Thursday, July 29, 2010

Linux commands (1)

Linux console ပေါ်မှာ အလုပ်လုပ်တယ့် အခါ တစ်ချို့ command တွေက သိထားရင် command line interface မှာ အတော်အသုံးဝင်ပါတယ်။ မသိလည်းရတယ် ၊ သိရင် ပိုအဆင်ပြေတယ့် command လေးတွေပေါ့။ နည်းနည်းချင်း ခေါင်းထဲပေါ်လာသလောက် ရေးသွားပါမယ်။

...........
Log file လိုဟာမျိုးကို ဖတ်တယ့်အခါမှာ tail command ကသုံးဝင်ပါတယ် ။ ဆိုကြပါတော့၊ httpd ရဲ့ access_log file ။ Apache process run နေပြီး user တွေက access လုပ်နေတိုင်း access_log ကရေးနေပါတယ်။ ဒီလို log မျိုးရဲ့ နောက်ဆုံး process တွေ log ကို လိုချင်ရင် အလွယ်တကူက `cat /var/log/httpd/access_log ဆိုပြီး cat ထုတ်လိုက်တာမျိုး ၊ tail -n50 /var/log/httpd/access_log ဆိုပြီး နောက်ဆုံး လိုင်း 50 ခေါ်ကြည့်တာတို့ လုပ်လိုက်တာများတယ်။ ဒါတွေက ဒီ command ကို ရိုက်လိုက်တယ့် အချိန်က log ထဲမှာရှိတာကိုပြတာပါ။ Real time တောက်လျှောက်လာရေးနေတာကို ဖတ်ချင်ရင်တော့
tail -f /var/log/httpd/access_log

ဆိုပြီး tail -f ကိုသုံးပါတယ်။ ဒါဆို console ထဲမှာ log file ကပွင့်လာပြီး log မှာ တစ်လိုင်းအသစ်လာရေးတိုင်း တစ်လိုင်းတက်တက်လာတယ်။ ဒါဆို debug လုပ်ဖို့ ပို အဆင်ပြေပါတယ်။

........
တစ်ခါတစ်လေ log file ( text file တစ်ခုခုပေါ့) ကို ရှင်းလိုက်ချင်တာမျိုးတွေမှာ ၊ အထဲက စာတွေ လိုက်ဖျက်ရရင်လည်း မလွယ်ဘူး။ File ကိုဖျက်ပြစ်လိုက်ပြီး ၊ process က log ပြန်လာရေးခိုင်းတာကလည်း ပြောရင် သိပ်မကောင်းဖူး။ File ကို ဖျက်ပြစ်လိုက်ရတာကိုက မကောင်းဘူး။ အထဲက content ကိုပဲ ရှင်းလိုက်ချင်ရင် ဒီလိုလေးက လွယ်တယ် ။
> /path/to/log.file

အရှေ့က '>' လေးက command ထဲမှာပါပါတယ်။ တစ်ကယ်က
echo "" > /path/to/log.file

ကိုလုပ်သွားတာပါ။ echo command နဲ့ output pipe '>' ကိုသိရင် ဒါကိုသိပါလိမ့်မယ်။ File ထဲက content ကို blank space တစ်ခုနဲ့ overwrite လုပ်လိုက်တာပါ။ အဲတော့ log file က empty log ဖြစ်သွားတာပေါ့။

..........
နောက်တစ်ခုကတော့ shell arguments တွေပါ။ အသုံးဖြစ်ဆုံးကတော့ ! နဲ့ !$ ပါ ။
! က နောက်ဆုံးသုံးခဲ့တယ့် argument ကို ကိုယ်စားပြုပါတယ်။ တကယ်လို့ အပေါ်မှာ file တစ်ခုကို vi သုံးပြီး edit ထားတယ်။ အခု တခြား directory ကိုရောက်နေပြီ ။ File path ကြီးကရှည်လို့ ပြန်မရိုက်ချင်ဖူးဆိုရင်
!vi

လို့ သုံးလို့ရပါတယ်။ Shell history ထဲက နောက်ဆုံး vi command ကိုပြန်ခေါ်ပေးပါလိမ့်မယ်။

.......
!$ ကတော့ last command ရဲ့ argument ကိုပဲယူတာပါ။
ls -l /bar/nyar/thar/da/kar/file

လို့ ရှာပြီး၊ နောက်တစ်လိုင်းမှာ အဲ file ကို vi မှာ edit ဖို့ဆိုရင် ပုံမှန်ဆို vi /bar/nyar/thar/da/kar/file ဆိုပြီး ရှည်ရှည်လျှားလျှားရိုက်နေရပါမယ်။ အဲတော့
vi !$

လို့ရိုက်လိုက်ရင် နောက်ဆုံး command ရဲ့ argument ကိုပြန်ယူပြီး vi သွားပါလိမ့်မယ် ။
( Up arrow နဲ့ last command ကိုပြန်ခေါ်၊ Home ကိုနှိပ်ပြီး ls -l ကိုဖျက် vi လို့ရိုက် ၊ ဒါလည်းရပါတယ်။ ဒါပေမယ့် ပိုမရှည်ဖူးလား။ ဒါတောင် Home တို့ End တို့ကို Shell environment ထဲမှာ set ထားမှပါ။ Unix အများစုမှာ default အားဖြင့်မပါပါဘူး။ Home နှိပ်လိုက်ရင် ^ တွေနဲ့ ပေါ်လာပါလိမ့်မယ်။ )

..........
အခုတော့ တော်လောက်ပြီ။ အခုသုံးလိုက်မိတာလေးတွေ ပြောပြတာပါ။ နောက်ကြုံရင် ကြုံတာတွေ ရေးပါအုန်းမယ် ။ တစ်ချို့ command တွေက သူ့နောက်က option တွေအရမ်း powerful ဖြစ်တာတွေရှိပါတယ်။ find တို့လို command မျိုးပေါ့။ exec လို အသုံးတယ့်တာတွေလည်း ရှိပါသေးတယ်။ နောက်များမှ ....

Divinity

Thursday, July 22, 2010

RAID is not *Backup*

Well,I've heard of this since a few years back. It could never protect from Human errors, e.g, mistakenly issued a DROP database command. :)

Some people believe RAID 1 could save them from the risk of data looses due to hardware failure since they have 2 copies of every things. That's partially true. RAID 1 could save you from data looses due to 'a hard drive failure', not any of hardware failure. In a RAID 1 system, it includes 2 hard drives minimum ( could be 3 with a hot-spare) and a RAID controller card. Everything on a primary HDD is mirrored across on secondary one. So even if the primary HDD is failed, we could still continue our business since every bits of data are still exist on the secondary HDD. Probability of failing both HDDs at the same time is a very rare chance, approximately 0.01% chances only. Looks promising, right ?

But as I've said above, RAID controllers are involved in RAID systems and they play the main role in it. In most cases, when a RAID controller fails, it might make some improper I/O onto the hard drives which can bring your system into file system corruption. The chances of failing RAID controller is a bit high if we are dealing with integrated raid cards. Dedicated RAID controllers are much better in this case.


...................................

I've had this problem one time a year ago on Windows System running on RAID 5. It makes my system hang and gives BSOD on next reboot ( still BSOD even on the other known good machines). At that time I got a few luck to copy out all data using a Linux Live CD and it was a development server which is not too critical.

Just in a few days ago, one of our client gives us a call and says their payment gateway system is not accessible. What a generic report from a user 'not accessible' with no specific details. I could browse to their admin web UI and ssh in and looks around. But when i tried to create a file using 'touch' I got an error. Well, this's it. Initially, I was totally clam as I know this system is running on 2 mirrored HDDs. If a HDD fails, I can just swap it with a new HDD and bingo. That is what I've in my mind while travelling down to data center.

But it was not that fortunate. I was surprised to see both HDD having the same IO issue. Magic fsck could not help me this time. Try those HDDs with another spare identical machine, Kernel panic. I whispers "that's good. you give me something interesting bullsh*t for today". By running ServeRAID on the problematic machine, I could see it can't detect the HDDs all the the time even to the new HDD I just brought from office. Only thing I can do is I can backup databases and some data from linux rescue mode. Yes, some lib directories are not even browsable at this point.

I've left with no choice but to prepare a new server to replace. This existing system has self compiled Apache and some modules, including openssl and some libraries which supports TLS. It's not a difficult things, but it takes time. It's 11pm already when I started installing a new server. Well, that's an almost overnight working day.

...................................

When a RAID controller's gone, it has a chance all your data could be gone/corrupted too. So backup is a 'must' even if you are running on RAID 50. Be planned, be prepared.


Divinity

Wednesday, July 21, 2010

SUID ဆိုတာ

Linux / Unix system တွေအကြောင်းလေ့လာရင် SUID / SGID ဆိုတယ့် အသုံးအနှုန်းမျိုး တွေ့ရတတ်ပါတယ် ။ SUID ဆိုတာ Set User ID ကို အတိုခေါ်တာပါ။ Executable file တွေရဲ့ permission မှာ ပေးလေ့ရှိပါတယ် ။ SUID ပေးရတယ့် ရည်ရွယ်ချက်က executable permission ရှိတယ့် ဘယ် user ကပဲ execute လုပ်လုပ် ၊ ဒီ command / file ကို file owner ရဲ့ identity နဲ့ run လိုက်ပါတယ်။ ဆိုလိုတာကတော့ root user ရဲ့ file တစ်ခုကို everyone executable ပေးထားမယ်၊ ဒါပေမဲ့ SUID set ထားရင် ဘယ် user ကပဲ run run ဒီ file က root user အနေနဲ့ run ပါမယ်။ အနီးစပ်ဆုံး လို့ ထင်တယ့် windows ဥပမာကတော့ run as administrator နဲ့ run သလိုပေါ့။ ( သိပ်တော့မတူသလိုပါပဲ။ Run as administrator ကိုသေချာမသိလို့ မပြောနိုင်ပါဘူး)

Linux / Unix မှာ file permission ကို rwx ( Read, Write, Execute) ဆိုပြီး သတ်မှတ်ပါတယ်။ SGID / SUID ပေးထားရင်တော့ s ဆိုတာလေးတွေ့ရလေ့ရှိပါတယ်။ဥပမာလေး ပြောရအောင် ။

User တိုင်းကို cd တို့ ls တို့လို command မျိုးကိုတော့ ပေးသုံးရပါတယ်။ အဲလို command တစ်ခုရဲ့ permission ကိုကြည့်ရင်
$ ls -l /bin/ls
-rwxr-xr-x 1 root root 116688 2010-04-28 23:56 /bin/ls


File ရဲ့ owner က root ဖြစ်ပြီး other users ( Everyone ပေါ့ဗျာ Windows မှာတော့) ကို Executable permission ပေးထားတာတွေ့ပါလိမ့်မယ် ။ Linux File permission ( rwx တို့ ၊ 700 တို့ 777 တို့ )အကြောင်းသိပြီးသား လို့ ယူစလို့ ဒါကိုမရှင်းတော့ပါဘူး။ ls command ကို User တိုင်းက အသုံးပြုနိုင်တယ်။ နောက်ထပ် User တိုင်း သုံး လို့ရတယ့် command လေးတစ်ခုကိုကြည့်ရအောင်။ Password change တယ့် passwd command ပါ။
ls -l /usr/bin/passwd
-rwsr-xr-x 1 root root 25836 2009-09-14 20:14 /usr/bin/passwd


သူလည်း everyone executable ပေးထားတယ် ဒါပေမယ့် တတိယအလုံးမှာ x မဟုတ်ပဲ s ဖြစ်နေတယ်။ ဒါ SUID set ထားတယ်လို့ ဖော်ပြတာပါ။ ls command တုန်းကလိုပဲ သူ့မှာလည်း နောက်ဆုံးအလုံးက 'x' ၊ ဒါဆို others မှာ executable permission ပေးထားတာပေါ့။ ကွာတာက ၊ ရှေ့မှာ 's' ဖြစ်နေတယ်။ ls command တုန်းကလိုပဲ User တိုင်းကသုံးနိုင်တယ်။ ဒါပေမဲ့ ဒီ passwd command ကို သုံးပြီး လုပ်သမျှအလုပ်တိုင်းကိုတော့ root အနေနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ SUID ကို security consideration တစ်ခုအနေနဲ့ သတ်မှတ်ကြလေ့ရှိပါတယ်။ Command တိုင်း file တိုင်းကို အားတိုင်း SUID set မလုပ်ဖို့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ဘာလို့လည်း ?

ခုနက passwd command လေးကိုပဲ ကြည့်ရအောင်။ User တစ်ယောက်ရဲ့ password ဟာ /etc/shadow ဆိုတယ့် file ထဲမှာ hash အနေနဲ့ ရှိပါတယ်။ တကယ်လို့သာ ဒီ hash တွေကို ရရင် rainbow table တွေဘာတွေနဲ့ decipher လုပ်နိုင်ကောင်းလုပ်နိုင်ပါတယ်။ Root user ရဲ့ password လည်း hash အနေနဲ့ ရှိပါတယ်။ အဲတော့ ဒီ /etc/shadow file ထဲက data က အရမ်းအရေးကြီးတယ့် sensitive data ပါ။ ဖြစ်နိုင်ရင် ဘယ် user ကိုမှ ပေးမကြည့်သင့်ဖူးပေါ့။ ဒီ /etc/shadow file ရဲ့ owner က default အနေနဲ့ root ဖြစ်ပြီး permission က 700 ( Owner သာလျှင် rwx ရှိပြီး ကျန်တယ့်လူတွေ read တောင်လုပ်လို့မရတယ့် permission) ပေးထားလေ့ရှိပါတယ်။

အဲမှာ စတာပါပဲ ၊ User တစ်ယောက်က password change ရင် passwd command ရဲ့ process တစ်ခုအနေနဲ့ password အသစ်ကို hash ပြောင်းပြီး ဒီ /etc/shadow file ထဲမှာရှိတယ့် သူ့ရဲ့ password hash ကို ပြင်ရပါမယ်။ ဒါမှ password အသစ်ဖြစ်မှာကိုး။ ဒါပေမယ့် root user ကပဲ ဒီ file ကို edit လို့ရတယ်။ ဒါဆို password change တိုင်း root ကိုလှမ်း change ခိုင်းရမှာလား ။ ဒါဆိုလည်း မဟုတ်သေးဘူး။ ဒါတွေကြောင့် password change ရာမှာသုံးတယ့် passwd command ကို root အနေနဲ့ SUID set ထားလိုက်ပါတယ်။ passwd command က လုပ်တယ့် အလုပ်မှန်သမျှ ၊ /etc/shadow မှာ hash update လုပ်တာအပါအဝင်၊ အားလုံးကို ဒီ file ရဲ့ owner ဖြစ်တယ့် root user အနေနဲ့ လုပ်သွားလိုက်တယ်။ /etc/shadow ကို everyone editable ပေးရတာထက် အများကြီးကောင်းတာပေါ့။ ဒီလောက်ဆိုရင် SUID ဆိုတာ ဘာလုပ်တယ်၊ ဘယ်လိုဆိုတာ သိလောက်ပါပြီ။

အပေါ်မှာ ပြောခဲ့သလိုပဲ SUID set ရင် အလွန်သတိထားရပါတယ်။ ဒီ executable file က ဘာတွေလုပ်သလည်းဆိုတာရယ် သူ့ source ရယ်ကို သိသင့်ပါတယ်။ SGID set ထားတယ့် file တစ်ခုက တစ်ခြား user ကို write permission မပေးရပါဘူး။ Edit လုပ်ပြီး သူလိုချင်တယ့် command တွေပြောင်းသွားရင် ကိုယ်ပဲ ပြသနာဖြစ်ပါမယ်။ Shell script လိုဟာမျိုး ၊ source file လိုဟာမျိုးကို SUID မပေးသင့်ပါဘူး။ Content ကိုမြင်နေရလို့ Buffer Over Flow(BOF) flaw ရှိတာတို့ဘာတို့ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် Compiled binary ကိုပဲ SUID ပေးသင့်ပါတယ်။ ဒါတောင် safe လို့ပြောလို့မရပါဘူး။

ခုတစ်လော စာမရေးဖြစ်တာကြာလို့ Clonezilla လေးနဲ့ server တစ်ခုကို image အဖြစ်ပြောင်းနေတာ ထိုင်စောင့်ရင်း ဒီ post ကိုရေးလိုက်ပါတယ်။ SGID တော့ နောက်မှပေါ့ ။ ဘာရေးရမှန်းမသိသလို စာစီမရတာလည်းကြာပြီ ။ :D


Regards
Divinity

Spring Framework

Spring Framework အကြောင်းလေ့လာချင်တဲ့သူတွေအတွက် လွယ်ကူသက်သာတဲ့စာအုပ်လေးသတင်းပေးချင်လို့ပါ။ အခုလည်းဖတ်နေပါတယ်။ လိုင်ဘရီက ငှားဖတ်ပြီးကြိုက်လို့ဝယ်လိုက်ပါတယ်။ ၄၇ SGD ပဲပေးရပါတယ်။ Spring, A Developer's Notebook. ဖြစ်ပါတယ်။ Oreilly ကထုတ်တာပါပဲ။

၂၀၀၅ April ကထုတ်ပါတယ်။ နည်းနည်းလေးတော့ နောက်ကျနေပါပြီ။ ဒါပေမယ့် တော်တော်လေးကောင်းပါတယ်။
Agile Development စာအုပ်နဲ့ ဒီစာအုပ်နှစ်အုပ်ထဲကဘာယူမလဲသေချာတွေးပြီးရွေးလိုက်တာပါ။ ဟိုစာအုပ်က ၂၀၀၆ မှာထုတ်တာပါ။ ဈေးက 57 SGD ပါ။ အဲဒီတစ်အုပ်ကတော့ သီအိုရီနည်းနည်းပိုများပါတယ်။ အခုစာအုပ်လေးကတော့ အချင်းချင်းပြောပြထားသလိုရေးထားတော့ပိုအဆင်ပြေမယ်ထင်ပါတယ်။

Developer ကောင်းဖြစ်ချင်ရင် အလုပ်များများလုပ်စရာမလိုပါဘူး။ များများဖတ်ပြီး နည်းနည်းလောက် စမ်းကြည့်ဖို့ပဲလိုပါတယ်။ လုပ်တတ်ရင်ရပါပြီ။နှေးတာမြန်တာတွေက skills ပါ။ knowledge ရှိရင် skill ကိုဖြည့်ဖို့ကလွယ်ပါတယ်။

ရေးတဲ့သူနှစ်ယောက်က Bruce A.Tate နဲ့ Justin Gehtland ပါ။

Spring ကို အလုပ်မှာ စရေးတဲ့အချိန်မှာ စာမဖတ်ပါဘူး။ Injection တွေကိုလည်း အရင်ကဖတ်ထားတာတွေနဲ့မတွဲမိပါဘူး။ ဟိုနေရာပြင်၊ ဒီနေရာပြင်၊ ပြင်ရမယ့်နေရာသိရင်တော်ပြီဆိုပြီးလုပ်လာတာပါ။ သေချာနားလည်လို့လုပ်တာနဲ့ လူများပြောထားလို့လုပ်တာကကွာပါတယ်။ အချိန်ရရင် စာများများဖတ်ပြီး စမ်းကြည့်ပါ။

နောက်ထပ် Level ဟာ Architect ဖြစ်တဲ့အတွက် ... ဒါတွေကို မလေ့လာရင် ပေါတောတော Architect ပဲဖြစ်လာပါမယ်။ Developer ပဲဖြစ်ဖြစ် Architect ပဲဖြစ်ဖြစ် foundation ခိုင်ခံ့ဖို့လိုပါတယ်။

နောက်တစ်ခုအကြံပေးချင်တာကတော့ စာအုပ်တွေကို စာအုပ်တိုက်ပေါ်မူတည်ပြီးလေ့လာတာလည်း ကောင်းပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့စာအုပ်ဆို ဘယ်သူရေးတာလဲဆိုတာနဲ့ ဘယ်တိုက်ကထုတ်တာလည်းပါ မှတ်ထားပါ။ ရေရှည်မှာ ရွေးရသက်သာစေပါတယ်။

တစ်ခါတစ်လေ အသေးစိတ်ရေးဖို့ အချိန်ကမရှိတဲ့အတွက် စာအုပ်ညွှန်းလိုက်ပါတယ်။

ဖတ်တာပြီးသွားရင်လည်း အရေးကြီးတဲ့အခန်းတွေအကြောင်းသုံးသပ်ချက်ရေးဖြစ်ပါမယ်။

Regards,
Zero


Tuesday, July 13, 2010

IT Trends

ရေးခဲ့ဖူးတယ့် စာတွေ အားလုံးကို ပြန်စုထားချင်လို့ ဒီ post ကို ဒီမှာပါပြန်တင်လိုက်ပါတယ်။ Post အနေနဲ့ဆို သိပ်ရှည်လို့ pdf ကိုပဲတင်လိုက်ပါတယ်။
လွန်ခဲ့တယ့် တစ်နှစ်ကျော် June 2009 က ကျနော် Mystery Zillions မှာရေးခဲ့တယ့် ဆောင်းပါးပါ။ ကျနော့ရဲ့ ပထမဆုံးသော မြန်မာစာကို ရှည်ရှည်ရေးတယ့် post တစ်ခုပေါ့။ IT career ဘာရွေးရမှန်းမသိဘူး ဆိုတယ့်သူတွေအတွက်၊ ရွေးချယ်ထားတယ့်လမ်းမှာ ဘယ်လို အဆင့်တွေရှိမလည်းဆိုတာ နည်းနည်းလောက် တွေးမိသွားအောင်ရေးခဲ့တာပါ။ မြန်မာစာကို ကိုစိုးမင်းကြီးရဲ့ Burglish.com ကနေ ရိုက်ခဲ့တာမို့၊ စာလုံးပေါင်းအမှားတွေ အများကြီးဖြစ်နေပါတယ်။ ( အခုလည်း burglish သုံးနေတုန်းပါ၊ စာလုံးပေါင်းအမှားနည်းလာတာပဲရှိတယ် ၊ ) ဒီ post ကို pdf ပြန်လုပ်ပြီး တင်ပေးခဲ့တယ့် ကိုရသာကိုလည်း ကျေးဇူးတင်ပါတယ်။

PDF ကို ဒီမှာ download ပါ

Thanks
Divinity

Wednesday, July 7, 2010

Effective Java

အခု Effective Java ဖတ်နေပါတယ်။

ဒီနေ့ အရေးကြီးတာနှစ်ခု သုံးခုပြန်ပြောလိုက်ပါတယ်။

Developer တွေသတိထားရမှာတွေပါ ....။
No.1
Collection တွေကို raw type မသုံးပါနဲ့။ အဲဒါက run time error ဖြစ်စေနိုင်တဲ့အတွက် ..နောက်မှခေါင်းမကိုက်ချင်ရင် စောစောကတည်းက Type ကို Define လုပ်ပါ။
N0.2
Parameters အခု ၁၀၀ နဲ့ method တွေ မရေးပါနဲ့။ ဖြစ်နိုင်ရင် Bean တစ်ခုလုပ်လိုက်ပါ။ Bean ကိုပဲ ပို့လိုက်ပါ။ ပိုကောင်းတဲ့နည်းလမ်းက Builder သုံးတာပါ။
No.3
Garbage colletion ကို သတိပြုပါ။ သုံးပြီးရင် ဒီအတိုင်းမထားခဲ့ပါနဲ့။ အိမ်သာတက်ပြီးရေလောင်းရသလို သုံးပြီးသား object တိုင်းက ပစ်မထားခဲ့ပါနဲ့။ Memory leakage ဖြစ်လာတဲ့အခါ အသုံးမကျတဲ့ Developer ဖြစ်သွားတတ်ပါတယ်။ ဖြစ်နိုင်ရင် သူ့ဘာသာသူ garbage collection လုပ်တဲ့ Java ပဲ ... သူ့အလုပ်သူလုပ်ပါစေ ဆိုပြီး မလုပ်ပါနဲ့ ..ဖြစ်နိုင်ရင် ကိုယ့်ဘာသာကိုယ်ပဲ null ပစ်ပါ။ Null pointer တွေကြုံရတာက Memory Leakage ထက် ဖြေရှင်းရ မြန်ပါတယ် ...။ နောက်ပိုင်းမှာ အကျင့်လုပ်ထားရင် အသားကျလာပါလိမ့်မယ်။ Excepiton ကိုလည်း throw Exception လုပ်ပါ။ ကြိတ်ပြီးဟိုဟာပြင် ဒီဟာပြင်မလုပ်ပါနဲ့။ Java ကို သူ့သဘာဝကနေ မကင်းကွာပါစေနဲ့။

စာအုပ်ကိုလည်း upload လုပ်ထားပေးပါမယ်။
အားတဲ့အခါ ဖတ်ကြပါ။ စာမဖတ်ဘဲ ရမ်းလုပ်နေတာ ရေရှည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေတာမျိုးဖြစ်လာပါမယ်။ သက်သာချင်ရင် လူများထက် သိအောင်လုပ်ထားပါ။

တစ်ချိန်ချိန်မှာ Java ရေးကြမယ့်
ညီငယ်ညီမငယ်များအတွက် ...
Zero

Oracle SQL developer

http://st-curriculum.oracle.com/tutorial/SQLDeveloper/index.htm

အခုတလော ရုံးမှာ စာပဲထိုင်ဖတ်နေရလို့ … ပျင်းနေတာနဲ့ Oracle SQL developer သုံးရင် အလွယ်လေးတွေ သုံးလို့ရတဲ့ manual တစ်ခုဖတ်ဖြစ်ပါတယ်။ သိပြီးသားတွေပေမယ့် IDE သုံးတဲ့အခါ သိထားရင် ပိုကောင်းပါတယ်။ setup က ၁၅ မိနစ်လောက်နဲ့ ဖတ်ကြည့်တာက နာရီဝက်လောက်ပါပဲ ….။ အပျင်းပြေ လုပ်ကြည့်စေချင်ပါတယ်။ အလကားပေးတဲ့ oracle client တွေထဲမှာတော့ အတော်လေးသဘောကျပါတယ်။

Java နဲ့ပတ်သက်တာတွေလည်း အများကြီးရေးထားပြီး မပြီးသေးဘူးဖြစ်နေလို့မတင်ဖြစ်ပါဘူး။

ရုံးမှာက blog တွေကိုဖတ်လို့ပဲရပါတယ်။ ဒီနေ့မှဝင်လို့ရပါတယ်။ အခုရေးနေတာကတော့ အိုနာသေဂျာဗားနဲ့ … Effective Java ထဲက တစ်ချို့မှတ်သားစရာလေးတွေပါ။

သန္တိတအားဖြင့် (With Peace In Pali)

Zero

Thursday, July 1, 2010

Wired Equivalent Privacy ( WEP)

WEP နဲ့ WEP cracking tutorial ကိုပြန်ရှင်းပြတာမျိုး ကျနော် Myanmar IT Resource Forums မှာ ရေးဖူးပါတယ်။ အဲတုန်းက Forum post ဆိုတော့ မေးတာဖြေ၊ ပြန်ပြောနဲ့ article ပုံစံတော့မဟုတ်ဖူးပေါ့။ အဲတုန်းက ရေးခဲ့ဖူးတာကို ကျနော် blog post ပုံစံ ပြန်ရေးကြည့်ချင်တယ်။ Cracking tuto တော့ ပြန်မရှင်းတော့ဖူး။

Wireless ရဲ့ အလုပ်လုပ်ပုံကစရအောင်။ Wireless connection တစ်ခုချိတ်ရင် ပထမ Authenticate လုပ်ရတယ်။ ဒါကို associate လုပ်တယ်လို့ခေါ်ပါတယ်။ Laptop တစ်ခုက Access point တစ်ခုကို ချိတ်မယ်ဆိုရင် ပထမဆုံး associate လုပ်ရပါတယ်။ နောက်တော့ Association passed ဖြစ်သွားပြီဆိုရင် data transmission စလုပ်လို့ရပါပြီ။ ဒီ data တွေက လေထဲကသွားနေမှာဆိုတော့ Encrypt လုပ်ဖို့လိုပါတယ်။ Wireless security method တွေရဲ့ ကွာခြားမှုက ဘယ်လို encrypt လုပ်လည်း၊ ဘယ်လို data packet structure မျိုးနဲ့ ပို့လည်းဆိုတာတွေပဲကွဲသွားတာပါ။ WEP key ရော WPA key ရော WPA2 key ရော လက်နဲ့ ရိုက်ထဲ့ရတာကြီးပဲ။ WEP အကြောင်းဆက်ရအောင်။

WEP 64 bits key က Hexadecimal 10 လုံး၊ ကျနော်တို့ wireless ချိတ်ရင် ရိုက်ရိုက်ထဲ့နေကြ။ Hex ကတစ်လုံးမှာ 4 bits ရှိတာ သင်ဖူးတယ်။ Hex 10 လုံးဆိုရင် 40 bits ရှိရမှာ ၊ ဒါပေမယ့် 64 bits key လို့သုံးပါတယ်။ အဲဒီ 40 bits Hex 10 လုံးကိုတော့ password လို့ပဲ သတ်မှတ်ပါတယ်။ ဒီ password က both ends မှာ သိဖို့လိုပါတယ် ။ ဆိုလိုတာကတော့ Wireless Access Point ဖက်မှာရော ၊ ချိတ်မယ့် client ( laptop ဆိုပါတော့) ဖက်မှာပါ ဒီ password ကို သိထားရမယ်။ ဒါကိုသုံးပြီး Associate လုပ်ရမှာကိုး။ ဒီ password က Hex 10 လုံး 40 bits၊ ကျန်တယ့် 24 bits ကိုတော့ Initialization Vector(IV) လို့ခေါ်ပါတယ့် random generated binary string ပါ။ Password 40 bits + IV 24 bits = WEP Key 64 bits ဖြစ်သွားတယ်။ ဒါက WEP key အကြောင်း။ data transaction လုပ်တော့ ဒီ key ကို ဘယ်နေရာမှာသုံးလည်းဆိုတော့ ..

( နည်းနည်း ရှုပ်ရအောင် ။) WEP မှာ hash / encryption အတွက် RC4 Algorithm ကိုသုံးပါတယ်။ ခုနက ရထားတယ့် 64 bits key ကို RC4 ကိုသုံးပြီး encrypt လုပ်လိုက်ပါတယ်။ အဲဒီကနေရလာတယ့် hash ကိုသုံးပြီး ပို့ချင်တယ့် data ကို Eclusive Or (XOR) လုပ်လိုက်ပါတယ်။ DATA ကို XOR လုပ်လိုက်လို့ ရလာတယ့် Cipher text ကိုမှ ခုနက 24 bits IV နဲ့ တွဲပြီး transmit လုပ်ပါတယ် ။ လက်ခံရရှိတယ့် ဘက်မှာက 40 bits password ကသိနေပြီးသားလေ။ အဲတော့ သိပြီးသား Password ရယ်၊ ပို့တယ့် ထဲမှာပါတယ့် IV ရယ်ပေါင်းလိုက်၊ ပြီးတော့ RC4 နဲ့ Encrypt ပြန်လုပ်၊ ရလာတယ့် hash နဲ့ ခုနက လက်ခံရရှိတယ့် Cipher text ကို XOR ပြန်လုပ်၊ ဒါဆို data ကို decipher text အနေနဲ့ ပြန်မြင်ရပြီ။ တော်တော် ရှုပ်သွားတယ်။ ငယ်မူပြန်ပြီး ABCD တွေနဲ့ စဉ်းစားကြည့်ရအောင်။

40 bits Password က A လို့ဆိုပါတော့။ WEP အတွက် randomly generate လုပ်လိုက်တယ့် 24 bits IV ကို B လို့ ဆိုပါတော့။ ဒါဆို 64 bits WEP key က AB ဖြစ်သွားပြီ။ ဒီ AB ကို RC4 ကိုသုံးပြီး hash လုပ်လိုက်တော့ C ဆိုတယ့် hash တစ်ခုရလာပါတယ် ။

ပို့မယ့် Data က 'X' လို့ထားပါတော့။ ( Data လို့ဆိုတယ့်နေရာမှာ Integrity check အတွက် checksum ပါ ပါပါတယ်။) ခုနက ရထားတယ့် hash 'C' နဲ့ Data 'X' ကို XOR လုပ်လိုက်ပါတယ်။ Result ကတော့ Cipher text တစ်ခုဖြစ်တယ့် 'Y' ကိုရလာပါတယ် ။ ဒါဆိုပို့လို့ရပြီ။ Cipher text ဖြစ်နေတယ့် Y ရယ်၊ IV ဖြစ်တယ့် B ရယ်ကို data packet ထဲမှာ ထဲ့ပို့လိုက်ပါတယ်။

လက်ခံရရှိတယ့် ဘက်ကရော။ သူက Cipher text 'Y' ရယ်၊ IV 'B' ရယ် ရတယ်။ Data က cipher text ဆိုတော့ ဖတ်လို့မရသေးဘူး။ Decrypt ပြန်လုပ်ရအုန်းမယ်။ သူ့မှာ Password 'A' ကရှိနေပြီးသား၊ သိပြီးသားပါ။ လက်ခံရရှိတယ့် packet ထဲမှာ IV ဖြစ်တယ့် 'B' က plain text အဖြစ်ပါလာတယ်။ အဲတော့ ဒီနှစ်ခုပေါင်း AB ကိုရပြီ။ AB ကို သူ့ဘက်မှာလည်း RC4 encrypt လုပ်လိုက်တော့ hash ဖြစ်တယ့် 'C' ကိုရပါပြီ။ လက်ခံရရှိထားတယ့် Cipher text 'Y' ကို hash 'C' နဲ့ပြန်ပြီးတော့ XOR ပြန်လုပ်လိုက်ရင် Data ဖြစ်တယ့် 'X' ကို plain text အဖြစ်ပြန်ရပါတယ်။ ( XOR က symmetric ပါ။ C နဲ့ X ကို xor ရင် Y ကိုရသလို၊ C နဲ့ Y ကို xor ပြန်လုပ်ရင် X ကိုပြန်ရပါတယ်။ အပြန်အလှန်ရတယ်ပေါ့။ ) ဒီပုံက KSA နဲ့ PRGA ဆိုတာ RC4 ရဲ့ အဆင့်တွေပါ။ (Disclaimer: I grubbed this image from Google image search)



WEP ရဲ့ အားနည်းချက်က အဓိကဖြစ်တယ့် IV က 24 bits ထဲဖြစ်နေပြီးတော့၊ transmission မှာ plain text အဖြစ်ပို့ဖို့ လိုအပ်နေတာပါပဲ။ အရင်ကတော့ WEP မှာ IV ကို ဘယ်လို generate လုပ်မလည်းဆိုတာ ပေါ်မှာ ၊ ကွဲပြားပါသေးတယ်။ တချို့ hardware vendor တွေက IV ကို အစီအစဉ်တကြ generate လုပ်တယ်။ 00 .. 01 .. 10 .. 11 အဲလိုပေါ့။ ဒါက မှန်းရတာလွယ်လို့ နောက်တော့ pattern တစ်ခုနဲ့ generate လုပ်ကြတယ်။ ဒါလည်း pattern ကို ရှာရတာ မခက်ပြန်ဖူး။ နောက်တော့ လုံးဝ စိတ်ကူးတဲ့သလို randomly generate လုပ်တာကို သုံးကြတယ်။ ဒါပေမယ့် ပြသနာကရှိနေပါသေးတယ်။ 24 bits မို့ range ကနည်းပါတယ် 16 သန်းကျော်ကျော်ပဲရှိပါတယ်။ အဲတော့ random pick တယ့် အခါမှာ အချိန်အတိုင်းအတာ တစ်ခုမှာ ပြန်ထပ်တတ်ပါတယ်။ အများအားဖြင့် 10000 နဲ့ 20000 ကြားမှာ တစ်ခါ ထပ်ပါတယ်။

WEP ကို crack တယ့် သူက အများအားဖြင့် ARP request တစ်ခုကိုစောင့်ပြီး အကြိမ်ကြိမ် ဒီ request ကိုပဲ reply လုပ်ပါတယ်။ ဆိုလိုတာက data ကပြောင်းလည်းမသွားဘူး၊ Wireless AP ဘက်က respond မှာသာ IV က random ဖြစ်နေလို့ reply ပြန်လာတယ့် cipher text 'Y' က အမျိုးမျိုးဖြစ်နေမယ်။ တကယ့် data 'X" ကမပြောင်းလည်းဘူးဆိုတာကို သိနေတယ့် knowledge ကို အခြေခံပြီး IV ပြန်ထပ်သွားတယ့် အချိန်မှာ collect လုပ်ထားတယ့် IV တွေကနေ WEP password ကိုပြန်တွက်ယူလို့ရပါတယ်။ ဒါကတော့ algorithm ကို study လုပ်ဖို့လိုပါမယ်၊ သိချင်ရင်ပြောတာပါ။


Hacker ကြီးတွေအတွက်ရေးတယ့် စာမဟုတ်လို့ Technical ပိုင်းတွေကို တတ်နိုင်သလောက်ရှင်းထားပါတယ်။ WLAN နဲ့ WAN ဘာကွာမှန်းမသိတယ့် သူများအတွက်လည်းမဟုတ်လို့ ခရေစေ့တွင်းကျ မရေးနိုင်တာကိုလည်း ခွင့်လွှတ်ပါ။ :D

With regards,
Divinity