Thursday, May 12, 2011

Think B4 it's 2 La8.

Think B4 it's 2 La8.

အလုပ်က ခက်တာမဟုတ်ဘဲ လွယ်တာလေးတွေများနေရင် ဘယ်လို Handle လုပ်မလဲ။

အခုနောက်ပိုင်းမှာ productive programmer တွေက code ကိုမရေးဘူး။ generate လုပ်တယ်။

နေ့တိုင်းလုပ်နေရတဲ့အလုပ်တွေကို ထိုင်စဉ်းစားကြည့်တယ်။ တစ်နေ့လား sql script ရေး၊ နောက်တစ်နေ့လာ script ရေးနဲ့ပဲ လုပ်နေရတာများတယ်။ ဘာမှမဟုတ်ပေမယ့် လက်ဝင်တယ်။ ဆိုပါတော့ policy အခု တစ်ထောင်လောက်ကို စစ်ရမယ်ဆိုရင် သူတို့ပေးလိုက်တဲ့ txt file ထဲက policy number လေးတွေကို တယုတယလေး comma code ပြီး select where policy in ('') ထဲထည့်ဖို့တောင် တစ်ခုချင်းစီလုပ်နေရင် သိပ်ကြာတယ်။ အဲဒီတော့ program လေးတစ်ခုရေးထားတယ်။ ဘာမှလုပ်တာမဟုတ်ဘူး။ comma တွေ single code တွေ တပ်ပေးတာမျိုး၊ ကိုယ်လုပ်ရမှာပျင်းတာတွေ လုပ်ပေးတဲ့ office helper ဆိုတဲ့ project လေးကို လုပ်ဖြစ်တယ်။ သက်သာတယ်။ productive ပိုဖြစ်လာတယ်။ အချိန်များများမလိုဘဲပြီးတယ်။

အားနေရင် Framework တွေလေ့လာတာကောင်းတယ်။ Java မှာ အလားအလာသိပ်ကောင်းနေတှဲ့Spring framework လိုဟာမျိုးကိုလေ့လာသင့်တယ်။ နောက်ထပ် ဆယ်နှစ်အတွင်း သူ့ကို ပစ်ပယ်လို့မရသေးဘူး။ အခု VM ware အောက်ရောက်သွားလို့ ပိုခိုင်မာလာတယ်။ Spring Source မှာ လေ့လာလို့ရတယ်။ Spring Tools Suite တွေလည်းထုတ်တယ်။ ပျင်းရင် စမ်းကြည့်ဖို့ကောင်းတယ်။

Code ရေးတာတင်မဟုတ်ဘဲ Framework တွေကို နားလည်ရင် ပိုအဆင့်မြင့်တဲ့ code ကို ရေးလို့ရတယ်။ Spring batch မှာဆို file တွေကို သူ့ဘာသာသူ handle လုပ်ထားတာတွေအများကြီးပါတယ်။ reader တွေ၊ writer တွေ မလိုဘဲ ရေးရတာတွေသက်သာသွားတယ်။

ဖတ်လက်စဟာတွေရေးမယ် ရေးမယ်နဲ့မရေးဖြစ်ဘူး။ Divinity ပို့စ်နှစ်ခုတက်လာမှ စာမရေးတာကြာပြီလို့သတိထားမိတယ်။ Language တွေရဲ့ရှေ့မှာ concept အရင်လာတယ်။ အဲဒီ concept ကို သိရင် ဘာ language နဲ့မဆို implement လုပ်ဖို့ ဆက်ကြိုးစားလို့ရနိုင်တယ်။

IOC , inversion of control နဲ့ Dependency Injection ကို အတူတူပဲဆိုတာမသိဘဲ spring နဲ့ရေးတာတွေကို maintain လုပ်ခဲ့ဖူးတယ်။ အတွေ့အကြုံအရ ဘာတွေကို ဘယ်လို configure လုပ်ပြီး ဘယ်လိုရေးလိုက်ရင်ရတယ်ဆိုတာက မခက်ဘူး။ အမှန်က အဲဒါက ကျွန်တော် အသုံးမကျဘဲ ဘ၀င်မြင့်မိတဲ့အချက်ပဲ။ လူများ အခြေခံလုပ်ထားပြီးသားကို ၀င်ပြင်တာက ဘာပညာမှမပါသလောက်ပါပဲ။ ဘာနဲ့တူလဲဆိုရင် စွန်လွှတ်ရင် လူများတင်ထားတဲ့စွန် ၀င်လွှတ်သလိုပဲ။ မခက်ဘူး။ လေမိနေတဲ့စွန်ပေါ့လေ။ သူ့ဘာသာသူလည်း ပြုတ်ကျမလာဘူး။ အဲဒီလို ရေးနိုင်တာနဲ့ပဲ ကျွန်တော်ထင်လာတယ်။ ဘယ် framework မှမခက်ဘူး။ ဘာမှလည်းမဟုတ်ဘူး။ ဟိုနေရာလေးမှာ ဟိုဟာပြင်၊ ဒီနေရာလေးမှာဒီဟာပြင်ပဲလို့ထင်တယ်။ အဲ.... ထင်ခဲ့တယ်ပေါ့လေ။ လူဆိုတာက အတော်လေးထူးဆန်းတဲသတ္တ၀ါ၊ လူများအသုံးမကျတာကို သာ ထင်ထင်ရှားရှားမြင်ရတယ်။ ကိုယ်အသုံးမကျဘူးဆိုတာကိုတော့ အတတ်နိုင်ဆုံးမေ့ထားမိတယ်။

ဟိုတစ်လောက Spring တွေ configure ပြန်လုပ်တယ်။ စာမေးပွဲဖြေဖို့ စာဖတ်ရင်း၊ ဒါတွေ အရင်လည်းလုပ်ဖူးပါတယ်အေးဆေးပါဆိုပြီးလုပ်တယ်။ တစ်ချို့နေရာတွေမှာ ချက်ချင်းမရဘူး။ စာပြန်ဖတ်ရတယ်။ ထင်သလောက်တော့မလွယ်ဘူး။ အရင်က အသင့်သုံးနေခဲ့ရတာတွေက မခက်ဘူး။ ဘာလို့မခက်လဲဆိုတာကိုစဉ်းစားကြည့်တော့၊ ခက်တဲ့အပိုင်း သူများတွေလုပ်ထားပြီးလို့လို့ အဖြေထွက်တယ်။ စင်ကာပူမှာ အသုံးမကျတဲ့ system ခင်ဗျားတို့ ထင်တာထက်များတယ်လို့ တစ်ခါရေးဖူးတယ်။ ဘာမှ အသုံးမကျလည်း survive လုပ်နိုင်တယ်လို့လည်း ရေးဖူးတယ်။ ကိုယ့်ကိုယ်ကို အသုံးကျအောင်လုပ်တာဟာ အလုပ်မှာ လိုအပ်လို့ဟုတ်ချင်မှဟုတ်မယ်။ အဲဒီနှစ်ခုကို ခွဲပြောမှရမယ်။

နားလည်အောင်ကြိုးစားတာနဲ့ နားလည်ဖို့လိုအပ်လို့ကြိုးစားတာမတူဘူး။ ပညာတစ်ခုက သင်ထားရင်မေ့သွားမှာပဲ။ မမေ့တာက ဘာလဲဆိုရင် လေ့လာခဲ့တဲ့နည်း။ အဲဒီနည်းကို မှတ်မိရင် ခဏလေးနဲ့ပြန်လေ့လာလိုက်လို့ရတယ်။ လေ့လာတဲ့နည်းမှားနေရင်သာ ဘာမဆို သင်လို့မတတ်နိုင်ဖြစ်နေတာတို့၊ လွယ်လွယ်နဲ့သဘောမပေါက်တာတို့ဖြစ်တယ်။ ကိုယ်က ဘာဖြစ်ချင်တာလဲဆိုတာသိရင် ဘယ်လောက် လေ့လာဖို့လိုသလဲဆိုတာကိုလည်းပိုင်းဖြတ်နိုင်တယ်။ အစ္စရေးမှာနေပြီး ရေကူးသင်ရင်ကောင်းမလားစဉ်းစားသလိုလည်းဖြစ်နေတတ်တယ်။ ကုန်းတွင်းပိတ်နိုင်ငံထဲမှာတော့ ရေမကူးတတ်လည်းမသေဘူး။ ရေမကူးတတ်ရင် မသေတဲ့နေရာမှာနေပြီး၊ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမဆို ရေမကူးတတ်ရင် မသေဘူးကွ ဆိုပြီးတော့ ပြောရင်တော့လည်း မှန်မှာမဟုတ်ဘူး။

Spring မှာဆို AOP, Aspect Oriented Programming အတွက် သူက အများကြီး support လုပ်တယ်။ ကိုယ်က Spring 2.0 လေ့လာနေတုန်း၊ xml နဲ့ configure လုပ်ကောင်းတုန်းမှာ SpringSource က Spring 3.0 ကို annotation တွေနဲ့ သုံးတာကို promote လာလုပ်နေတာတွေ့ရတယ်။ IT မှာပျော်စရာကောင်းတာက အဲဒါပဲ။ လေ့လာလို့မဆုံးဘူး။ ပျော်တတ်ရင်ပျော်စရာကောင်းပါတယ်။ အသုံးမကျတဲ့သူနဲ့ အသုံးကျတဲ့သူကွာခြားသွားဖို့ အပြောင်းအလဲများများလိုတယ်။ သိပ်ကိုလွယ်ကူတဲ့နေရာမျိုးမှာ ဘယ်သူက တော်ပြီး ဘယ်သူက ညံ့လဲခွဲရသိပ်ခက်တယ်။ အပြောင်းအလဲကို မကြောက်ဘဲ၊ လေ့လာရမှာပျော်တတ်ဖို့စိတ်ကိုပြင်ဆင်ထားရင် နေပျော်ပါလိမ့်မယ်။

AOP ကို အရင်က ခက်ခက်ခဲခဲရေးကြရတယ်။ အခုတော့ သုံးလေးငါးကြောင်း config လုပ်လိုက်ရုံနဲ့အဆင်ပြေတဲ့ခေတ်ကိုရောက်လာပြီ။ အကြမ်းဖျင်းပြောရရင်တော့ AOP က Transaction Advice တွေ ဘာတွေ လုပ်တဲ့အခါသုံးတာပေါ့။ ဥပမာ Customer A ကို database ထဲ insert မလုပ်ခင်၊ သူ Registered လုပ်ထားလားစစ်မယ်၊ပြီးတော့ သူ့ကို တစ်ခြား Black List Table မှာ တိုက်ဆိုင်မယ်၊ စတဲ့ကိစ္စမျိုးတွေကို Before မှာလုပ်မယ်။ Customer A ကို create လုပ်ပြီးရင် After မှာလုပ်ချင်တာတွေကို စုပြီး configure လုပ်ထားလို့ရပါတယ်။ ဒါတွေလုပ်ဖို့များ AOP မလိုပါဘူးဆိုတာတွေဖြစ်ချင်လည်းဖြစ်လာမယ်။ Real world မှာတော့ ဒီထက်ခက်ခဲတာတွေရှိပါတယ်။ Stand alone system နဲ့ Distributed System တွေရဲ့ Complexity တွေက ဘယ်လိုမှယှဉ်လို့မရပါဘူး။ နောက်ပိုင်းမှာ code level မှာပြင်တာတွေထက် Config ကနေပဲ လိုတာတွေကို ပြင်လို့ရလာအောင် Flexibility နဲ့ Maintainability အတွက် ပြင်ဆင်လာကြတာတွေ့ရပါတယ်။

ဥပမာ Spring မှာ အရင်က iBATIS သုံးတယ်။ သူကတော့ ဘုရားစူး ORM (Object-Realational Mapping)။ ORM framework တွေတော်တော်များများရှိတယ်။ Hibernate ကတော့ ဆျာဂျီးပေါ့။ သူတို့မှာလည်း သူတို့ပြဿနာနဲ့သူရှိတာတော့ရှိတယ်။ ORM ဆိုလို့ သူတို့ကို ဘာအတွက်သုံးလဲဆိုတာလေး နည်းနည်းဖြည့်ပြောလိုက်ချင်တယ်။ Database ခမျာ နှစ်ပေါင်းများစွာ Relational အဖြစ်နဲ့နေလာရာကနေ OO တွေ က သူ့ကို OO လို နားမလည်တဲ့ကောင်ဆိုပြီး ပြောတာကို ခံနေရတာကြာပြီ။ အဲဒီတော့ OO နဲ့ Relational DB ပြောရဆိုရလွယ်အောင်နဲ့ အသုံးပိုကျလာအောင် ORM တွေသုံးလာတာပါ။ အရင်က Obj တစ်ခုလုံးကို Table ထဲထည့်လို့မရဘူး။ သပ်သပ်စီပဲ။ Table ထဲထည့်ချင်ရင် column data တစ်ခုစီကို insert လုပ်ရတယ်။ Customer data ဆိုရင် name,nric, ဘာညာ၊ဘာညာတွေ insert လုပ်ရတာသိပ်ပျင်းဖို့ကောင်းတယ်။ အခုတော့ ORM တွေကြောင့် Insert(Customer) ဆိုတာမျိုးနဲ့ကိစ္စပြီးတယ်။ စကားကိုပြန်ကောက်ရရင် Spring မှာ iBATIS အစား Hibernate ပြောင်းသုံးချင်လည်း သိပ်အများကြီးပြင်စရာမလိုဘူးဆိုတာပါ။ အဲဒီလို ရေရှည်မှာ ကိုယ့်ဘ၀ကို သက်သာစေမယ့်ကိစ္စတွေများများသိသင့်တယ်။ အဲဒါတွေကိုလည်း ကိုယ့်ထက်တော်တဲ့သူတွေ လုပ်ထားပြီးပြီ။ နည်းနည်းတော့လေ့လာလိုက်၊ အဆင်ပြေသွားစေရမယ်ဆိုတာမျိုး။ (Spring ကို promote လုပ်နေသလိုများဖြစ်နေပြီလားမသိ။)

နောက်ပြီးအခုခေတ်က လေ့လာစရာတွေသိပ်များတော့ ကိုယ့်ဘ၀ကြီးကို ဘာနဲ့လဲစားလိုက်ရမှန်းမသိဘူးဖြစ်ဖြစ်နေတာပဲ။ တစ်ခါတစ်လေလည်းတွေးမိတယ်။ ပိုက်ဆံ နှစ်သောင်းလောက်ပြည့်အောင်စု။ အီတလီသွား၊ ကော်ဖီဖျော်တတ်အောင်သင်။ စင်ကာပူပြန်လာ၊ လေဆိပ်မှာ ဆိုင်လေးဖွင့်။ တစ်သက်လုံး ဇိမ်ကျမှာ။ ဒါပေမယ့် ဒါမျိုးကို အသက်လေးဆယ်ကျော်လောက်မှာစဉ်းစားပါလို့ပဲတွေးတွေးမိတယ်။ မြန်မာဗီဒီယိုထဲကလို စိတ်ကောင်းနဲ့စိတ်ဆိုး အကောင်နှစ်ကောင်ပေါ်ပေါ်လာသလိုဖြစ်နေတယ်။ ကိုယ့်ကို ပင်ပန်းစေချင်တဲ့ကောင်က ကိုယ်ပင်ပန်းနေရတာကိုပဲပျော်နေပုံရတယ်။

ဒီမှာလည်း Technical စစ်စစ်ကြီးတွေမရေးသေးဘဲ စကားပဲများနေရတာလည်းအကြောင်းရှိပါတယ်။ တကယ်လေ့လာချင်တဲ့သူတွေက မြှောက်ပေးဖို့ပဲလိုတာပါ။ အဲလေ ... တိုက်တွန်းတာ၊ suggest လုပ်တာ .. အဲဒါတွေပဲလိုပါတယ်။ Professional အလုပ်လုပ်စားပြီး ယောင်တိယောင်နဆို ရေလည် အမြင်ကတ်မိတယ်။ လူများပိုက်ဆံကို ညာယူတဲ့သူမျိုးလို့ပဲထင်တယ်။ Professional ဆိုတာ လူများထက် ဒီအလုပ်မှာ ပိုတော်ပြီး ထောင့်စေ့တဲ့သူမျိုးပဲဖြစ်ရမယ်။ ကိုယ်လောက်မသိတဲ့သူကမေးရင် ချက်ချင်းဒေါက်ခနဲမဖြေနိုင်ဘဲ၊ ဒေါက်ခနဲ အောက်မေးပြုတ်ကျပြီး ပါးစပ်အဟောင်းသားဖြစ်ရတာလောက် ရှက်စရာကောင်းတာမရှိဘူးလို့ထင်တယ်။ တစ်ခုခုမေးမှ I am not sure ဆိုရင် အဲဒါ professional မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကို အလုပ်နဲ့ပတ်သက်ရင် Professional ဆိုတာကို မေ့မထားစေချင်ဘူး။ အဲဒီ အတွေးအခေါ်တွေကို အဓိက promote လုပ်ချင်တာပါ။ မြန်မာအများစုက ကိုယ့်အထက်မှာ မြန်မာတစ်ယောက်ရှိတယ်ဆိုရင် မေးလို့ကိုမဆုံးဘူး။ အလုပ်လုပ်မှာလား၊ ဒါမှမဟုတ် ကိုယ်က စာလာသင်တာလားဆိုတာကိုမေ့နေကြသလိုဖြစ်နေတယ်။ တကယ့်ဘ၀ကြီးမှာ ကိုယ့်ဘာသာကိုယ်လေ့လာမှပဲ ကိုယ်တိုင်သိတဲ့အသိကိုရတယ်။ သူများကိုမေးနေတာတွေက ခဏနေဆိုပြန်မေ့သွားတာပါပဲ။ ကိုယ် သုံးလေးရက် ရှာဖတ်ပြီးမှ သိလိုက်တဲ့ဟာနဲ့ လူများကို အလွယ်တကူမေးလို့သိလိုက်ရတာနဲ့က မှတ်မိပုံချင်းတူကိုမတူပါဘူး။

B a Professional @ Work

ဖြစ်နိုင်ရင် တခြားသူတွေလုပ်နိုင်တာထက် ပိုပြီး quality ကောင်းအောင်လုပ်ပါ။ ဘယ်နေရာမှာမဆို၊ ကိုယ်လုပ်လိုက်တာဟာ နည်းနည်းတော့ value added ဖြစ်အောင်။ မေးလ်ပြန်ပို့ရင်တောင် လိုအပ်ရင် အရောင်လေးဘာလေးသုံး၊ highlight လုပ်၊ ကိုယ့်မေးလ်ကို follow up လုပ်။ ဘယ်သူပဲကြည့်ကြည့် ကိုယ်အလုပ်လုပ်နိုင်တာကို သိသာအောင်နေပါ။ အလုပ်လုပ်နိုင်ပြီး အမြန်ပြီးအောင်လုပ်၊ ပိုတဲ့အချိန်သက်သာအောင်နေတာနဲ့ လွယ်လွယ်လေးတွေကို ခက်နေတာနဲ့ကလည်း တူသလိုလိုနဲ့ အတော်ကြီးကွာတယ်။

လူတိုင်းက Genius မဟုတ်ဘူး။ လူတိုင်းကလည်း ကိုယ်လောက်ပဲတော်တာမဟုတ်ဘူး။ ကိုယ့်ထက်တော်တာကို တော်တယ်လို့ လက်ခံလိုက်တာကောင်းတယ်။ အဲဒီလို လက်မခံရင် သူ့လိုတော်ဖို့မလွယ်တော့ဘူး။ ကိုယ်က ပိုတော်တယ်လို့ထင်ရင် သူ့ဆီက ဘာပညာမှယူစရာမရှိတော့ဘူး။ လူများတွေ အလွယ်တကူလုပ်နေတာကို ကိုယ်က ခက်နေရင် "နည်းနည်းလေးတော့ လွယ်နေမယ်၊ လွဲလွဲလေးပဲကောင်းပါတယ်ဖြစ်နေမယ်။ " (ထူးအိမ်သင် သီချင်းစာသား)

နောက်တစ်ခုက ဆက်ဆံရေး။ ဘယ်အလုပ်မှာပဲဖြစ်ဖြစ်၊ အထက်လူကြီးက သူနဲ့အဆင်မပြေတဲ့သူကို ညံ့တယ်ထင်တာပဲ။ အဲဒါကိုလည်းမမေ့နဲ့။ ပြုံးပြရတာ ဘာမှ ပဲ့ပါမသွားဘူး။ ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင်နေပြီး အားလုံးနဲ့တဲ့အောင်ပေါင်းသင့်တယ်။

ကဲ ကဲ .. တရားသိမ်းကြရအောင်။ အဲလေ ... နိဂုံးချုပ်ကြစို့ ...။ လိုက်ဆိုလိုက်ပါဦး။

I will be a Professional @ work.

This is my commitment.



Ctrl+C De Bono's last book title :.

Ctrl+V In this post


R3gArdS,

Z3R0

Friday, May 6, 2011

Geez, what hardware spec i've got there ?

တစ်ခါတစ်လေ Server တွေရဲ့ Hardware spec ပြန်ကြည့်ချင်တယ်၊ Serial Number ပြန်ကြည့်ချင်တယ်၊ Server ကလည်း အနားမှာမရှိဘူး ၊ ကျနော်လို့ documentation ကောင်းရင် ဘာ server သုံးခဲ့မိမှန်းတောင် မမှတ်မိတော့ဘူးဆိုရင် command line ကနေ ကြည့်လို့ရပါတယ်။ အများဆုံးဖြစ်တတ်တာက ကျနော်တို့ဆို memory upgrade လုပ်ချင်တာ၊ memory type သိချင်ရုံနဲ့လည်း Data center အထိမသွားချင်၊ သွားဖြစ်လည်း ဒါလေးအတွက်နဲ့ BIOS ထဲဝင်မကြည့်ချင်ရင် အသုံးတဲ့ပါတယ်။

Linux မှာတော့ dmidecode command က တော်တော်အသုံးဝင်ပါတယ်။
Serial number လောက်ပြန်ကြည့်ချင်တာဆို
# dmidecode --type 1

လို့ရိုက်လိုက်ရင် Chassis က serial number ကိုပြပေးပါတယ်။ Memory slot တွေနဲ့ ပတ်သက်တယ့် information က type 16 ဖြစ်လေ့ရှိပါတယ်။ Slot အရေအတွက်နဲ့ Max capacity ပြပါလိမ့်မယ်။ အခုလက်ရှိတပ်ထားတယ့် memory ကိုကြည့်ချင်ရင်တော့ Server အဖုံးဖွင့်ကြည့်ရပါတယ်။ အခုလက်ရှိ တပ်ထားတယ့် memory ရဲ့ information လောက်ပဲကြည့်ချင်ရင်တော့ 'dmidecode --type 17' ဆိုရင်ရပါတယ်။ DDR အမျိုးအစားနဲ့ speed ကိုပြပါလိမ့်မယ်။

Type နံပါတ်မသေချာရင်လည်း dmidecode ရဲ့ output တစ်ခုလုံးကို output pipe နဲ့ more ဒါမှမဟုတ် less ဆိုပြီး ကြည့်ရင်လည်းရပါတယ်။ Output ကရှင်းပါတယ် ၊ လိုတယ့် information ကိုရှာလို့ လွယ်ပါတယ်။ ဒါဆို command က ဒါမျိုးပေါ့။
# dmidecode | less


Linux ရဲ့ dmidecode ကတော့ hardware info ကိုပဲ အဓိကပြပါတယ်။

Windows မှာဆိုရင်တော့ wmic ဆိုတယ့် command တစ်ခု ပါပါတယ်။ Windows Management Instrumentation ပေါ်မှာ အခြေခံထားတယ့် command ပါ။ wmic command output ကရှုပ်လို့ တစ်ခါမှ လိုက်မကြည့်ဖူးပါဘူး။ လိုတာပဲမှတ်ထားမိတယ်။ ဒါပေမယ့် သူကတော့ ပိုပြီး information များများ retrieve လုပ်နိုင်ပါတယ်။

Serial number ကတော့ BIOS မှာရှိပါတယ် ။
> wmic bios

ဆိုရင် မျက်စိနောက်စရာ output နဲ့ပြပါတယ်။ လိုချင်တာလေးပြန် ဖြတ်ကြည့်ရတယ်။
> wmic bios get serialnumber

ဒါမှ လိုချင်တာလေးပြတယ်။

Memory speed ကတော့ memorychip ထဲမှာပါ။
> wmic memorychip get speed

ဒါမှမဟုတ်ပဲ တခြားဘာတွေရှိသေးလည်းကြည့်ချင်ရင် နောက်က get speed ဖြုတ်ရိုက်ပေါ့။ အဲ Memory capacity ကျတော့ memphysical ထဲမှာ ။
>wmic memphysical get maxcapacity

ဆိုရင် maximum capacity ပြပြီး ၊
>wmic memphysical get memorydevices

ဆိုရင် slot ဘယ်နခုရှိလည်း ပြပါတယ်။

WMIC က hardware info retrieve လုပ်ဖို့လောက် လုပ်ထားတာမဟုတ်ပဲ current system ရဲ့ info တော်တော်များများ process info တွေ ၊ partition table တွေပါကြည့်လို့ရပါတယ်။ WMIC အကြောင်းထပ်သိချင်သေးရင် ဒီ link မှာ ရှိပါသေးတယ်။ အသေးစိတ်ကတော့ Google ကရှာပြီး Microsoft technet article သာရှာဖတ်ကြည့်ပေါ့။

http://www.robvanderwoude.com/ntadmincommands.php

အသုံးတဲ့မယ်ထင်ပါတယ်။ မတဲ့လည်း သုံးကြည့်ပေါ့ ။ :D

Divinity

Wednesday, April 27, 2011

Make your own shutdown command :D

စာရေးမယ် ပြောတုန်းကပြောပြီး ရေးဖို့ကြ ပျင်းတယ်။ Game က လည်း ဆက်ကစားရအုန်းမယ် ။ အချိန်တွေက လောက်ကို မလောက်ဖူး ။ ခေါင်းစဉ်ဖတ်ပြီး ကြီးကြီးကျယ်ကျယ်တော့ မထင်ပါနဲ့ ။ Linux ပေါ်မှာ ပေါက်ကရ ပေါက်စလေးတစ်ခုလောက် လုပ်ကြည့်ရအောင်။

Bash မှာ command alias လေးတစ်ခုလောက် ရေးကြည့်ရအောင် ။ ကိုယ့်နာမည်ရိုက်လိုက်ရင် laptop က shutdown ကျသွားတာမျိုးလေးဆို မဆိုးဘူး။
$HOME ရဲ့အောက်မှာ .bash_profile သို့မဟုတ် .profile ဆိုတယ့် file ရှိပါတယ်။ Bash shell မှာ .bash_profile လို့တွေ့ရပြီး Sh မှာတော့ .profile လို့တွေ့ရပါတယ်။ ( မိုးလေဝသ ကြေညာတယ့် လေသံများပေါက်သွားလားမသိဘူး) Filename မှာ ရှေ့မှာ full stop ပါပါတယ်။ ဒါ nix မှာ တော့ hidden attribute ပါ။ ls နဲ့ကြည့်ရင် ls -a ဆိုမှ မြင်ရပါလိမ့်မယ်။ ကဲ အဲဒီ file ကို edit လုပ်ကြမယ်။ vi ပဲဖြစ်ဖြစ် vim ပဲဖြစ်ဖြစ် nano ပဲဖြစ်ဖြစ် ကြိုက်ရာနဲ့ ဖွင့်၊ edit ပြီး save လို့ရရင် ပြီးတာပဲ။ ပြီးရင် ဒီ နှစ်လိုင်းကို အောက်ဆုံးမှာ ဖြည့်လိုက်ပါ။

gant=`which shutdown`
alias divinity='$gant -h now'


Generic ဖြစ်အောင် နှစ်လိုင်းရေးလိုက်တာပါ။ Shutdown file ရှိတယ့် path ကိုတန်းပေးပြီး $gant လို့ မပေးတော့ရင်လည်း ရပါတယ်။ divinity နေရာကတော့ ကိုယ့်နာမည် ကိုပြောင်းပေါ့။ Save လုပ်ပြီးရင် စမ်းချင်ရင် logout ပြီး ပြန် login ဝင်ရပါတယ်။ Shell environment ကို edit တာမို့ ချက်ချင်း effective မဖြစ်ပဲ next login မှာမှ effective ဖြစ်ပါတယ်။ ကဲ အခုဆိုရင်တော့ ကိုယ့်နာမယ် ကိုယ်ရိုက်ပြီး shutdown ချလို့ ရပါပြီ ။ ( စားကြမယ်ဟေ့ ကောင်းကောင်း လေသံပေါက်သွားလားမသိ )


Divinity

Smart, and Gets Things Done.

Smart, and
Gets Things Done.

အဲဒါပြောတာ ကျွန်တော်မဟုတ်ပါဘူး။Joel Spolsky ဆိုတဲ့ company ပိုင်ရှင်ပြောတာဖြစ်ပါတယ်။ သူက အင်တာဗျူးရင် အဲဒီလို Get Things Done in smart ways ဖြစ်တဲ့ငနဲရှာချင်တာပါ။ ပင်ကိုယ်စွမ်းရည်ကောင်းတာမျိုးလိုချင်တယ်လို့ပြောတယ်။ သူပြောတာက သင်ထားတာတွေတတ်နေတာအပြင် ပင်ကိုယ်ကလည်း အလုပ်လုပ်ရင် ဖြစ်အောင်လုပ်တဲ့လူမျိုးလိုချင်တာ။

Joel ပြောတာက အရင်က သင်ထားလို့တတ်နေတာတွေက Technically ပြောရင် အဟောင်းကြီးတွေဖြစ်နေပြီ။ နည်းပညာအသစ်တွေကို အင်တာဗျူးလာဖြေတဲ့သူက နားလည်နိုင်မလား၊ အမြန်လေ့လာနိုင်မလားဆိုတာကို Joel က သိချင်ပါတယ်။ သူ့ရုံးမှာခန့်မယ့်လူတွေကို အဲဒီလို ပင်ကိုယ်စွမ်းရည်ကောင်းတာမျိုး ဖြစ်စေချင်တယ်ပေါ့ဗျာ။ ခေတ်နဲ့အံမ၀င်တဲ့နည်းပညာတွေကို သိပ်ကိုကျွမ်းနေပါတယ်ဆိုတာမျိုးကို သူကမခန့်ချင်ဘူး။


စမတ်ကျတယ်ဆိုတာသတ်မှတ်ရခက်ပါတယ်။ အင်တာဗျူးမေးခွန်းတွေကို ဘယ်လိုဖြေသလဲ၊အဖြေရအောင်ဘယ်လိုချဉ်းကပ်သလဲဆိုတာတွေကနေ ခန့်မှန်းကြည့်ရတာပါပဲ။ ဒါပေမယ့် အလုပ်ကိုပြီးမြောက်အောင်၊ အောင်မြင်အောင် လုပ်တတ်တဲ့အမူအကျင့်ကတော့ အရေးအကြီးဆုံးပါပဲ။ တစ်ချို့လူတွေက သိပ်တော်တယ်။ အလုပ်ဖြစ်အောင်သာမလုပ်တတ်တာ၊ အဲဒီလူတွေက phD တွေဘာတွေရတဲ့အထိဖြစ်နိုင်တယ်။ Smart ကျတာနဲ့ အလုပ်ပြီးအောင် လုပ်တတ်တာမတူပါဘူး။

smart တွေဟာ တော်တယ်။ get Things Done ချင်မှ done မယ်။ company အကြီးကြီးတွေမှာ ရာထူးအကြီးကြီးတွေနဲ့နေချင်လည်းနေမယ်။ သိပ်လည်း smart ဖြစ်တယ်။ လုပ်လို့မဖြစ်နိုင်လောက်တာတွေပဲလုပ်နေလို့ ဘယ်သူမှ သူ့ဆီက အကြံမယူနိုင်လောက်အောင်ကို smart ဖြစ်နေတာမျိုး။ သူတို့က သိပ်ကို အခဲဒမစ်ဆန်တဲ့အတွက် software တွေ ဘယ်အချိန်မှာပြီးဖို့ထက်၊ ပြဿနာတစ်ခုခုကို အလေးအနက်ကိုင်တွယ်ဖြေရှင်းဖို့ကို ပိုစိတ်ဝင်စားတယ်။

အလုပ်မဖြစ်ဘူးဆိုတာက အလုပ်မလုပ်တာကိုပြောတာမဟုတ်ဘူးနော်။ သူလုပ်ချင်တာလုပ်နေလို့ တကယ်လုပ်ရမယ့်ဟာတွေမပြီးတာမျိုးလည်းဖြစ်နိုင်တယ်။ အလုပ်မဟုတ်တာတွေကို လုပ်လုပ်နေတတ်လို့ Joel က အဲဒီလို smart တွေ၊ smart but not useful လို့သတ်မှတ်ပါတယ်။ သူ့အတွက်သတ်မှတ်တာပါ။ ဒီလိုလူတွေက research တွေဘာတွေသွားဖို့သင့်တော်တယ်လို့ကျွန်တော်မြင်ပါတယ်။ အံမ၀င်တာမျိုးပါ။ ပြိုင်ကားမောင်းဖို့မျက်လုံးကောင်းပြီး၊ ဦးနှောက်က response မြန်တဲ့သူကို စပါးလုံးကောက်ခိုင်းဖို့ အလုပ်ခန့်နေတာမျိုးလည်းဖြစ်နေနိုင်တယ်လို့ဖြည့်စွက်တွေးမိပါတယ်။


အလုပ်ပဲဖြစ်အောင်လုပ်ပြီး smart မကျတဲ့ကောင်က ပိုတောင်ဆိုးသေး။ သူက အလုပ်ဖြစ်အောင် ဖြစ်သလိုလုပ်ပစ်မယ်။ နောက်ကျရင် သူလုပ်ထားတာတွေကို ပြန်ရှင်းနေရတာနဲ့ပိုဆိုးကုန်တယ်။ အဲဒါကို ကျွန်တော်နည်းနည်းဖြည့်ပြောလိုက်ချင်တယ်။ Developers တွေအလုပ်လုပ်ရင် နားလည်ဖို့မကြိုးစားချင်တဲ့အခါ hard code လုပ်ပစ်တာမျိုး၊ အဲဒါကို အပေါ်လွင်ဆုံးပြနိုင်တဲ့ အင်္ဂလိပ် အီဒီယမ်တစ်ခုကတော့ sweep things under the carpet ပါ။ ပြဿနာတွေကို ဖုံးထားလိုက်တယ်။ နောက်တော့မှ လျှောက်လုပ်လိုက်တာကြောင်ပြဿနာ့ပိုကြီးသွားပြီ။ အပ်နဲ့ထွင်းရမှာကနေ c4 နဲ့ခွဲရတဲ့အဆင့်ကိုရောက်ပါတယ်။


Joel ပြောတာက အင်တာဗျူးမှာ ဘာလို့ သိပ်အသုံးမကျတဲ့မေးခွန်းတွေဘာလို့မေးမှာလဲတဲ့။ ဥပမာ oracle8i မှာ varchar နဲ့ varchar2 ဘာကွာလဲမေးတာမျိုးတဲ့၊ ဒီလိုမေးခွန်းအတွက် အွန်လိုင်းကနေ ၁၅ စက္ကန့်နဲ့ရှာလို့ရတယ်ဆိုတာ သူသိတယ်။ အဲဒါမျိုးတွေမေးတာ ရယ်စရာကောင်းတယ်လို့သူကပြောပါတယ်။

သူလိုချင်တဲ့အရည်အချင်းတွေထဲမှာ passion နဲ့အလုပ်လုပ်တဲ့အချက်လည်းပါပါတယ်။ အဲဒါလေးကိုတော့ အလေးအနက်ပြောချင်ပါတယ်။ အင်တာဗျူးမှာ ကိုယ်တကယ်လုပ်တတ်လားမလုပ်တတ်လားခန့်မှန်းဖို့သာမလွယ်တာ၊ ကိုယ့်အလုပ်ကိုကိုယ်ပြောတဲ့အခါ သိပ်ကိုတက်ကြွပြီးအာပေါင်အာရင်းသန်နေရင်၊ အခု laptop ပေးအခုရေးလိုက်ချင်စမ်းတယ်ဆိုတဲ့အထာကြီးနဲ့ပြောနေဆိုနေရင် ဒီလူဟာ ၀က်ကိုဟောလစ်လို့ထင်တဲ့အစားပဲဆိုပြီး အလုပ်ခန့်ချင်လည်းခန့်မှာတဲ့။

နောက်တစ်ခုကျန်သေးတယ်။ အရင်အလုပ်မှာလုပ်ခဲ့တာကို အပိုတွေပြောမယ်ဆိုရင် လိုသလောက်ပဲအပိုပြောဖို့ပါ။ လုပ်ခဲ့တာက developer။ project ကိုလည်း ကိုယ်ပဲ manage လုပ်ခဲ့တယ်သွားပြောရင်ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီလို High level view ရှိကြောင်း၊ System Analysis လုပ်တုန်းကပါခဲ့ကြောင်းလောက်ပြောရင်ကိုအိုကေပြီ။ အကန့်အသတ်လေးနဲ့ပြောဖို့။ ကို်ယ်ထွက်သွားလို့ ဟိုကုမ္ပဏီမှာ Do နဲ့မျက်ရည်သုတ်ကျန်ခဲ့သယောင်ကြီးတွေ လျှောက်မပြောဖို့၊ Attitude ကောင်းဖို့တွေသတိထားပြီးဖြေဖို့တွေကို သူကပြောပါတယ်။

ဒီပို့စ်ကတော့ Blah-Blah ပါပဲ။ Blah-blah ဟာ Blurred blurred ထက်တော့ကောင်းပါတယ်။ တကယ်လို့ အလုပ်တစ်ခုမှာ လုပ်တော့မယ်ဆိုရင် အဲဒီအလုပ်ကို professional ပီပီသသ လုပ်ရင် ရေရှည်မှာပိုပြီးတိုးတက်လာတာပါပဲ။ အင်တာဗျူးဖြေတာတွေကလည်း ကိုယ်သိတာကို အားကြိုးမာန်တက်ပြောတာအရေးကြီးသလို၊ကိုယ်တကယ်သိဖို့လိုတာတွေသိနေဖို့လည်းလိုပါတယ်။ အခုလို Resume' ပြင်ရေးနေတဲ့အခါသမယမှာ Tips and Tricks တွေကို share လိုက်ပါတယ်။

နတ်လူသာဓုစ်ခေါ်စေသော်ဝ်။

Regards,

Zero


Religion : Googlism

Google သာမရှိရင် ကျနော်တို့ engineer ဖြစ်ပါ့မလား ? Google သာမရှိရင် ကျနော်လည်း mechanical engineer ပဲလုပ်ဖြစ်မယ်ထင်တယ်။ အခုလို IT ဖြစ်လာမှာမဟုတ်ဖူး။ ကျနော်တို့ အတွက် Google က ဘဝပဲ ဟဲဟဲ။ ဒါလည်း ပြောရရင်တော့ မကောင်းဘူး။ ကျနော်တို့ မှတ်ဉာဏ်ထက် Google docs တွေ Google bookmarks တွေ ကိုပိုအားကိုးလာရင် မကောင်းဘူးလို့ထင်တာပဲ။ အတိုင်းအတာ တစ်ခုထိ သုံးရပေမယ့် ဒီပေါ်မှာပဲ depends မလုပ်မိသင့်ပါဘူး။ ကျနော်ဒီနေ့ MySQL cluster setup လုပ်ဖြစ်လို့ ကျနော်ရဲ့ ပထမဆုံး setup လုပ်ဖြစ်တယ့် အတွေ့အကြုံနဲ့ ပြန်ယှဉ်စဉ်းစားမိပါတယ်။

ကျနော်တို့ ဒီက Telecom တစ်ခုအတွက် application တစ်ခု setup လုပ်တုန်းကပါ၊ ကျနော်က servers setup လုပ်ရပါတယ်။ Solaris 8 ပေါ်မှာ။ သူတို့ server တွေထားတယ့် server room တွေမှာ ကျနော်တို့အတွက် internet access မရှိပါဘူး။ အဲ server ကိုတိုင်လည်း IP က approve မဖြစ်သေးလို့ link activate မဖြစ်သေးပါဘူး။ အဲတော့ ပြောရင် ဘာ network connection မှမရှိပါဘူး။ Documentation ပြင်ဆင်သွားပေမယ့် ရှန်းတတ်တယ့်ကျနော် documentation မှာအဆင့်ကျော်သွားပါတယ်။ ရှာစရာ internet လည်းမရှိဘူး။ အဲတုန်းက iphone မပေါ်သေးဘူး။ :D Windows mobile မကောင်းကြောင်းကတော့ ကျနော်မပြောတော့ဘူး။ ကျနော်တို့မှာ internet ကနေ ရှာဖို့ phone မှာရှာ လိုက်ဖတ် ၊ နောက်မှ ကျနော် အဆင့်ကျော်သွားတာမှန်းသိတယ်။ အဲတုန်းကဘာပဲလိုလို Google မှာရှာ တွေ့တယ့် အတိုင်းလုပ်လိုက်တာပဲ။ ရရင်ရ ၊ မရရင် ဆက်ရှာ။ ဒါပဲလုပ်တတ်တယ်။ အဲဒါကိုပဲ လုပ်တတ်နေပြီလို့ ကိုယ့်ဟာကို ထင်တာ။ Internet မရှိတယ့် နေရာမှာ အလုပ်လုပ်ဖူးပြီးမှ ငါတော်တော်လိုသေးတယ်လို့ သိတာ။ ဒါတောင် compilation မလုပ်ရလို့။

Internet က လေ့လာကြတာ အလွန်ကောင်းပေမယ့် internet ရှိမှ ဖြစ်ရင်တော့ မကောင်းဘူး။ Howto တွေရှာကြရင်လည်း ဘာကြောင့် ဒီ howto မှာ ဒီလို လုပ်သလည်းဆိုတာကို လေ့လာဖို့ သိပ်မလုပ်ကြဖူး။ Ubuntu howto ကို Fedora ပေါ်မှာ ပြန်အသုံးမချနိုင်တယ့် linux ဆရာတွေ တွေ့ဖူးပါတယ်။ ဒီ command ကရှိမှ မရှိတာ ဆိုပြီး fedora version howto ရအောင် လိုက်ရှာတာမျိုး။ နောက်တော့ ကျနော် README file တွေ ဖတ်ဖြစ်လာတယ်။ ဘာပဲ compile လုပ်လုပ် README အရင်ဖတ်တယ်။ ပြီးမှ internet မှာရှာတယ်။ ဒါလည်း reference အနေနဲ့ပါ။ Linux မှာ source file တွေမှာပါတယ့် text file တွေမှာ compilation / installation အတွက် ရှင်းပြထားတာမျိုး ပါလေ့ရှိပါတယ်။ ကျနော်လည်း နောက်မှတွေ့တယ်။ MySQL source file ထဲမှာ INSTALL-BINARY ဆိုတယ့် file တစ်ခုမှာ အဆင့်လိုက်ရှင်းပြထားပါတယ်။ အဲတုန်းကတော့ 20C temperature အခန်းထဲ ချွေးတွေပျံလို့။

အမြဲတန်း အလုပ်ဖြစ်သွားရုံထက် explore လုပ်ကြည့်ပါ အမှားမရှိပါဘူး။ ဒီလို စကားမျိုး Zero ရေးတယ့် post တွေမှာ ပါလေ့ရှိပါတယ်။ တစ်ခုကို ကောင်းကောင်းနားလည်ထားရင် မသိသေးတာတစ်ခုကို ရှာဖွေဖတ်ရင်လည်း နားလည်လွယ်ပါတယ်။ Google က ကျနော်တို့ရဲ့ ကိုးကွယ်ရာ မဟုတ်ပဲ ခိုင်းစားရုံလောက်ပဲ ခိုင်းစားကြရအောင်။


Divinity

Note : ကျနော် MySQL cluster setup လုပ်ရင်း စဉ်းစားမိတာ ရေးလိုက်တာပါ။ MySQL cluster setup ကတော့ ဆက်ပါအုန်းမယ်။ MySQL cluster အတွက် လိုအပ်တယ့် ndbd က CentOS repo ထဲမှာ မရှိပါဘူး။ Mysql-max က Redhat မှာ enterprise subscriber တွေအတွက်ပဲရှိပါတယ်။ အပြင် rpm ကို download မှာထက်တော့ MySQL site က tgz လေး download ပြီး ကိုယ့်ဟာကို setup လုပ်တာ ကျနော့်အတွက် ပို အဆင်ပြေပါတယ်။ ဒီည game မဆော့ဖြစ်ရင် mysql cluster ရေးပါအုန်းမယ်။ :D

Monday, April 25, 2011

PL/SQL Developer

PL/SQL Developer

အမြဲတမ်းလိုလိုသုံးဖြစ်တာက SQL developer ပါ။ အခု PL/SQL developer ပြောင်းသုံးပါတယ်။ သူကတော့ oracle client ရှိဖို့လိုပါတယ်။ Install လုပ်ပြီးရင် tnsnames.ora ကို admin path မှာထည့်လိုက်ရုံပါပဲ။ ဒီ IDE ကတော့ DBA တွေနဲ့ပိုသင့်တော်ပါတယ်။

အလုပ်မရှိအလုပ်ရှာပြီး အမျိုးမျိုးစမ်းသုံးကြည့်နေတာပါ။

အခုတလော၊ python ရေးတယ်။ php ရေးတယ်။ ASP.net ရေးတယ်။ Java ရေးတယ်။ စိတ်ကူးပေါက်ရာလျှောက်လုပ်နေတယ်။ မကြာခင် Ruby ရေးမယ်။ Closure ရေးပါမယ်။ Languages တွေရဲ့ Pros and Cons ကိုမရေးဘူးပဲငြင်းတယ်ဖြစ်မှာစိုးလို့ ..ရေးပြီးမှ ငြင်းကြမလားလို့။ Juz kidding.

O_O :P ဆိုတဲ့ဟာတွေအားလုံးဟာ ဒီပုပ်ထဲက ဒီပဲတွေချည်းပါပဲ။ Language တစ်ခုခုကိုကောင်းကောင်းသိရင် အချိန်တိုအတွင်းမှာလေ့လာနိုင်ပါတယ်။ မယုံရင်စမ်းကြည့်ပါ။

Git ကိုလည်း အချိန်နည်းနည်းပေးပြီးစမ်းကြည့်ဖို့တိုက်တွန်းပါတယ်။ Repoနဲ့ရေးတာဟာ Team နဲ့ရေးတဲ့အခါကြရင်ဖြစ်ဖြစ်၊ Code Merging အတွက်ပဲဖြစ်ဖြစ် အဆင်ပြေစေပါတယ်။ Developer ကောင်းတို့မည်သည် Source Code ကို Check in မလုပ်ဘဲ အိမ်ပြန်သည်မရှိကုန် ဆိုတာကိုလည်းမှတ်ထားပါ။ အလုပ်ထွက်တဲ့အခါ၊ အကုန်လုံး Repo ထဲမှာ ထည့်ပြီးပြီ တာ့တာလို့ပြောလို့ကောင်းပါတယ်။

ဘာသာပြန်တာတွေ မနက်ဖြန်မှာတင်လိုက်ပါမယ်။

ဒီမှာလာဖတ်တဲ့သူ ၇ နှစ်ယောက်လောက်တောင်ရှိတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ တစ်ယောက်က Divinity၊ တစ်ယောက်က ကျွန်တော် ဆိုတော့ ကျန်တဲ့ ငါးယောက်ကိုလည်း ကျေးဇူးတင်ပါတယ်။

Sharing လုပ်တယ်ဆိုတာလည်း တစ်နေ့နေ့မှာ လိုတဲ့သူတစ်ယောက်ယောက်လာဖတ်ပြီး အိုကေသွားဖို့ပါပဲ။ နောက်ထပ် ၁၀ နှစ်ကြာသော် ဖြစ်ဖြစ်ပေါ့လေ။ အဖိုးအိုကြီးသရက်ပင်စိုက်သလိုပေါ့။ အဖိုးဘာလို့ သရက်ပင်စိုက်နေတာလဲဆိုတော့ နောက်တစ်ချိန်ကြရင် မွေးလာမယ့်ကလေးတွေ Eပန်းဖို့ပေါ့ကွာ လို့ဆိုသတဲ့။
ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကလည်း အဲဒီအဖိုးကြီးထက်မလျော့ပါဘူး။ ။

Regards,
Zero

Thursday, April 21, 2011

Git Tutorial

Git And GitHub For Windows.

နည်းနည်းလေးစမ်းသပ်ချင်သူများအတွက်။ လွယ်ပါတယ်။ လိုက်လုပ်ကြည့်လို့ရပါတယ်။ ဘာမှဆုံးရှုံးစရာမရှိပါဘူး။ ကိုယ်တိုင်လည်း လုပ်ကြည့်ပြီးပါပြီ။ အိုကေပါတယ်။

http://help.github.com/win-set-up-git/

Git ကို နည်းနည်းလေးထပ်ဖတ်ပြီး developer တွေအတွက် ထပ်ရေးပါဦးမယ်။ အပေါ်က လင့်ခ်မှာတော့ repository ဆောက်ပြီး commit လုပ်တာတစ်ခုကိုပြထားပါတယ်။

Regards,
Zero

Related Posts: