Monday, December 26, 2011

Wicket စာမြည်း

Wicket စာမြည်း

စနေနေ့က မိန်းမကို အလုပ်ဆင်းလာတာစောင့်ရင်း လိုင်ဘရီမှာ ၅ နာရီလောက် အချိန်ဖြုန်းခဲ့ပါတယ်။ Wicket in action ဖတ်ကြည့်ပါတယ်။

သဘောကျပါတယ်။ HTTP က stateless ဖြစ်ပြီး Java က stateful ဖြစ်ပါတယ်။ state တွေကို မှတ်နေရတာ Java ရဲ့ ပျင်းစရာအကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ Wicket က state management အတွက် ဖြေရှင်းပေးမယ်လို့ဆိုပါတယ်။ Juz java, Juz Html and correct abstraction လို့ဆိုပါတယ်။ JSP တွေ၊ JSF တွေလိုမဟုတ်ဘူး။ သူက ရိုးရိုးရှင်းရှင်းလေးလို့ဆိုပါတယ်။

နမူနာတစ်ခုပဲလုပ်ကြည့်ရသေးတဲ့အတွက် သိပ်အများကြီးမသိသေးပါဘူး။ သိတာကတော့ ရှေ့က version တစ်ခုမှာ xss attack vulnerable ရှိတဲ့အတွက် update ထုတ်ထားပြီဆိုတာပါပဲ။

များများသိတာဟာ ကောင်းပါတယ်။ ဘာတွေ ရှိနေပြီလဲဆိုတာသိမှ ကိုယ်က ကောင်းကောင်း အသုံးချနိုင်ပါမယ်။ အားလုံးကို နှိုးဆော်ချင်တာက ရပ်မနေပါနဲ့ ဆက်သွားပါ။ သိသထက်သိအောင်လုပ်ပြီး သုံးတတ်သထက်သုံးတတ်အောင်လုပ်ပါဆိုတာပါပဲ။

wicket အတွက် plug-in လည်း Eclipse မှာရှိပါတယ်။ Eclipse Helios သွင်းထားရင် Market Place မှာ ရှာပြီး download လုပ်လိုက်ရုံပါပဲ။

Wicket မှာ Java annotation ကို အလှူလိုသုံးထားတာကိုတွေ့ရပါလိမ့်မယ်။ developer တွေ အဆင်ပြေဖို့ ထုတ်တာတွေမှန်သမျှကို warmly welcome လုပ်ပါတယ်။ ASF (Apache Software Foundation) သက်တော်ရာကျော်ရှည်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Wicket in action ကတော့ Manning ရဲ့ in action series ပါပဲ။ ဖတ်ရတာ အဆင်ပြေပါတယ်။ ရှေ့စာမျက်နှာ ၂၀၊ ၃၀ လောက်အထိတော့ အဆင်ပြေနေတယ်လို့ တိတိကျကျပြောနိုင်မယ်ထင်ပါတယ်။

J2EE ဖြစ်စေ၊ C#,.Net ဖြစ်စေ၊ သူတို့ကြိုးစားနေတာတွေအကုန်လုံးက အဆင်ပြေဖို့ပါပဲ။ Hibernate လိုမျိုး ORM တွေဆိုရင်ပဲကြည့်လိုက်။ သီအိုရီအတူတူပဲ။ implement လုပ်ကြတာပဲကွာရင်ကွာမယ်။ achieve ဖြစ်ချင်တဲ့ goal တွေလည်းအတူတူပဲ။ language တစ်ခုခုကို ကျကျနနတတ်ဖို့ အချိန်များများယူလိုက်ရင် ကျန်တာတွေ လေ့လာတဲ့အခါ အများကြီး သက်သာပါတယ်။ learning curve တိုသွားမယ်လို့ဆိုလိုပါတယ်။

Regards,
Zero

Ref:
http://wicket.apache.org/

freeze the column in excel

freeze the column in excel

ဒါကတော့ အပိုပေးတာပါ။ technical နဲ့ဘာမှမဆိုင်ပါဘူး။
documentation လုပ်တဲ့အခါ ရှေ့နားမှာ အရေးကြီးတဲ့ row တွေ excel ရဲ့ ရှေ့ပိုင်း column တွေမှာထားပြီး freeze လုပ်ထားချင်တဲ့အခါမျိုးတွေမှာသုံးပါတယ်။ excel ကိုက အများကြီးသုံးလို့ရတာတွေရှိပါတယ်။

Column ကို select မှတ်ပြီး view Menu ထဲက Freeze Pane မှာ သွားပြီး freeze လိုက်ရုံပါပဲ။
ရဲတွေ အော်တဲ့ Freeze လိုပါပဲ။ (မလှုပ်နဲ့ လက်မြှောက် လိုပါပဲ။) columns တွေ ရပ်နေမှာပါ။ နောက်ကို scroll ပင်ဆွဲသော်လည်း သူတို့ကတော့ မပျောက်တော့ပါဘူး။ ခပ်တည်တည်ကြီးရပ်နေတာကိုတွေ့ရပါလိမ့်မယ်။

ရှေ့ကလူတွေ လက်ကမြင်းပြီး freeze သွားတာတွေကို ပြန်ပြီး unfreeze လုပ်ချင်ရင်လည်း အဲဒီလိုပါပဲ။ view>freeze pane>Unfreeze ပါပဲ။

Freeze ကြည့်ပါဦး။ အဆင်ပြေမှာပါ။

Regards,
Zero

Ref:
http://office.microsoft.com/en-us/excel-help/freeze-or-lock-rows-and-columns-HP005203861.aspx

line Number in Eclipse

line Number in Eclipse

Eclipse အကြောင်းကို မနေ့ကဖတ်ကြည့်တော့ I=M=P=R=E=S=S=I=V=E ဖြစ်ရတယ် ဒေါ်လာ သန်းလေးဆယ် ကုန်ကျခဲ့တဲ့ project ဖြစ်ပြီး အလကားပေးထားတယ်ဆိုတာ ကမ္ဘာ့အံ့ဖွယ်တစ်ခုပဲ။ IBM ရဲ့စေတနာလို့လည်းပြောနိုင်ပါတယ်။

အခုကတော့ အသေးအဖွဲတစ်ခုအကြောင်းပါ။ Error တက်ရင် ဘယ် line ကလည်းတော့ သိကြရပါတယ်။ Eclipse မှာ line no ကို Ctrl+l နဲ့ရှာလို့ရပါတယ်။ ဒီထက် အဆင်ပြေတာတစ်ခုကတော့ source code ကို line no တပ်ထားလိုက်တာ ကောင်းပါတယ်။ မကြာမကြာ Ctrol l (l for line) နှိပ်နေရတာ အချိန်ကုန်ပါတယ်။

မခက်ခဲပေမယ့် အသုံးဝင်ပါတယ်။  ကဲလုပ်ကြည့်လိုက်ပါဦး။


1) Windows -> Preferences
2) General – > Editors -> Text Editors
and click the “Show Line Numbers” checkbox.



Tuesday, December 20, 2011

Java Map

Java Map

ဒီနေ့ Oracle က နမူနာပြထားတဲ့ Map ကို ခဏလောက်ပြန်ကြည့်ရင်းသဘောကျတာနဲ့ ဒီမှာတင်ထားလိုက်တယ်။
import java.util.*;
public class PhoneList {
   public static void main(String args[]) {
     // Create map - maintain insertion order
     Map map = new LinkedHashMap();

သူ့ရဲ့ comment တွေကိုကြည့်ရင်ကို နားလည်နိုင်ပါတယ်။ 
Insert လုပ်တဲ့အခါ ပထမဆုံး ထည့်တဲ့ record က ပထမ နေရာမှာရှိနေချင်တယ်ဆိုရင်၊
 တစ်နည်းအားဖြင့် order ကို မှတ်ထားချင်တယ်ဆိုရင်
LinkedHasMap ကိုသုံးရပါတယ်။ ဒါမျိုးတွေက SCJP မှာမေးတတ်ပါတယ်။

// Add members
     map.put("George", "202-456-1111");
     map.put("Bill", "212-348-8882");
     map.put("Hillary", "202-224-4451");
     map.put("Elvis", "901-332-3322");
     map.put("Jimmy", "229-924-6935");
 
ဒီနေရာမှာ map ထဲကို id နဲ့ value ထည့်ပါတယ်။ ဒီနေရာမှာ Phone List လုပ်နေတာဆိုတော့ လူနာမည်နဲ့
ဖုံးနံပါတ်အတွဲလိုက်လေးတွေထည့်ပါတယ်။ဒါတွေကို Array နဲ့လုပ်လည်းရပါတယ်။
Map ရဲ့အားသာချက်တွေကတော့ အများကြီးရှိပါတယ်။ အထူးသဖြင့် Object တွေကို 2D, 3D လုပ်တဲ့အခါလွယ်ပါတယ်။
map တစ်ခုထဲမှာ map တွေထပ်ထည့်ချင်လည်းရပါတယ်။ dimension များလာရင် ပိုပြီး လွယ်ကူစေပါတယ်။
Objects တွေကိုလည်း အဆင်ပြေပြေသုံးနိုင်ပါတယ်။ 
http://en.wikipedia.org/wiki/Hash_table Hash table တွေရဲ့ structure နဲ့
 pros and cons တွေကို အဲဒီမှာဖတ်လို့လည်းရပါတယ်။
တစ်ခါတစ်လေကြရင် ကိုယ်အဆင်ပြေတာသုံးနေကြတာများပါတယ်။ 
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အဆင်ပြေအောင် လုပ်နိုင်ကြရင်ကောင်းပါတယ်။
 တစ်ချို့ နေရာတွေမှာ ပိုပြီးအဆင်ပြေလွယ်ကူတယ် ဆိုတာကိုသိစရာလိုပါတယ်။

// Print map
     print(map, "Insertion Order:");
Print function တစ်ခုအောက်မှာရေးထားတာကိုခေါ်တာပါပဲ။ အပေါ်မှာ LinkedHashMap လုပ်ထားတဲ့အတွက်
Add လုပ်ထားတဲ့ order အတိုင်းထွက်လာပါတယ်။

// Convert map to regular
     map = new HashMap(map);

တစ်ခါတစ်လေကြရင် Data တွေရှိနေရင်တော်ပြီ ပထမဆုံးထည့်ထားတာ ပထမဆုံးမှာရှိကိုရှိနေရမယ်ဆိုတာမျိုး မလိုချင်ဘူးဆိုရင်
HashMap သုံးလို့ရပါတယ်။ Hashing Order လို့ခေါ်ပါတယ်။ သူအဆင်ပြေသလို ထည့်ထားပါလိမ့်မယ်။ ပြန်ထုတ်လိုက်ရင် 
Hash Order အတိုင်းထွက်လာပါမယ်။
နောက်ဆုံးမှာပြထားတဲ့ results တွေကိုကြည့်ရင်ပိုပြီးသဘောပေါက်နိုင်ပါတယ်။
// Print map
     print(map, "Hashing Order:");

     // Convert map to sorted
     map = new TreeMap(map);


TreeMap လုပ်လိုက်ရင် sort လုပ်ပြီးသားရပါမယ်။ ကိုယ့်ဘာသာကို sorting စီနေဖို့မလိုပါဘူး။

// Print map print(map, "Sorted"); } private static void print(Map map, String message) { System.out.println(message); Set entries = map.entrySet(); Iterator iterator = entries.iterator(); while (iterator.hasNext()) { Map.Entry entry = (Map.Entry)iterator.next(); System.out.println(entry.getKey() + " : " + entry.getValue()); } System.out.println(); } }


Your result should look something like the following:
Insertion Order:
George : 202-456-1111
Bill : 212-348-8882
Hillary : 202-224-4451
Elvis : 901-332-3322
Jimmy : 229-924-6935

Hashing Order:
Hillary : 202-224-4451
George : 202-456-1111
Bill : 212-348-8882
Jimmy : 229-924-6935
Elvis : 901-332-3322

Sorted
Bill : 212-348-8882
Elvis : 901-332-3322
George : 202-456-1111
Hillary : 202-224-4451
Jimmy : 229-924-6935

Regards,
Zero

ref:
http://java.sun.com/new2java/supplements/solutions/July02.html
http://en.wikipedia.org/wiki/Hash_table

Monday, December 19, 2011

Java SE သင်ခန်းစာ Link and JSP သင်ခန်းစာ Link

Java SE သင်ခန်းစာ Link and JSP သင်ခန်းစာ Link

လွယ်လွယ်ကူကူ အခြေခံလေးတွေလေ့လာဖို့အတွက်သင့်တော်ပါတယ်။ ဘာမှမလုပ်ရင်တော့ ဘာမှမဖြစ်ပါဘူး။ တစ်ခုခုလုပ်ရင်တော့တစ်ခုခုဖြစ်ပါတယ်။ လေ့ကျင့်တော်မူနိုင်ကြပါစေ။

https://wikis.oracle.com/display/code/Language+Syntax#LanguageSyntax

JSP အလွယ်စားလေ့ကျင့်ခန်းတွေကို ဒီနေရာမှာလေ့လာလို့ရပါတယ်။
run လို့ရတယ်။ မြင်သာထင်သာရှိတယ်ပေါ့ခမျာ။

http://www.jsptut.com/

ပထမဆုံးအလုပ်ကတော့ ပျော်ဖို့ပဲ။ ပျော်အောင်လုပ်ပါ။ ဘာမဆို သင်ယူရင်ပျော်မှတတ်တယ်။ မပျော်တဲ့သူတွေက ဘာသင်သင် တကယ်မတတ်ဘူး။ မတတ်သာလို့သင်ရတဲ့ဟာတွေက တကယ်မတတ်ရခြင်းရဲ့ အကြောင်းရင်းဘဲ။

စစချင်း လွယ်တာတွေလေ့လာ။ ပိုပြီးခက်တာတွေလားပါလာမှာပဲ။ လွယ်တာတွေကို ကျေညက်သွားရင် ကိုယ့်ကိုယ်ကို နည်းနည်းပိုပြီး ယုံကြည်လာတယ်။ ငါလုပ်ရင်ဖြစ်လောက်တယ်ဆိုတာမျိုးလေးဖြစ်ဖို့လိုတယ်။

Regards,
Zero

Boxing Conversion

Boxing Conversion


Boxing ဆိုတာနဲ့ လက်ဝှေ့ထိုးတယ်များထင်မလားမသိဘူး။ primitive type တွေကို သူတို့အတွက်လုပ်ထားတဲ့ refernce type တွေဆီကို ပြောင်းတာကို Boxing လို့ခေါ်တာပါ။ သေတ္တာထဲထည့်တာပေါ့ခမျာ။ အောက်မှာရှစ်ခုရှိတယ်တဲ့ခင်ဗျ။
  • From type boolean to type Boolean
  • From type byte to type Byte
  • From type char to type Character
  • From type short to type Short
  • From type int to type Integer
  • From type long to type Long
  • From type float to type Float
  • From type double to type Double
Double ဆိုတာတွေ့ရင် မနေနိုင်မထိုင်နိုင် 1 cent issue ကိုသတိရမိတယ်ဗျ။ double တွေဟာ သိမ်းစရာရှိတာကို အတည့်မသိမ်းဘူးခင်ဗျ။ ဘာနဲ့တူသလဲဆိုရင် ဟာထဲကလို နွားတွေဖြတ်ပြေးတာကို ခြေထောက်တွေလိုက်ရေကြည့်ပြီး လေးနဲ့စားသလိုမျိုးပေါ့။ လွယ်တာကို ခက်အောင်လုပ်တယ်။ 60 ကို ၅၉.၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ဆိုပြီးသိမ်းတဲ့အတွက် အတွက်အချက်တွေ လုပ်ရင်း လုပ်ရင်း လုပ်ရင်း လုပ်ရင်း နောက်ဆုံး တစ်ပြားကွာကုန်တယ်ပေါ့ဗျာ။ အဲဒါကြောင့်လည်း BigDecimal ပဲနောက်ပိုင်းပြောင်းသုံးကြတယ်။


Run time ကြရင် Boxing conversion တွေက ဒီလိုပြောင်းလဲသတဲ့။
  • If p is a value of type boolean, then boxing conversion converts p into a reference r of class and type Boolean, such that r.booleanValue() == p
p က boolean ဆိုပါတော့။ လွယ်အောင်ရေးလိုက်ရင် boolean p=true;
ဆိုပါတော့။ run time ရောက်ရင် primitive type boolean လေးကို Reference Type အဖြစ်ပြောင်းပစ်လိုက်တယ်။ ပြောင်းပစ်လိုက်တယ်ဆိုတာမှာ Reference Type Boolean r ထဲကို boolean တန်ဖိုးရောက်သွားတယ်။ B အကြီးတွေ အသေးတွေ ရှုပ်နေတယ်လို့မထင်ပါနဲ့။ Java ရဲ့ကြီးကျယ်သော boxing ပြောင်းလဲမှုကြီးပါ။ 


Boolean b;
boolean a=true;
b = new Boolean(a);
System.out.println(b.booleanValue());
Boolean ကြီးဟာ reference type ကြီးပါ။ သူက class လည်းဖြစ်တဲ့အတွက် သုံးချင်ရင် new လုပ်ပေးရပါမယ်။ Boolean b= new Boolean("true") ဆိုပြီး တစ်ခါတည်း create လုပ်လိုက်တာကိုကြတော့ auto boxing လို့ခေါ်တယ်ဗျ။ Class တွေကို compare လုပ်နေတာလို့ ခင်ဗျားတို့သတိထားမိရင် == operator ကို သုံးရင်လွဲမယ်ဆိုတာကိုလည်း ပြောစရာမလိုပါဘူး။ Boolean ကြီးကို == နဲ့သွားပြီးတိုက်ဆိုင်ရင် လွဲမှာပဲ။ သူ့ရဲ့ value က .booleanValue() နဲ့ရှာမှထွက်လာမယ်။ .equals () operator နဲ့လည်း နည်းနည်းစမ်းပြီးရေးကြည့်ပါ။ ကျန်တာတွေလည်း အလားတူပါပဲ။


 အဲဒီရှစ်မျိုးကို ပြောင်းပြန်လှည့်ပြောရင် တနည်းအားဖြင့် Reference Type ကနေ primitive ကိုပြောင်းတာကို unboxing သေတ္တာထဲက ထုတ်တယ်လို့ဆိုတာပါပဲ။ လူများတွေ boxing/unboxing လုပ်တယ်ဘာညာဆိုတာတွေကို အကြီးကြီးထင်မှာစိုးလို့ပါ။ သိအောင်လုပ်ထားတာကောင်းပါတယ်။

Boxing was introduced in JDK 1.5 to eliminate trivial conversions between primitives (intboolean, etc) and corresponding wrapper objects (IntegerBoolean, etc). Boxing allows some code to be a bit more concise and legible. It's also useful when using collections (which only take objects, not primitives).

Integer, Boolean စတဲ့ Reference Type Objects တွေကို wrapper objects လို့လည်းခေါ်တယ်ဆိုတာကို ပြောချင်လို့ကူးလာတာပါ။ JDK 1.5 ရဲ့ သိသာထင်ရှားတဲ့အမှတ်အသားတစ်ခုပါပဲ။

အဆင်ပြေကြမယ်လို့ထင်ပါတယ်။
နားမလည်ဘူးလား။ နားလည်လားတော့မသိပါဘူး။ ကြိုးစားပြီး ရှာဖတ်ကြည့်ပါ။ ရေးတေးတေးဖြစ်နေရင်လည်း များများလေးလေ့လာကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တကယ်တမ်း အလုပ်မှာ ဒီလောက်သိစရာမလိုဘူး။ ရေးနေတာကြာပြီ။ ကျွန်တော်ဆို ဒါကို Boxing လား၊ ၀ူရှူးလားမသိဘဲ တစ်နှစ်ခွဲလောက်ရေးနေတာပဲ။ ရေးလို့ဖြစ်ပါတယ်။ ကိုယ်သိနေတာတွေကို ဘယ်လိုခေါ်လဲပြန်ပြီးလေ့လာရတာလည်း ပျော်စရာကောင်းပါရဲ့ဗျာ။

ကဲ Boxing သင်ခန်းစာ ဆုံးလေ၏။            ။

Regards,
Zero.

Ref:

Sunday, December 18, 2011

Singleton

Singleton

Design Pattern စာအုပ်တွေထဲမှာရော source code တွေမှာပါ တွေ့ဖူးပါတယ်။ ဘာအတွက်သုံးလဲအနည်းငယ်လောက်ပဲသိပါတယ်။ Java မှာသိစရာနည်းနည်းများတယ်ထင်ပါတယ်။ နည်းနည်းသိတဲ့အသိဟာအန္တရာယ်များတယ်ဆိုပေသော်ငြားလည်း အင်တာဗျူးဖြေဖို့ကြတော့လည်း အသုံးဝင်သား။

အကြမ်းဖျင်းလောက်ပဲပြောမှာဆိုတော့ wiki ရဲ့ဖွင့်ဆိုချက်ကိုပဲ ကိုးကားလိုက်ပါတယ်။ အိမ်ရောက်ရင် ထပ်ကိုးကားစရာများ ကံကောင်းထောက်မပြီးတွေ့ခဲ့ရင် နောက်တစ်ခေါက် ထပ်ကိုးကားပါဦးမယ်။ singleton ဟာ class တွေ instantiation လုပ်တာကို ကန့်သတ်ဖို့သုံးပါသတဲ့။ system တစ်ခုလုံးမှာ ဒီ Object တစ်ခုပဲသုံးမယ်ဆိုပြီး ဒီဇိုင်းဆင်ရင် သုံးတယ်ပေါ့ခမျာ။ အထူးသဖြင့် သူ့ကို Instance ဘယ်နှစ်ခုအထိပဲသုံးမလဲဆိုတာမျိုးကန့်သတ်ချင်ရင် အဆင်ပြေတယ်ပေါ့ဗျာ။

Anti-pattern လို့လည်းဆိုကြသဗျ။ Anti-pattern ဆိုတာက သုံးသာသုံးနေတယ်။ အကျိုးသိပ်မရှိဘူး။ သူ့ဘာသာသူ ရွာလည်နေတယ်လို့ဆိုလိုတယ်။ အသုံးမတတ်တာကြောင့်လည်းဖြစ်နိုင်သလို၊ မလိုအပ်ဘဲသိပ်သုံးလွန်းတာကြောင့်လည်းဖြစ်မယ်။ အင်တာဗျူးရင်တော့ လွှတ်သာပြောပေး။ ဒီလိုကိစ္စတွေသိတယ်ဆိုတာ တော်ရုံမဟုတ်ဘူး ထင်လာတဲ့အထိပေါ့။

Java မှာတော့ ပျင်းပျင်းရိရိ singleton နဲ့ မပျင်းတပျင်းဆိုပြီးနှစ်ခုရှိတယ်ဗျ။

ပျင်းတယ်ဆိုတာကတော့ ခိုင်းတိုင်းမလုပ်ဘူးပေါ့ခမျာ။ တခြားလူလုပ်ပေးမလား ထကြည့်တာပေါ့။ ရှိရင် ဒီကောင့်ကိုခိုင်းလိုက်ပါ။ ကျွန်တော်ဆက်အိပ်နေချင်လို့ဆိုတာမျိုးကို ပျင်းတယ်ခေါ်တာပေါ့။
ဒါလေးတွေတော့ကြည့်ထားပေါ့ဗျာ။ လေတွေချည်း စွတ်ပေါနေတော့လည်း တကယ်မရေးတတ်ဘူးထင်ပြီးမေးကြည့်ရင် ခက်နေမယ်။ ချရေးပြနိုင်တော့ တစ်ပန်းခွဲလောက်သာတာပေါ့။

public class MySingleton { 
 private static MySingleton _instance = 
  new MySingleton(); 

 private MySingleton() { 
  // construct object . . . 
 } 

 public static MySingleton getInstance() { 
  return _instance; 
 } 

 // Remainder of class definition . . .

အဲဒီမှာကြည့်ရင် MySingleton ကြီးကို ခေါ်လိုက်တာနဲ့ instantiate လုပ်ပြီး memory ပေါ်တင်ထားလိုက်တယ်။ static ပါတဲ့အတွက် သူက အလားတူကောင်တွေနဲ့အတူရှိနေမရှိနေ memory တစ်ခွင်မှာသူတစ်ကောင်သာရှိနေဖို့အတွက် လုပ်ထားတယ်ပေါ့ဗျာ။ ခေါ်လိုက်တိုင်း တစ်ကောင်ထွက်လာမယ်။ရှိနေတဲ့ကောင်သေမယ်။ ခြင်္သေ့မင်းဆိုတာ တစ်ကောင်တည်းပဲ မန်မိုရီတစ်ဂူတည်း နှစ်ကောင်မအောင်းချင်ဘူးပေါ့ဗျာ။
ငပျင်း singleton
public class MySingleton { 
 private static MySingleton _instance; 

 private MySingleton() { 
  // construct object . . . 
 } 

 // For lazy initialization 
 public static synchronized MySingleton getInstance() { 
  if (_instance==null)
   _instance = new MySingleton(); 
  } 
  return _instance; 
 } 
  // Remainder of class definition . . . 

Java ကို မချစ်ကြတာ ဒီအကြောင်းတွေကြောင့်ထင်တယ်။ ဘာတွေလျှောက်ရေးထားမှန်းမသိတာများလို့ဖြစ်မယ်။ synchronized ဆိုတာကတော့ ဒီ method ကို တစ်ယောက်သုံးနေရင်နောက်တစ်ယောက်ကစောင့်နေပေတော့တဲ့။ lock လုပ်တဲ့သဘောပါ။ အင်မတန်အန္တရာယ်များပါတယ်။ ပထမတစ်ယောက်က သူပဲ ထာဝရသုံးနေမယ်ဆိုရင် နောက်တစ်ယောက်က နောက်ဘ၀မှပဲသုံးရပါမယ်။ token ဆိုတဲ့ network topology လို သူကပဲ အပိုင်စီးထားလိုက်ရင်ကျန်တဲ့သူတွေ ငုတ်တုတ်မေ့သွားသလိုပေါ့ခမျာ။ အခုန static method ဆိုတာကလည်း နည်းနည်းပွားပြီးပြီဆိုတော့ထပ်မပွားတော့ပါဘူး။ ဒီ တစ်ခေါက်တော့ စစချင်း new နဲ့ instantiate မလုပ်တာကိုတွေ့ပါလိမ့်မယ်။ if(instance==null) ဆိုတာကတော့ ပျင်းလို့ အရင်အကောင်ရှိသေးရင် အဲဒီအကောင်ကို ဆက်သုံးကြပါ။ ငါ့ကို မခေါ်ပါနဲ့ဦးဆိုတဲ့သဘောပါပဲ။ တကယ်လို့ ရှေ့ကကောင်ကြွပြီဆိုမှ သူ့ကို အသစ်ဖန်တီးပြီး သုံးလို့ရမယ်ဆိုတဲ့သဘောပါပဲ။

Bill Pugh ဆိုတဲ့ researcher ကလည်း ကဲတယ်ခင်ဗျ။ အခုနက ကျွန်တော်ပြောတဲ့ synchronized ကြီးက ဒုက္ခပေးတယ်ဆိုတာသူလည်း ပေါက်တယ်တဲ့ခင်ဗျ။ သူကတော့ researcher ပီပီ အချိန်တွေပိုနေတော့လျှောက်ရေးပုံရပါတယ်။


public class Singleton {
        // Private constructor prevents instantiation from other classes
        private Singleton() { }
 
        /**
        * SingletonHolder is loaded on the first execution of Singleton.getInstance() 
        * or the first access to SingletonHolder.INSTANCE, not before.
        */
        private static class SingletonHolder { 

                public static final Singleton instance = new Singleton();
        }
 
        public static Singleton getInstance() {

                return SingletonHolder.instance;
        }
}


static final Singleton ပါခဗျ။ final keyword ကလည်း အင်မတန်ကျယ်တဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီလိုရေးလိုက်တာ သရက်စေ့ဖြစ်တယ်တဲ့ခင်ဗျ။ thread-safe ဆိုတာ အခုန synchronized သုံးတာမျိုး၊ တစ်ယောက်သုံးနေတုန်း နောက်တစ်ယောက်က ၀င်မရှုပ်အောင်လုပ်တာမျိုးကိုခေါ်တယ်လို့ အကြမ်းမှတ်ထားလိုက်ရင်ရလောက်ပါပြီ။

Regards,
Zero

အခုအချိန်ကစပြီး ref: များကို လူလေးစားလောက်အောင်ထည့်တော်မူသွားပါတော့မယ်။ နောက်တစ်ခါ ပြန်ဖတ်ရင် Bookmarks ကနေ မရှာချင်တော့ဘူး။

ref:
http://java.sun.com/developer/technicalArticles/Programming/singletons/
http://en.wikipedia.org/wiki/Singleton_pattern
http://www.javaworld.com/javaworld/jw-04-2003/jw-0425-designpatterns.html
ဒီင်္အောက်ဆုံးကလင့်ခ်ကတော့ ဂန်းအော့ဖ်ဖိုးကို နောက်ပြောင်တယ်ခင်ဗျ။
http://www.infoq.com/news/2007/07/GoFCriticism

Servlet in 10 min

Servlet in 10 min

Servlet တွေ အကြောင်းကို အလွယ်လေးတစ်ခုရေးပြတာပါ။
Online မှာတွေ့နေကြဟာလေးကို ပိုပြီးပြည့်ပြည့်စုံစုံဖြစ်အောင် ရှင်းပြထားပါတယ်။


package business;

import java.io.*;
import javax.servlet.http.*;
import javax.servlet.*;

public class ServletExample extends HttpServlet {

public void doGet (HttpServletRequest req,
                     HttpServletResponse res)
    throws ServletException, IOException
  {
    PrintWriter out = res.getWriter();
    out.println("Hello, world!");
    out.close();
  }
}

Code ကတော့မပြောင်းမလဲ Hello, world ပါပဲ။
package ကို business ဆိုတဲ့ package ထဲမှာရေးထားတာကိုတွေ့မှာပါ။ အဲဒီလိုဆိုရင် class ကို လှမ်းခေါ်တဲ့အခါမှာ business.ServletExample  လို့ခေါ်ရပါတယ်။ HttpServlet ကို extend လုပ်ထားတာကိုလည်းတွေ့ပါလိမ့်မယ်။ ကျွန်တော်တို့ရေးသမျှ servlet တွေဟာ HttpServlet ကို extend လုပ်ရပါမယ်။


(HttpServletRequest req,HttpServletResponse res)
ဆိုတာကိုလည်းတွေ့ကြမယ်ထင်ပါတယ်။ HttpServletRequest ဆိုတာကိုအကြမ်းဖျင်းပဲပြောသွားပါမယ်။ နောက်ပိုင်းမှာ အလျင်းသင့်ရင် တခါအသေးစိတ်ထပ်ပြောပါမယ်။ request ဆိုကတည်းက သူက တောင်းပါတယ်။ ပါလာတာတွေပေးခိုင်းပါတယ်။ html form တစ်ခုမှာ post လုပ်လိုက်ရင် input parameters တွေ form ထဲမှာပါလာပါတယ်။ အဲဒီ data တွေကို လိုချင်တဲ့အခါ HttpServletRequest ကနေယူနိုင်ပါတယ်။ နောက်ဥပမာတွေကြရင်လည်းထပ်ပြီးရှင်းပြပါဦးမယ်။အခုကတော့ set up လေးတစ်ခု လွယ်လွယ်ကူကူလုပ်ဖို့ပါပဲ။ HttpServletResponse က response ဆိုတဲ့အတိုင်း ပြန်ပြီးပြောတာပါပဲ။ သူ့ကို တစ်ခုခု လာပြောရင် စကားပြန်ပြောသလိုပေါ့။ ပြန်ပြောတဲ့စကားကလည်း အမျိုးမျိုးရှိသလို၊ သူမှာ response လုပ်မယ့် type တွေရှိပါတယ်။ text/html လား pdf လား ၊ excel လားဆိုတဲ့ content type တွေရှိပါတယ်။ ကောင်မလေးတစ်ယောက်ကို propose သွားလုပ်သလိုပေါ့။ ဟိုက ဘာနဲ့မဆို ကောက်ပေါက်နိုင်တယ်မဟုတ်လား။

ဒီမှာတော့ Hello, World နဲ့ကောက်ပေါက်လိုက်ပုံရတယ်။


PrintWriter out = res.getWriter();
   out.println("Hello, world!");
    out.close();


Print Writer တစ်ခုယူပြီး ရေးချင်ရာရေးတယ်။ response မှာပြန်ရေးပေးလိုက်တယ်။ ဆိုလိုတာက ဒီ Servlet ကိုခေါ်ရင် သူ့ရဲ့ doGet မှာ ဒါကို အကြောင်းပြန်လိမ့်မယ်ပေါ့။

ရေးတာပြီးရင် Tomcat မှာ project လေးတစ်ခုတည်ဆောက်မယ်။
လွယ်လွယ်ကူကူ JavaExample ဆိုပြီးနာမည်ပေးမယ်။ အဲဒီအထဲမှာ index.html ဆိုပြီး html page တစ်ခုရေးထားပါ။

ပြီးရင် JavaExample folder ထဲမှာ WEB-INF ဆိုတဲ့ folder တစ်ခုဆောက်ပါ။ Tomcat ကလည်း ခေတ်ဟောင်းက မိဘများလို မျှော်လင့်ချက်ရှိပါတယ်။ သူက webapps အောက်က project တိုင်းကို index စီးပြီး WEB-INF ရံစေချင်ပါတယ်။ သူ့ရဲ့ default structure နဲ့တူအောင်ပါ။ WEB-INF ထဲမှာ web.xml ပါရပါမယ်။ ပြီးရင် classes ဆိုတဲ့ folder လည်းပါရပါမယ်။ အဲဒီခပ်ပေါပေါအကွက်တွေကို အထင်မသေးနဲ့ SCWCD မှာ ဒါတွေပဲမေးနေတာ။ ခပ်ပေါပေါတွေပေမယ့် အခြေခံအနေနဲ့တော့သိတာကောင်းပါတယ်။

web.xml ကိုကြည့်ရအောင်ဗျာ။


[web-app xmlns="http://java.sun.com/xml/ns/j2ee" version="2.4"
         xmlns:xsi="http://www.w3.org/2001/XMLSchema-instance"
         xsi:schemaLocation="http:/java.sun.com/dtd/web-app_2_3.dtd"]
  [servlet]
    [servlet-name]example[/servlet-name]
    [servlet-class]business.ServletExample[/servlet-class]
  [/servlet]

  [servlet-mapping]
    [servlet-name]example[/servlet-name]
    [url-pattern]/testHello[/url-pattern]
  [/servlet-mapping]
[/web-app]


ဒါက အခြေခံပုံစံပေါ့ဗျာ။ ဒီ config မျိုးတွေကို Java မှာ အများကြီးတွေ့ရမယ်။ servlet  နဲ့ servlet-mapping ဆိုပြီးနှစ်ခုရှိမယ်။ servlet-name နှစ်ခုကတူရပါမယ်။ ကြိုက်နဲ့နာမည်အတူတူပေးထားလို့ရပါတယ်။ ကိုယ်ကြိုက်တာ ကိုယ်မလုပ်ရတာက servlet-class ပါ။အခုနကပြောသလို business.ServletExample  ဆိုပြီး class name ကို package နဲ့တကွ အပြည့်အစုံရေးပါတယ်။ ဒါမှလည်း tomcat ကရှာတွေ့ပါတယ်။ [က< ကို အစားထိုးထားတာပါ။ blogspot ကစိတ်ကြီးတော့ html tag တို့မည်သည် less than , greater than ပါကုန်သည်ဆိုပြီး စစ်နေတာကြောင့် အစားထိုးလိုက်ရပါတယ်။ ဂရိတ်တားသန်းကတော့ ] အဖြစ်အစားထိုးထားပါတယ်။ web.xml ကခေါင်းစဉ်ကြီးတစ်ခုပါ။ အခုတော့ အကျဉ်းချုပ်လိုက်ပါတယ်။

အောက်နားလေးမှာပါတဲ့ url-pattern ကတော့ ကျယ်ပြန့်ပါတယ်။ လောလောဆယ် ကျဉ်းလိပ်တဲ့အနေနဲ့ တစ်ခုပဲရေးပြထားပါတယ်။/testHello နဲ့ဝင်လာရင် သူ့အလုပ်လို့ယူဆတယ်လို့ဆိုလိုပါတယ်။

အခုကိစ္စမှာဆိုရင် http://localhost:8080/JavaExample/testHello
ဆိုရင် သူ့အလုပ်လို့ယူဆပါလိမ့်မယ်။ သူ့အလုပ်လို့ယူဆရင် သူ့ဆရာကိုအကြောင်းကြားပါလိမ့်မယ်။ သူ့ဆရာနာမည်က example ဆိုရင် သူ့ဆရာ example ကို ဘာလုပ်ရမလဲဆရာဆိုပြီးမေးပါလိမ့်မယ်။ သူ့ဆရာကလည်း အပေါ်ဘက်က သူနေရာကိုပြန်တက်ပြီး စားပွဲကအံ့ဆွဲကိုဖွင့်တော့မှ business.ServletExample ကိုတွေ့ပါတယ်။ အဲဒီကောင်ကိုသာ run လိုက်ပေတော့ဆိုပြီး run လိုက်တဲ့အခါမှာ doGet ကိုရောက်ပြီး Hello, world! ကိုမြင်ရပါလိမ့်မယ်။

အခုပြောနေတာဟာ hello world အကြောင်းလို့များ ထင်နေကြမလားမသိပါဘူး။ မဟုတ်ရပါဘူး။ တကယ်ပြောနေတာက tomcat ရဲ့ project folder structure အကြောင်းပါ။ အဲဒီ ServletExample ကို compile လုပ်ဖို့အတွက် လိုတဲ့ jar file ကိုလည်း tomcat ရဲ့ lib folder ထဲမှာတွေ့နိုင်ပါတယ်။ servlet-api.jar ဖြစ်ပါတယ်။ ဒီ jar ဟာအရေးကြီးပါတယ်။ tomcat ဗားရှင်းအနိမ့်တွေမှာ run ဖို့ဆိုရင်လည်း အဲဒီ tomcat ရဲ့ lib ထဲက servlet-api.jar ကိုယူပြီး compile လုပ်ရပါတယ်။

ဒီအခု post ဟာ hello world servlet example တွေထဲမှာတော့ တော်တော်လေးပြည့်ပြည့်စုံစုံဖြစ်တဲ့ hello world တစ်ခုလို့ထင်ပါတယ်။ များသောအားဖြင့် အလုပ်လုပ်တဲ့သူတွေမှာ အလုပ်ကရနိုင်တဲ့ အတွေ့အကြုံတွေ တလှေကြီးရနိုင်ပေမယ့် အလုပ်မလုပ်ရသေးတဲ့လူတွေအဖို့ ပိုပြီးပြည့်ပြည့်စုံစုံရေးဖို့လိုမယ်ထင်လို့ ဒီပို့စ်ကိုရေးလိုက်ပါတယ်။

ဒီနေရာမှာ သိပ်ဟုန်သွားမှာဆိုးလို့ servlet API တွေရဲ့ Version တွေထည့်မပြောတော့ပါဘူး။ နောက်ပို့စ်များကြမှ ပိုပြီး တိတိကျကျ ရေးလိုက်ပါဦးမယ်။

ပျော်ရွှင်ဖွယ်လေ့ကျင့်ခန်းလေးဖြစ်ပါစေ။

Regards,
Zero

Apache Tomcat Tips

Apache Tomcat Tips

၁။JAVA_HOME for Tomcat
အလကားပေးတဲ့ Apache Tomcat Web container ဟာ Java သမားတွေအတွက်တော့ မရှိမဖြစ်တစ်ခုပါပဲ။
Java Version အမျိုးမျိုးနဲ့သုံးချင်တဲ့အခါ Tomcat ထဲမှာ configure လုပ်လို့ရပါမယ်။ တစ်ကြောင်းထဲပါ။

bin folder အောက်က catilina.bat ထဲမှာပြင်ရပါမယ်။ text editor တစ်ခုခုနဲ့ .bat  file ကို ဖွင့်လိုက်ရင်

set JAVA_HOME=C:\jdk1.6.0_13\

သတိထားဖို့က နောက်ဆုံးက \ လေးပါ။

ဘယ်နေရာမှာထည့်ရမလဲဆိုတာကတော့ rem ဆိုတဲ့ comments တွေနဲ့ ပိတ်ထားတဲ့ block of comments တွေ အောက်နားမှာပါ။ တခါတလေကြရင် jdk 1.5 နဲ့ပြောင်းပြီး test လုပ်ပေးဖို့လိုတယ်၊ တစ်ခါတစ်လေကြရင် 1.6 နဲ့ test လုပ်ချင်လည်းလုပ်မယ်။ အဲဒီလိုအခါမျိုးမှာ သိပ်အသုံးဝင်ပါတယ်။

၂။No more pop-up


Tomcat ကို run တဲ့အခါမှာ pop-up window တစ်ခု တက်တက်လာတာ ၆မြင်ကတ်စရာသိပ်ကောင်းပါတယ်။ ပထမ run လိုက်တဲ့ command prompt လေးတစ်ခုထဲမှာပဲကြည့်ချင်ရင် နည်းနည်းပြင်ရပါမယ်။ အဲဒါလေးကလည်း အရင်ရုံးကလူတွေဆီက မှတ်ထားခဲ့တာလေးတစ်ခုပါ။ လက်ဆောင်ပြန်ပေးလိုက်ပါတယ်။

bin folder ထဲက catilina.bat က တစ်ကြောင်းကိုပြင်ရပါမယ်။

call "%EXECUTABLE%" start %CMD_LINE_ARGS%

အဲဒီ start ကို run လို့ပြောင်းလိုက်ရင် လိုချင်တဲ့အတိုင်းရပါမယ်။

call "%EXECUTABLE%" run %CMD_LINE_ARGS%

ဒီ command က အောက်ဆုံးနားမှာပါပဲ။ ရှာရလွယ်ပါတယ်။

အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Regards,
Zero

Notes: bro divinity is now in marriage leaves :)
Bro, please add ur apache and tomcat experience on CentOS when u have time.

Eclipse Shortcuts && Tips

Eclipse Shortcuts && Tips

အခုတလော အိမ်မှာ စာပြန်လုပ်ရင်း လွယ်ကူတဲ့လေ့ကျင့်ခန်းတွေ တင်ဖို့ ပြင်ဆင်နေပါတယ်။
တချို့ကိစ္စတွေဟာ လုပ်နေကြနည်းတွေနဲ့အသားကျပြီး ပိုလွယ်တာတွေ မလုပ်မိတာတွေရှိတတ်တယ်။ ဒါတွေကို နည်းနည်းလောက်ရေးလိုက်ပါတယ်။ စရေးကြမယ့်လူတွေအတွက် good practise တွေဖြစ်စေမယ်ထင်ပါတယ်။

1.User Library in Ecilpse

Jar files တွေကို ပုံမှန်အားဖြင့်
project right clik>Build Path>>Configure Build Path>>Libraries
အဲဒီရောက်ရင် Jar တွေကို Add Jars လုပ်လိုက်တယ်။

အဲဒီ နည်းလမ်းဟာ အင်မတန်မှ အဆင်ပြေပါတယ်။ တော်တော်လည်းလွယ်ကူပါတယ်။ အခုနောက်ပိုင်းမှာ project အသစ်တစ်ခု ရှိတိုင်း လိုတဲ့ jar files တွေ ထပ်ထပ်ထည့်နေရတာ tedious ဖြစ်ရတယ်။ အဲဒီတော့ Eclipse မှာ user library လေးလုပ်ထားလိုက်ရင် နောက် project တွေကို develop လုပ်တဲ့အခါ jar files add နေရတဲ့ အလုပ်တစ်ခုသက်သာသွားမှာပါ။ Jar File အစား user lib တစ်ခုတည်း add လုပ်ရင် လိုအပ်တဲ့ jar တွေ အကုန်ရနိုင်ပါတယ်။

User Library အသစ်တစ်ခု create လုပ်ဖို့ကို Eclipse Menu ထဲက Window>>Preference ထဲသွားပြီး search box မှာ user လို့ရိုက်ထည့်လိုက်ပါ။ Java Build Path>>User Libraries ဆိုတာတွေ့ရင် User Libraries ကို click ခေါက်ပါ။ ပြီးရင် ညာဘက်မှာ New လုပ်ပါ။ New လုပ်ပြီး နာမည်ကို myUserLibs လို့ပေးတယ်ဆိုပါတော့။ myUserLibs ကို click လုပ်ပြီး Add Jars လုပ်ပါ။ လိုချင်တဲ့ Jars files တွေ တစ်ခါတည်း ချိတ်ထားလိုက်ပါ။

အဲဒီ ကိစ္စပြီးရင်
project right clik>Build Path>>Configure Build Path>>Libraries ပြန်သွားပါ။
Add Jars အစား Add Library ရွေးပါ။ User Library ရွေးပြီး next လုပ်ပါ။ အဲဒီမှာ အခုန create လုပ်ထားတဲ့ myUserLibs ကိုတွေ့ပါလိမ့်မယ်။ ရွေးလိုက်ပါ။ အဲဒါပါပဲ။

မထူးခြားပေမယ့် အဆင်ပြေ အသုံးတည့်ပါတယ်။

၂.Ctr+Shift+O (ကွန်ထရိုး ရှစ်ဖ် အို)
နောက်ဆုံးက အိုဖြစ်ပါတယ်။ သုညမဟုတ်ပါဘူး။ တခါတလေ ဘာဖြစ်တတ်လဲဆိုတော့ ရှေ့ကရေးသွားတဲ့သူတွေက warning ပြနေတာလေးတွေကို မသန့်ရှင်းသွားတဲ့အခါမျိုးတွေမှာ အသုံးတည့်ပါတယ်။ အထူးသဖြင့် import လုပ်ထားပြီး မသုံးတဲ့ declaration တွေအတွက်တော့ တစ်ခုချင်းလိုက်ဖျက်နေမယ့်အစား control shift O ကို တစ်ပြိုင်နက်နှိပ်လိုက်ရင် အဲဒီ မလိုဘဲ အပိုဖြစ်နေတာတွေကို IDE က ဖျက်ပေးပါတယ်။

၃။Ctrl+1 (Quick Fix)

ပထမပုံမှာ ကြည့်ရင် Book ဆိုတဲ့ Class က ဘယ်ကမှန်းမသိပါဘူး။ Book က ဒီ example မှာတော့ ကျွန်တော်ရေးထားတဲ့ bean တစ်ခုဖြစ်ပါတယ်။ model package အောက်မှာရှိပါတယ်။ သိပ်မပျင်းတဲ့သူတွေကတော့ import model.Book; လို့ရေးလိုက်ကြမှာပဲ။ ပျင်းချင်လည်းရပါတယ်။ တခါတလေ package အားလုံးကို အာဂုံမဆောင်နိုင်တဲ့အခါမှတော့ အဲဒီ Class ပေါ်မှာ cursor ကို ထားပြီး ctrl+1 လုပ်လိုက်ရင် IDE ကနေ suggest တော်မူပါလိမ့်မယ်။













အောက်ကပုံမှာ suggest လုပ်ထားတာတွေ့နိုင်ပါတယ်။ Book ဆိုတဲ့ class နှစ်ခုရှိတယ်။ ဘယ်ဟာကိုရွေးမလဲမေးပါတယ်။ ကျွန်တော်ရေးထားတဲ့ class က model package အောက်မှာလို့ အခုနကပြောထားတာကို သတိရမယ်ဆိုရင် ဘယ်ဟာကို ရွေးရမယ်ဆိုတာ သိလောက်ပါပြီ။ အဲဒါကို ရွေးလိုက်ရုံနဲ့ import ပေးပါလိမ့်မယ်။ Eclipse မှာ အဲဒါတွေပါပါတယ်။ များများသုံးပေးပါ။












၎။getters and setters

ငယ်တုန်းကတော့ အဲဒါတွေ သိပ်ပျင်းတယ်။ Java Bean တွေရေးရင် အမြဲတမ်းမပါမဖြစ်ဟာ getters and setters ပဲ။ Bean ဆိုလို့ Bean နဲ့ Class ဘာကွာလဲဆိုတဲ့မေးခွန်းတွေရှိပါတယ်။ bean ကတော့ no arg constructor ပါမယ်။ သူ့အထဲက private variableတွေအတွက် public method နဲ့အထုတ်အသွင်းလုပ်နိုင်ဖို့ getters နဲ့ setters ပါမယ်။ reusable ဖြစ်အောင်ရေးထားတာဖြစ်တဲ့အတွက် မလိုအပ်တာတွေကို bean ထဲမထည့်ကြဘူး။ ၀ါသနာပါရင်တော့ ဖြည့်စွက်ရေးလို့ရတယ်။ ကျွန်တော့်အကြိုက်အရတော့ Bean ကို Bean သန့်သန့်လေးပဲထားလေ့ရှိတယ်။ လိုရင် တခြား Helper တစ်ခုခုရေးမယ်။ interface တစ်ခုခုထဲ implements လုပ်ပြီး ရေးချင်လည်းရေးမယ်။ bean ကိုတော့ ရိုးရိုှးရင်းရှင်းပဲထားလိုက်တယ်။ Bean မှာပါတဲ့ Getter, Setter တွေသိပ်များလာရင် ရေးနေရတာ ပျင်းစရာသိပ်ကောင်းတယ်။ Eclipse team ကလည်း ဒါကိုသိပါတယ်။

Bean/Classတစ်ခု ရေးနေတဲ့အခါ
 private String name;
 private int id;
 private String nric;

စတာတွေရေးပြီးရင် right click  နှိပ်ပြီး source ထဲက Generate Getters and Setters ထဲဝင်ပြီး အဲဒီ private variables တွေကို select မှတ်ပြီး OK လုပ်လိုက်ရင် getters တွေ setters တွေ အော်တိုမစ်တစ် လှလှပပလေး ရေးပြီးသားဖြစ်ပါတယ်။ Thank U Eclipse.

၅။ Ctrl+Click

Method တွေဖြစ်ဖြစ်၊ class တွေဖြစ်ဖြစ်၊ control click နဲ့သွားကြည့်ရှာကြည်ရင် မြန်မြန်ရောက်ပြီး error ကိုလည်း ခဏလေးတွေ့နိုင်ပါတယ်။ အဲဒါတွေကို java ရေးနေတဲ့လူတွေ အားလုံး သိကြပါတယ်။ မသိသေးတဲ့ စရေးတဲ့လူတွေအတွက်တော့ အဲဒါတွေဟာ အရေးကြီးပါတယ်။ ကျောင်းတွေမှာ IDE မသင်ပေးလိုက်တဲ့အတွက် IDE အကြောင်းကိုလည်း အချိန်နည်းနည်းယူပြီး လေ့လာသင့်ပါတယ်။ ဒါမှ ကိုယ်သုံးနေတဲ့ IDE ဟာ ဘာတွေ support လုပ်လည်းပိုသိနိုင်ပါလိမ့်မယ်။

Regards,
Zero

Thursday, December 15, 2011

အပျင်းပြေ Remote Access MySql

အပျင်းပြေ Remote Access MySql

အခုတလော အိမ်မှာ program လေးဘာလေး မမေ့အောင် ပြန်ရေးပါတယ်။

MySql ကို remote ကနေ၀င်ချင်ရင် fire wall မှာ Port blocking လုပ်ထားလားကြည့်ပါ။ Window Firewall မှာ port ကို configure လုပ်ပေးလို့ရပါတယ်။ default ဆိုရင် Port 3306 ကို ဖွင့်ပေးလိုက်ပါ။ နောက်တစ်ခုက security suite တွေမှာပါတဲ့ firewall တွေမှာ portတွေပိတ်ထားရင်လည်း ဖွင့်ပေးပါ။

MySQL ကို စသွင်းကတည်းက remote Login လုပ်မယ်ဆိုတာရွေးထားလိုက်ရင်လွယ်ပါတယ်။

Database တစ်ခုမှာ root access ကို remote ကနေ ဖွင့်မပေးတာတော့အကောင်းဆုံးပါပဲ။ သီးခြား user account တစ်ခု create လုပ်ပြီး privilege တွေပေးပါ။ လွယ်လွယ်ကူကူ လုပ်ချင်ရင် SQLYog ဖြစ်ဖြစ်သွင်းထားပြီး Manage User ကနေ user တွေ create လုပ်ပြီး access rights တွေ define လုပ်နိုင်ပါတယ်။

အားလုံးအိုကေပြီဆိုရင်တော့ တခြား စက်တစ်လုံးကနေ MySQL run ထားတဲ့စက်ကို ping ကြည့်ပါ။
ping လို့ရရင် telnet နဲ့ Port ပွင့်နေလား မပွင့်နေလားကြည့်ပါ။ Windows 7 မှာတော့ telnet client ကို အရင် on ရပါမယ်။ default က off ထားပါတယ်။

ping IP address.
telnet IP adress(space)port No.

အဲဒီလိုရပြီဆိုရင်တော့ program ကနေ ချိတ်ကြည့်လို့ရပါပြီ။ SQL client နဲ့ဖြစ်ဖြစ် java ရဲ့ JDBC နဲ့ဖြစ်ဖြစ်ချိတ်ပြီး ရေးလို့ရပါပြီ။


My SQL မှာပဲဖြစ်ဖြစ် တခြား RDBMS တွေမှာပဲဖြစ်ဖြစ်။ Access right ကို အများကြီးပေးထားပြီး ပြန်လျော့ချင်တယ်ဆိုရင်သတိထားဖို့လိုပါတယ်။ ဥပမာအားဖြင့် user A ကို ပထမ delete ရော update access ပါပေးထားပြီး၊ select တစ်ခုပဲ ပြန်ပေးတယ်ဆိုပါတော့။ userA ဟာ သူ့ access right ကို modify မလုပ်ခင် login ၀င်ထားရင် အဲဒီ session ရှိနေသရွေ့တော့ သူ့မှာ အရင် privilegeတွေကျန်နေပါသေးတယ်။ remote log-in ၀င်တဲ့ user account တွေဆိုရင် session ကို kill လုပ်တာဖြစ်ဖြစ်၊ မလုပ်တတ်ရင် MySQL service ကို restart လုပ်လိုက်တာဖြစ်ဖြစ် လုပ်ရပါမယ်။ အဲဒီလိုမလုပ်သရွေ့တော့ user access update လုပ်လိုက်တာဟာ privilege တွေ လျော့သွားဖို့၊ပြောင်းသွားဖို့အတွက် မသေချာပါဘူး။ အဲဒီ အခြေခံအချက်တွေကို သတိထားဖို့လိုပါတယ်။

သိပ်များ အကြမ်းဖျင်းဆန်နေမလားမသိဘူးဗျာ။
screen captured လုပ်ရမှာပျင်းတာနဲ့ ဒီအတိုင်းပဲရေးလိုက်ပါတယ်။
အဆင်ပြေမယ်ထင်ပါတယ်။
အဆင်မပြေဘူးဆိုရင်လည်း မပြေတာလေး comment ရေးခဲ့ပါ။

Regards,
The zero.