Wednesday, October 12, 2011
Design Patterns
Thursday, June 23, 2011
အပလာသခ်ာၤ အင် အိုရီကယ်။
Thursday, June 2, 2011
Copy ကူးတာကိုလည်း တစ်ခါတလေ backup လုပ်တယ်လို့ခေါ်တယ်
@Echo off
rd /s /q E:\$Recycle.bin
xcopy D:\Company\* E:\Serverbackp\Company\%date:~4,2%\* /Y /Q /S
ဒုတိယ တစ်ကြောင်းက ပုံမှန်ဆိုမလိုပါဘူး။ ဒီ user တွေက ဘာတွေလုပ်မှန်းမသိ မကြာမကြာ recycle bin corrupted error ဖြစ်တယ်။ ဘာလို့ဖြစ်လည်း သူတို့ဘာလုပ်လည်းဆိုတာ သူတို့ကိုတိုင်လည်းမသိဘူး။ Recycle bin ကအရေးမကြီးဘူး၊ ရတယ်တဲ့။ ဟုတ်တယ်လေ မှားဖျက်မိလို့ ပြန်လိုချင်ရင် backup တွေရှိနေမှာပဲ။ အဲဒါနဲ့ ကျနော့ script ထဲမှာ အဲ quickfix လေးထဲ့ရေးလိုက်တာ။
ပထမလိုင်းကတော့ အလကား output တွေပေါ်ပေါ်လာရင် မျက်စိနောက်လို့ echo off လိုက်တာ ။ Bat ရေးဖူးတဲ့သူတိုင်း သိပါတယ်။
ဒုတစ်ယလိုင်းကတော့ recycle bin error ကို quickfix အနေနဲ့ Empty recycle bin လုပ်လိုက်တာ။ အမှန်က Recycle.Bin directory ကို ဖျက်လိုက်တာပါ။ ဒါပေမယ့် တစ်ခုခု delete လုပ်ရင်ဖြစ်ဖြစ်၊ logout / login လုပ်ရင်ဖြစ်ဖြစ် recycle.bin folder က ပြန် create ဖြစ်ပါတယ်။ အဲတော့ ဒါ command line က empty recycle bin လုပ်လိုက်တာပဲလို့ သဘောထားပါတယ်။ :D
နောက်ဆုံးလိုင်းကတော့ Windows ရဲ့ အသုံးတည့် command လေးတစ်ခုဖြစ်တဲ့ xcopy နဲ့ files တွေကို ကူးဖို့ပါ။ ဒီမှာ ပြသနာ နည်းနည်းရှိပါတယ်။ ကျနော်တို့က one month cycle လိုချင်တာပါ။ ဆိုလိုတာက နေ့စဉ် overwrite မလုပ်ချင်ပါဘူး။ နေ့စဉ် new backup set ထားသွားပြီး တစ်လကြာမှ ပထမနေ့က backup set ကို overwrite ချင်တာပါ။ အဲဒါကြောင့် နောက်က destination မှာ %date~:4,2% ဆိုတာလေးပါနေတာပါ။ Windows မှာ %date% environmental variable က system date ကို ကိုယ်စားပြုပါတယ်။ %date% ကမှ လေးလုံးမြောက်ကနေ ငါးလုံးမြောက်အထိ ( နှစ်လုံးထဲ) လိုချင်လို့ %date~:4,2% လို့ရေးတာပါ။ ကိုယ်ယူထားတယ့် date / time format ပေါ်မှာ မူတည်ပါလိမ့်မယ်။ mm-dd-yyyy ဆိုရင်တော့ 7,2 လို့ယူရပါလိမ့်မယ်။ အနောက်က /Y ကတော့ overwrite ဖို့ yes / no prompt တွေမှာ အကုန် yes လို့သတ်မှတ်ပြီး overwrite သွားဖို့၊ /Q ကတော့ process output မပြဖို့နဲ့ ၊ /S ကတော့ subdirectories တွေပါ ကူးဖို့ ထဲ့ထားတာပါ။
Diskspace ပိုးဆိုးပက်စက်တက်တာကလွဲရင် သူတို့လိုချင်သလိုဖြစ်ပါတယ်။ Diskspace ကတော့ အမှန်ဆို compress လေးလောက်လုပ်သင့်တာပေါ့နော်။ ဒါပေမယ့် user က ဒီတိုင်းက သူတို့အတွက် ပိုကောင်းတယ်၊ ဘာမှမလုပ်ရပဲ backup file တွေကို မြင်ရတာ ပိုသဘောကျတယ်ဆိုလို့ ဖြစ်သလိုပဲ လုပ်ပေးလိုက်ပါတယ်။ အမှန်က backup လုပ်တာလို့ ပြောဖို့တောင် ခက်ပါတယ်၊ တစ်ခြားတစ်နေရာရာကို copy ကူးထားလိုက်တာပါပဲ။ ကိုယ့်ဟာကို compression လုပ်ချင်ရင်တော့ winrar command line tools လေးနဲ့ လုပ်လို့ရပါတယ်။
Divinity
Tuesday, May 31, 2011
MySQL root password reset
တခြား database တွေလည်း သိပ်မရင်းနှီးတော့ တခြား database တွေမှာ ခက်လားမခက်လား တော့ မသိဘူး။ MySQL မှာတော့ မခက်ပါဘူး။ MySQL server command တွေထဲမှာ skip-grant-tables ဆိုတယ့် option ရှိပါတယ်။ Privileges system ကို မသုံးပဲ ၊ database အားလုံးကို unrestricted access ဖြစ်သွားပါတယ်။ Database downtime လေး မိနစ်ဝက်လောက်တော့ ရှိမှာပေါ့။ ဘယ်တတ်နိုင်မလည်း ။
ပထမဆုံး MySQL ကို --skip-grant-tables option နဲ့ ပြန်စပါ။
> mysqld_safe --skip-grant-tables &
နောက်ဆုံးက Ampersand (&) လေးကတော့ process ကို background process အဖြစ် run လိုက်တာပါ ။ ဒီလို run လိုက်ရင် MySQL က ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရပြီ ။
> mysql
Root user အနေနဲ့ MySQL ထဲကို ဝင်သွားပါလိမ့်မယ်။ အဲကြမှ password မြန်မြန် reset လုပ်ပေါ့။
mysql> UPDATE mysql.user SET password=PASSWORD('New-password') WHERE User='root';
Mysql database ထဲက user ဆိုတယ့် table မှာ password ဆိုတယ့် column ကို update လိုက်တာပေါ့။ နောက်က Password(' ') ဆိုတာကြီးကတော့ MySQL ရဲ့ password hashing function ပါ။ Query မှာတုန်းက plain text ကြီးနဲ့ ရိုက်ပေမယ့် database ထဲကို hash အနေနဲ့ insert သွားလုပ်လိမ့်မယ်။ ဒီ query က တခြား mysql account password မေ့ရင်လည်း အသုံးတဲ့ပါတယ်။
ပြီးရင် flush privileges လုပ်လိုက်ရင် privileges system ပြန်ပြီး active ဖြစ်ပါပြီ။ ဆိုလိုတာက ပုံမှန်အတိုင် တခြား account restriction တွေပြန်ရှိပြီပေါ့။ ကျနော်ကတော့ MySQL ကို restart ပြန်လုပ်လေ့ရှိပါတယ်။ init script ကို ပြန်ခေါ်ပြီး restart ချလိုက်တာ ဘာလောက်မှမကြာပါဘူး။
ကဲ ဒါဆို MySQL root password reset ရသွားပြီ။ ကျန်တာတော့ ကိုယ့်ဟာကို export ဆက်လုပ်တော့ပေါ့။ :)
Divinity
Friday, May 20, 2011
OpenSource တွေသုံးကြည့်ရအောင် (1) ( Openfiler - Opensource NAS)
Small office တစ်ခုအနေနဲ့ centralized file storage တစ်ခုတော့ထားချင်တယ်၊ ဒါပေမယ့် storage server license ဝယ်ရမှာလည်း ဈေးကြီးတယ်။ Office မှာကမှ လူက ဆယ်ယောက်လောက်ရှိတာ၊ server license တော့မဝယ်ချင်ဖူးဆိုရင် Opensource nas တွေအများကြီးရှိပါတယ်။ အဲဒီထဲမှာတော့ OpenNAS နဲ့ Openfiler က stable ဖြစ်ပြီး လူသုံးများတယ်။ Small office မဟုတ်ပေမယ့်လည်း budget cut down လုပ်ချင်ရင် stable ဖြစ်လို့ သုံးလို့ အဆင်ပြေနိုင်ပါတယ်။ ဒီ post မှာ ကျနော်တို့ Openfiler ရဲ့ capability ကို ကြည့်ကြည့်ရအောင် ။
Overview
Linux based ပါပဲ။ OpenLDAP ၊ NFS ၊ NIFS ၊ SAMBA ၊ iSCSI initiator အစရှိသဖြင့် NAS တစ်ခုအတွက် လိုအပ်တာတွေပြန် ပေါင်းထဲ့ထားတယ့် Linux based တစ်ခုပါပဲ။ Software RAID ၊ Hardware RAID နှစ်ခုလုံးကို support လုပ်ပါတယ်။ WebUI ပါလို့ administration လွယ်ကူပါတယ်။ ဒါပေမယ့် UI ကနေမရတယ့် configuration အတွက်လည်း ကိုယ့်ဟာကိုယ် console terminal ကနေ ပြင်လို့ troubleshoot လုပ်လို့ရတာမို့ သုံးရတာ flexible ဖြစ်ပါတယ်။ WebUI မှာတင် Java servlet တစ်ခုနဲ့ console access ထဲ့ပေးထားပါတယ်။ ( init 1 ရိုက်ဖို့လိုရင်တော့ သုံးလို့မရနိုင်ပေမယ့် တော်ရုံတော့ အသုံးတဲ့ပါတယ်)
Storage Flexibility
Openfiler မှာ iSCSI configure လုပ်လို့ရလို့ iSCSI capable external enclosure တစ်ခုခုနဲ့ ချိတ်ဆက်သုံးလို့ရပါတယ်။ Storage တိုးချင်ရင် enclosure ထဲမှာ hard disk တွေထပ်တိုးပြီး Openfiler က Volume Group expend လုပ်လိုက်ရင်ရပြီ ။ အဲတော့ အမြဲတိုးတက်လာတယ့် storage space လိုအပ်ချက်ကို အမှီလိုက်နိုင်ပါတယ်။ လက်ရှိ version မှာ 60 TB အထိ support လုပ်ပါတယ်။ Online volume resizing လုပ်လို့ရတာမို့ space expend လုပ်ချင်ရင်တောင် downtime မရှိ လုပ်နိုင်ပါတယ်။
User Account Control
OpenLDAP ပါတာမို့ local ldap server configure လုပ်ပြီး user acct control လုပ်လို့ရပါတယ်။ တကယ်လို့ network ထဲမှာ authentication server ရှိပြီးသားဆိုလည်း ရှိနေပြီးသား LDAP server သို့မဟုတ် AD ကိုချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဘယ် user / group က ဘယ် share ကို အသုံးပြုနိုင်သလည်းဆိုတာကိုလည်း configure လုပ်ရတာ လွယ်ကူပါတယ်။
Quota control
User တွေကို quota သတ်မှတ်လို့ရသလို ၊ share တစ်ခုချင်းကိုလည်း ဘယ် share က ဘယ်လောက် space ထိပဲ grow လုပ်ခွင့်ပြုမယ်ဆိုပြီး သတ်မှတ်လို့ရပါတယ်။ Company အတွင်းက ဘယ် department က ဘယ်လောက် space ပဲသုံးလို့ရမယ်ဆိုပြီး သက်မှတ်တာမျိုးအတွက် အဆင်ပြေပါတယ်။
Rich Communication methods
SSH ၊ SMB ၊ CIFS ၊ NFS ၊ FTP အကုန် support လုပ်လို့ Unix ၊ Linux ၊ Mac ၊ Windows မရွေး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
High Availability
Openfiler မှာ HA cluster setup လုပ်လို့ရပါတယ်။ တစ်လုံးထက်ပိုတယ့် Openfiler server တွေကတော့ Cluster တစ်ခုအနေနဲ့ serve လုပ်နိုင်တာမို့ single point of failure ကိုရှောင်နိုင်ပါတယ်။ (ဒါကလည်း iSCSI လိုမျိုးနဲ့ တွဲမှ အဆင်ပြေမှာပါ။ )
Snapshot
Openfiler ရဲ့ volume တစ်ခုချင်းကို snapshot ရိုက်ပြီးတစ်နေရာရာ ပြန်သွားထားလို့ရပါသေးတယ်။ Storage server ကို backup ပြန်လုပ်တာပေါ့။ Revert ပြန်လုပ်ရတာလည်း လွယ်လွယ်ကူကူပဲ။
Easy Administration
ခုနကပြောသလို ရိုးရှင်းပြီး ပြည့်စုံတယ့် WebUI ကြောင့် administrate လုပ်ရတာ လွယ်ကူလွန်းပါတယ်။ Volume group တွေ၊ User / group quota တွေနဲ့ မစိမ်းဖူးဆိုရင် ဘာမှ အထူးအစမ်းမရှိနိုင်ပါဘူး။
Openfiler ရဲ့ ကောင်းတယ့်အချက်တွေအများကြီးရှိပါသေးတယ်။ အလကားရတာမို့ Cost effective ဖြစ်တယ်လို့ပြောရင် လွန်မယ်မထင်ပါဘူး။ Exchange server ၊ VMware စတာတို့နဲ့တွဲပြီး storage အဖြစ်သုံးလို့လည်းရပါတယ်။ Opensource တို့ရဲ့ထုံးစံအတိုင်း documentation ကတော့ သိပ်အားမကောင်းပါဘူး။ ဒါပေမယ့် feature တော်တော်များများက ဘာ technical skills မှမလိုပဲ လွယ်လွယ်ကူကူပဲ သုံးလို့ရပါတယ်။
ကျနော့် ပတ်ဝန်းကျင်မှာ ကျနော်နေ့စဉ်အမျှ ထိတွေ့နေရတယ့် Opensource product တွေအကြောင်း တစ်ခုချင်း ရေးပါအုန်းမယ် ။ ( ပြောပြန်ပြီ)
Divinity
Thursday, May 19, 2011
အော်ရီကယ်
SELECT SUBSTR(DEPT, 1, INSTR(DEPT, '|') - 1) AS L_DEPT,
SUBSTR(DEPT, INSTR(DEPT, '|') + 1) AS R_DEPT,
DEPT
Thursday, May 12, 2011
Think B4 it's 2 La8.
Think B4 it's 2 La8.
အလုပ်က ခက်တာမဟုတ်ဘဲ လွယ်တာလေးတွေများနေရင် ဘယ်လို Handle လုပ်မလဲ။
အခုနောက်ပိုင်းမှာ productive programmer တွေက code ကိုမရေးဘူး။ generate လုပ်တယ်။
နေ့တိုင်းလုပ်နေရတဲ့အလုပ်တွေကို ထိုင်စဉ်းစားကြည့်တယ်။ တစ်နေ့လား sql script ရေး၊ နောက်တစ်နေ့လာ script ရေးနဲ့ပဲ လုပ်နေရတာများတယ်။ ဘာမှမဟုတ်ပေမယ့် လက်ဝင်တယ်။ ဆိုပါတော့ policy အခု တစ်ထောင်လောက်ကို စစ်ရမယ်ဆိုရင် သူတို့ပေးလိုက်တဲ့ txt file ထဲက policy number လေးတွေကို တယုတယလေး comma code ပြီး select where policy in ('') ထဲထည့်ဖို့တောင် တစ်ခုချင်းစီလုပ်နေရင် သိပ်ကြာတယ်။ အဲဒီတော့ program လေးတစ်ခုရေးထားတယ်။ ဘာမှလုပ်တာမဟုတ်ဘူး။ comma တွေ single code တွေ တပ်ပေးတာမျိုး၊ ကိုယ်လုပ်ရမှာပျင်းတာတွေ လုပ်ပေးတဲ့ office helper ဆိုတဲ့ project လေးကို လုပ်ဖြစ်တယ်။ သက်သာတယ်။ productive ပိုဖြစ်လာတယ်။ အချိန်များများမလိုဘဲပြီးတယ်။
အားနေရင် Framework တွေလေ့လာတာကောင်းတယ်။ Java မှာ အလားအလာသိပ်ကောင်းနေတှဲ့Spring framework လိုဟာမျိုးကိုလေ့လာသင့်တယ်။ နောက်ထပ် ဆယ်နှစ်အတွင်း သူ့ကို ပစ်ပယ်လို့မရသေးဘူး။ အခု VM ware အောက်ရောက်သွားလို့ ပိုခိုင်မာလာတယ်။ Spring Source မှာ လေ့လာလို့ရတယ်။ Spring Tools Suite တွေလည်းထုတ်တယ်။ ပျင်းရင် စမ်းကြည့်ဖို့ကောင်းတယ်။
Code ရေးတာတင်မဟုတ်ဘဲ Framework တွေကို နားလည်ရင် ပိုအဆင့်မြင့်တဲ့ code ကို ရေးလို့ရတယ်။ Spring batch မှာဆို file တွေကို သူ့ဘာသာသူ handle လုပ်ထားတာတွေအများကြီးပါတယ်။ reader တွေ၊ writer တွေ မလိုဘဲ ရေးရတာတွေသက်သာသွားတယ်။
ဖတ်လက်စဟာတွေရေးမယ် ရေးမယ်နဲ့မရေးဖြစ်ဘူး။ Divinity ပို့စ်နှစ်ခုတက်လာမှ စာမရေးတာကြာပြီလို့သတိထားမိတယ်။ Language တွေရဲ့ရှေ့မှာ concept အရင်လာတယ်။ အဲဒီ concept ကို သိရင် ဘာ language နဲ့မဆို implement လုပ်ဖို့ ဆက်ကြိုးစားလို့ရနိုင်တယ်။
IOC , inversion of control နဲ့ Dependency Injection ကို အတူတူပဲဆိုတာမသိဘဲ spring နဲ့ရေးတာတွေကို maintain လုပ်ခဲ့ဖူးတယ်။ အတွေ့အကြုံအရ ဘာတွေကို ဘယ်လို configure လုပ်ပြီး ဘယ်လိုရေးလိုက်ရင်ရတယ်ဆိုတာက မခက်ဘူး။ အမှန်က အဲဒါက ကျွန်တော် အသုံးမကျဘဲ ဘ၀င်မြင့်မိတဲ့အချက်ပဲ။ လူများ အခြေခံလုပ်ထားပြီးသားကို ၀င်ပြင်တာက ဘာပညာမှမပါသလောက်ပါပဲ။ ဘာနဲ့တူလဲဆိုရင် စွန်လွှတ်ရင် လူများတင်ထားတဲ့စွန် ၀င်လွှတ်သလိုပဲ။ မခက်ဘူး။ လေမိနေတဲ့စွန်ပေါ့လေ။ သူ့ဘာသာသူလည်း ပြုတ်ကျမလာဘူး။ အဲဒီလို ရေးနိုင်တာနဲ့ပဲ ကျွန်တော်ထင်လာတယ်။ ဘယ် framework မှမခက်ဘူး။ ဘာမှလည်းမဟုတ်ဘူး။ ဟိုနေရာလေးမှာ ဟိုဟာပြင်၊ ဒီနေရာလေးမှာဒီဟာပြင်ပဲလို့ထင်တယ်။ အဲ.... ထင်ခဲ့တယ်ပေါ့လေ။ လူဆိုတာက အတော်လေးထူးဆန်းတဲသတ္တ၀ါ၊ လူများအသုံးမကျတာကို သာ ထင်ထင်ရှားရှားမြင်ရတယ်။ ကိုယ်အသုံးမကျဘူးဆိုတာကိုတော့ အတတ်နိုင်ဆုံးမေ့ထားမိတယ်။
ဟိုတစ်လောက Spring တွေ configure ပြန်လုပ်တယ်။ စာမေးပွဲဖြေဖို့ စာဖတ်ရင်း၊ ဒါတွေ အရင်လည်းလုပ်ဖူးပါတယ်အေးဆေးပါဆိုပြီးလုပ်တယ်။ တစ်ချို့နေရာတွေမှာ ချက်ချင်းမရဘူး။ စာပြန်ဖတ်ရတယ်။ ထင်သလောက်တော့မလွယ်ဘူး။ အရင်က အသင့်သုံးနေခဲ့ရတာတွေက မခက်ဘူး။ ဘာလို့မခက်လဲဆိုတာကိုစဉ်းစားကြည့်တော့၊ ခက်တဲ့အပိုင်း သူများတွေလုပ်ထားပြီးလို့လို့ အဖြေထွက်တယ်။ စင်ကာပူမှာ အသုံးမကျတဲ့ system ခင်ဗျားတို့ ထင်တာထက်များတယ်လို့ တစ်ခါရေးဖူးတယ်။ ဘာမှ အသုံးမကျလည်း survive လုပ်နိုင်တယ်လို့လည်း ရေးဖူးတယ်။ ကိုယ့်ကိုယ်ကို အသုံးကျအောင်လုပ်တာဟာ အလုပ်မှာ လိုအပ်လို့ဟုတ်ချင်မှဟုတ်မယ်။ အဲဒီနှစ်ခုကို ခွဲပြောမှရမယ်။
နားလည်အောင်ကြိုးစားတာနဲ့ နားလည်ဖို့လိုအပ်လို့ကြိုးစားတာမတူဘူး။ ပညာတစ်ခုက သင်ထားရင်မေ့သွားမှာပဲ။ မမေ့တာက ဘာလဲဆိုရင် လေ့လာခဲ့တဲ့နည်း။ အဲဒီနည်းကို မှတ်မိရင် ခဏလေးနဲ့ပြန်လေ့လာလိုက်လို့ရတယ်။ လေ့လာတဲ့နည်းမှားနေရင်သာ ဘာမဆို သင်လို့မတတ်နိုင်ဖြစ်နေတာတို့၊ လွယ်လွယ်နဲ့သဘောမပေါက်တာတို့ဖြစ်တယ်။ ကိုယ်က ဘာဖြစ်ချင်တာလဲဆိုတာသိရင် ဘယ်လောက် လေ့လာဖို့လိုသလဲဆိုတာကိုလည်းပိုင်းဖြတ်နိုင်တယ်။ အစ္စရေးမှာနေပြီး ရေကူးသင်ရင်ကောင်းမလားစဉ်းစားသလိုလည်းဖြစ်နေတတ်တယ်။ ကုန်းတွင်းပိတ်နိုင်ငံထဲမှာတော့ ရေမကူးတတ်လည်းမသေဘူး။ ရေမကူးတတ်ရင် မသေတဲ့နေရာမှာနေပြီး၊ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမဆို ရေမကူးတတ်ရင် မသေဘူးကွ ဆိုပြီးတော့ ပြောရင်တော့လည်း မှန်မှာမဟုတ်ဘူး။
Spring မှာဆို AOP, Aspect Oriented Programming အတွက် သူက အများကြီး support လုပ်တယ်။ ကိုယ်က Spring 2.0 လေ့လာနေတုန်း၊ xml နဲ့ configure လုပ်ကောင်းတုန်းမှာ SpringSource က Spring 3.0 ကို annotation တွေနဲ့ သုံးတာကို promote လာလုပ်နေတာတွေ့ရတယ်။ IT မှာပျော်စရာကောင်းတာက အဲဒါပဲ။ လေ့လာလို့မဆုံးဘူး။ ပျော်တတ်ရင်ပျော်စရာကောင်းပါတယ်။ အသုံးမကျတဲ့သူနဲ့ အသုံးကျတဲ့သူကွာခြားသွားဖို့ အပြောင်းအလဲများများလိုတယ်။ သိပ်ကိုလွယ်ကူတဲ့နေရာမျိုးမှာ ဘယ်သူက တော်ပြီး ဘယ်သူက ညံ့လဲခွဲရသိပ်ခက်တယ်။ အပြောင်းအလဲကို မကြောက်ဘဲ၊ လေ့လာရမှာပျော်တတ်ဖို့စိတ်ကိုပြင်ဆင်ထားရင် နေပျော်ပါလိမ့်မယ်။
AOP ကို အရင်က ခက်ခက်ခဲခဲရေးကြရတယ်။ အခုတော့ သုံးလေးငါးကြောင်း config လုပ်လိုက်ရုံနဲ့အဆင်ပြေတဲ့ခေတ်ကိုရောက်လာပြီ။ အကြမ်းဖျင်းပြောရရင်တော့ AOP က Transaction Advice တွေ ဘာတွေ လုပ်တဲ့အခါသုံးတာပေါ့။ ဥပမာ Customer A ကို database ထဲ insert မလုပ်ခင်၊ သူ Registered လုပ်ထားလားစစ်မယ်၊ပြီးတော့ သူ့ကို တစ်ခြား Black List Table မှာ တိုက်ဆိုင်မယ်၊ စတဲ့ကိစ္စမျိုးတွေကို Before မှာလုပ်မယ်။ Customer A ကို create လုပ်ပြီးရင် After မှာလုပ်ချင်တာတွေကို စုပြီး configure လုပ်ထားလို့ရပါတယ်။ ဒါတွေလုပ်ဖို့များ AOP မလိုပါဘူးဆိုတာတွေဖြစ်ချင်လည်းဖြစ်လာမယ်။ Real world မှာတော့ ဒီထက်ခက်ခဲတာတွေရှိပါတယ်။ Stand alone system နဲ့ Distributed System တွေရဲ့ Complexity တွေက ဘယ်လိုမှယှဉ်လို့မရပါဘူး။ နောက်ပိုင်းမှာ code level မှာပြင်တာတွေထက် Config ကနေပဲ လိုတာတွေကို ပြင်လို့ရလာအောင် Flexibility နဲ့ Maintainability အတွက် ပြင်ဆင်လာကြတာတွေ့ရပါတယ်။
ဥပမာ Spring မှာ အရင်က iBATIS သုံးတယ်။ သူကတော့ ဘုရားစူး ORM (Object-Realational Mapping)။ ORM framework တွေတော်တော်များများရှိတယ်။ Hibernate ကတော့ ဆျာဂျီးပေါ့။ သူတို့မှာလည်း သူတို့ပြဿနာနဲ့သူရှိတာတော့ရှိတယ်။ ORM ဆိုလို့ သူတို့ကို ဘာအတွက်သုံးလဲဆိုတာလေး နည်းနည်းဖြည့်ပြောလိုက်ချင်တယ်။ Database ခမျာ နှစ်ပေါင်းများစွာ Relational အဖြစ်နဲ့နေလာရာကနေ OO တွေ က သူ့ကို OO လို နားမလည်တဲ့ကောင်ဆိုပြီး ပြောတာကို ခံနေရတာကြာပြီ။ အဲဒီတော့ OO နဲ့ Relational DB ပြောရဆိုရလွယ်အောင်နဲ့ အသုံးပိုကျလာအောင် ORM တွေသုံးလာတာပါ။ အရင်က Obj တစ်ခုလုံးကို Table ထဲထည့်လို့မရဘူး။ သပ်သပ်စီပဲ။ Table ထဲထည့်ချင်ရင် column data တစ်ခုစီကို insert လုပ်ရတယ်။ Customer data ဆိုရင် name,nric, ဘာညာ၊ဘာညာတွေ insert လုပ်ရတာသိပ်ပျင်းဖို့ကောင်းတယ်။ အခုတော့ ORM တွေကြောင့် Insert(Customer) ဆိုတာမျိုးနဲ့ကိစ္စပြီးတယ်။ စကားကိုပြန်ကောက်ရရင် Spring မှာ iBATIS အစား Hibernate ပြောင်းသုံးချင်လည်း သိပ်အများကြီးပြင်စရာမလိုဘူးဆိုတာပါ။ အဲဒီလို ရေရှည်မှာ ကိုယ့်ဘ၀ကို သက်သာစေမယ့်ကိစ္စတွေများများသိသင့်တယ်။ အဲဒါတွေကိုလည်း ကိုယ့်ထက်တော်တဲ့သူတွေ လုပ်ထားပြီးပြီ။ နည်းနည်းတော့လေ့လာလိုက်၊ အဆင်ပြေသွားစေရမယ်ဆိုတာမျိုး။ (Spring ကို promote လုပ်နေသလိုများဖြစ်နေပြီလားမသိ။)
နောက်ပြီးအခုခေတ်က လေ့လာစရာတွေသိပ်များတော့ ကိုယ့်ဘ၀ကြီးကို ဘာနဲ့လဲစားလိုက်ရမှန်းမသိဘူးဖြစ်ဖြစ်နေတာပဲ။ တစ်ခါတစ်လေလည်းတွေးမိတယ်။ ပိုက်ဆံ နှစ်သောင်းလောက်ပြည့်အောင်စု။ အီတလီသွား၊ ကော်ဖီဖျော်တတ်အောင်သင်။ စင်ကာပူပြန်လာ၊ လေဆိပ်မှာ ဆိုင်လေးဖွင့်။ တစ်သက်လုံး ဇိမ်ကျမှာ။ ဒါပေမယ့် ဒါမျိုးကို အသက်လေးဆယ်ကျော်လောက်မှာစဉ်းစားပါလို့ပဲတွေးတွေးမိတယ်။ မြန်မာဗီဒီယိုထဲကလို စိတ်ကောင်းနဲ့စိတ်ဆိုး အကောင်နှစ်ကောင်ပေါ်ပေါ်လာသလိုဖြစ်နေတယ်။ ကိုယ့်ကို ပင်ပန်းစေချင်တဲ့ကောင်က ကိုယ်ပင်ပန်းနေရတာကိုပဲပျော်နေပုံရတယ်။
ဒီမှာလည်း Technical စစ်စစ်ကြီးတွေမရေးသေးဘဲ စကားပဲများနေရတာလည်းအကြောင်းရှိပါတယ်။ တကယ်လေ့လာချင်တဲ့သူတွေက မြှောက်ပေးဖို့ပဲလိုတာပါ။ အဲလေ ... တိုက်တွန်းတာ၊ suggest လုပ်တာ .. အဲဒါတွေပဲလိုပါတယ်။ Professional အလုပ်လုပ်စားပြီး ယောင်တိယောင်နဆို ရေလည် အမြင်ကတ်မိတယ်။ လူများပိုက်ဆံကို ညာယူတဲ့သူမျိုးလို့ပဲထင်တယ်။ Professional ဆိုတာ လူများထက် ဒီအလုပ်မှာ ပိုတော်ပြီး ထောင့်စေ့တဲ့သူမျိုးပဲဖြစ်ရမယ်။ ကိုယ်လောက်မသိတဲ့သူကမေးရင် ချက်ချင်းဒေါက်ခနဲမဖြေနိုင်ဘဲ၊ ဒေါက်ခနဲ အောက်မေးပြုတ်ကျပြီး ပါးစပ်အဟောင်းသားဖြစ်ရတာလောက် ရှက်စရာကောင်းတာမရှိဘူးလို့ထင်တယ်။ တစ်ခုခုမေးမှ I am not sure ဆိုရင် အဲဒါ professional မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကို အလုပ်နဲ့ပတ်သက်ရင် Professional ဆိုတာကို မေ့မထားစေချင်ဘူး။ အဲဒီ အတွေးအခေါ်တွေကို အဓိက promote လုပ်ချင်တာပါ။ မြန်မာအများစုက ကိုယ့်အထက်မှာ မြန်မာတစ်ယောက်ရှိတယ်ဆိုရင် မေးလို့ကိုမဆုံးဘူး။ အလုပ်လုပ်မှာလား၊ ဒါမှမဟုတ် ကိုယ်က စာလာသင်တာလားဆိုတာကိုမေ့နေကြသလိုဖြစ်နေတယ်။ တကယ့်ဘ၀ကြီးမှာ ကိုယ့်ဘာသာကိုယ်လေ့လာမှပဲ ကိုယ်တိုင်သိတဲ့အသိကိုရတယ်။ သူများကိုမေးနေတာတွေက ခဏနေဆိုပြန်မေ့သွားတာပါပဲ။ ကိုယ် သုံးလေးရက် ရှာဖတ်ပြီးမှ သိလိုက်တဲ့ဟာနဲ့ လူများကို အလွယ်တကူမေးလို့သိလိုက်ရတာနဲ့က မှတ်မိပုံချင်းတူကိုမတူပါဘူး။
B a Professional @ Work
ဖြစ်နိုင်ရင် တခြားသူတွေလုပ်နိုင်တာထက် ပိုပြီး quality ကောင်းအောင်လုပ်ပါ။ ဘယ်နေရာမှာမဆို၊ ကိုယ်လုပ်လိုက်တာဟာ နည်းနည်းတော့ value added ဖြစ်အောင်။ မေးလ်ပြန်ပို့ရင်တောင် လိုအပ်ရင် အရောင်လေးဘာလေးသုံး၊ highlight လုပ်၊ ကိုယ့်မေးလ်ကို follow up လုပ်။ ဘယ်သူပဲကြည့်ကြည့် ကိုယ်အလုပ်လုပ်နိုင်တာကို သိသာအောင်နေပါ။ အလုပ်လုပ်နိုင်ပြီး အမြန်ပြီးအောင်လုပ်၊ ပိုတဲ့အချိန်သက်သာအောင်နေတာနဲ့ လွယ်လွယ်လေးတွေကို ခက်နေတာနဲ့ကလည်း တူသလိုလိုနဲ့ အတော်ကြီးကွာတယ်။
လူတိုင်းက Genius မဟုတ်ဘူး။ လူတိုင်းကလည်း ကိုယ်လောက်ပဲတော်တာမဟုတ်ဘူး။ ကိုယ့်ထက်တော်တာကို တော်တယ်လို့ လက်ခံလိုက်တာကောင်းတယ်။ အဲဒီလို လက်မခံရင် သူ့လိုတော်ဖို့မလွယ်တော့ဘူး။ ကိုယ်က ပိုတော်တယ်လို့ထင်ရင် သူ့ဆီက ဘာပညာမှယူစရာမရှိတော့ဘူး။ လူများတွေ အလွယ်တကူလုပ်နေတာကို ကိုယ်က ခက်နေရင် "နည်းနည်းလေးတော့ လွယ်နေမယ်၊ လွဲလွဲလေးပဲကောင်းပါတယ်ဖြစ်နေမယ်။ " (ထူးအိမ်သင် သီချင်းစာသား)
နောက်တစ်ခုက ဆက်ဆံရေး။ ဘယ်အလုပ်မှာပဲဖြစ်ဖြစ်၊ အထက်လူကြီးက သူနဲ့အဆင်မပြေတဲ့သူကို ညံ့တယ်ထင်တာပဲ။ အဲဒါကိုလည်းမမေ့နဲ့။ ပြုံးပြရတာ ဘာမှ ပဲ့ပါမသွားဘူး။ ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင်နေပြီး အားလုံးနဲ့တဲ့အောင်ပေါင်းသင့်တယ်။
ကဲ ကဲ .. တရားသိမ်းကြရအောင်။ အဲလေ ... နိဂုံးချုပ်ကြစို့ ...။ လိုက်ဆိုလိုက်ပါဦး။
I will be a Professional @ work.
This is my commitment.
Ctrl+C De Bono's last book title :.
Ctrl+V In this post
R3gArdS,
Z3R0