပြောင်းလည်းလာတာတော့ ဝမ်းသာစရာပါ။ ဒါပေမယ့် Linux လို့ပြောရင် Ubuntu ပြေးပြေးမြင်တယ့်သူတွေ များများလာတာတော့ စိတ်ကသိကအောင့်ဖြစ်စရာပဲ။ Linux distro တွေအကြောင်းနည်းနည်းလောက် လေ့လာကြည့်ရအောင်။ ကျနော်သေချာမသိတယ့် မသုံးဖူးတယ့် distro တွေကို ရမ်းမတုတ်ချင်လို့ ထဲ့မပြောတော့ပါဘူး။ ကျနော်သိသလောက်ထဲက ဘယ် distro က ဘာတွေစိတ်ဝင်စားစရာကောင်းလည်းပဲ ပြောတော့မယ်။ ကျနော်သိသလောက်ထဲက ပြန်မျှဝေယုံလောက်ပါ။
Linux distro တွေမှာ တချို့က power user တွေအတွက်အဓိက ထားတာမျိုးရှိပါတယ်။အဲလို distro တွေက stability နဲ့ performance ကိုအဓိကထားပါတယ်။ Linux ကိုနားလည်းထားပြီးသား experienced user တွေအတွက်သာ အစဉ်ပြေပါတယ်။ ဥပမာပြောရရင်တော့ Gentoo နဲ့ Slackware ပါ။ Slackware က Linux history ရဲ့ သက်တမ်းအရင့်ဆုံး distro ပါ။ User က ကျွမ်းကျင်ရင် ကျွမ်းကျင်သလို customized လုပ်နိုင်လို့ ကိုယ့်စိတ်တိုင်းကြ ရနိုင်တယ်လို့ ဆိုကြပါတယ်။ အဲ၊ တကယ်လို့ Linux အကြောင်းကို မတောက်တခေါက်တောင် မသိဘူး၊ သူများပြောတာ နားမယောင်ဘူး၊ ခုမှ Linux ကိုနားလည်ချင်လို့ စစမ်းချင်တာဆိုရင်လည်း Gentoo သို့မဟုတ် Slackware ကိုသုံးတာ အကောင်းဆုံးလို့ ပြောကြပါတယ်။ တကယ်တမ်း စိတ်ရှည်ရှည်နဲ့ အသေးစိတ်လေ့လာချင်တယ် ဆိုရင်ပါ။ Gentoo သို့မဟုတ် Slackware သုံးတက်တာဟာ Linux သုံးတတ်တာပဲ လို့ Senior တွေပြောတာ မှတ်သားဖူးတယ်။ စိတ်ရှည်ရှည်ထားနိုင်ရင် အကောင်းဆုံး distro တွေပေါ့။
ဖတ်ရတာတော့ စိတ်ဝင်စားစရာ distro ပဲ၊ ဘာလို့ မသုံးကြတာလည်း ? သုံးကြပါတယ်။ အလွယ်တကူမရှိလို့ Home user usable မဖြစ်လို့၊ လူသုံးနည်းတာပါ။ Package တွေကိုယ်တိုင် compile လုပ် configure လုပ်ရတာ စိတ်ဝင်စားစရာကောင်းပေမယ့် အလျှင်လိုလို့မရပါဘူး။ ဒီနေ့ install လုပ်၊ နောက်နေ့သူများတွေရှေ့ 'တွေ့လား ငါ linux သုံးနေတာ' လုပ်ချင်ရင်တော့ ဒီ distro မျိုးနဲ့ အစဉ်မပြေပါဘူး။ Linux system တစ်ခုရဲ့ အလုပ်လုပ်ပုံ၊ kernel module တွေ၊ package တွေ compile လုပ်တာ၊ Makefile တွေ၊ လိုအပ်တယ့် library တွေ ၊ behind the scene က အကြောင်းအရာတွေ သိချင်ရင်တော့ စိတ်ဝင်စားစရာ ကောင်းတယ့် Linux distro တွေပါ။
.............................
အင်းးးးးးးးးးးးး အားလုံး အစအဆုံးရေးပြီးမှတင်ချင်ပေမယ့် ကျနော့ google docs ထဲမှာလည်း ရေးလက်စတွေ တော်တော်များနေပြီ။ အလကားသိမ်းထားတာပဲ အဖတ်တင်နေမှာဆိုးလို့ ဒါကို အရင်တင်လိုက်ပါတယ်။ xD
Wednesday, June 2, 2010
Friday, May 14, 2010
Interview Tips and Tricks and Flips ...
Hi all,
Java Interview အတွက် ပြင်ဆင်သွားရမှာတွေပြောချင်လို့ပါ။
ပြင်ဆင်စရာရှိတာတွေထဲမှာ အရေးအကြီးဆုံးက ဂျပိုးကို စူဠလိပ်လောက်ဖြစ်အောင်ပြောဖို့လည်းပါပါတယ်။ ကိုယ်လုပ်ဖူးတာက ကျောင်းမှာလုပ်တဲ့ ပရောဂျတ်အသေးစားလေးဖြစ်ချင်ဖြစ်မယ်။ အဲဒါကိုတောင် နည်းနည်းလေး ဇာတ်လမ်းပြောင်းလိုက်ပါ။ ပရောဂျတ်ကြီးတစ်ခုအတွက် prototype လို လုပ်ရတယ်လို့ပြောပါ။ Technology တွေလည်း မှန်မှန်ကန်ကန်ပြောပါ။ လိုအပ်ရင် ကိုယ်သေချာသိနေတဲ့ Technology တွေ စကားကြုံတုန်း မသိတဲ့သူကို ရှင်းပြသလို စိတ်အားထက်သန်စွာရှင်းပြပါ။
မသိတာတွေ၊ မထင်မှတ်တာတွေမေးရင် ဘာမှမဖြေခင် သူမေးတဲ့မေးခွန်းက အတော်လေး ပညာသားပါတဲ့မေးခွန်းပဲ ဘာညာ စကားရောဖောရောလုပ်ပါ။ အဲဒီလိုပေါက်ကရလေးတွေပြောနေတုန်း ခိုးပြီးစဉ်းစားနေပါ။ ကြောင်အပြီးမနေပါနဲ့ ...။ အော်ဒါလား ... ဒါက ဒီလို ....ဆိုရင် ဘယ်လိုတော့ရလိမ့်မယ်ဆိုတဲ့ သိပြီးသားတစ်ခုကို ရှင်းပြသလို နည်းနည်း စတိုင်ထုတ်ထားပါ။ ဘာမှမသိရင်တော့ စကားကို မသိဘူး လို့မရပ်လိုက်ပါနဲ့ ....။ ကိုမောင်စိန်သုံးပါ။ (common sense) ... တစ်ချို့ပြဿနာတွေက သူသာမေးနေတယ် သူလည်း သိချင်မှသိမယ် လို့ နှလုံးသွင်းပြီး ဒီလိုလုပ်ရင်တော့ ဖြစ်လောက်တယ်ဆိုတာမျိုးပြောပါ။
ကိုယ့်ရဲ့အရည်အချင်းကို ကိုယ့်ဘာသာကို အမှတ်ပေးခိုင်းတယ်ဆိုပါစို့ ...။ ၁၀ က အမြင့်ဆုံးဆိုရင် ၇၊ ၈ တွေလောက်ပေးပစ်ပါ။ ကိုယ့်ကို သူတို့ဘာသူတို့ အထင်သေးပါစေ။ အခုတော့ ရက်ရက်ရောရောပေးလိုက်ပါ။ ကိုယ့်ဘာသာကိုယ်ထင်တာက ပြဿနာမရှိပါဘူး။ လုပ်ရင်းကိုင်ရင်းဖြစ်သွားမှာပါ။ လောလောဆယ်က ကိုယ်က ဘာမှမလုပ်တတ်ဘဲ အလုပ်လာလျှောက်တာမဟုတ်ဘူးဆိုတာကို နည်းမျိုးစုံနဲ့သိအောင်လုပ်ပါ။
ကိုယ့်ကိုမေးတာတွေပိုပိုခက်လာရင် အချိန်အမြန်ပြည့်အောင် မဆိုင်တာတွေ တစ်ချက်တစ်ချက်မေးပြီး လမ်းလွှဲပစ်ပါ။ ဒီမှာက ဘယ်လိုလုပ်လဲဘာညာ။ မန်နေဂျာလည်း အသည်းနဲ့ပဲဆိုတော့ သူ့ရဲ့ ချစ်လှစွာသော အလုပ်ကြီးအကြောင်း နားထောင်မယ့်သူရှိရင် ရင်ဖွင့်ချင်တာပါပဲ။ မေးခွန်းတွေကို ဖြေရင် စနစ်တကျဖြေပါ။ မီးစင်ကြည့်ကသလို မေးတာကို တည့်တည့်မသိရင် သိတဲ့နေရာက စပါ။ ဒါတော့ မသိဘူးဆိုတာထက် ၊ ဒါတော့ မလုပ်ဖူးဘူး။ ဒါပေမယ့် အလားတူမျိုး ဒါတော့သိတယ်။ လုပ်ခိုင်းရင်တော့ လုပ်နိုင်ပါတယ်ဆိုတဲ့သဘောမျိုးပြောပါ။
ကိုယ်လုပ်ရမယ့်အလုပ်ကို သိပ်ပြီးစိတ်အားထက်သန်ပြပါ။ အင်မတန် ပြောင်လက် အရောင်ထွက်တဲ့မျက်လုံးတွေနဲ့ လိုအပ်ရင် ငြင်းပစ်လိုက်မယ်ဆိုတဲ့ပုံစံမျိုး ....မင်းမခန့်လည်း ဒီလောက်တော်တဲ့သူ ဘယ်သွားသွားဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒီဇိုင်းဆင်ထားပါ။ ဒီကောင်သေချာလှချည်လားတွေဘာတွေဖြစ်သွားအောင် ပြောပစ်ပါ။
Technical နဲ့ပတ်သက်တာတွေ အားနေရင် များများဖတ်ပါ။ တကယ်မလုပ်တတ်လား လုပ်တတ်လားက ဘယ်သူမှသေချာမသိဘူး။ မေးလိုက်တိုင်း သိနေရင်တော့ ကြိတ်ကြည်ညိုကြတာ လူတိုင်းရဲ့သဘောထားပါပဲ။ အဲဒါအတွက်ကတော့ ရှော့ခတ်( short-cut) မရှိပါဘူး။ Forum တွေမှာဖတ်ပြီးလေ့လာပါ။ ပါးစပ်ထဲမှာ ပရောဂျတ်တစ်ခုကို အာဂုံဆောင်ထားပါ။ အဲဒီမှာတုန်းက ဒါကို ဘယ်လိုလုပ်လိုက်တာပဲဆိုတာမျိုးပြောပါ။ အဲဒါဆို နေရင်းထိုင်ရင်း ကိုယ်က အကုန်လုပ်ဖူးနေသလိုဖြစ်လာပါလိမ့်မယ်။ သေချာဖတ်ထားပါ။ ရောပြီးမပြောမိပါစေနဲ့။ ပိုပြီးအဆင့်မြင့်မြင့်ဖြေချင်ရင် overview ရေးတဲ့ sites တွေမှာ pros and cons တွေ မှတ်မှတ်ထားပါ။ မင်းပြောတာမှာ အဲဒါတော့ဖြင့်မကောင်းဘူး ဆိုရင် သူလည်း သိပ်အများကြိးမေးမှာမဟုတ်တော့ပါဘူး။ ကိုယ့်ကိုဗျူးသလိုလို သူ့ကိုဗျူးသလိုလိုဖြစ်မှာကို ဘယ်သူမှ မခံချင်ပါဘူး။
အားနေရင် Certificate ယူထားပါ။ အတူတူလုပ်တတ်တာတူပေမယ့် certificate speaks louder ....။ ကိုယ့်က မပြောလည်း certificate အရ သူသိသင့်တာတော့သိမှာပဲလို့ အယူမှားမိကြတာပါပဲ။ မကြာမကြာပြုံးပြီးဖြေပါ။ လွယ်လိုက်တာဆိုတဲ့ အထာလေ။ အမှန်တော့ အထဲမှာ ကြိတ်ပြီးကြံနေတာ။ ခက်တာတွေမေးတိုင်း အော် ဒီလိုလား ဒါဆိုရင်တော့ ဆိုပြီး ခဏလေးစဉ်းစားပြီး အကောင်းဆုံးကိုဖြေပါ။ ဒါကိုမကြိုက်သေးဘူးလို့ခံစားရရင် ... နည်းနည်းထပ်တွေးပြီးထပ်ဖြည့်စွက်ပါ။ အဖြေတွေ ဒီလောက်ထွက်နေတဲ့သူကို ဆက်မမေးတာကောင်းမယ်လို့ ယူဆလောက်အောင်ဖြေလိုက်ပါ။ တကယ်လို့ သိပ်ခက်ပြီး Technical ဆန်ရင် နမူနာ scenerio လေးပြောပါဆိုပြီး သူ့ကို ပြန်ပြောခိုင်းပြီး လိုက်စဉ်းစားပါ။ အဲဒီလိုဆို ဘယ်လိုလုပ်မလဲ ဆိုရင် ကိုယ်လုပ်ဖူးတာနဲ့ အတူဆုံးကိစ္စကနေပြန်စပြိး သိုင်းသိုင်းဝန်းဝန်းဖြေပါ။
မကြောက်ပါနဲ့။
အလုပ်မရတာဟာ သေမိန့်ကျတာမဟုတ်သေးပါဘူး။
အကောင်းဆုံး လေ့ကျင့်နေတယ်လို့သဘောထားပြီးဖြေလိုက်ပါ။
မေးတဲ့သူကိုလည်း လေးလေးစားစားပြောပါ။ ဒါပေမယ့် manner ရှိရှိပြောပါ။ သိပ်ပြီးအောက်ကျို့တဲ့ပုံစံမလုပ်ပါနဲ့။ အတူတူ လုပ်ဖော်ကိုင်ဖက်ဖြစ်လာတဲ့အခါ အများကြီးအကျိုးရှိသွားစေမယ့်လူမျိုးလို့ သူလက်ခံလာအောင် ကိုယ့်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးကိုပြသပါ။
အင်တာဗျူးဖြေပြီးရင် စိတ်ပါလက်ပါ လက်ဆွဲနှုတ်ဆက်ပါ။
ရယ်ရယ်မောမော စကားပြောပါ။
အားလုံး အိုကေသွားမှာပါ။
ဘယ်ရုံးမဆို ပျော်ပျော်နေတတ်ပြီး အလုပ်လုပ်ချင်စိတ်ရှိတဲ့သူတစ်ယောက်ကို လိုချင်ကြမှာပါ .....။
Keep Hope Alive !!!!
Fighting!!!!!
လိုအပ်ရင်ပြောဖို့
http://www.techinterviews.com/interview-questions/java
ဒီခေါင်းစဉ်တွေကိုလည်းဖတ်ထားပါ။
Struts
EJB
Spring
Hibernate
SQL (Oracle,MS SQL, MySQL)
MVC
Ajax

http://www.techinterviews.com/
ဒီခေါင်းစဉ်တွေကိုလည်းဖတ်ထားပါ။
Struts
EJB
Spring
Hibernate
SQL (Oracle,MS SQL, MySQL)
MVC
Ajax
Labels:
Interview tips
Thursday, March 18, 2010
NTFS Filesystem support on Linux
Ubuntu တို့ Fedora တို့မှာတော့ NTFS support က အစကတည်းကပါလာလိမ့်ရှိပါတယ်။ ဒါတောင်တခါတစ်လေကြ read ပဲရပြီး write မရပဲဖြစ်တက်သေးတယ်။ ကျနော်က CentOS အသုံးများတော့ CentOS မှာက NTFS write support မပါတက်ဖူး။ Kernel recompile ရင်တော့ရပေမယ့် NTFS write လေးရဖို့ kernel တော့ recompile မလုပ်ချင်ဖူး။ NTFS read/write ရအောင် NTFS-3G ဆိုတယ့် FS module ရှိတယ်။ RPMforge repository မှာရှိပါတယ်။ လွယ်လွယ်ကူကူ အဲဒါလေးပဲ install လိုက်တာကောင်းပါတယ်။
အရင်ဆုံး rpm-forge repo ကို yum repo ထဲမှာထဲ့ဖို့လိုပါတယ်။ ဒါမှ yum နဲ့ install လုပ်ရင် သူ့ဟာသူ dependency resolving လုပ်သွားမှာ။ မဟုတ်ရင် ကိုယ့်ဟာကိုယ် dependency တွေ install နေရမယ်။ CentOS လို့ယူဆပြီးပဲ ပြောပါမယ်။ ဒါပေမယ့် RPM အလုပ်လုပ်တယ့် Linux တိုင်းမှာ ရမှာပါ။
1. rpmforge rpm လေးအရင် download မယ်။ (wget ကတော့ ရှိပြီးသားလို့ ယူဆလိုက်ပါတယ်။ မရှိရင်တော့ wget အရင် သွင်းပါ။)
2. GPG key import လုပ်မယ်။ မဟုတ်ရင် RPM ကို install လုပ်လို့မရပဲဖြစ်နေပါလိမ့်မယ်။ 3rd party RPM ဖြစ်နေလို့ပါ
3. RPM ကိုအရင်စစ်
4. RPMforge repo install လုပ်မယ်
ဒီလို လုပ်လိုက်ခြင်းအားဖြင့် နောက် install လုပ်တိုင်း CentOS repo က တင်မဟုတ်ပဲ RPMforge repo ကပါ package တွေကိုရှာပါလိမ့်မယ်။
5. RPMforge repo မှာရှိတယ့် package တွေရဲ့ list ကို အရင် build လုပ်ရပါအုန်းမယ်။
6. Kernel version လေး တစ်ချက် ကြည့်ရအောင်။ ဒါအရေးကြီးပါတယ်။ Kernel version နဲ့ kernel-devel version က တူဖို့လိုပါတယ်
7. Kernel-devel install လုပ်မယ်။
တကယ်လို့ Kernel devel နဲ့ Kernel နဲ့ version မတူရင် kernel ပါပြန် install လုပ်ပြီး restart တစ်ခါချရပါလိမ့်မယ်။ Kernel အသစ်နဲ့ boot လုပ်ပြီးမှ ကျန်တာ ဆက်လုပ်ပါ။
8. လိုအပ်တယ့် Package တွေကို တစ်ခါထဲ install လုပ်ရအောင်
9. NTFS partition ကို Linux ပေါ်မှာ mount လို့ရပါပြီ
Mount point ကတော့ ကိုကြိုက်ရာနဲ့ အစားထိုးပေါ့။ အစကတည်းက ကြိုပြီး create မထားရင်လည်း အခု create လို့ရပါတယ်။ Windows partitions ကိုမသိရင်တော့ fdisk နဲ့ကြည့်ပါ။
ကြလာတယ့် table ထဲက NTFS file system နဲ့ partition ကိုမှတ်ထား။ ဆိုကြပါတော့ /dev/hda2 ဆိုရင် အပေါ်က /windows-partition နေရာမှာ /dev/hda2 ကို အစားထိုးလိုက်ပါ။ စမ်းကြည့်ပါ အဆင်ပြေမှာပါ။
Divinity

#wget http://apt.sw.be/redhat/el5/en/i386/RPMS.dag/rpmforge-release-0.3.6-1.el5.rf.i386.rpm
2. GPG key import လုပ်မယ်။ မဟုတ်ရင် RPM ကို install လုပ်လို့မရပဲဖြစ်နေပါလိမ့်မယ်။ 3rd party RPM ဖြစ်နေလို့ပါ
#rpm --import http://dag.wieers.com/rpm/packages/RPM-GPG-KEY.dag.txt
3. RPM ကိုအရင်စစ်
#rpm -K rpmforge-release-0.3.6-1.el5.rf.i386.rpm
4. RPMforge repo install လုပ်မယ်
#rpm -i rpmforge-release-0.3.6-1.el5.rf.i386.rpm
ဒီလို လုပ်လိုက်ခြင်းအားဖြင့် နောက် install လုပ်တိုင်း CentOS repo က တင်မဟုတ်ပဲ RPMforge repo ကပါ package တွေကိုရှာပါလိမ့်မယ်။
5. RPMforge repo မှာရှိတယ့် package တွေရဲ့ list ကို အရင် build လုပ်ရပါအုန်းမယ်။
#yum check-update
6. Kernel version လေး တစ်ချက် ကြည့်ရအောင်။ ဒါအရေးကြီးပါတယ်။ Kernel version နဲ့ kernel-devel version က တူဖို့လိုပါတယ်
#uname -r
7. Kernel-devel install လုပ်မယ်။
#yum install kernel-devel
တကယ်လို့ Kernel devel နဲ့ Kernel နဲ့ version မတူရင် kernel ပါပြန် install လုပ်ပြီး restart တစ်ခါချရပါလိမ့်မယ်။ Kernel အသစ်နဲ့ boot လုပ်ပြီးမှ ကျန်တာ ဆက်လုပ်ပါ။
8. လိုအပ်တယ့် Package တွေကို တစ်ခါထဲ install လုပ်ရအောင်
#yum install fuse fuse-ntfs-3g dkms dkms-fuse
9. NTFS partition ကို Linux ပေါ်မှာ mount လို့ရပါပြီ
#mount -t ntfs-3g /mount_point /windows_partition
Mount point ကတော့ ကိုကြိုက်ရာနဲ့ အစားထိုးပေါ့။ အစကတည်းက ကြိုပြီး create မထားရင်လည်း အခု create လို့ရပါတယ်။ Windows partitions ကိုမသိရင်တော့ fdisk နဲ့ကြည့်ပါ။
#fdisk -l
ကြလာတယ့် table ထဲက NTFS file system နဲ့ partition ကိုမှတ်ထား။ ဆိုကြပါတော့ /dev/hda2 ဆိုရင် အပေါ်က /windows-partition နေရာမှာ /dev/hda2 ကို အစားထိုးလိုက်ပါ။ စမ်းကြည့်ပါ အဆင်ပြေမှာပါ။
Divinity
Server Clustering ဆိုတာ . . . (2)
Clustering မှာ ဘယ်လိုအဆင့်တွေရှိလည်း ?
ခေါင်းစဉ်က သိပ်မကွဲပါဘူး။ မြန်မာစာ ပညာရှိမဟုတ်တော့ စကားလုံးရွေးရတာ တခါတလေ မလွယ်ဘူး။ Clustering မှာ ဘယ်လို level အလိုက်ရှိလည်းလို့ပြောရင် ပိုကောင်းမယ်။
1. Network Level Clustering
2. Service Level Clustering
3. Application Level Clustering ဆိုပြီး ယေဘူရအားဖြင့် သုံးခုရှိပါတယ်။ Failover ပုံစံအလုပ်လုပ်မလား၊ NLB အလုပ်လုပ်မလားဆိုတာက ဘယ်လို Setup လုပ်လည်းဆိုတာပေါ်မှာ မူတည်ပါတယ်။ ဘယ်လို Level clustering မှာမဆို နှစ်မျိုးလုံး ( တစ်မျိုးမဟုတ် တစ်မျိုး) setup လုပ်ဖို့ဖြစ်နိုင်ပါတယ်။
Network Level Clustering ( Vs Service Level Clustering)
သူကရှင်းပါတယ်။ တကယ်လို့ Cluster ထဲမှာ Server 5 လုံးရှိတယ်ဆိုပါတော့။ ဒီ Server ငါးလုံးက အချင်းချင်း Network reachability ကို စစ်နေပါတယ်။ Engineer က configure လုပ်ထားသလို 5 seconds ဆိုလည်း 5 seconds တိုင်းမှာ၊ 5 minutes ဆိုလည်း 5 minutes တိုင်းမှာ စစ်နေပါတယ်။ Network reachability ဆိုတာကတော့ ကျနော်တို့ ping ကြည့်သလိုပေါ့။ ကိုယ်သုံးတယ့် clustering technology ပေါ်မှာမူတည်ပြီး ဘယ်လိုစစ်နေလည်းဆိုတာတော့ ကွာပါလိမ့်မယ်။ တကယ်လို့ unreachable ဖြစ်သွားပြီဆိုရင် အဲ Server down သွားပြီလို့ ယူဆပြီး Server ကို Cluster ထဲကနေဖယ်လိုက်ပါတယ်။ ဒီ Clustering ရဲ့ အားနည်းချက်ကတော့ Server ကြီးက မ down ဘူး၊ Server ပေါ်က Service ကပဲ down နေရင် သူမသိပါဘူး။ သူက Network အရ ping ကြည့်လို့ ဒီ Server alive ရှိမရှိ စစ်တာမျိုးပဲစစ်ပြီး ဆုံးဖြတ်လို့ Network Level Clustering လို့ပြောတာပါ။
ဥပမာ စဉ်းစားကြည့်ရအောင်။ Windows Server 2003 မှာ Windows NLB Manager ဆိုတာ ပါပါတယ်။ သူက Network Level Clustering ပါ။ NLB ပုံစံ Clustering ပါ။ Server သုံးလုံးကို IIS web server run ပြီး Cluster လုပ်လိုက်ကြတယ်ဆိုပါတော့ ။ User က Access လုပ်ရင် Server သုံးလုံး တစ်လှည့်စီ respond လုပ်နေမှာပေါ့။ တကယ်လို့ Svr 1 က hang သွားတယ် ဆိုပါတော့ ၊ ဒါမှမဟုတ်လည်း network ကြိုးလွတ်သွားတာပဲဖြစ်ဖြစ်၊ ဒါမျိုးဆိုရင် Svr 1 down သွားတာကို ကျန်တယ့် Sever နှစ်လုံးက သိပါတယ်။ လာသမျှ user ကို Svr 2 နဲ့ 3 ကပဲ မျှပြီး respond လုပ်ပါလိမ့်မယ်။
ဒါပေမယ့် တကယ်လို့ Server 1 ကြီးက ဘာမှမဖြစ်ဖူး ၊ IIS ကပဲ crash ဖြစ်ပြီး stop ဖြစ်သွားတယ်။ ဒီလို scenario မှာ ကျန်တယ့် Server နှစ်လုံးက မသိပါဘူး။ Network aspect အားဖြင့် Server 1 က alive ရှိနေပါတယ်။ IIS Service down သွားတာ ၊ ဒီ Network Level Cluster မှာ ဒါကို မသိပါဘူး။ ဒါဆို ဘာဖြစ်မလည်း ? Cluster က Svr1 down နေတာကို မသိတယ့်အတွက် request 3 ခါမှာ တစ်ခါကို ထုံးစံအတိုင်း Svr1 ဆီကို ပို့နေပါလိမ့်မယ်။ ဒါပေမယ့် IIS ကြီးက down နေတော့ သုံးခါမှာ တစ်ခါ error ပြနေမှာပေါ့။ Reload လုပ်လိုက်ရင် ပြန်ကောင်းသွားပြန်ရော။
ဒါဆိုဘယ်လိုလုပ်မလည်း ? Service Level ကိုပါ monitor လုပ်နိုင်ဖို့လိုပါတယ်။ Windows ရဲ့ built-in တွေမှာတော့ မတွေ့မိပါဘူး။ ကျနော်မသိတာလည်းဖြစ်နိုင်ပါတယ်။ Linux မှာတော့ heartbeat version 2 တို့ LDirector တို့တော့ Opensource တွေရှိပါတယ်။ သူတို့က Service port ကိုပဲဖြစ်ဖြစ် Service ကိုတစ်နည်းနည်းနဲ့ စစ်ပေးပြီး Service down ရင်လည်း Server down တယ်လို့ သတ်မှတ်ပြီး Cluster ထဲကနေ isolate လုပ်ပေးလိုက်ပါတယ်။
API တွေနဲ့ချိတ်ဆက်ပြီး Application တစ်ခု Process တစ်ခုကို Server တွေအများကြီးပေါ်မှာ ခွဲဝေပြီး အလုပ်လုပ်တယ့် Application Level Clustering ကတော့ ကျနော် သေချာမရှင်းနိုင်တယ့် အကြောင်းအရာမို့ ကျော်လိုက်ပါရစေ။

Tuesday, March 16, 2010
Auto Increment ID
တစ်ခါတစ်လေ ဒီလိုမျိုးလေးမလား ကြုံဖူးမလားမသိဘူး။
Database Table နှစ်ခုရှိတယ်ဆိုပါတော့။
Hibernate မသုံးတဲ့ ရိုးရိုး ကိစ္စလေးတွေမှာပြောတာပါ။
ပထမ table ကို TableA လို့ထားပါတော့။
ဒုတိယ table က TableB. TableA မှာ Id က auto increment လုပ်ထားတယ်။
ရိုးသားကြိုးစားတဲ့ DB Admin က normalize သေချာလုပ်ထားတဲ့အတွက် TableA ရဲ့ primary key က TableB မှာ Foreign key အဖြစ်နဲ့ ရှိပါတယ်။ ကျွန်တော်တို့လုပ်ရမှာက Table A မှာ record တစ်ခုထည့်လိုက်ပြီးတိုင်း TableB မှာ အဲဒီ ID ကို Foreign key အနေနဲ့သုံးထားတဲ့ နောက်ထပ် Record တစ်ခုကို ထည့်ရပါမယ်။
နမူနာပုံလေးကို ကြည့်ပါ။
Table A
ID Name NRIC
1 Zero 140222
Table B
ID ---- TableA_ID ----- Address
1 -------- 1 ---------------- Eunos Rainbow
အဲဒီလို record တစ်ကြောင်းစီ ထည့်ချင်တာပါ။ ကျွန်တော်ပြောချင်တာက Table A ကို row တစ်ခု insert လုပ်တာက ငှက်ပျောသီး အခွံနွှာတာထက်လွယ်ပါတယ်။ နောက်တော့ ID ကို ပြန်ရှာရတာက ပျင်းစရာကောင်းပါတယ်။ Select ပြန်လုပ်ရင်ရပေမယ့် ပျင်းပါတယ်။ အဲဒီလို မလိုအပ်တဲ့ code တွေရေးမယ့်အတူတူတော့ ဘာလို့ Developer လုပ်မှာလဲ ... ဆော့ခရေတ္တိခေတ်က စာကူးတဲ့သူသွားလုပ်နေမှာပေါ့။ အဲဒီလို ငပျင်းတွေအတွက် တစ်ခုလုပ်လို့ရတာရှိပါတယ်။ auto increment လုပ်ထားတဲ့ ID ကို ပြန်ယူလိုက်လို့ရပါတယ်။ စိတ်ချမ်းသာစရာကောင်းပါတယ်။ မဟုတ်ရင် နောက်တစ်ခါ သွား select လုပ်ရတဲ့အတွက် connection လည်းခြေထောက်ညောင်းမှာပဲ။ လူအယောက် တစ်သန်းသုံးတဲ့ System မှာဆို အချိန်အများကြီးကုန်သွားမယ်။ လေးငါးဆယ်ယောက်လောက်သုံးဖို့အတွက်တော့ System မလိုပါဘူး။ လက်နဲ့ပဲ ကောက်ရေးထားလိုက်ရင် ရတာပါပဲ။ ပုံမှန် အားဖြင့် Developer တစ်ယောက်ဟာ database ကို တတ်နိုင်သလောက် အသွားအလာလျှော့ရပါမယ်။ တစ်ခါသွားပြီး အကုန်ယူလို့ရတာ ယူနိုင်ရပါမယ်။ မယူနိုင်ဘူးဆိုရင် ကိုယ့် SQL ကို မြှင့်တင်ဖို့လိုပါတယ်။ မဟုတ်ရင် သွားတယ်ပြန်တယ်...ပြန်သွားတယ် ထပ်သွားဦးမယ်ဆိုရင် System ကလေးတယ် ပိုလေးတယ် ...အလုပ်မလုပ်တော့လောက်အောင်နှေးတယ်၊ DB sever ရဲ့ CPU က ၁၀၀ရာခိုင်နှုန်း ကနေကို ပြန်ကျမလာတော့ဘူး။ အဲဒါမျိုးတွေဖြစ်မယ်။ အဲဒီလိုပြောင်ပြောင်မြောက်မြောက် ဒုကပေးတတ်တဲ့ ခပ်ညံ့ညံ့ developer တွေရဲ့ code ကို boiler-plate code တွေလို့ခေါ်ပါတယ်။ maintain လုပ်ရတဲ့သူကတော့ မေတ္တာ အကြိမ်ကြိမ်ပို့မှာ အသေအချာပါပဲ။
အင်း ... အဲဒီ auto increment id လေးပြန်ယူတာလေးရေးကြည့်ပါမယ်။
PreparedStatement pst = conn.prepareStatement(sQuery,Statement.RETURN_GENERATED_KEYS);
ResultSet rs = pst.getGeneratedKeys();
rs.next();
autoId = rs.getInt(1);
အဲဒီလိုလေးရေးလိုက်ရင် autoId ကို နောက်တစ်ခါ ထပ်သွားမယူဘဲ သိရပါတယ်။ အသွားအလာ သက်သာသွာပါတယ်။ ခြေထောက်မညောင်းတော့ပါဘူး။ အဲဒီ autoId လေးကို ကောက်ပြီး ဒုတိယ TableB မှာ insert လုပ်လိုက်ပါ။ များများစဉ်းစားပြီးနည်းနည်းပဲ အလုပ်လုပ်ပါ။ လွယ်တဲ့နည်းတွေ ထွင်ထားပြိးသားရှိပါတယ်။ များများလေ့လာပြီး သက်သာအောင်နေပါ။
သိပ်ပျင်းတဲ့သူတွေပဲ ထူးချွန်နိုင်တယ်။
try and error နည်းက လူပင်ပန်းသလောက် အကျိုးမရှိဘူး။ တွက်ခြေမကိုက်ဘူး။
work hard ဆိုတဲ့စကားလုံးကို Developer တွေမှာမသုံးပါဘူး။ Work smart လို့ပဲ သုံးပါတယ်။ ပျင်းတဲ့သူဟာ Smart ကြတဲ့နည်းတွေအများကြီးသိပါတယ်။ work hard ကြီးတွေကို လူကြီးတွေက ချီးကျူးပါတယ်။ Work Smart တွေကိုတော့ လေးစားကြပါတယ်။ သက်သက်သာသာလေး လေးစားခံထိုက်တဲ့သူတွေဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။
Labels:
auto increment id,
Java and DB
Commit and Rollback
ဆိုကြပါတော့ ...။
လူတစ်ယောက်က ပစ္စည်းတစ်ခုကို ၀ယ်တယ်။
Discount ရတယ်။
ကံစမ်းမဲအတွက်လည်း သူ့စာရင်းကို သွင်းတယ်။
Database View နဲ့ Table သုံးခုလို့ပဲ ယူဆလိုက်ပါ။
ပစ္စည်းဝယ်တော့ Purchase ဆိုတဲ့ table မှာ တစ်ကြောင်း၊
Discount ရတော့ Discount table မှာ တစ်ကြောင်း၊
Lucky Draw အတွက် Lucky Draw table မှာတစ်ကြောင်း စုစုပေါင်း table သုံးခုမှာ record row သုံးကြောင်း insert လုပ်တယ်ဆိုပါတော့။
ဖြစ်ချင်တော့ အင်တာနက်ကြီးက လမ်းခုလတ်မှာဒေါင်းသွားတယ်ဆိုပါတော့။Purchase table မှာ ပဲ insert လုပ်ရသေးတယ်။ Discount တွေ၊ Lucky Draw တွေမှာ record မရေးခင်လည်း interrupt ဖြစ်တယ်ဆိုပါတော့။ ဘယ်လိုလုပ်မှာလဲ။ ဒီအတိုင်းထားလိုက်ရင်တော့၊ သူ့အတွက် Discount လည်းမရ၊ Lucky Draw လည်းမရတဲ့ Customer က ဒီ Shopping Mall ကြီးကို စိတ်အနာကြီးနာနေတော့မှာ။
လူတစ်ယောက်တည်းဖြစ်သွားတယ်ဆိုရင် သိပ်မသိသာဘူး။ အယောက် နှစ်သောင်းလောက် တစ်ပြိုင်နက်ဝယ်နေုတုန်းဖြစ်တယ်ဆိုပါတော့ ....။ဟဲဟဲ ....။ နောက်ဘယ်တော့မှလာမ၀ယ်တော့ဘူးဆို မခက်ဘူးလား။
လူတွေလည်း သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ရသလို ... prepared statement တွေလည်း commit ချိန်တန် commit ...rollback ချိန်တန် rollback ရတယ်။ အဲဒါဆို ... half way ဖြစ်နေတဲ့ process က rollback ပြန်လုပ်လိုက်တဲ့အတွက် တစ်ဝက်တစ်ပျက်ဖြစ်မနေတော့ဘူး။ နောက်တစ်ခု ပြန်ပြီး upload လုပ်လိုက်ရုံပဲ။ ဒါကလည်း အမြဲတမ်းဂရုစိုက်ရမယ့်အချက်ဖြစ်ပါတယ်။
ဘယ်နေရာမှာပဲလုပ်နေလုပ်နေ Java Developer တစ်ယောက်ဟာ အမြဲတမ်း standard ကျတဲ့ procedure နဲ့ ရေးဖို့ ကြိုးစားစေချင်ပါတယ်။ ကိုယ်ရေးထားတဲ့ codes ကို သိကြားမင်း ဆင်းပြီး bug လုပ်တောင် မရဘူးကွ ဆိုတာမျိုး ရေးနိုင်ဖို့ကြိုးစားရပါမယ်။ အထူးသဖြင့် မရေးခင် အားလုံး ကို စဉ်းစားပါ။ ပျော်ပျော်ကြီး ချမရေးချင် သူ့ရဲ့ business logic ကို flow chart လေးဖြစ်ဖြစ် အကြမ်းဆွဲထားလိုက်ပါ။ စာရွက်နဲ့ဖြစ်ဖြစ်ပေါ့။ ဒါဆို ဘာတွေ ကြုံရနိုင်လဲဆိုတာကို ပိုသိလာပါလိမ့်မယ်။ တစ်ခု process တွေကို scenario တစ်မျိုးထဲမှာ ကြိတ်ပြီးစဉ်းစားပြီး ပျော်မနေပါနဲ့။ တကယ့်လောကကြီးက ကိုယ်တွေးထားတာလေးပဲဖြစ်မယ်လို့ အာမမခံထားပါဘူး။
အကြမ်းဖျင်းပြောရရင် commit အတွက် autoCommit ကို false ပေးထားပါ။
connection တစ်ခုထဲကိုပဲ parameter အနေနဲ့ parse လုပ်သွားပြီး table သုံးခုစလုံးကို insert လုပ်ပါ။
အားလုံးပြီးရင် အဲဒီ connection ကို commit လုပ်ပါ။
exception ဖြစ်ရင် rollback ပြန်လုပ်လိုက်ပါ။ အဲဒါဆိုရင်တော့ စိတ်ချရသလောက်ရှိပါပြီ။
Java Developer တွေဟာ ငပျင်းတွေဖြစ်ပါတယ်။
Codes တစ်ခုကို တစ်သက်လုံး နှစ်ခါပြန်မရေးပါဘူး။
Reusable ဖြစ်အောင်ရေးပြီး ဘယ်နေရာမှာမဆို ပြန်သုံးလို့ရအောင် ရေးရပါတယ်။
Process တစ်ခုကို Method တစ်ခုရေးပြီး ကိုယ့်ကိုယ်ကို သက်သာအောင်နေပါ။
လူအများနဲ့ရေးတဲ့အခါ ... ကိုယ့် codes တွေလူများကြည့်ပြီး ထိုင်မငိုပါစေနဲ့ ...။
နှစ်ခါသုံးခါ ရေးရမယ့် method တွေကို သပ်သပ်ခွဲထုတ်ထားလိုက်ပါ။ Eclipse မှာ ctrl+click ခေါက်ပြီး လိုက်ကြည့်လို့ရပါတယ်။ ကိုယ့်အတွက် အဆင်ပြေအောင်ရေးပါ။ နားမလည်မှာစိုးရင် Comment တွေကို သပ်သပ်ရပ်ရပ်ရေးပါ။ ဖြစ်နိုင်ရင် comment ကို ရှည်ရှည်ရေးပြီး အကြမ်းဖျင်းရှင်းပြပါ။ ဒါဟာ နောက်လူအတွက် သိပ်ကောင်းပါတယ်။ ရှေ့က ရေးသွားတဲ့သူ ညံ့တိုင်း လိုက်မညံ့တဲ့ developer ဖြစ်နိုင်ပါစေ။
ှ
အခုရေးထားတဲ့ post လေးက သီအိုရီ အနေနဲ့ပဲပြောထားပါတယ်။
တကယ်လည်းရေးကြည့်ကြပါမယ်။ အခုလည်း hosting အတွက် စဉ်းစားနေပါတယ်။ ရုံးက Server တစ်လုံးမှာ host လုပ်ပြီးရေးရင်လည်း illegal ဖြစ်နေမယ် ....။
ဘာပဲဖြစ်ဖြစ်ပါဗျာ ...။ ကျွန်တော်တို့တွေ ပိုတော်တဲ့ ညီငယ်၊ညီမငယ်လေးတွေ ဖတ်နိုင် လေ့လာနိုင်ဖို့ အများကြီးရေးဖြစ်မှာပါ။
မြန်မာတွေဟာ well-educated တွေဆိုတာကို ကျွန်တော်တို့ သက်သေပြချင်ပါတယ်။ ဒီလိုသက်သေပြနိုင်ဖို့ ကျွန်တော်တို့တွေ အားလုံး ကြိုးစားနေကြပါတယ်။
ကိုယ့်အတွက် ဘာမှမဟုတ်တာလေးတွေဟာ လိုအပ်နေတဲ့ တစ်ယောက်ယောက်အတွက် အဆင်ပြေသွားတာမျိုးဖြစ်သွားနိုင်တယ်ဆိုကို ယုံကြည်တဲ့အတွက် ဒီထက် ပိုကောင်းတဲ့၊ ပိုစနစ်ကျတဲ့ သင်ခန်းစာတွေနဲ့ ဆွေးနွေးမှုတွေကိုလည်း ဆက်ပြီး ရေးသွားပါဦးမယ်။
Thursday, March 11, 2010
Java in Linux
Java in Linux
အသေးအဖွဲလေးနှစ်ခုပြောမလို့ပါ။
တခါတလေ ... Java Servlet အဟောင်းတွေကို ဟိုရွှေ့ဒီရွှေ့လုပ်နေရတဲ့အခါ ...မတော်လို့များ Linux ပေါ်ကို ရွှေ့ရတဲ့အခါကြရင် ... တစ်ခါတစ်လေ Servlet ကနေ ရိုက်ထုတ်လိုက်တဲ့ html တွေက html လိုမပေါ်ဘဲ text တွေလိုပေါ်နေတတ်ပါတယ်။ မကြောက်သွားပါနဲ့ ...။ ပထမဆုံးလုပ်ရမယ့်အလုပ်က အရင်က Developer ကို တစ်ခါလောက်ဆဲပါ။ ... ပြီးရင် response.setContentType("html/text") လုပ်ထားသလားစစ်ပါ။ .. အသုံးမကျတဲ့ငနဲတစ်ချို့ဟာ response type ကို ထည့်ထားလေ့မရှိပါဘူး။ Window မှာလို ... Linux မှာ သူ့ဘာသာသူသိမယ် လို့ အယူမလွဲပါနဲ့။ Linux မှာ File extension မရှိလို့ သူက မသိပါဘူး။ Content type ကို response လုပ်မှပဲ သူသိပါလိမ့်မယ်။ ဒါက ကြုံရတတ်တဲ့ ကြံကြံဖန်ဖန်တစ်ခုပါ။
နောက်တစ်ခုရှိပါသေးတယ်။
Java ဟာ Garbage Collection အတွက် အများကြီးပြုပြင်ထားပြီးသား language ဖြစ်ပါတယ်။ ဒါပေမယ့် ...လက်တွေ့မှာ ထင်သလိုမဖြစ်တာတွေလည်း ရှိပါတယ်။ con.close() နဲ့ပိတ်လိုက်ပေမယ့် Linux မှာ ပိတ်သာပိတ်တယ် ... အဲဒီ connection ကို destroyed မလုပ်လိုက်တဲ့အခါမျိုးမှာ ... မထင်မှတ်တဲ့ Multiple Connections Errors တွေတွေ့ရတတ်ပါတယ်။ ပျော်ပျော်ပါးပါးတစ်ခုလုပ်လိုက်ပါ။ con=null; ဆိုပြီး con.close(); အပြီးတွေနဲ့ Exception handling တွေမှာ ထည့်ပေးလိုက်ရင် အိုကေသွားပါတယ်။
Linux မှာ Java ကို cron နဲ့ run တာလေးတွေလည်းရေးဖို့ရှိပါသေးတယ်။
ဒီမှာရေးနေကြတဲ့ သူတွေက အပြင်းစားတွေမဟုတ်ဘဲ အပျင်းစားတွေဖြစ်နေပါတယ် ....။ ပုံတွေနဲ့ ရေးပါဦးမယ်ဆိုတဲ့သူတောင် ပုံဆွဲရမှာပျင်းတယ်ဆိုပြီး ငိုက်နေတာတွေ့ပါတယ်။
ဒီ blog ကို ပိုပြီး active ဖြစ်အောင်လုပ်တဲ့အနေနဲ့ .. Java သင်ခန်းစာတွေပါ တင်ဖို့ စိတ်ကူးနေပါတယ်။
သင်တန်းတက်ဖို့အချိန်မရတဲ့ ၀ါသနာရှင်တွေအတွက်ပါ ....။ Setup လုပ်တာတွေ အားလုံး တစ်ဆင့်ချင်း လုပ်ကြည့်ကြတာပေါ့ ...။ ပျော်စရာကောင်းပါတယ်။ ၀ါသနာပါရင်ပေါ့လေ။
စာရေးမယ်ပြောထားပြီး အခုအထိ မရေးသေးတဲ့သူတွေကိုလည်း warning ထပ်ပေးပါတယ်။ ...
With Regards,
Zero Div Zero=Zero
Labels:
Garbage Collection,
SetContentType
Subscribe to:
Posts (Atom)