Thursday, June 23, 2011

အပလာသခ်ာၤ အင် အိုရီကယ်။

အပလာသချာင်္ အင် အိုရီကယ်။

Applied Maths ကို ခပ်ကြမ်းကြမ်းဘာသာပြန်ပစ်လိုက်တာ။

သချာင်္ကို Set တွေအများကြီးလေ့လာခဲ့တာ ငယ်ကတည်းပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း သချာင်္အတော်လေးတော်တယ်ထင်မိတာ။ ဒီနေ့တော့ စာထဲမှာသင်ခဲ့တာကို ဘယ်လိုပြန်အသုံးချရမလဲဆိုတာမှာညံ့တယ်လို့သိရတယ်။

Database တွေဟာ သချာင်္ရဲ့ Set theroy တွေပေါ်မူတည်ပြီးတည်ဆောက်ထားပါတယ်။
Intersect တွေ Union တွေ Minus တွေရှိပါတယ်။

ဒီနေ့လိုချင်တာက NRIC တူပြီး PLAN မတူတဲ့ policies တွေပါ။

PLAN ရော NRIC ပါတူတာဆိုရင် ဒီလိုယူလို့ရပါတယ်။

select * from table_name where (NRIC,PLAN) in
(
('NRIC1','PLAN1'),
('NRIC2','PLAN2'),
('NRIC3','PLAN3'),
..etc
);


တစ်ခုတူပြီးတစ်ခုမတူတာကို ကြတော့ in နဲ့လုပ်လို့မရဘူးဗျ။

အဲဒီတော့ excel မှာပဲ query ကို genereate လုပ်ပြီး၊ တစ်ကြောင်းစီ result ကို ပြန်ပေါင်းရကောင်းမလားစဉ်းစားတယ်။ လိုင်း ၅၀၇ လိုင်းလောက် လုပ်ရမယ်။

နောက်တော့ ဘေးနားက တရုတ်ကိုမေးကြည့်တယ်။ သူလည်းမရဘူးလို့ပြောတယ်။ ပြီးတော့မှ ထပ်စဉ်းစားပြီး MINUS နဲ့လုပ်ရင်ရမယ်ထင်တယ်ဆိုပြီး formula ပြန်ရေးကြတယ်။ သူစဉ်းစားတာမှန်တယ်။

အမှန်ကရတယ်။ ရုတ်တရတ်စဉ်းစားမိဖို့ခက်တာပါ။ NIRC တူတာတွေကို ယူလိုက်ပြီး NRIC ရော PLAN ပါတူတာကို ပြန်နှုတ်လိုက်ရင်လိုချင်တဲ့အဖြေကိုရပါတယ်။

select NRIC from tableA where NIC in (
'NRIC1',
'NRIC2',
'NRIC3',
....
)MINUS
select NRIC from tableA where (NRIC,PLAN) in
(
('NRIC1','PLAN1'),
('NRIC2','PLAN2'),
('NRIC3','PLAN3'),
..etc
);

Set တွေကို ပုံဆွဲကြည့်ရင် လွယ်ပေမယ့် တကယ်ကြုံလာတော့ ရုတ်တရတ်စဉ်းစားလို့မထွက်တတ်ဘူးဆိုတာကိုပြောချင်တာပါ။ MINUS မှာလည်း တစ်ချို့ပြဿနာလေးတွေရှိပါသေးတယ်။ လုပ်ရင်းကိုင်ရင်းပိုပြီးကောင်းတဲ့ query တွေရေးတတ်ဖို့လေ့လာနေတုန်းပါပဲ။

နောက်တစ်ခုက Excel တစ်ခုလုံး အသုံးချနည်းဆိုပြီးရေးရမလားမသိဘူး။ Excel မှာလုပ်လို့ရတာတွေအများကြီးပဲရှိသေးတယ်။ အထူးသဖြင့် query တွေကို sql format ရေးဖို့ concat လုပ်ပြီး drag ဆွဲသွားလိုက်တာတို့ဘာတို့၊ သိပ်လွယ်တယ်။ မြန်တယ်။

double qoutes ပေါ်အောင် double code 4 ခုရေးရတာလည်း ရယ်စရာကောင်းတယ်။ တစ်ခုက escape character အနေနဲ့သုံးတာပါ။ နောက်ပြီး oracle မှာ နာမည်မှာ single quote ပါရင် ဒီအတိုင်းထည့်ရေးလို့မရဘဲ || တွေနဲ့ concat လုပ်ဖို့လိုတာကို excel မှာကတည်းက replace all လုပ်ပစ်လိုက်လို့ရပါတယ်။ Excel ကို များများသုံးရင် query တွေ တလဟောရေးရတဲ့နေရာတွေမှာ အတော်လေးသက်သာပါတယ်။ TRIM လုပ်ဖို့တို့၊ substring ရှာဖို့တို့ကိုလည်း Excel မှာပါပြီးသားဖြစ်တဲ့အတွက် formula တစ်ခုလောက်ရေးပြီး query တွေ တရဟော drag လုပ်နိုင်ပါပြီ။

ကိုယ်သက်သာဖို့ဆိုတာကိုယ့်တာဝန်ပါပဲ။
ဘာမှမသိလို့ ခက်တဲ့နည်းတွေနဲ့လုပ်နေရတာမျိုး ဘယ်တော့မှမဖြစ်စေနဲ့။

ကိုယ့်ထက်တော်တဲ့သူတွေသက်သာနေတာကိုလည်း အလကားနေအထင်မသေးနဲ့။ သူတို့ဆီက productive ဖြစ်တာလေးတွေလေ့လာပါ။

Lazy developers rule the creation of the effective ways.

Thursday, June 2, 2011

Copy ကူးတာကိုလည်း တစ်ခါတလေ backup လုပ်တယ်လို့ခေါ်တယ်

တစ်ချို့တွေပေါ့၊ လိုချင်တော့ ကြီးကြီးကျယ်ကျယ် ။ Daily full backup ၊ one month cycle တဲ့။ Backup software တော့မဝယ်ချင်ဘူး ၊ ဘယ်လိုပဲရရတဲ့ backup ဖြစ်ရင်ပြီးရောတဲ့။ File တွေမှားမှားဖျက်ကြ overwrite တွေ မှားမှားလုပ်ကြလွန်းလို့တဲ့။ ဒီလိုလား ၊ ရပါတယ်။ xcopy နဲ့ပဲ လုပ်လို့ရပါတယ်။ အဲဒါနဲ့ပဲ ဒီနေ့ သုံးကြောင်း bat script လေးတစ်ခုရေးဖြစ်တယ်။ အမှန်က ဘယ်မှာတွေ့ဖူးမှန်းမသိတာတစ်ခုကို မှီညမ်းပြီး ဟိုးအရင်တစ်ခါက ရေးထားတာပါ။ နည်းနည်းလေးပဲပြင်လိုက်ရတယ်။

@Echo off
rd /s /q E:\$Recycle.bin
xcopy D:\Company\* E:\Serverbackp\Company\%date:~4,2%\* /Y /Q /S


ဒုတိယ တစ်ကြောင်းက ပုံမှန်ဆိုမလိုပါဘူး။ ဒီ user တွေက ဘာတွေလုပ်မှန်းမသိ မကြာမကြာ recycle bin corrupted error ဖြစ်တယ်။ ဘာလို့ဖြစ်လည်း သူတို့ဘာလုပ်လည်းဆိုတာ သူတို့ကိုတိုင်လည်းမသိဘူး။ Recycle bin ကအရေးမကြီးဘူး၊ ရတယ်တဲ့။ ဟုတ်တယ်လေ မှားဖျက်မိလို့ ပြန်လိုချင်ရင် backup တွေရှိနေမှာပဲ။ အဲဒါနဲ့ ကျနော့ script ထဲမှာ အဲ quickfix လေးထဲ့ရေးလိုက်တာ။

ပထမလိုင်းကတော့ အလကား output တွေပေါ်ပေါ်လာရင် မျက်စိနောက်လို့ echo off လိုက်တာ ။ Bat ရေးဖူးတဲ့သူတိုင်း သိပါတယ်။
ဒုတစ်ယလိုင်းကတော့ recycle bin error ကို quickfix အနေနဲ့ Empty recycle bin လုပ်လိုက်တာ။ အမှန်က Recycle.Bin directory ကို ဖျက်လိုက်တာပါ။ ဒါပေမယ့် တစ်ခုခု delete လုပ်ရင်ဖြစ်ဖြစ်၊ logout / login လုပ်ရင်ဖြစ်ဖြစ် recycle.bin folder က ပြန် create ဖြစ်ပါတယ်။ အဲတော့ ဒါ command line က empty recycle bin လုပ်လိုက်တာပဲလို့ သဘောထားပါတယ်။ :D

နောက်ဆုံးလိုင်းကတော့ Windows ရဲ့ အသုံးတည့် command လေးတစ်ခုဖြစ်တဲ့ xcopy နဲ့ files တွေကို ကူးဖို့ပါ။ ဒီမှာ ပြသနာ နည်းနည်းရှိပါတယ်။ ကျနော်တို့က one month cycle လိုချင်တာပါ။ ဆိုလိုတာက နေ့စဉ် overwrite မလုပ်ချင်ပါဘူး။ နေ့စဉ် new backup set ထားသွားပြီး တစ်လကြာမှ ပထမနေ့က backup set ကို overwrite ချင်တာပါ။ အဲဒါကြောင့် နောက်က destination မှာ %date~:4,2% ဆိုတာလေးပါနေတာပါ။ Windows မှာ %date% environmental variable က system date ကို ကိုယ်စားပြုပါတယ်။ %date% ကမှ လေးလုံးမြောက်ကနေ ငါးလုံးမြောက်အထိ ( နှစ်လုံးထဲ) လိုချင်လို့ %date~:4,2% လို့ရေးတာပါ။ ကိုယ်ယူထားတယ့် date / time format ပေါ်မှာ မူတည်ပါလိမ့်မယ်။ mm-dd-yyyy ဆိုရင်တော့ 7,2 လို့ယူရပါလိမ့်မယ်။ အနောက်က /Y ကတော့ overwrite ဖို့ yes / no prompt တွေမှာ အကုန် yes လို့သတ်မှတ်ပြီး overwrite သွားဖို့၊ /Q ကတော့ process output မပြဖို့နဲ့ ၊ /S ကတော့ subdirectories တွေပါ ကူးဖို့ ထဲ့ထားတာပါ။

Diskspace ပိုးဆိုးပက်စက်တက်တာကလွဲရင် သူတို့လိုချင်သလိုဖြစ်ပါတယ်။ Diskspace ကတော့ အမှန်ဆို compress လေးလောက်လုပ်သင့်တာပေါ့နော်။ ဒါပေမယ့် user က ဒီတိုင်းက သူတို့အတွက် ပိုကောင်းတယ်၊ ဘာမှမလုပ်ရပဲ backup file တွေကို မြင်ရတာ ပိုသဘောကျတယ်ဆိုလို့ ဖြစ်သလိုပဲ လုပ်ပေးလိုက်ပါတယ်။ အမှန်က backup လုပ်တာလို့ ပြောဖို့တောင် ခက်ပါတယ်၊ တစ်ခြားတစ်နေရာရာကို copy ကူးထားလိုက်တာပါပဲ။ ကိုယ့်ဟာကို compression လုပ်ချင်ရင်တော့ winrar command line tools လေးနဲ့ လုပ်လို့ရပါတယ်။

Divinity