Thursday, April 21, 2011

Martin Fowler

java လောကမှာတော့ သူဟာ ပြောရေးဆိုရေးရှိသူကြီးပါပဲ။ သူရေးတဲ့စာတွေက java လောကသားတွေအတွက်တော့ သိုင်းကျမ်းကြီးတွေလိုဖြစ်နေတော့တာပါပဲ။

http://martinfowler.com/

များများဖတ်ကြည့်ပါ။ အနည်းဆုံး အင်တာဗျူးတွေမှာ လေကောင်းကောင်းပေါနိုင်ပြီး အလေးစားခံနိုင်ပါလိမ့်မယ်။

တခါတလေ အင်တာဗျူးတွေက တကယ်သိဖို့မလိုဘူး။ မသိတဲ့သူအချင်းချင်း အသာစီးယူနိုင်ဖို့လိုတာ။

Regards,
Zero

Wednesday, April 20, 2011

Java Idioms

ဒီနေ့ပဲရုံးက သူငယ်ချင်းက Java Idioms တွေဖတ်ကြည့်ပါဆိုလို့ Link ယူထားလိုက်တယ်။ ဖတ်တော့မဖတ်ကြည့်ရသေးပါဘူး။


Language တစ်ခုခုကို hello world ရေးတတ်ရုံနဲ့တော့ ဘာမှမဖြစ်လာပါဘူး။ ဘယ် Language ကို ဘယ်လောက်အထိ ရေးတတ်သလဲ၊ ဘယ်လောက်အဆင့်မြင့်မြင့်ရေးနိုင်သလဲဆိုတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဟိုတလောက PHP ရေးကြည့်နေပါတယ်။ ပျော်စရာကောင်းပါတယ်။ Language အများစုရဲ့ တူညီမှုတွေကို နားလည်ရင် လေ့လာရတာလွယ်ပါတယ်။

Programming Language တွေက စာအုပ်တွေနဲ့တူပါတယ်။ ဘာသာစကားတစ်မျိုးတည်းနဲ့ရေးထားတဲ့စာအုပ်တွေပါ။ အဲဒီဘာသာစကားက Concept ဖြစ်ပါတယ်။ Concept ရှိတဲ့သူ၊ တစ်နည်းအားဖြင့် ဘာသာစကားကို နားလည်တဲ့သူ၊ဖတ်နိုင်တဲ့သူဟာ စာအုပ်တွေနဲ့တူတဲ့ language တွေကိုသဘောပေါက်နိုင်ပါတယ်။ ဘာသာစကားနဲ့တူတဲ့ Concept ကို ဘယ်လောက်ခိုင်ခိုင်မာမာရထားလဲဆိုတာပေါ်မူတည်ပြီး Language ကို ဘယ်လောက်အဆင့်မြင့်မြင့်နားလည်နိုင်သလဲဆိုတာဖြစ်လာပါတယ်။

အဲဒီတော့ ကိုယ်ရေးနေတဲ့ Language ကို သာ လေးလေးနက်နက် လိုက်စားမယ်ဆိုရင် ကျန်တာတွေကိုလည်း လွယ်လွယ်ကူကူလေ့လာနိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်လို့ပြောချင်ပါတယ်။

ဘယ် language ကအကောင်းဆုံးလဲဆိုတာမျိုးကို ဦးနှောက်နည်းတဲ့သူတွေပဲပြောပါတယ်။ ဘယ် language ကမှ ပြည့်စုံတဲ့ language မဖြစ်နိုင်ပါဘူး။ အားသာချက်ရှိရင်၊ အားနည်းချက်လည်းရှိတတ်ပါတယ်။ ကျကျနနလေ့လာသင်ယူပြီး အဆင့်မြင့်မြင့် ရေးနိုင်တဲ့ developer ကောင်းတွေ ဖြစ်ဖို့ လွယ်လွယ်လေးနဲ့တော့ မဖြစ်နိုင်ပါဘူး။ The Mediocre နဲ့ The Smart/Excellent တွေ ကြားမှာ ခြားနားတာတစ်ခုပဲရှိပါတယ်။

ကိုယ့်ကိုယ်ကို မှန်မှန်ကန်ကန်အကဲဖြတ်နိုင်မှုပါပဲ။

အမှန်ကတော့ တစ်ဆင့်ချင်းပြောသင့်ပါတယ်။ Code Quality ကို ဘယ်လိုတိုင်းသလဲ။ ကိုယ်ရေးတာ အိုကေရုံလား၊ အဆင့်မြင့်လား၊ တခြားသူအတွက် အဆင်ပြေလား၊ OO concept တွေကို လိုက်နာပြီးရေးသင့်တာတွေမှာ လိုက်နာလား၊ နောက်လာမယ့် enhancement တွေအတွက် ဘယ်လောက်စဉ်းစားထားလဲ၊ Testing ကိုရော ဘယ်လိုလုပ်ထားသလဲဆိုတာတွေပါကျယ်ကျယ်ပြန့်ပြန့်ပြောချင်ပါသေးတယ်။

ကိုယ်လုပ်တဲ့အလုပ်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ကျွန်တော်တို့ကြိုးစားကြရပါမယ်။
ကိုယ့်ကိုယ်ကို လေးစားနိုင်လောက်အောင် တော်တဲ့သူတွေဖြစ်ဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားရပါဦးမယ်။

အော် .. လောလောဆယ်တော့ java language ကို broken တွေပြောနေပါတယ်။

Regards,
Zero

Tuesday, April 19, 2011

Oracle, and case sensitive

Oracle, and case sensitive

Oracle မှာ ilike လိုမျိုး case insensitive ဖြစ်အောင်လုပ်တာမပါဘူး။
လွယ်တဲ့နှစ်နည်းရှိပါတယ်။ တစ်ခုက session ကို ဟောသလို change လိုက်ပါ။

ALTER SESSION SET NLS_COMP=LINGUISTIC; 
ALTER SESSION SET NLS_SORT=BINARY_AI;  

select * from tableName where columName like 'test%';


ဒါဆိုရင် table ထဲမှာ test နဲ့ TEST ရှိရင် နှစ်ခုစလုံးမြင်ရပါမယ်။ Test ဆိုတဲ့ အသေးအကြီးရောတာလည်းမြင်ရပါမယ်။ teSt ဆိုတာမျိုးတွေလည်း မြင်ရပါမယ်။ မဟုတ်ရင်တော့ test ဆို test ပဲမြင်ရလို့ အတော်ကြီးစိတ်ညစ်ရပါတယ်။

နောက်တစ်နည်းကတော့ ပေါက်ကရလုပ်ပြီးရေးကြတာပါ။ ကျွန်တော်လည်း ဒီနည်းနဲ့ပဲရေးလိုက်ပါတယ်။ session change နေရတာပျင်းစရာကောင်းတယ်။

select * from tableName where lower(columName ) like lower('test%');

ရယ်စရာကောင်းပါတယ်။ data တွေကို နှစ်ခုစလုံး lower case ပြောင်းလိုက်တာပါ။ upper ဆိုပြီး upper case ပြောင်းလိုက်ရင်လည်းရပါတယ်။ ဒီ query လေးနဲ့ oracle မှာ အကြီးအသေးပြဿနာကင်းဝေးနိုင်ပါတယ်။ ဘာမှတော့မထူးဆန်းဘူး။ တကယ်ရှာကြည့်ရရင်ပျင်းစရာကောင်းတယ်။ ဒါလေးကိုဖတ်ထားလိုက်တဲ့သူတွေဟာ အနည်းဆုံး နာရီဝက်လောက် သက်သာသွားပါလိမ့်မယ်။

ဒီရုံးမှာတော့ တစ်နေ့တစ်နေ့ query ရေးနေတာနဲ့ပဲအတော်လေးအချိန်ပေးရပါတယ်။ Stroed Proc တွေ၊ Trigger တွေ၊ constraints တွေအကြောင်းလည်း ကြုံသလိုရေးသွားပါဦးမယ်။

Regards,
Z for Zero

VMware vCenter Converter

http://www.vmware.com/products/converter/

Go green ဖို့ လက်ရှိသုံးနေတယ့် server တွေကို Virtualize လုပ်ချင်တယ်။ ခက်တာက Downtime မရှိချင်ဘူး ။
Server သေးသေးလေးတွေ အများကြီး run ရတာ မီတာကုန်တယ်၊ အားလုံးကို ပေါင်းပြစ်ချင်တာ။

ဖြစ်ပါတယ်။ ကျနော့်အတွက် အသုံးအတဲ့ဆုံး ဖြစ်နေတယ့် tools တစ်ခုပါ။ အဓိက သုံးဖြစ်တယ့် အကြောင်းရင်းက Power on machine တစ်ခု၊ actual server တစ်ခုကို ၊ downtime မလိုပဲ VMware server image အဖြစ် ပြောင်းပေးနိုင်လို့ပါ။ ပြောင်းတယ့်အခါမှာလည်း လိုအပ်ရင် disk space ကိုခြုံ့လို့ရပါတယ်။ Spec ကိုပြန် configure လုပ်လို့ရပါတယ်။

အရင်က office မှာ project တွေပြီးသွားရင် Code တွေ Data တွေ backup လုပ်သလို တစ်ချို့ project မှာကျ သုံးခဲ့တယ့် HDD ကိုသိမ်းထားပါတယ်။ လိုအပ်ရင် demo ပြန်ပြဖို့ပါ။ ပြန် setup မလုပ်ရပဲ လိုအပ်ရင် ချက်ခြင်း ပြန် run ပြနိုင်အောင်လို့။ အဲတော့ ကျနော်မှာ အမြဲတမ်း Hard disk တွေအပိုကုန်တယ်။ နောက်တော့ အဲ HDD တွေအကုန် VM image ပြောင်းပြစ်လိုက်တယ်။ Storage ပေါ်ကို အကုန်ပို့ထားလိုက်တယ်။ နောက်ပြီး office ထဲမှာ ဘယ်တုန်းကတည်းက run ထားမှန်းမသိတယ့် P3 server တွေရှိပါတယ်။ အလကား power ကုန် heat တက်ပါတယ်။ အဲကောင်တွေ အကုန်လုံးလည်း ESXi တစ်လုံး setup ပြီး အကုန်ပြောင်းလိုက်တယ်။ Server ခန်းထဲက desktop အားလုံး လွှင့်ပြစ်ရေးကြိုးစားမှုမှာ ဒီ tool က တော်တော် အထောက်အကူဖြစ်ပါတယ်။ တစ်ခါတစ်လေ UAT မှာ အားလုံးကောင်းပြီး Production ကျမှ ဖြစ်နေတာဆိုတယ့် ခက်ဆိုးဆိုး bug မျိုးကို troubleshoot ဖို့လည်း Production environment ကို downtime မရှိပဲ clone ပွါးလို့ရပါတယ်။

ကျနော်လို့ မကြာမကြာ server တွေ format ချ development အတွက် ပြင်ဆင်ပေး၊ ပြီးရင် ပြန် format လုပ် သံသရာလည်သူတွေအတွက် VMware product တွေက တော်တော်အဆင်ပြေပါတယ်။ အလကားလည်း ရပါတယ်။ ပျင်းပျင်းရှိရင် အခု ဒီ blog ကိုဖတ်နေတယ့် computer / laptop ကို VM image အဖြစ် ပြောင်းကြည့်ပါလား။ သူ့ wizard လေးအတိုင်း လိုတယ့် username / password လေးဖြည့်ပြီး next next သွားရုံပါပဲ။ လွယ်ပါတယ်။ :D

Divinity

Friday, April 15, 2011

CVS to Git migration

ဟိုတစ်လောက အလုပ်ထဲမှာ source code repository ကို CVS ကနေ Git ကိုပြောင်းမယ်ဆိုပြီး Git server setup လုပ်ထားတာကြာပါပြီ ။ ထပ်ရတယ့် project အသစ်တွေသာ Git မှာသုံးပြီး အဟောင်းတွေ CVS ကနေ မပြောင်းဖြစ်သေးဘူး။ Project တာဝန်ခံက ဒီ project migrate ပေးပါလို့ဆိုမှ ကျနော်က ပြောင်းပေးရတာ။ သူတို့လည်း ပျင်းလို့ထင်တယ် ။ ဘယ်သူမှ လာမပြောကြဘူး။ ဒီနေ့တော့ အရင် Project အဟောင်းလေးခု migrate လုပ်ဖြစ်တယ်။ လွယ်လွယ်ကူကူပါပဲ။ Git က CVS ကို ကောင်းကောင်းနားလည်းပါတယ်။ သူ့ဟာသူ ဝင် checkout လုပ်ပြီး fetch သွားတာပဲ။ ကျနော်တို့ သိဖို့လိုတာဆိုလို့ CVS server IP ၊ CVS accessible account တစ်ခု၊ CVSROOT path နဲ့ migrate လုပ်ချင်တယ့် CVS နာမည်ပဲလိုပါတယ်။

1. ပထမဆုံး လိုအပ်တယ့် tools တွေအရင်စစ်ရမယ်။ cvsimport က git-core ထဲမှာ ပါလေ့ရှိပါတယ်။ ဒါပေမယ့် distro ကပြန်ပြီး package တွေခွဲထားတာမျိုးဆိုရင် မပါတတ်ပါဘူး။ Fedora မှာဆို git-core အပြင် git-cvs ကိုသက်သက် install ပြန်လုပ်ရပါတယ်။ ကို install ထားတယ့် git-core ထဲမှာ cvsimport ပါမပါကို git help -a နဲ့ ကြည့်လို့ရပါတယ်။ Support လုပ်တယ့် git command တွေထွက်လာပါလိမ့်မယ်။ မျက်စိနောက်ရင် grep နဲ့ filter လုပ်ကြည့်ပေါ့။ git help -a | grep cvsimport လို့ filter လုပ်ကြည့်ပါ။

2. နောက်တစ်ခုက cvsps command line tools ရှိမရှိကြည့်ပါ။ CVS patchset generate လုပ်တယ့် tools ပါ။ Patchset ဆိုတာကတော့ change history တွေ၊ revision information တွေ၊ commit history တွေကို CVS log ကနေ patch set ပြောင်းပေးပါတယ်။ ( ပက်စက်တယ်ပေါ့ဗျာ )။

3. CVS server ကို login လုပ်မယ့် credential ကို အရင် prepare လုပ်ထားရအောင် ။ ဒီအဆင့်က optional ပါ။ ဒါပေမယ့် CVS ထဲက repo တစ်ခုမက ခဏခဏ migrate လုပ်ဖို့လိုရင်တော့ ဒီအဆင့်လေးကို ကျော်မသွားတာကောင်းပါတယ်။ Command syntax ကတော့

CVSROOT=:cvs-login-method:cvs-user-name@cvs.server.name:/path/to/CVS/root cvs login

ဒီမှာ cvs-login-method ၊ username ၊ servername ၊ CVSROOT path တွေကို အစားထိုးရပါမယ်။ ဥပမာ cvs-login-method က pserver၊ username က ngar ၊ Servername / IP က 1.2.3.4 ၊ CVSROOT path က /share/cvs ဆိုပါတော့၊ ဒါဆို ဒီလိုဖြစ်သွားပါမယ် ။

CVSROOT=:pserver:ngar@1.2.3.4:/share/cvs cvs login


ဒါဆို password ရိုက်ဖို့ prompt လုပ်လိမ့်မယ်။ Password ရိုက်လိုက်ရင် password ကို hash လုပ်ပြီး ကိုယ့် $HOME အောက်မှာ .cvspass ဆိုတယ့် file နဲ့ သွားသိမ်းပါလိမ့်မယ်။

4. နောက်ဆုံး အနေနဲ့ ( အခုမှ စတာပါ တကယ်က ) CVS ကို Git အနေနဲ့ import လုပ်ပါတယ်။ Command syntax ကတော့

git cvsimport -v -d :cvs-login-method:username@servername:/CVSROOT cvs-module-name -C output-directory-name.git

ခုနက အပေါ်မှာ ပြောခဲ့တယ့် server ပေါ်က zephyr ဆိုတယ့် CVS module ကို import လုပ်ချင်တာဆိုရင် command က ဒီလိုဖြစ်သွားပါမယ်။

git cvsimport -v -d :pserver:ngar@1.2.3.4:/share/cvs zephyr -C zephyr.git

ဒါဆို CVS ကနေ checkout လုပ်ပြီး Git repo အဖြစ်နဲ့ import လုပ်ပါလိမ့်မယ်။ ဇိုက်ဖာရ် ဒေါ့ ဂစ် ဆိုပြီး Git repo တစ်ခုရပါလိမ့်မယ်။

အမှန်က ဒါကို Server ကို master အနေနဲ့ ပြန် push လုပ်ပေးရပါတယ်။ ကျနော်လို ငပျင်းကတော့ တစ်ခါ import လုပ် တစ်ခါ push လုပ်၊ နှစ်ခါ အချိန်ကုန်မခံပါဘူး။ Server ပေါ်ကနေပဲ import လုပ်ပါတယ်။ ပြီးရင် repo directory (e.g: zephyr.git) ရဲ့အောက်မှာရှိတယ့် .git ထဲက file တွေ folder တွေကို ကူးထုတ်လိုက်ပါတယ်။ .git ( dot git ) ရဲ့အောက်မှာ Description တို့ ၊ head တို့ ၊ hook တို့၊ refs တို့ နဲ့အတူ branches တွေရှိပါတယ်။ ဒါတွေ အပြင်ကို ကူးထုတ်လိုက်ရင် တခြား git client တစ်ခုကနေ clone/pull လို့ရပါပြီ။

Divinity


Nearly Related Post:

Thursday, April 14, 2011

How to Backup Archive Folders in Outlook


How to Backup Archive Folders in Outlook

ဒီနေ့ ရုံးမှာ outlook ရဲ့ pst file size က 3 GB လောက်ရှိလာတာနဲ့ နည်းနည်း နှေးစပြုလာပါတယ်။ ဒါကလည်း outlook ကိုလုပ်ထားတဲ့ပုံကိုက pst file နှစ်ခုမှာ အားလုံးသိမ်းထားလို့ပါ။ Mail box အတွက် pst်file တစ်ဖိုင်၊ Archive အတွက် pst file တစ်ဖိုင်ပဲရှိပါတယ်။ အဲဒီတော့ အချိန်ကြာလာတာနဲ့အမျှ archive file ဟာ fat ဖြစ်လာပါတယ်။ အဲဒါကို ဘယ်လို manage လုပ်ရသလဲဆိုတာ သိချင်ပါတယ်။ Divinity ကို ဖုန်းဆက်ပြီးမေးလိုက်ပါတယ်။

ပြောချင်တာကတော့ မသိရင် သိတဲ့သူမေးလိုက်တာ အကောင်းဆုံးပဲ။
ကိုယ့်ဘာသာကိုယ် နောက်ဆုံးမှ ရှာဖတ်ကြည့်။ အဲဒါ သက်သာလွယ်ကူတဲ့နည်းပဲ။
















Step 1. (File Menu က Data File Managementကို ၀င်လိုက်ပါ။)





















Step 2. (Go to archive.pst file folder path)

ဖိုင်ကတော့ များသောအားဖြင့် outlook folder ဖြစ်တဲ့ /Microsoft/outlook ထဲမှာရှိတတ်ပါတယ်။ ဖိုင်နေရာမသိရင်လည်း အပေါ်မှာပြထားတဲ့ပုံထဲက filename နေရာမှာရှာကြည့်လိုက်လို့ရပါတယ်။ ဖိုင်နေရာကိုသိဖို့ပါ။ ဘာမှလုပ်စရာမလိုသေးပါဘူး။





















Step 3. (Remove archive.pst file)

ဘီယာဟာ အရက်မဟုတ်ပါလို့ကြော်ငြာသီချင်းထဲမှာဆိုသလို၊ Remove ဟာ Delete မဟုတ်ပါဘူး။ နည်းနည်းတော့ confusing ဖြစ်စေသလိုပဲ။ ဒါပေမယ့် တကယ်တမ်းက Remove Link ပါ။ ဖိုင်ကိုမဖျက်ပါဘူး။ Archive Link ကိုဖျက်လိုက်တာပါ။ archive ဖိုင်ကြီးက ကျန်းမာချမ်းသာစွာ တိုင်းပြည်တာဝန်များကို ဆက်လက်ထမ်းဆောင်ဖို့ အသင့်ရှိနေပါလိမ့်မယ်။

Step 4 (archive.pst ကို နာမည်ပြောင်းပါ။)

Rename လုပ်လိုက်ပါ။ ဥပမာ 2010 to 2011 April 14 Backup Archive.pst စသဖြင့်။





















Step 5 (Backup လုပ်ထားတဲ့ Archive ဖိုင် (Renamed Archive) ကို ပြန် Add ပါ။)

နောက်ပြီး။ Inbox ကို Archive လုပ်ကြည့်ပါ။ အဲဒါဆိုရင် archive.pst အသစ်တစ်ခု ကို သူ့ဘာသာသူ ပြန်ပြီး create လုပ်သွားပါလိမ့်မယ်။ အရင် Archive folder ကတော့ ဆက်လက်ကြီးထွားမလာဘဲ Backup ဘ၀နဲ့ တစ်သက်လုံး အရိုးထုတ်သွားနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုအားဖြင့် သပ်ရပ်လှပ စနစ်ကျတဲ့ Archive လေးတွေ သိမ်းထားပြီး သောင်းခြောက်ထောင်မေးလ်တွေကို မြန်မြန်ဆန်ဆန်ရှာနိုင်ပါလိမ့်မယ်။

Regards,
Zero

Thanks bro, Divinity for your help.

ွှ

Monday, April 11, 2011

Where's my stored Procedure, Qme၅

Where's my stored Procedure, Qme၅

တစ်ခါတလေကြရင် stored procedure ကို ပြန်ရှာရတာ သိပ်ပျင်းဖို့ကောင်းတယ်။ command line editor ပါတဲ့ PL/SQL developer လိုမျိုးမှာဆိုရင်တော့ view ဆိုပြီး ရိုက်လိုက်ရုံပဲ။ မပါရင်သာ စိတ်ပျက်စရာ။

အဲဒီတော့ တစ်ခါကနေ နှစ်ခါ ကလစ်ခေါက်နေရတာပျင်းလာတော့ web မှာရှာကြည့်တော့ တွေ့ပါတယ်။ Google ဂုဏော အနန္တောပါပဲ။

select text from user_source
where type = 'PROCEDURE'
and name = procedure_name;

အဲဒီ procedure name မှာ ကိုယ့်ရဲ့ stored procedure လေးသာရိုက်လိုက်ရုံပါပဲ။ အဲဒါက မလိုရင်သာ ဘာမှမဟုတ်တာ။ အခုရုံးလို အားတိုင်းယားတိုင်း Stroed proc ရေးတဲ့ developer တွေနေသွားခဲ့တဲ့ ခေတ်ပျက်ကြီးထဲမှာဆိုရင် တစ်နေ့တစ်နေ့ ဟို stored proc ပြေးဖတ်ရ၊ ဒီနား trace လိုက်ရနဲ့၊ ထမီပြင်ဝတ်နေတုန်း ဗန်းထဲက ငါး ခွေးလာဆွဲတဲ့ ငါးစိမ်းသည်တောင်မှ နည်းနည်းပိုပြီး ဣနြေ္ဒရနိုင်တယ်လို့တွေးမိတယ်။

အလုပ်မှာ အခု တစ်သင်းထဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖတ်က တရုတ်ပြည်သားစစ်စစ်ပါ။ ကွမ်ကျိုးကလာတယ်။ အင်္ဂလိပ်မပြောနဲ့ မန်ဒရင်းတောင် ကောင်းကောင်းမတတ်ဘူး။ ရုပ်ကိုကြည့်တော့ မြန်မာဘုန်းကြီးကျောင်းသားရုပ်။ Technical skills အရ ကိုယ့်ထက်သာတယ်။ အတုယူနေရတယ်။ သူဘယ်လောက် productive ဖြစ်သလဲဆိုတာကို လေ့လာနေတယ်။ နောက်ပိုင်းသတိထားမိတာက ဖဦးထုပ်တွေထက် တရုတ်တွေက ပိုပြီး Technical ကောင်းတယ်။ ဖဦးထုပ်တွေကတော့ စကားပြော ပိုရတယ်။

အခုတော့ဒီလောက်ပါပဲ။
နောက်လည်း ကြံကြံဖန်ဖန်ရှာရတာတွေ တွေ့ရင်တင်လိုက်ပါမယ်။ ဖတ်နေတဲ့ agile တွေလည်းမရေးဖြစ်သေးပါဘူး။ အိမ်ပြောင်းမှာမို့လို့ စာအုပ်တွေသိမ်းထားတဲ့အတွက်လည်း ဒီမှာသိပ်မရေးဖြစ်သေးပါဘူး။

အခုအထိ ထိထိရောက်ရောက်မရေးဖြစ်သေးတာကိုလည်း အားမရပါဘူး။ နောက်ဆိုရင် အိမ်မှာ အချိန်များများပိုနေဖြစ်တော့မှာမို့ အဲဒီအခါကြမှ ပိုရေးဖြစ်မယ်လို့မျှော်လင့်ပါတယ်။

ဒီဇင်ဘာမှာ မိန်းမယူမယ့်တစ်ယောက်ကတော့ အခုကတည်းကပျော်လို့ဆိုပြီး ထထကနေရတာနဲ့စာမရေးဖြစ်ဘူးလို့သိရပါတယ်။