Showing posts with label Divinity. Show all posts
Showing posts with label Divinity. Show all posts

Thursday, February 7, 2013

Why CentOS ?

System Engineer ဒါမှမဟုတ် Unix / Linux engineer လုပ်ဖို့ ရည်ရွယ်ချက်ထားရင် Ubuntu လို OS မျိုးထက် CentOS ကို ပိုလေ့လာဖို့ ပြောဖူးပါတယ်။ ဘာလို့လည်း ? Ubuntu လည်း Server သုံးလို့ရတယ်၊ Debian လည်း တော်တော်ကောင်းတယ်၊ CentOS က ဘာပိုသာသလည်း ?

ဒီလိုမေးရင်တော့ Technically ဘာမှ ပိုမသာဘူး လို့ပဲဖြေရပါမယ်။ Package update တွေမှာဆိုလည်း Debian / Ubuntu ကပိုမြန်တယ်။ Ubuntu နဲ့ Debian မှာဆိုရင်တော့ Server အတွက်ဆိုရင် Debian ကပိုကောင်းနေပါသေးတယ်။ Free Opensource ဖြစ်ချင်း community အားကောင်းခြင်းတွေကြောင့် Debian နဲ့ Ubuntu က SME server တွေမှာ Redhat / CentOS ထက် နေရာပိုယူလာနိုင်ပါတယ်။ ဒါပေမယ့်.... ဒါဟာ စာလုံးကြီးကြီးနဲ့ ရေးသင့်တယ့် 'ဒါပေမယ့်'ပါ ..

Enterprise environment တွေမှာ Redhat ကို ကျော်နိုင်တယ့် Linux မရှိသေးဘူးလို့ပဲ ပြောရပါမယ်။ Commercial support ဆိုတာကို ခဏမေ့ထားပြီး server တစ်ခုအတွက် တခြားအကြောင်းအရာတွေကို ထဲ့စဉ်းစားကြည့်ရအောင်။ Enterprise ကြီးတစ်ခုရဲ့ database server လို့ပြောရင် MySQL , PostgreSQL တို့မဖြစ်ဖို့များပါတယ်။ Oracle ဖြစ်ရင်ဖြစ်မယ်၊ IBM DB2 လည်းဖြစ်ရင်ဖြစ်မယ်၊ ဒီလို giant commercial product ကြီးတွေက သူတို့ product အတွက် support ကို branded OS တွေအတွက်ပဲ ပေးပါတယ်။ ဆိုလိုတာကတော့ Oracle က AIX , HP-UX မှာပဲ support လုပ်တယ်လို့ ပြောထားရင် ၊ တခြား OS မှာသွင်းလို့ ဖြစ်သမျှ ပြသနာကို သူတို့တာဝန်မယူပါဘူး။ သုံးနေရင်းနဲ့မှ ဖြစ်ရင် သူတို့ product က ပြသနာဆိုရင်တောင် unsupported configuration ဆိုပြီး technical support ပေးဖို့ ငြင်းနိုင်ပါတယ်။ User ဘက်က supported hardware / supported OS မှာမသုံးရင် သူတို့ ပြသနာမဟုတ်ဖူးလို့ သတ်မှတ်ပါတယ်။ အဲတော့လည်း Enterprise company ကြီးတွေက အမှားမခံနိုင်တယ့် Server တွေမှာ branded OS ကြီးတွေသုံးဖို့ပဲ စဉ်းစားပါတယ်။ ဒါက Redhat ပိုနေရာရရခြင်း အကြောင်းတစ်ခု။

နောက်တစ်ခုက stability ပါ။ Redhat မှာ fancy new stuffs တွေမပါပါဘူး။ Package တိုင်းက နောက်ဆုံး up to date ကိုမရနိုင်ပါဘူး။ ဒါက drawback လို့ပြောလို့လည်း ရပါတယ်။ လုံးဝ stable လို့သတ်မှတ်တယ့် version အထိပဲ ပေးပါတယ်။ New feature တွေကိုစမ်းသပ်ပြီး အဆင်ပြေရင်တော့ back ported လုပ်ပေးပါတယ်။

နောက်တစ်ခုက Support။ Commercial Support ဆိုတာ ပိုက်ဆံပေးရတာကိုပဲ တွက်လို့မရပါဘူး။ တစ်ခုခုဖြစ်ရင် နောက်မှာ ဒီ product ကို specialize လုပ်တဲ့ expert တွေရှိတယ်လို့ စိတ်ထဲထားလို့ရပါတယ်။ Red Hat ရဲ့ L3 support တွေက အများအားဖြင့် RH ရဲ့ သက်ဆိုင်ရာအပိုင်းကို in and out သိတဲ့သူတွေပါ။ ဒါ Commercial Support တော်တော်များများ အတူတူပါပဲ။ အဲဒီအတွက် ပြသနာ တော်တော်များများကို နောက်ဆုံး ကိုယ့် IT team က မဖြေရှင်းနိုင်ရင်တောင်၊ သက်ဆိုင်ရာ support team က ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်လို့ရပါတယ်။

ဒါတွေက MNC တွေ Enterprise company ကြီးတွေက Red Hat ကို Debian ထက် ပိုသုံးတဲ့ အကြောင်းရင်းတွေထဲက တချို့ပါ။ အဲတော့ Debian ကိုကျွမ်းကျင်တာထက် Red Hat ကျွမ်းကျင်တာက Big sh*t company ကြီးတွေက ခေါ်တယ့် အလုပ်တွေနဲ့ ပိုအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် CentOS ကိုလေ့လာတာက ပိုပြီး အခွင့်အရေးရှိပါတယ်။ (SuSE လေလာချင်ရင်လည်း OpenSuSE လေ့လာပါ။ )

 တကယ်တမ်း Red Hat expertise လို့ ပြောရင် OS တစ်ခုထဲနဲ့ မရပါဘူး။ JBoss လို့ middleware တွေ၊ RH Cluster တွေ၊ RHN Satellite တို့ product တွေပါ သိဖို့ လိုလာမှာပါ။ ဒါက Career အရ နောက်မှ Advance ဖြစ်သွားပါလိမ့်မယ်။  ဒီ post က နိုင်ငံခြားကို ထွက်ပြီး အလုပ်ရှာဖို့ ရည်ရွယ်ထားကြတဲ့ Administrator level အတွက်ကို ရည်ရွယ်တာပါ။ Linux ကို Career အဖြစ်ရွေးချင်တယ်ဆိုပြီး ၊ ဒါပေမဲ့ လေ့လာတာ မှားနေရင် အလုပ်ရှာရင် အခက်အခဲလေးတွေ ရှိတတ်ပါတယ်။  နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်ကြရင် အလုပ်ဝင်ဝင်ချင်းမှာ ရှိတတ်တဲ့ stress နဲ့ ကိုယ်သေချာမသိတာကို စမ်းတဝါးဝါးလုပ်ရရင် ဖြစ်တဲ့ stress က တချို့ကို  လက်မြှောက်ပြီးပြန်ချင်လောက်အောင်ဖြစ်စေတဲ့အထိ ဆိုးပါတယ်။ အဲဒါကြောင့် Linux သမားလုပ်ချင်တယ်၊ နိုင်ငံခြားထွက်မယ်ဆိုရင်တော့ CentOS ကိုလေ့လာဖို့ အကြံပေးချင်ပါတယ်။

.............
ဒီ စာက ရေးထားတာ လွန်ခဲ့တဲ့ နှစ်နှစ်ကပါ ။ Linux တစ်ရပ်စာ မျော်စင် post သုံးခုပြီးတော့ ရေးထားတာ။ အခု စာပြန်ရေးမည်စဉ်းစားတော့ ဘာရေးရမှန်းမသိလို့ ဒါကို ပြန်ရှာပြီး တင်လိုက်တယ် ဟဲဟဲ ။ စာပြန်ရေးဖို့ ကြိုးစားပါအုန်းမယ် ။

Divinity

Related Posts
Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း
Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (2)
Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (3)


ဪ ssh logon attempt တွေ

Log file တွေထဲမှာ လိုချင်တာရှာရတာ အခက်ဆုံးနဲ့ စိတ်ညစ်စရာ အကောင်းဆုံးက auth.log ဖြစ်မယ်ထင်တယ်။ Internet facing server တွေမှာ ( Internet ကတိုက်ရိုက်သုံးလို့ရတယ့် ၊ company အတွင်းပဲသုံးတာမဟုတ်တယ့် server မျိုးကိုပြောချင်တာပါ) တစ်နာရီမှာ failed login attempt က 500 လောက်ရှိတတ်ပါတယ်။ ပြောရရင်တော့.. ဒါပုံမှန်ပါ။ တကယ် target ထားပြီး လုပ်တာမျိုးမဟုတ်ပါဘူး။ Botnet တစ်ခုက IP range တစ်ခုအတွင်း ရှိသမျှ server တွေကို dictionary သေးသေးတစ်ခုနဲ့ attempt လုပ်ကြည့်တာလောက်ပဲရှိမယ်။ ရည်ရွယ်ချက်ရှိရှိတောင်မဟုတ်ဖူး၊ ဒီလိုပဲ ရောကောသောကောပါသွားတာတောင် ဒီလောက်တော့ရှိမယ်။ ဟုတ်တယ် တစ်ခါတစ်လေ ကံကောင်းရင် တစ်နာရီလောက်အတွင်း attempt လေး ငါးသောင်းလောက်လဲဖြစ်နိုင်တယ်။ Failed attempt ပဲ ပြသနာမဟုတ်ပါဘူးလို့ပြောလို့ရပေမယ့် attempt လုပ်ခံရတာဟာ cracked ဖြစ်ဖို့ တစ်ဆင့်နီးတာပဲ။ ( ကျနော်အတွက်ကတော့ ဘာပဲဖြစ်ဖြစ် မျက်စိနောက်ပါတယ်။)

SSH service ရှိနေသမျှ ဒါမျိုးတွေရှိမှာပဲ၊ SSH service disable လိုက်တာကောင်းမယ်။ ဟုတ်တာပေါ့။ ဒါဆို attacker တင်မဟုတ်ဖူး ကိုယ်ပါဝင်လို့မရတော့ဘူး ဟဲဟဲ၊ ဒါဆိုအလုပ်နည်းတာပေါ့။ အမှန်က SSH service run ထားရင် သတိထားသင့်တာလေးတွေ ရေးမလို့ပါ။ ကျနော်လို failed attempt တွေကိုမျက်စိနောက်တဲ့သူအတွက် ၊ ဒါမျိုးတွေ နည်းသွားအောင်လို့ လုပ်လို့ရတဲ့ နည်းလေးတွေပေါ့။

1. Root login
SSH ကနေ direct root login ကို disable လုပ်ထားသင့်ပါတယ်။ Normal user နဲ့ပဲဝင်ပြီး sudo သုံးတာဖြစ်ဖြစ် ၊ root user နဲ့သုံးရမှ ကျေနပ်ရင်လည်းနောက်မှ su ပြန်ပြောင်းပြီးဖြစ်ဖြစ်သုံးသင့်ပါတယ်။ ဘာလို့လည်းဆို အကြောင်းပြချက်တစ်ခုက ၊ bot တွေရဲ့ အဓိက target က known user account တွေကိုပါ။ Linux / Unix မှန်ရင် root ဆိုတယ့် နာမည်နဲ့ user ကရှိမှာပါပဲ။ အဲတော့ username မှန်းစရာမလိုပဲ password လောက်ပဲမှန်းရတော့မှာပေါ့။ အဲဒါမျိုးမဖြစ်အောင် root login ကို disable ထားပြီး admin ဆိုပြီး user account လုပ်ပြီးသုံးရင်လည်း သိပ်မထူးဘူးပေါ့။ ဖြစ်နိုင်ရင် အဲလို username မျိုးကိုလည်း မသုံးသင့်ပါဘူး။

2. SSH service port
ဒါက မထင်မှတ်စရာ အသုံးတဲ့ပါတယ်။ SSH attempt အတော်များများက port 22 ကိုပဲ ကြိုးစားကြတာများပါတယ်။ Port scan တစ်ခါဖတ်၊ တစ်ခါ attempt လုပ်ဆိုတာမျိုးက bot နဲ့ random စမ်းတယ့်သူမျိုးက သိပ်မကြိုးစားပါဘူး။ SSH port ကို တခြား port တစ်ခုပြောင်းသုံးသင့်ပါတယ်။

3. public-key authentication
ဖြစ်နိုင်ရင် public-key authentication only သုံးသင့်ပါတယ်။ Password နဲ့ authenticate လုပ်တာကို လုံလောက်တဲ့ security measure လို့ မသတ်မှတ်တော့တာ ကြာပါပြီ။ SSH tunnel ဆောက်တယ့်အချိန် username / password အဆင့်မရောက်ခင်မှာ key အရင်စစ်ပါတယ်။ ( ssh -v နဲ့ စမ်းကြည့်ပါ။) တကယ်လို့ public key authentication only ဆိုရင် rsa / dsa key မမှန်ရင်၊ မတွေ့ရင်ကို authentication break out ဖြစ်သွားပါပြီ ။ Username / password အဆင့်ကို မဆက်တော့ပါဘူး။ အဲတော့ Security ပိုကောင်းတယ်ပေါ့။ Log ကတော့ တက်အုန်းမှာပါ။

ပြောလက်စနဲ့မို့လို့ပါ။ Account password တွေကို လွယ်လွယ်ကူကူမပေးသင့်ပါဘူး။ Username = admin , password = admin ဆိုတာမျိုးကတော့ ပါသွားရင်နည်းတောင် နည်းသေးတယ်ပြောရမှာပါပဲ။

ဆယ်မိနစ်မကြာတယ့် implementation ပါ။ ဒါပေမယ့် security အရတော့ အများကြီးကို ကွာသွားပါတယ်။ SSH brute force ကိုလည်း အတိုင်းအတာ တစ်ခုထိ ကာကွယ်ပြီးသားဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း သိပ်မပျင်းတာ ကောင်းပါတယ် :D

Divinity

Monday, July 30, 2012

Command တွေကို Bash History ကဖျောက်ရအောင်




Bash မှာ ရှေ့ကရိုက်သွားတဲ့ history ကိုသိမ်းထားပါတယ်။ ပြန်ကြည့်ချင်ရင် 'history' ဆိုတဲ့ command နဲ့ ပြန်ခေါ်ကြည့်လို့ရပါတယ်။ System administrator တွေ ၊ system engineer တွေ တစ်ခုခုမေ့သွားရင် ပြန်ကြည့်ဖို့လည်း လွယ်သလို၊ Team လိုက်ဆိုရင် သူများဘာလုပ်ထားလည်းပြန်ကြည့်လို့ ရတယ်။

တစ်ခါတစ်လေ ကိုယ်ရိုက်ထားတဲ့ command ကို သူများကိုမကြည့်စေချင်ဘူး။ 'root' ပေးမသုံးတဲ့ locked down system မှာဆိုရင် ကိုယ့် bash history နဲ့ကိုယ်ရှိပေမဲ့ 'root' ကို share ပြီးသုံးကြရင် bash history ကတစ်ခုထဲ။ကိုယ်ဘာလုပ်သွားလည်း နောက်လူက history မှာပြန်ကြည့်လို့ရတယ် ။ တစ်ခါတစ်လေ ကိုယ် troubleshoot လုပ်ထားပုံကို နောက်လူကို မသိစေချင်ရင် ဘယ်လိုလုပ်မလည်း ? ( Team တွေ Department တွေ ကွဲတဲ့ Company တွေမှာ အချင်းချင်းပြိုင်ဆိုင်မှုတွေ ရှိပါတယ်။ ဟိုဘက် Team ကကောင်တွေ စသုံးမကျဘူးလို့ ပြောဖို့ စောင့်နေကြတော့ ကိုယ့်အလှည့်ကျရင်လည်း ကိုယ့် knowledge ကို တခြား team ကိုမပေးချင်တာတွေ ရှိတတ်ပါတယ်။)

တစ်ခါတစ်လေကြ audit ပေါ့။ Server မှာ ပြသနာ တစ်ခုခုဖြစ်သွားရင် ၊ ဘယ်သူ့ကြောင့်လည်း ပြန်ရှာတယ်။ ကိုယ်ကအမှားလုပ်လိုက်မိလို့ ပြန် fix လုပ်ပြီး ဖုံးထားချင်ရင်တောင် bash history ကလိမ်ဖို့ ခက်တယ်။bash_history file ကို edit လုပ်ရင်လည်း file integrity ပျက်တယ်။ နောက်ပြီး edit လုပ်ထားမှန်းက ဖျောက်ဖို့မလွယ် ။

ကဲ ကိုယ်ရိုက်ထားတဲ့ command တွေ ဘယ်လို ဖျောက်ထားမလည်း ?

'history' command ရဲ့ output ကိုတစ်ချက်ကြည့်ရအောင် ။

  994  exit
  995  cd /etc
  996  ls
  997  ls
  998  vi rc.local
  999  ps -ef|more
 1000  exit

ဒီမှာ ဘယ်ဘက်က နံပါတ်တွေကို offset လို့ခေါ်ပါတယ်။ ညာဘက်ခြမ်းကတော့ command ပေါ့။ Offset number ကိုသိရင် အဲ offset number ကို bash history ကနေဖျက်ဖို့ command ရှိပါတယ်။

'history' command မှာ '-d' ဆိုတဲ့ option ရှိပါတယ် ။ ကိုယ်ဖျက်ချင်တဲ့ command ကို history ကဖျက်လို့ရပါတယ်။ တစ်ခုပဲ ပြသနာက ။ 'history -d xx' ဆိုတဲ့ ဖျက်လိုက်တယ်ဆိုတဲ့ line ကြီးကတော့  history ထဲဝင်သွားတယ်။ ဥပမာ offset number 998 ( vi rc.local) ဆိုတာကို history ကဖျက်ချင်တယ်ဆိုရင် ' history -d 998' လို့ ဖျက်ရပါတယ် ။ ဒါပေမဲ့ နောက်တစ်ခါ history ပြန်ကြည့်ရင် ဒီလိုကြီး  ပေါ်လိမ့်မယ်။

  994  exit
  995  cd /etc
  996  ls
  997  ls
  998 ps -ef|more
  999  exit
 1000  history -d 998

အဲတော့မှ ဘာဖျက်ထားတာလည်းဆိုပြီး ရှုပ်ကုန်မှာ။ နည်းနည်း ပိုကောင်းတဲ့ နည်းလမ်းတွေရှိပါတယ် ။

Bash မှာ Shell Variable တစ်ခုရှိပါတယ်။ HISTCMD လို့ခေါ်တဲ့ Variable ပါ။ 'echo $HISTCMD' လို့ရိုက်ကြည့်ရင် နံပါတ်တစ်ခုကိုပေးပါလိမ့်မယ်။ အဲဒါက နောက် command အတွက် offset ပါ။ ခုနက 1000 အထိရောက်ပြီးတဲ့ အချိန်မှာ  'echo $HISTCMD' လို့ရိုက်ကြည့်ရင် 1002 ဆိုတဲ့ output ကိုပေးပါလိမ့်မယ်။ ဘာလို့လည်းဆို 1000 က 'history -d 998' ဆိုတဲ့ command ဖြစ်ပြီး echo $HISTCMD က 1001 ပါ။ အဲတော့ output က နောက် command အတွက် ရမယ့် offset 1002 လို့ရတာပါ။ ဒီ Variable ကိုသုံးပြီး bash history ကိုလိမ်လို့ရပါတယ်။

$HISTCMD က နောက်လာမဲ့ command ရဲ့ offset ကိုပေးတယ်လို့ ခုနကပြောထားတယ်နော်။ $HISTCMD-1 ဆိုရင် လက်ရှိ command ရဲ့ offset ပေါ့။ 'history -d (($HISTCMD-1)) ဆိုရင် ဒီ command ကို bash history ကနေ ပြန်ပြန်ဖျက်နေတာနဲ့ အတူတူပဲ။

နောက်တစ်ခု သိရမှာက Bash ရဲ့ operator တွေပါ ။ Bash ရဲ့ '&&' ဆိုတဲ့ operator က 'AND' ကို ကိုယ်စားပြုပါတယ်။ Command နှစ်ခုကို တစ်ခုပြီး တစ်ခု ဆက်လုပ်သွားဖို့ သုံးပါတယ်။ Package compilation အတွက် 'make && make install' ဆိုတာမျိုးရိုက်ပြီး ထမင်းသွားစာတာမျိုးပေါ့။ ပထမ command က completed successful ဖြစ်ရင် ဒုတိရ command ကို ဆက်အလုပ်လုပ်ပါတယ်။ Error ဖြစ်သွားရင်တော့ ရပ်သွားတယ်။ Command နှစ်ခုဖြစ်ပေမဲ့ Bash History မှာတော့ offset တစ်ခုနဲ့ entry တစ်ခုပဲ ဝင်ပါတယ်။

1003  ls -l && history

ကဲ ဒီလောက်ဆို မှန်းမိလောက်ပါပြီ ။ ရိုက်ချင်တဲ့ command ကိုရိုက် ၊ ပြီးရင်နောက်က && ခံပြီး 'history -d (($HISTCMD-1))' ထဲ့ရိုက်ရင် ကိုယ်ရိုက်သမျှ bash history ထဲ မရောက်တော့ဘူး။ ဒါမျိုးပေါ့ ..

# rm -rf /etc && history -d (($HISTCMD-1))

ဒါဆို /etc ကို ဖျက်လိုက်တဲ့ command က history ထဲမရောက်တော့ဘူး။ 'history -d' ကို အရှေ့မှာထားထား အနောက်မှာထားထား တူတူပါပဲ။ တစ်ခါတစ်လေ နောက်က ထဲ့ရိုက်ဖို့မေ့သွားရင်လို့ bash history ထဲရောက်သွားရင်တော့  ဒီလို ကွန့်လိုက်ပေါ့။ ဒါဆို နောက်ဆုံး history နှစ်ခု ဖျက်သွားလိမ့်မယ်။ ရှေ့က မေ့သွားတဲ့ command ရော ၊ ဒီဖျက်တဲ့ဟာကိုရော။

# history -d $((HISTCMD-2)) && history -d $((HISTCMD-1))

Catch တစ်ခုတော့ ရှိပါတယ်။ ဒါက Bash Variable ပါ ။ ဒါတောင် Bash version အဟောင်းတွေမှာ ဒီ Variable မရှိပါဘူး။ ksh တို့ဘာတို့မှာလည်း မရှိဘူး ထင်တယ်။  HISTCMD မရှိရင် နည်းနည်း လေး အလုပ်ပိုပါတယ်။

TMP=$(history | tail -1 | awk '{print $1}') && history -d $TMP

ဒါလည်း ရှေ့ကထားထား နောက်ကထားထား ရပါတယ် ။

ရိုက်ရတာ ရှုပ်ရင် ကိုယ့် bashrc ထဲမှာ ကိုယ့်ဟာကို alias ပေးထားလိုက်ပေါ့ ။ ဒါပေမယ့် trace မကျန်အောင်ဖျက်ပါတယ်ဆို bashrc မှာ trace ကြီးကျန်နေမှာတော့ မမိုက်ပါဘူး ၊ ဒါပေမဲ့ ကျနော်လို lazy တွေကတော့ ဝင်ဝင်ချင်း alias လေးပေး ၊ ပြီး session close မလုပ်ခင်မှာ bashrc ကနေ ပြန်ဖျက်ပြီး အပေါ်မှာပေးထားတဲ့အတိုင်း နောက်ဆုံး command နှစ်ခုဖျက်ခဲ့လိုက်တယ်။

တစ်ခုတော့ Caution ပေးပါတယ်။ တစ်ချို့ environment မှာ VPN နဲ့မှ servers တွေကို ဝင်လို့ရပြီး VPN မှာ keystroke log လုပ်ထားတတ်ပါတယ်။ ဒါဆိုရင်တော့ ဟဲဟဲ ။
ကဲ ကိုယ့် trace ကိုယ် ဖျောက်နိုင်ပါစေ ။ ကျနော် သိတဲ့ ၊ သုံးတဲ့ technique တစ်ခုကို share တာပါ ။ ကျနော်မသိတဲ့ catch ရှိကောင်းရှိနိုင်ပါတယ် ။

Divinity

Tuesday, April 3, 2012

လာပြန်ပြီ Spam တွေ


# mailq |  grep marketing@blahblah\.com | cut -d ' ' -f1 | tr -d '*!' | postsuper -d -

မနေ့က ထမင်းစားနေတုန်း ၊ Mail server ကြီးက respond နှေးလို့တဲ့ ။ ဒါကပုံမှန်လိုဖြစ်နေလို့ ကျနော်လည်း သိပ်တောင် ဂရုမစိုက်မိဘူး။ Mail Server က dedicated လည်းမဟုတ် ။ ဒီ Server ပေါ်မှာ Website 200 ကျော် ၊ Database 100 ကျော် ၊ DNS server အပါအဝင် တခြား service တွေကရှိသေးတယ်။ Mail Server က Postfix သုံးပြီး Domain 200 ကျော်အတွက် Mailbox 3000 လောက်ရှိတယ်။ Server က အဟောင်း၊ ရှေ့မှာ IPS လောက်မဟုတ်ရင်တောင် spam filter ကောင်းကောင်းခံဖို့ ပြောတာ သုံးနှစ်လောက်ရှိပြီ ။ ဒီတိုင်းပဲ ။ Website တွေ ဘာဖြစ်ဖြစ်က ကျနော်တို့ ဂရုမစိုက်လို့ရပေမယ့် spam ဝင်လို့ Server MTA နဲ့ Spamd က လေးလာရင် ၊ mail delivery နှေးလာရင် ကျနော်တို့ ဖုန်းတွေ အဆက်မပြတ်မြည်ပါပြီ ။ Server ကလည်း သိပ်ကောင်းလှတာမဟုတ်တော့ Mail Queue ထဲမှာ သုံးထောင်လောက်ရှိရင် စလေးလာလေ့ရှိပါတယ်။ ငါးထောင်လောက်ဆို ဘေးချင်းကပ်ပို့ရင်တောင် ဆယ်မိနစ်လောက်နေမှရောက်တယ်။ Server ပေါ်မှာက Opensource Spam filter တစ်မျိုးပဲရှိတာမို့ သိပ် handle မလုပ်နိုင်ပါဘူး။ သူကလည်း 60% efficiency လောက်ပဲရှိတယ်ထင်တယ်။ ဘယ်တော့မှ Spam ကိုနိုင်တယ်လို့မရှိဘူး။ ဒါမျိုးက ဖြစ်နေကြမို့လို့  မနေ့က ဖုန်းတွေလာတော့ အေးဆေးပဲ ။ ထမင်းစားနေလို့ ပြီးရင် ကြည့်လိုက်မယ်လို့ ပြောလိုက်တယ် ။

ရုံးပြန်ရောက်တော့လည်း ကျနော်က အလုပ်ထွက်တော့မယ့်လူမို့လို့ တော်ရုံ ကျနော် ဝင်မပါပါဘူး။ ကျနော်နေရာရဲ့ replacement အစ်ကိုကြီးကလည်း ဒီနေ့ off ပါတယ်။ အငယ်တစ်ယောက်ပဲရှိတယ်။ ဒါပေမဲ့ သူက ကျနော်စီက ဒီ hosting service တွေကို handover လုပ်ယူထားရတဲ့ သူ ၊ နောက်ပြီး သူက Redhat certified System Administrator ။ အဟဲ ။ သူ မသိရင်တောင် သူကသင်ရင် သိပ်မကြိုက်ဖူး။ သူ့ကိုပဲ Mail Service မှာ spam ဝင်တယ်ထင်တယ် ကြည့်လိုက်အုန်းလို့ပြောလိုက်မိတယ်။ Spam ဝင်ရင် mailq မှာ deferred တွေ ဘယ်လို ဖျက်ဆိုတာလောက်တော့ သူ့ကို ပြထားဖူးတယ်။ သူကလည်း CD drive ထဲသာ DVD ထဲ့ပြီး ဒီ server က boot မတက်ဘူးပြောရင်ပြောတာ၊ ဒါမျိုးခိုင်းရင် သူသိတယ် ဆိုတာကြီးပဲ။ လူရှေ့မှာ သိပ်သင်လို့ မရဘူး။ သူက ကျနော့ထက် အသက်ရော လုပ်သက်ရောကြီးပါတယ်။ ဘာတွေလုပ်နေခဲ့လည်းတော့ သိပ်မသေချာဘူး။

သုံးနာရီလောက် အထိ mail send / receive နှေးနေသေးတာ ကျနော်သိပါတယ်။ ရောက်လား မရောက်လားသာ မသိတာ ။ ဒါပေမဲ့ accountability အတွက် production server တွေကို ကျနော် login မဝင်တော့ပါဘူး။ ဒါကျနော့ နောက်ဆုံး အပတ်လေ။ သူလည်း ကြိုးစားပန်းစားလုပ်နေတော့ အဆင်ပြေလား သွားမေးလိုက်သေးတယ်။ နောက်တော့ GM က ဖုန်းဆက်တယ်။ ကြည့်လိုက်ပါတဲ့ ၊ ငါ့ဖုန်း ကြာရင် explode ဖြစ်တော့မယ်တဲ့။ Reseller တွေကလည်း တဂွမ်ဂွမ်ဆက်နေပြီ ။ ဖြစ်နေတာ သုံးနာရီလောက် ရှိသွားပြီကိုး။

Login ဝင်ပြီး အရင်ဆုံး Mail Queue ကိုကြည့်မိတယ် ။ လွယ်လွယ်ကူကူ

# mailq | tail

လို့ ကြည့်တော့ တော်တော်နဲ့ return မလာဘူး ။ တော်တော်များနေလို့ဖြစ်မယ် လို့စဉ်းစားပြီး mailq ပဲရိုက်ကြည့်လိုက်တယ် ။ အဲမှာ စတွေ့တာပဲ ။ ပုံမှန် လေးငါးထောင်လောက်ဆိုရင် mailq က ဆယ်စက္ကန့်လောက်အတွင်းမှာတင် ဆုံးပါတယ်။ ပေါ်လာတာကလည်း မြန်လို့ လိုက်ဖတ်ဖို့ မမှီပါဘူး။ ဒီတစ်ခေါက်တော့ တစ်မျက်နှာချင်း ဖြေးဖြေးချင်းပေါ်နေတယ်။ တော်တော်ကြာတဲ့အထိလည်း မပြီးတော့ escape လိုက်တယ် ။ top နဲ့ကြည့်တော့ load က postfix-queue process က အမြဲတန်း CPU usage 40% လောက် တက်နေတယ်။ ဒီလောက်နဲ့တော့ mailq က အဲလောက် နှေးမနေသင့်ဘူးပေါ့။ အခုက mailq ထဲ mail ဘယ်လောက်ရှိနေမှန်းကို မသိရသေးဘူး။ 

ခုနက mailq ကြည့်တုန်းက marketing@blahblah.com ဆိုတဲ့ mail တွေ အများကြီးတွေ့လိုက်တယ် ။ မြင်လိုက်သမျှအားလုံးနီးပါး သူ့ mail တွေကြီးပဲ။  အဲဒီ client ကိုလည်း ကျနော်သိပါတယ်။ တွေ့ကရာ click ပြီး မကြာမကြာ virus ဝင်လေ့ရှိသလို password ကိုလည်း password တို့ 123456 တို့ သိပ်ပေးလွန်းလို့ မကြာမကြာ ပြသနာ တက်လေ့ရှိတယ်။ သူတို့ mail address တစ်ခု ပြသနာဖြစ်ပြန်တာလား၊ သူတို့ပဲ mail advertisement ကို စွတ်လုပ်နေသလားမသိဘူး။ Maillog မှာ သွားရှာကြည့်တော့ ဒီ mail address marketing@blahblah.com ဆိုပြီး IP အစုံကနေ authenticate လုပ်ထားတာတွေ့လိုက်တယ်။ သွားပြီဆိုတာ သေချာပါတယ်။ သူတို့ကို ဖုန်းဆက်အကြောင်းကြားပေးဖို့ တစ်ယောက်ကိုပြောလိုက်တယ်။

ဘယ်သူ့မျက်နှာမှမကြည့်ပဲ ၊ ဖျက်စရာရှိတာ ဖျက် တဲ့နေရာမှာ ကျနော် ထိပ်ဆုံးကပါမယ်ထင်တယ်။ ဘာမှလည်း ကြည့်လို့မရတော့ အရင်ဆုံး postfix service ကို ခဏပိတ်လိုက်တယ်။ Lag နေတာလည်း တော်တော်ကြာပြီမို့ တစ်မိနစ်လောက် downtime က ပြောပလောက်အောင်မရှိဘူးလို့ ယူဆလိုက်တယ်။ Service ပုံမှန် ပြန်ဖြစ်ဖို့ ခဏတော့ အနစ်နာခံရမှာပဲ။
# service postfix stop

အဲဒီ mail address ကနေ mail ပို့တာကို temporary barred လိုက်ပါတယ် ။ ဘယ်လိုလုပ်လည်းဆိုရင်တော့ Postfix မှာ smtpd_recipient_restrictions နဲ့  smtpd_sender_restrictions ဆိုတာရှိပါတယ်။ အဲမှာ ဘယ် mail address ကနေလာတဲ့ mail ၊ သို့မဟုတ် ဘယ် mail address ကို ပို့မယ့် mail ကို drop ပေးပါလို့ configure လို့ရပါတယ်။ အဲမှာ marketing@blahblah.com ကို smtpd_sender_restrictions မှာ ထဲ့လိုက်ပါတယ်။ နောက်တော့ အရင် postfix service ကိုပြန်စလိုက်တယ်။
# service postfix start

နောက်ပြီး mailq ထဲမှာ marketing@blahblah.com က mail ဘယ်လောက်ရှိသလည်းလို့ သိချင်လို့ ဒီ command လေး run ကြည့်တယ်။
# mailq |  grep marketing@blahblah\.com | wc -l

ဒါပေမဲ့ ခုနက ဒီအတိုင်း mailq ရိုက်တာတောင် result ကမဆုံးတာ ၊ ဒီလိုလည်း တော်တော်နဲ့ result မရပါဘူး။ အဲဒီမှာပဲ client ကအကြောင်းပြန်တယ်။ သူတို့ ဒီနေ့ အဲ marketing email ကနေ ဘာမှမပို့ပါဘူးတဲ့။ Password က password လို့ပေးထားကြောင်း အကြောင်းပြန်တယ်။ ဒါဆို mail queue ထဲကဟာတွေက ကျနော်တို့ဖျက်ပြစ်လိုက်လို့ရတာ သေချာပါပြီ။ အမှန်က မသေချာလည်း ကျနော်ဖျက်ဖို့ပါပဲ။ သူတို့ဟာတွေဆိုလည်း နောက်မှ ပြန်ပို့ပါလို့ ပြောပြီး ဖျက်မှာပါပဲ။

ကဲ ဘယ်လိုဖျက်မလည်း ? Mail ID တွေကလည်းမသိ၊ mailq ကလည်း ကြည့်မရတော့ ဘယ်လောက်ရှိမှန်းလည်းမသိ ၊ queue တစ်ခုလုံး flush ပြစ်လိုက်ရင်လည်း ပေါက်ဆိန်နဲ့ ပေါက်သလိုဖြစ်တော့မယ် ။ Script လေးတစ်ကြောင်း ရေးလိုက်လို့ရရင် ကောင်းမယ် ။ ပထမဆုံး mailq ရဲ့ output ကို ကြည့်ရအောင်။

0BEA87C8029*     111654    Tue Apr  3 10:56:46     marketing@blahblah.com

Database စကားနဲ့ ပြောရင် primary key က ရှေ့ဆုံးကကောင် Mail ID / Queue ID ။ ဒါက Queue ထဲရှိသမျှ mail တိုင်းမှာ unique ဖြစ်တယ်။ SQL မှာ select .. where .. ဆိုပြီး ရေးရသလိုပါပဲ ။ marketing@blahblah.com က mail တွေကိုစစ်ထုတ်ပြီး delete လိုက်ရင် ရမယ်။ Mail ကို Queue ထဲက delete လုပ်တာက postsupre -d ။ ဒါပေမယ့် ID သေချာ ပေးမှဖြစ်မှာ ။ ကဲ ဆက်ရေးကြည့်မယ်။

ခုနက result တွေထဲက marketing@blahblah.com ဆိုတဲ့ address ပါတဲ့ result တွေကိုပဲ ယူမယ် ။

# mailq |  grep marketing@blahblah\.com

ခုနက result မှာ ကျနော်တို့လိုတာ ရှေ့ဆုံးက ID ၊ နောက်က time stamp တွေဘာတွေ မလိုချင်ဘူး filter လုပ်ဖို့လိုပြီ ။

# mailq |  grep marketing@blahblah\.com | cut -d ' ' -f1

အဲမှာလည်း ID မှာ * တွေ ပါတယ်။ Queue ထဲမှာ Active ဖြစ်နေတယ်လို့ ပြတာပါ။ အဲ asterisk ကိုလည်း ဖျက်မှ ၊ မဟုတ်ရင် postsuper က အလုပ်လုပ်နိုင်မှာမဟုတ်ဖူး ။

# mailq |  grep marketing@blahblah\.com | cut -d ' ' -f1 | tr -d '*!'

ဒီလောက်ဆို ကျနော်လိုချင်တဲ့ marketing@blahblah.com ကလာတဲ့ mail တွေရဲ့ ID တစ်လုံးထဲ ရပြီ ။ အဲဒါကို postsuper ကို pass ပေးလိုက်ပြီး ဖျက်လိုက်ရင် ရပါပြီ ။

# mailq |  grep marketing@blahblah\.com | cut -d ' ' -f1 | tr -d '*!' | postsuper -d -

58964 messages deleted တဲ့ ။ ပလုတ်တုတ် ။ ဒီ mail address ကနေဝင်လာတဲ့ mail ၊ Queue ထဲမှာတင် ခြောက်သောင်းလောက်ရှိတယ်။ အဲကလာတာ မဟုတ်တဲ့ mail ၊ Queue ထဲမှာ နှစ်ထောင်ကျော် ကျန်ပါတယ်။ Spam တွေရှုပ်နေတာနဲ့ deliver မလုပ်နိုင်သေးတဲ့ mail တွေပေါ့။

အဲနောက်မှာတော့ mail server က ပုံမှန် ပြန်ဖြစ်သွားပါတယ်။ marketing@blahblah.com က mail တွေ အဝင်ကတော့ရှိဆဲ။ ဒါပေမဲ့ deliver attempt မလုပ်တော့ပဲ တန်း drop တော့ load သက်သာတာပေါ့။ ဒါပေမဲ့ traffic နဲ့ socket ကတော့ စားဆဲမို့လို့ နောက်တော့ သူတို့ marketing email ကို temporary deactivate လိုက်ပါတယ် ။ အဲတော့မှ Queue ထဲက ကောင်တွေ ကောင်းကောင်းမွန်မွန် ထွက်တော့တယ်။


တစ်ကြောင်း bash script လေးပါပဲ ။ ဒါပေမဲ့ ပြသနာ တော်တော် ပြေလည်သွားတယ် ။ ညနေ ခြောက်နာရီအထိ အားလုံး အဆင်ပြေနေတာနဲ့ စီးတီးဟောကို ထမင်းစားဖို့ သွားလိုက်နိုင်တယ် ။ တော်ပါသေးရဲ့ ။ တော်ကြာ ထွက်ခါနီးမှ ထွက်ခတ်ခတ်ပြီး မိုးချုပ်အောင် နေနေရအုန်းမယ်။

Divinity

Friday, March 30, 2012

Linux commands (2)

အသုံးတည့်တဲ့ Linux command လေးတွေ ၊ bash shell မှာ သုံးလို့ရတဲ့ ပုံစံလေးတွေ ဟိုးအရင်ကရေးဖူးပါတယ် ။

Linux commands (1)

အခုကျနော်တို့ နေ့စဉ် အသုံးများတဲ့ command လေးတွေကို ကြည့်ရအောင်။

top
 top command က Linux မှာတော့ Task Manager ပါပဲ။ လက်ရှိ run နေတဲ့ process တွေရဲ့ PID တွေ CPU usage ၊ Memory usage တွေပြပါတယ် ။ Process တစ်ခုခုက CPU usage အရမ်းများနေသလား ၊ လိုအပ်တာထက်ပြီပြီး memory usage တက်နေလား top ကနေကြည့်လေ့ရှိပါတယ်။

ဒါ Linux Administrator တွေ အလုပ်လုပ်ချင်ယောင်ဆောင်တဲ့ command ပါ။ ဘာအလုပ်မှ မရှိရင် terminal လေးတစ်ခုဖွင့် top လေး run ထားပြီး အလုပ်လုပ်နေသလိုလို အယောင်ဆောင်နေလို့ရတယ်။ Process တွေက တက်လာလိုက် ပျောက်သွားလိုက်နေ ၊ terminal ပေါ်မှာ ရှုပ်နေတော့ မသိတဲ့လူကြည့်ရင် အလုပ်တွေ လုပ်နေတယ်ထင်မှာပဲ။

kill / killall
Process တစ်ခုခု hang နေရင်ပဲဖြစ်ဖြစ် ၊ မလိုအပ်တဲ့ process မို့လို့ end လုပ်ချင်ရင်ပဲဖြစ်ဖြစ် linux မှာတော့ kill တယ်လို့ သုံးပါတယ်။ kill နဲ့ killall ဘာကွာလည်းဆို ယေဘူရပြောရရင်တော့ kill က PID နဲ့ kill ရပြီးတော့ killall ကတော့ process name နဲ့ သုံးပါတယ်။ killall မှာ interactive mode တို့ ၊ specific user's process ပဲ kill တာတို့လုပ်လို့ရပါတယ် ။

man
Nix user တွေ Admin တွေ ဘယ်လိုမှ ကင်းရှင်းအောင်နေလို့မရတဲ့ command ပါပဲ။ Command တစ်ခုခုရဲ့ sub command တွေ parameter တွေ syntax တွေမေ့နေရင် man နဲ့ ပြန်ကြည့်ရတာပဲ။ Manual ဆိုတဲ့ စကားလုံးကို အတိုခေါ်တာပါ။ Man page လို့ခေါ်တဲ့ command manual ကို ပြန်ဖော်ပြပါတယ်။

ls
နေ့တိုင်း သုံးကြတဲ့ command တစ်ခုပါ။ DOS ရဲ့ dir command ရဲ့ Linux version ပေါ့။ List ဆိုတဲ့ စကားလုံးကို အတိုယူထားတာပါ။ ls ပဲရိုက်ရင် file / folder list ပဲပြပါတယ်။ ls -l ဆိုရင်တော့ file size တွေ ၊ time stamp တွေနဲ့ပြပါတယ်။ File size ကို MB တွေ GB တွေနဲ့ ပြစေချင်ရင် ls -lh လို့ ရိုက်ရပါတယ်။

pwd
လက်ရှိ ကိုယ်ဘယ် path အောက်မှာ ရောက်နေလည်း ပြန်ပြန်ကြည့်တဲ့ command ပါ။ Print Working Directory ဆိုတာကို အတိုခေါ်တာပါ။ တစ်ခါတစ်လေ ကိုယ့် home directory ထဲက backup file ကို ပြင်နေမိတာလား ၊ /etc/ အောက်က တကယ့် config file ကို ပြင်နေမိတာလားမသေချာရင် ကိုယ်ဘယ်ရောက်နေလည်း ပြန်ကြည့်ရတာပေါ့ ။

Linux command တွေက ပြောရရင် အများကြီးပါ ။ နေ့တိုင်း သုံးဖြစ်တာလေးတွေလောက်ပဲ အခု ရေးထားတာပါ ။ နေ့တိုင်းမဟုတ်ပေမဲ့ မကြာမကြာ သုံးတဲ့ less / more တို့ tar တို့ tail / head တို့ နောက်မှ ရေးတော့မယ် ။ Linux command list ကို ဒီအောက်က link မှာ ကြည့်နိုင်ပါတယ် ။
http://www.oreillynet.com/linux/cmd/

Thursday, March 29, 2012

chkconfig script သို့မဟုတ် init script

ဟိုနေ့က client တစ်ခုက အင်ဂျင်နီယာက သူဟာဟာသူရေးထားတဲ့ script တစ်ခုကို server boot time မှာ run ချင်လို့တဲ့ လှမ်းမေးတယ် ။ သူတို့ က RHEL 6 သုံးနေတာပါ ။ အဲဒါနဲ့ init script လေးရေးပြီး init.d ထဲထဲ့ထားလိုက်လို့ ပြန်ပြောလိုက်တယ်။ နောက်နေ့ကျ ရေးပေးပါတဲ့။ သူက ဘာ script run ချင်မှန်းမသိတာနဲ့ template ပုံစံလေးရေးပေးလိုက်တယ်။

( Note: blogspot မှာ script ရေးပြရတာ တော်တော် စိတ်ညစ်စရာ ကောင်းတာပဲ syntax အကုန်ပျောက်ပြီး left align တွေဖြစ်ကုန်တယ် )


#! /bin/bash
# (script) init script
###
# chkconfig: 235 35 55
# description: Starting ( your script ) at boot up

case "$1" in
start)
/path/to/your/script &
echo "(script) is starting"
;;
stop)
kill -9 `ps -ef | grep (script) | grep -v grep| cut -d" " -f6`
echo "(script) is stopping"
;;
*)
exit 1
echo "Usage : /sbin/service (script) {start|stop}"
esac

exit 0


(script) ဆိုတဲ့ နေရာလေးတွေ မှာ ကိုယ့် script နဲ့ အစားထိုးပါလို့ဆိုပြီး ပေးလိုက်တယ် ။ အဆင်ပြေသွားတယ်တဲ့ ။ Init script က ဒီ syntax နဲ့ပဲ အလုပ်လုပ်ပါတယ် ။ ကိုယ့်ဟာကိုယ် တခြား script တစ်ခုခုကို စချင်လည်း ဒီ template ကိုသုံးလို့ရပါတယ် ။ အရေးကြီးတာ No.4 လိုင်းပါ ။ အဲမှာ chkconfig 235 35 55 လို့ပေးထားပါတယ် ။

အရှေ့ဆုံးက 235 ဆိုတာက ဒီ script ကို run မဲ့ runlevel တွေပါ ။ Runlevel ဆိုတာ ဘာလည်းမသေချာရင် ရှာဖတ်ကြည့်စေချင်ပါတယ်။ ပုံမှန်အားဖြင့် 0 to 6 ရှိပါတယ် ။
0 = shutdown ၊
6 = reboot ၊
1 = single user mode
2 = multi-user mode without networking
3 = multi-user mode with networking
4 = User-definable
5 = multi-user mode with networking + GUI


ဒီ init script မှာဆို လိုချင်တဲ့ service / script ကို runlevel 2 , 3 နဲ့ 5 မှာပဲ စမယ်လို့ ပြောထားပါတယ် ။

အနောက်က 35 နဲ့ 55 က script ကို boot up time မှာစမဲ့ priority နဲ့ shutdown time မှာ kill မဲ့ priority ပါ။ /etc/rcx.d/ ထဲမှာ script တွေကို S55httpd ၊ K55httpd ဆိုပြီး အရှေ့မှာ Sxx ၊ Kxx တွေနဲ့ ရှိလေ့ရှိပါတယ်။ ဒါကဘာကို ဖော်ပြတာလည်းဆိုရင် ၊ ဆိုကြပါစို့ rc3.d ထဲမှာ S10sshd နဲ့ S55httpd ဆိုပြီးရှိတယ် ။ ဒါဆို တကယ်လို့ server က runlevel 3 ကို run တယ်ဆိုရင် Inittab က rc3.d ထဲက start script တွေကို အစီအစဉ်အလိုက် စပါတယ် ။ ဒီမှာဆို S10 ဖြစ်တဲ့ sshd က အရင်စပါလိမ့်မယ် ၊ နောက်မှ S55 ဖြစ်တဲ့ httpd က စပါလိမ့်မယ်။ အဲတော့ ကိုယ့် script ကို စောစောစီးစီး စစေချင်ရင် အဲမှာ 35 နေရာမှာ နံပါတ်သေးသေး ပေးရပါလိမ့်မယ် ။ rcx.d ကို ဖွင့်ကြည့်ရင် ကိုယ့် script က ဘယ်အချိန်လောက်မှာ စရင် အဆင်ပြေမလည်း စဉ်းစားလို့ရမှာပါ။ အနောက်က 55 က လည်း ထိုနည်းတူပါပဲ ။ Shutdown လုပ်တဲ့အချိန်မှာ စောစော kill စေချင်ရင် နံပါတ်သေးသေးပေးပါ။ နောက်ဆုံးမှ kill စေချင်ရင် 99 လို့ပေးလိုက်ပါ။

ဒီ init script က သူ run ချင်တာကို root အနေနဲ့ run ဖို့ ရေးထားတာပါ ။ တကယ်လို့ တခြား user အနေနဲ့ run ချင်ရင် လိုင်းနံပါတ် 9 မှာ su ကိုသုံးရပါမယ် ။ ဒါဆို ဒီလိုဖြစ်သွားမယ်

su username -c /path/to/your/script &


Stop လုပ်တဲ့ အပိုင်းကတော့ လွယ်လွယ်ကူကူ PID ကိုရှာပြီး kill လိုက်တာပဲ ရေးထားပါတယ် ။

ပြီးရင်တော့ ဒီ init script လေးကို /etc/init.d/ အောက်ထဲမှာ သွားထားရပါမယ်။ testscript လို့ filename ကိုပေးလိုက်တယ် ဆိုပါတော့။ ပြီးရင် ဒါကို executable ဖြစ်အောင် ပေးရပါတယ်။ ဒီ command ကိုရိုက်ပါ ။
# chmod +x /etc/init.d/testscript


ပြီးရင် chkconfig မှာ register လုပ်ရပါတယ် ။ /etc/init.d အောက်ထဲမှာရှိတိုင်း rcx.d မှာမရှိပါဘူး ။ အဲထဲကို သက်ဆိုင်ရာ S နံပါတ် K နံပါတ်နဲ့ ရောက်အောင်က register ရပါတယ် ။
# chkconfig --add testscript


အဲဒါပြီးရင် ကိုယ့်ရဲ့ script က server bootup တိုင်းမှာ သူ့ဘာသာသူ start နေပါလိမ့်မယ်

( Note : rcx.d ဆိုတာ nix နဲ့ နဲနဲ ရင်းနှီးရင် သိပါတယ်။ /etc အောက်မှာ rc1.d ၊ rc2.d ဆိုပြီး rc5.d အထိရှိပါတယ် ။ သက်ဆိုင်ရာ runlevel မှာ စတဲ့ service တွေရဲ့ start script ၊ stop script တွေက အဲဒီထဲမှာရှိပါတယ် ။ )

Divinity

Thursday, June 2, 2011

Copy ကူးတာကိုလည်း တစ်ခါတလေ backup လုပ်တယ်လို့ခေါ်တယ်

တစ်ချို့တွေပေါ့၊ လိုချင်တော့ ကြီးကြီးကျယ်ကျယ် ။ Daily full backup ၊ one month cycle တဲ့။ Backup software တော့မဝယ်ချင်ဘူး ၊ ဘယ်လိုပဲရရတဲ့ backup ဖြစ်ရင်ပြီးရောတဲ့။ File တွေမှားမှားဖျက်ကြ overwrite တွေ မှားမှားလုပ်ကြလွန်းလို့တဲ့။ ဒီလိုလား ၊ ရပါတယ်။ xcopy နဲ့ပဲ လုပ်လို့ရပါတယ်။ အဲဒါနဲ့ပဲ ဒီနေ့ သုံးကြောင်း bat script လေးတစ်ခုရေးဖြစ်တယ်။ အမှန်က ဘယ်မှာတွေ့ဖူးမှန်းမသိတာတစ်ခုကို မှီညမ်းပြီး ဟိုးအရင်တစ်ခါက ရေးထားတာပါ။ နည်းနည်းလေးပဲပြင်လိုက်ရတယ်။

@Echo off
rd /s /q E:\$Recycle.bin
xcopy D:\Company\* E:\Serverbackp\Company\%date:~4,2%\* /Y /Q /S


ဒုတိယ တစ်ကြောင်းက ပုံမှန်ဆိုမလိုပါဘူး။ ဒီ user တွေက ဘာတွေလုပ်မှန်းမသိ မကြာမကြာ recycle bin corrupted error ဖြစ်တယ်။ ဘာလို့ဖြစ်လည်း သူတို့ဘာလုပ်လည်းဆိုတာ သူတို့ကိုတိုင်လည်းမသိဘူး။ Recycle bin ကအရေးမကြီးဘူး၊ ရတယ်တဲ့။ ဟုတ်တယ်လေ မှားဖျက်မိလို့ ပြန်လိုချင်ရင် backup တွေရှိနေမှာပဲ။ အဲဒါနဲ့ ကျနော့ script ထဲမှာ အဲ quickfix လေးထဲ့ရေးလိုက်တာ။

ပထမလိုင်းကတော့ အလကား output တွေပေါ်ပေါ်လာရင် မျက်စိနောက်လို့ echo off လိုက်တာ ။ Bat ရေးဖူးတဲ့သူတိုင်း သိပါတယ်။
ဒုတစ်ယလိုင်းကတော့ recycle bin error ကို quickfix အနေနဲ့ Empty recycle bin လုပ်လိုက်တာ။ အမှန်က Recycle.Bin directory ကို ဖျက်လိုက်တာပါ။ ဒါပေမယ့် တစ်ခုခု delete လုပ်ရင်ဖြစ်ဖြစ်၊ logout / login လုပ်ရင်ဖြစ်ဖြစ် recycle.bin folder က ပြန် create ဖြစ်ပါတယ်။ အဲတော့ ဒါ command line က empty recycle bin လုပ်လိုက်တာပဲလို့ သဘောထားပါတယ်။ :D

နောက်ဆုံးလိုင်းကတော့ Windows ရဲ့ အသုံးတည့် command လေးတစ်ခုဖြစ်တဲ့ xcopy နဲ့ files တွေကို ကူးဖို့ပါ။ ဒီမှာ ပြသနာ နည်းနည်းရှိပါတယ်။ ကျနော်တို့က one month cycle လိုချင်တာပါ။ ဆိုလိုတာက နေ့စဉ် overwrite မလုပ်ချင်ပါဘူး။ နေ့စဉ် new backup set ထားသွားပြီး တစ်လကြာမှ ပထမနေ့က backup set ကို overwrite ချင်တာပါ။ အဲဒါကြောင့် နောက်က destination မှာ %date~:4,2% ဆိုတာလေးပါနေတာပါ။ Windows မှာ %date% environmental variable က system date ကို ကိုယ်စားပြုပါတယ်။ %date% ကမှ လေးလုံးမြောက်ကနေ ငါးလုံးမြောက်အထိ ( နှစ်လုံးထဲ) လိုချင်လို့ %date~:4,2% လို့ရေးတာပါ။ ကိုယ်ယူထားတယ့် date / time format ပေါ်မှာ မူတည်ပါလိမ့်မယ်။ mm-dd-yyyy ဆိုရင်တော့ 7,2 လို့ယူရပါလိမ့်မယ်။ အနောက်က /Y ကတော့ overwrite ဖို့ yes / no prompt တွေမှာ အကုန် yes လို့သတ်မှတ်ပြီး overwrite သွားဖို့၊ /Q ကတော့ process output မပြဖို့နဲ့ ၊ /S ကတော့ subdirectories တွေပါ ကူးဖို့ ထဲ့ထားတာပါ။

Diskspace ပိုးဆိုးပက်စက်တက်တာကလွဲရင် သူတို့လိုချင်သလိုဖြစ်ပါတယ်။ Diskspace ကတော့ အမှန်ဆို compress လေးလောက်လုပ်သင့်တာပေါ့နော်။ ဒါပေမယ့် user က ဒီတိုင်းက သူတို့အတွက် ပိုကောင်းတယ်၊ ဘာမှမလုပ်ရပဲ backup file တွေကို မြင်ရတာ ပိုသဘောကျတယ်ဆိုလို့ ဖြစ်သလိုပဲ လုပ်ပေးလိုက်ပါတယ်။ အမှန်က backup လုပ်တာလို့ ပြောဖို့တောင် ခက်ပါတယ်၊ တစ်ခြားတစ်နေရာရာကို copy ကူးထားလိုက်တာပါပဲ။ ကိုယ့်ဟာကို compression လုပ်ချင်ရင်တော့ winrar command line tools လေးနဲ့ လုပ်လို့ရပါတယ်။

Divinity

Tuesday, May 31, 2011

MySQL root password reset

MySQL ကဘယ် သကောင့်သားက install သွားမှန်းမသိ၊ root password လည်း ဘယ်နားမှာမှ မှတ်မထား၊ documentation ကလည်းမရှိ ၊ ဟုတ်တော့နေပြီ ။ ဒီထဲက database တွေကို ရွှေ့ဖို့ဟာ ဘယ် mysql account password မှမသိဘူး။ ဘယ်လို export ထုတ်ရပါ့။ o_O

တခြား database တွေလည်း သိပ်မရင်းနှီးတော့ တခြား database တွေမှာ ခက်လားမခက်လား တော့ မသိဘူး။ MySQL မှာတော့ မခက်ပါဘူး။ MySQL server command တွေထဲမှာ skip-grant-tables ဆိုတယ့် option ရှိပါတယ်။ Privileges system ကို မသုံးပဲ ၊ database အားလုံးကို unrestricted access ဖြစ်သွားပါတယ်။ Database downtime လေး မိနစ်ဝက်လောက်တော့ ရှိမှာပေါ့။ ဘယ်တတ်နိုင်မလည်း ။

ပထမဆုံး MySQL ကို --skip-grant-tables option နဲ့ ပြန်စပါ။
> mysqld_safe --skip-grant-tables &


နောက်ဆုံးက Ampersand (&) လေးကတော့ process ကို background process အဖြစ် run လိုက်တာပါ ။ ဒီလို run လိုက်ရင် MySQL က ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရပြီ ။
> mysql


Root user အနေနဲ့ MySQL ထဲကို ဝင်သွားပါလိမ့်မယ်။ အဲကြမှ password မြန်မြန် reset လုပ်ပေါ့။
mysql> UPDATE mysql.user SET password=PASSWORD('New-password') WHERE User='root';


Mysql database ထဲက user ဆိုတယ့် table မှာ password ဆိုတယ့် column ကို update လိုက်တာပေါ့။ နောက်က Password(' ') ဆိုတာကြီးကတော့ MySQL ရဲ့ password hashing function ပါ။ Query မှာတုန်းက plain text ကြီးနဲ့ ရိုက်ပေမယ့် database ထဲကို hash အနေနဲ့ insert သွားလုပ်လိမ့်မယ်။ ဒီ query က တခြား mysql account password မေ့ရင်လည်း အသုံးတဲ့ပါတယ်။

ပြီးရင် flush privileges လုပ်လိုက်ရင် privileges system ပြန်ပြီး active ဖြစ်ပါပြီ။ ဆိုလိုတာက ပုံမှန်အတိုင် တခြား account restriction တွေပြန်ရှိပြီပေါ့။ ကျနော်ကတော့ MySQL ကို restart ပြန်လုပ်လေ့ရှိပါတယ်။ init script ကို ပြန်ခေါ်ပြီး restart ချလိုက်တာ ဘာလောက်မှမကြာပါဘူး။

ကဲ ဒါဆို MySQL root password reset ရသွားပြီ။ ကျန်တာတော့ ကိုယ့်ဟာကို export ဆက်လုပ်တော့ပေါ့။ :)

Divinity

Friday, May 20, 2011

OpenSource တွေသုံးကြည့်ရအောင် (1) ( Openfiler - Opensource NAS)

ဒီနေ့ခေတ်က OpenSource ရဲ့ခေတ်လို့ပြောရင်တောင် လွန်မယ်မထင်ဘူး။ Commercial products တော်တော်များများအတွက် alternative အနေနဲ့ Opensource product တွေရှိလေ့ရှိပါတယ်။ Microsoft Office လောက်မကောင်းဘူးလို့ပြောလို့ရပေမယ့် OpenOffice.org ဆိုလည်း သုံးလို့ အဆင်ပြေပါတယ်။ Firewall မှာလည်း Fortinet တို့ Checkpoint တို့ကို မမှီပေမယ့် home and small office users တွေလောက်အတွက် လုံလောက်တယ့် capability ကိုပေးနိုင်တယ့် Opensource firewall တွေအများကြီးပါ ။ Licensed version လည်း ဝယ်သုံးရတာ သက်သာတာ ကျနော်တို့နိုင်ငံမှာပဲရှိပါတယ်။တခြားနိုင်ငံတွေက ကျနော်တို့လောက် License version မသုံးနိုင်လို့ Opensource တွေကို အားကိုးရတယ်။ EMC ကိုဖို့မဖြစ်နိုင်ပေမယ့် budget cut down ဖြစ်ပြီး အသုံးတဲ့တယ့် Opensource NAS တစ်ခုအကြောင်း သတင်းပေးချင်ပါတယ်။

Small office တစ်ခုအနေနဲ့ centralized file storage တစ်ခုတော့ထားချင်တယ်၊ ဒါပေမယ့် storage server license ဝယ်ရမှာလည်း ဈေးကြီးတယ်။ Office မှာကမှ လူက ဆယ်ယောက်လောက်ရှိတာ၊ server license တော့မဝယ်ချင်ဖူးဆိုရင် Opensource nas တွေအများကြီးရှိပါတယ်။ အဲဒီထဲမှာတော့ OpenNAS နဲ့ Openfiler က stable ဖြစ်ပြီး လူသုံးများတယ်။ Small office မဟုတ်ပေမယ့်လည်း budget cut down လုပ်ချင်ရင် stable ဖြစ်လို့ သုံးလို့ အဆင်ပြေနိုင်ပါတယ်။ ဒီ post မှာ ကျနော်တို့ Openfiler ရဲ့ capability ကို ကြည့်ကြည့်ရအောင် ။

Overview
Linux based ပါပဲ။ OpenLDAP ၊ NFS ၊ NIFS ၊ SAMBA ၊ iSCSI initiator အစရှိသဖြင့် NAS တစ်ခုအတွက် လိုအပ်တာတွေပြန် ပေါင်းထဲ့ထားတယ့် Linux based တစ်ခုပါပဲ။ Software RAID ၊ Hardware RAID နှစ်ခုလုံးကို support လုပ်ပါတယ်။ WebUI ပါလို့ administration လွယ်ကူပါတယ်။ ဒါပေမယ့် UI ကနေမရတယ့် configuration အတွက်လည်း ကိုယ့်ဟာကိုယ် console terminal ကနေ ပြင်လို့ troubleshoot လုပ်လို့ရတာမို့ သုံးရတာ flexible ဖြစ်ပါတယ်။ WebUI မှာတင် Java servlet တစ်ခုနဲ့ console access ထဲ့ပေးထားပါတယ်။ ( init 1 ရိုက်ဖို့လိုရင်တော့ သုံးလို့မရနိုင်ပေမယ့် တော်ရုံတော့ အသုံးတဲ့ပါတယ်)

Storage Flexibility
Openfiler မှာ iSCSI configure လုပ်လို့ရလို့ iSCSI capable external enclosure တစ်ခုခုနဲ့ ချိတ်ဆက်သုံးလို့ရပါတယ်။ Storage တိုးချင်ရင် enclosure ထဲမှာ hard disk တွေထပ်တိုးပြီး Openfiler က Volume Group expend လုပ်လိုက်ရင်ရပြီ ။ အဲတော့ အမြဲတိုးတက်လာတယ့် storage space လိုအပ်ချက်ကို အမှီလိုက်နိုင်ပါတယ်။ လက်ရှိ version မှာ 60 TB အထိ support လုပ်ပါတယ်။ Online volume resizing လုပ်လို့ရတာမို့ space expend လုပ်ချင်ရင်တောင် downtime မရှိ လုပ်နိုင်ပါတယ်။

User Account Control
OpenLDAP ပါတာမို့ local ldap server configure လုပ်ပြီး user acct control လုပ်လို့ရပါတယ်။ တကယ်လို့ network ထဲမှာ authentication server ရှိပြီးသားဆိုလည်း ရှိနေပြီးသား LDAP server သို့မဟုတ် AD ကိုချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဘယ် user / group က ဘယ် share ကို အသုံးပြုနိုင်သလည်းဆိုတာကိုလည်း configure လုပ်ရတာ လွယ်ကူပါတယ်။

Quota control
User တွေကို quota သတ်မှတ်လို့ရသလို ၊ share တစ်ခုချင်းကိုလည်း ဘယ် share က ဘယ်လောက် space ထိပဲ grow လုပ်ခွင့်ပြုမယ်ဆိုပြီး သတ်မှတ်လို့ရပါတယ်။ Company အတွင်းက ဘယ် department က ဘယ်လောက် space ပဲသုံးလို့ရမယ်ဆိုပြီး သက်မှတ်တာမျိုးအတွက် အဆင်ပြေပါတယ်။

Rich Communication methods
SSH ၊ SMB ၊ CIFS ၊ NFS ၊ FTP အကုန် support လုပ်လို့ Unix ၊ Linux ၊ Mac ၊ Windows မရွေး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

High Availability
Openfiler မှာ HA cluster setup လုပ်လို့ရပါတယ်။ တစ်လုံးထက်ပိုတယ့် Openfiler server တွေကတော့ Cluster တစ်ခုအနေနဲ့ serve လုပ်နိုင်တာမို့ single point of failure ကိုရှောင်နိုင်ပါတယ်။ (ဒါကလည်း iSCSI လိုမျိုးနဲ့ တွဲမှ အဆင်ပြေမှာပါ။ )

Snapshot
Openfiler ရဲ့ volume တစ်ခုချင်းကို snapshot ရိုက်ပြီးတစ်နေရာရာ ပြန်သွားထားလို့ရပါသေးတယ်။ Storage server ကို backup ပြန်လုပ်တာပေါ့။ Revert ပြန်လုပ်ရတာလည်း လွယ်လွယ်ကူကူပဲ။

Easy Administration
ခုနကပြောသလို ရိုးရှင်းပြီး ပြည့်စုံတယ့် WebUI ကြောင့် administrate လုပ်ရတာ လွယ်ကူလွန်းပါတယ်။ Volume group တွေ၊ User / group quota တွေနဲ့ မစိမ်းဖူးဆိုရင် ဘာမှ အထူးအစမ်းမရှိနိုင်ပါဘူး။

Openfiler ရဲ့ ကောင်းတယ့်အချက်တွေအများကြီးရှိပါသေးတယ်။ အလကားရတာမို့ Cost effective ဖြစ်တယ်လို့ပြောရင် လွန်မယ်မထင်ပါဘူး။ Exchange server ၊ VMware စတာတို့နဲ့တွဲပြီး storage အဖြစ်သုံးလို့လည်းရပါတယ်။ Opensource တို့ရဲ့ထုံးစံအတိုင်း documentation ကတော့ သိပ်အားမကောင်းပါဘူး။ ဒါပေမယ့် feature တော်တော်များများက ဘာ technical skills မှမလိုပဲ လွယ်လွယ်ကူကူပဲ သုံးလို့ရပါတယ်။

ကျနော့် ပတ်ဝန်းကျင်မှာ ကျနော်နေ့စဉ်အမျှ ထိတွေ့နေရတယ့် Opensource product တွေအကြောင်း တစ်ခုချင်း ရေးပါအုန်းမယ် ။ ( ပြောပြန်ပြီ)

Divinity

Friday, May 6, 2011

Geez, what hardware spec i've got there ?

တစ်ခါတစ်လေ Server တွေရဲ့ Hardware spec ပြန်ကြည့်ချင်တယ်၊ Serial Number ပြန်ကြည့်ချင်တယ်၊ Server ကလည်း အနားမှာမရှိဘူး ၊ ကျနော်လို့ documentation ကောင်းရင် ဘာ server သုံးခဲ့မိမှန်းတောင် မမှတ်မိတော့ဘူးဆိုရင် command line ကနေ ကြည့်လို့ရပါတယ်။ အများဆုံးဖြစ်တတ်တာက ကျနော်တို့ဆို memory upgrade လုပ်ချင်တာ၊ memory type သိချင်ရုံနဲ့လည်း Data center အထိမသွားချင်၊ သွားဖြစ်လည်း ဒါလေးအတွက်နဲ့ BIOS ထဲဝင်မကြည့်ချင်ရင် အသုံးတဲ့ပါတယ်။

Linux မှာတော့ dmidecode command က တော်တော်အသုံးဝင်ပါတယ်။
Serial number လောက်ပြန်ကြည့်ချင်တာဆို
# dmidecode --type 1

လို့ရိုက်လိုက်ရင် Chassis က serial number ကိုပြပေးပါတယ်။ Memory slot တွေနဲ့ ပတ်သက်တယ့် information က type 16 ဖြစ်လေ့ရှိပါတယ်။ Slot အရေအတွက်နဲ့ Max capacity ပြပါလိမ့်မယ်။ အခုလက်ရှိတပ်ထားတယ့် memory ကိုကြည့်ချင်ရင်တော့ Server အဖုံးဖွင့်ကြည့်ရပါတယ်။ အခုလက်ရှိ တပ်ထားတယ့် memory ရဲ့ information လောက်ပဲကြည့်ချင်ရင်တော့ 'dmidecode --type 17' ဆိုရင်ရပါတယ်။ DDR အမျိုးအစားနဲ့ speed ကိုပြပါလိမ့်မယ်။

Type နံပါတ်မသေချာရင်လည်း dmidecode ရဲ့ output တစ်ခုလုံးကို output pipe နဲ့ more ဒါမှမဟုတ် less ဆိုပြီး ကြည့်ရင်လည်းရပါတယ်။ Output ကရှင်းပါတယ် ၊ လိုတယ့် information ကိုရှာလို့ လွယ်ပါတယ်။ ဒါဆို command က ဒါမျိုးပေါ့။
# dmidecode | less


Linux ရဲ့ dmidecode ကတော့ hardware info ကိုပဲ အဓိကပြပါတယ်။

Windows မှာဆိုရင်တော့ wmic ဆိုတယ့် command တစ်ခု ပါပါတယ်။ Windows Management Instrumentation ပေါ်မှာ အခြေခံထားတယ့် command ပါ။ wmic command output ကရှုပ်လို့ တစ်ခါမှ လိုက်မကြည့်ဖူးပါဘူး။ လိုတာပဲမှတ်ထားမိတယ်။ ဒါပေမယ့် သူကတော့ ပိုပြီး information များများ retrieve လုပ်နိုင်ပါတယ်။

Serial number ကတော့ BIOS မှာရှိပါတယ် ။
> wmic bios

ဆိုရင် မျက်စိနောက်စရာ output နဲ့ပြပါတယ်။ လိုချင်တာလေးပြန် ဖြတ်ကြည့်ရတယ်။
> wmic bios get serialnumber

ဒါမှ လိုချင်တာလေးပြတယ်။

Memory speed ကတော့ memorychip ထဲမှာပါ။
> wmic memorychip get speed

ဒါမှမဟုတ်ပဲ တခြားဘာတွေရှိသေးလည်းကြည့်ချင်ရင် နောက်က get speed ဖြုတ်ရိုက်ပေါ့။ အဲ Memory capacity ကျတော့ memphysical ထဲမှာ ။
>wmic memphysical get maxcapacity

ဆိုရင် maximum capacity ပြပြီး ၊
>wmic memphysical get memorydevices

ဆိုရင် slot ဘယ်နခုရှိလည်း ပြပါတယ်။

WMIC က hardware info retrieve လုပ်ဖို့လောက် လုပ်ထားတာမဟုတ်ပဲ current system ရဲ့ info တော်တော်များများ process info တွေ ၊ partition table တွေပါကြည့်လို့ရပါတယ်။ WMIC အကြောင်းထပ်သိချင်သေးရင် ဒီ link မှာ ရှိပါသေးတယ်။ အသေးစိတ်ကတော့ Google ကရှာပြီး Microsoft technet article သာရှာဖတ်ကြည့်ပေါ့။

http://www.robvanderwoude.com/ntadmincommands.php

အသုံးတဲ့မယ်ထင်ပါတယ်။ မတဲ့လည်း သုံးကြည့်ပေါ့ ။ :D

Divinity

Wednesday, April 27, 2011

Make your own shutdown command :D

စာရေးမယ် ပြောတုန်းကပြောပြီး ရေးဖို့ကြ ပျင်းတယ်။ Game က လည်း ဆက်ကစားရအုန်းမယ် ။ အချိန်တွေက လောက်ကို မလောက်ဖူး ။ ခေါင်းစဉ်ဖတ်ပြီး ကြီးကြီးကျယ်ကျယ်တော့ မထင်ပါနဲ့ ။ Linux ပေါ်မှာ ပေါက်ကရ ပေါက်စလေးတစ်ခုလောက် လုပ်ကြည့်ရအောင်။

Bash မှာ command alias လေးတစ်ခုလောက် ရေးကြည့်ရအောင် ။ ကိုယ့်နာမည်ရိုက်လိုက်ရင် laptop က shutdown ကျသွားတာမျိုးလေးဆို မဆိုးဘူး။
$HOME ရဲ့အောက်မှာ .bash_profile သို့မဟုတ် .profile ဆိုတယ့် file ရှိပါတယ်။ Bash shell မှာ .bash_profile လို့တွေ့ရပြီး Sh မှာတော့ .profile လို့တွေ့ရပါတယ်။ ( မိုးလေဝသ ကြေညာတယ့် လေသံများပေါက်သွားလားမသိဘူး) Filename မှာ ရှေ့မှာ full stop ပါပါတယ်။ ဒါ nix မှာ တော့ hidden attribute ပါ။ ls နဲ့ကြည့်ရင် ls -a ဆိုမှ မြင်ရပါလိမ့်မယ်။ ကဲ အဲဒီ file ကို edit လုပ်ကြမယ်။ vi ပဲဖြစ်ဖြစ် vim ပဲဖြစ်ဖြစ် nano ပဲဖြစ်ဖြစ် ကြိုက်ရာနဲ့ ဖွင့်၊ edit ပြီး save လို့ရရင် ပြီးတာပဲ။ ပြီးရင် ဒီ နှစ်လိုင်းကို အောက်ဆုံးမှာ ဖြည့်လိုက်ပါ။

gant=`which shutdown`
alias divinity='$gant -h now'


Generic ဖြစ်အောင် နှစ်လိုင်းရေးလိုက်တာပါ။ Shutdown file ရှိတယ့် path ကိုတန်းပေးပြီး $gant လို့ မပေးတော့ရင်လည်း ရပါတယ်။ divinity နေရာကတော့ ကိုယ့်နာမည် ကိုပြောင်းပေါ့။ Save လုပ်ပြီးရင် စမ်းချင်ရင် logout ပြီး ပြန် login ဝင်ရပါတယ်။ Shell environment ကို edit တာမို့ ချက်ချင်း effective မဖြစ်ပဲ next login မှာမှ effective ဖြစ်ပါတယ်။ ကဲ အခုဆိုရင်တော့ ကိုယ့်နာမယ် ကိုယ်ရိုက်ပြီး shutdown ချလို့ ရပါပြီ ။ ( စားကြမယ်ဟေ့ ကောင်းကောင်း လေသံပေါက်သွားလားမသိ )


Divinity

Religion : Googlism

Google သာမရှိရင် ကျနော်တို့ engineer ဖြစ်ပါ့မလား ? Google သာမရှိရင် ကျနော်လည်း mechanical engineer ပဲလုပ်ဖြစ်မယ်ထင်တယ်။ အခုလို IT ဖြစ်လာမှာမဟုတ်ဖူး။ ကျနော်တို့ အတွက် Google က ဘဝပဲ ဟဲဟဲ။ ဒါလည်း ပြောရရင်တော့ မကောင်းဘူး။ ကျနော်တို့ မှတ်ဉာဏ်ထက် Google docs တွေ Google bookmarks တွေ ကိုပိုအားကိုးလာရင် မကောင်းဘူးလို့ထင်တာပဲ။ အတိုင်းအတာ တစ်ခုထိ သုံးရပေမယ့် ဒီပေါ်မှာပဲ depends မလုပ်မိသင့်ပါဘူး။ ကျနော်ဒီနေ့ MySQL cluster setup လုပ်ဖြစ်လို့ ကျနော်ရဲ့ ပထမဆုံး setup လုပ်ဖြစ်တယ့် အတွေ့အကြုံနဲ့ ပြန်ယှဉ်စဉ်းစားမိပါတယ်။

ကျနော်တို့ ဒီက Telecom တစ်ခုအတွက် application တစ်ခု setup လုပ်တုန်းကပါ၊ ကျနော်က servers setup လုပ်ရပါတယ်။ Solaris 8 ပေါ်မှာ။ သူတို့ server တွေထားတယ့် server room တွေမှာ ကျနော်တို့အတွက် internet access မရှိပါဘူး။ အဲ server ကိုတိုင်လည်း IP က approve မဖြစ်သေးလို့ link activate မဖြစ်သေးပါဘူး။ အဲတော့ ပြောရင် ဘာ network connection မှမရှိပါဘူး။ Documentation ပြင်ဆင်သွားပေမယ့် ရှန်းတတ်တယ့်ကျနော် documentation မှာအဆင့်ကျော်သွားပါတယ်။ ရှာစရာ internet လည်းမရှိဘူး။ အဲတုန်းက iphone မပေါ်သေးဘူး။ :D Windows mobile မကောင်းကြောင်းကတော့ ကျနော်မပြောတော့ဘူး။ ကျနော်တို့မှာ internet ကနေ ရှာဖို့ phone မှာရှာ လိုက်ဖတ် ၊ နောက်မှ ကျနော် အဆင့်ကျော်သွားတာမှန်းသိတယ်။ အဲတုန်းကဘာပဲလိုလို Google မှာရှာ တွေ့တယ့် အတိုင်းလုပ်လိုက်တာပဲ။ ရရင်ရ ၊ မရရင် ဆက်ရှာ။ ဒါပဲလုပ်တတ်တယ်။ အဲဒါကိုပဲ လုပ်တတ်နေပြီလို့ ကိုယ့်ဟာကို ထင်တာ။ Internet မရှိတယ့် နေရာမှာ အလုပ်လုပ်ဖူးပြီးမှ ငါတော်တော်လိုသေးတယ်လို့ သိတာ။ ဒါတောင် compilation မလုပ်ရလို့။

Internet က လေ့လာကြတာ အလွန်ကောင်းပေမယ့် internet ရှိမှ ဖြစ်ရင်တော့ မကောင်းဘူး။ Howto တွေရှာကြရင်လည်း ဘာကြောင့် ဒီ howto မှာ ဒီလို လုပ်သလည်းဆိုတာကို လေ့လာဖို့ သိပ်မလုပ်ကြဖူး။ Ubuntu howto ကို Fedora ပေါ်မှာ ပြန်အသုံးမချနိုင်တယ့် linux ဆရာတွေ တွေ့ဖူးပါတယ်။ ဒီ command ကရှိမှ မရှိတာ ဆိုပြီး fedora version howto ရအောင် လိုက်ရှာတာမျိုး။ နောက်တော့ ကျနော် README file တွေ ဖတ်ဖြစ်လာတယ်။ ဘာပဲ compile လုပ်လုပ် README အရင်ဖတ်တယ်။ ပြီးမှ internet မှာရှာတယ်။ ဒါလည်း reference အနေနဲ့ပါ။ Linux မှာ source file တွေမှာပါတယ့် text file တွေမှာ compilation / installation အတွက် ရှင်းပြထားတာမျိုး ပါလေ့ရှိပါတယ်။ ကျနော်လည်း နောက်မှတွေ့တယ်။ MySQL source file ထဲမှာ INSTALL-BINARY ဆိုတယ့် file တစ်ခုမှာ အဆင့်လိုက်ရှင်းပြထားပါတယ်။ အဲတုန်းကတော့ 20C temperature အခန်းထဲ ချွေးတွေပျံလို့။

အမြဲတန်း အလုပ်ဖြစ်သွားရုံထက် explore လုပ်ကြည့်ပါ အမှားမရှိပါဘူး။ ဒီလို စကားမျိုး Zero ရေးတယ့် post တွေမှာ ပါလေ့ရှိပါတယ်။ တစ်ခုကို ကောင်းကောင်းနားလည်ထားရင် မသိသေးတာတစ်ခုကို ရှာဖွေဖတ်ရင်လည်း နားလည်လွယ်ပါတယ်။ Google က ကျနော်တို့ရဲ့ ကိုးကွယ်ရာ မဟုတ်ပဲ ခိုင်းစားရုံလောက်ပဲ ခိုင်းစားကြရအောင်။


Divinity

Note : ကျနော် MySQL cluster setup လုပ်ရင်း စဉ်းစားမိတာ ရေးလိုက်တာပါ။ MySQL cluster setup ကတော့ ဆက်ပါအုန်းမယ်။ MySQL cluster အတွက် လိုအပ်တယ့် ndbd က CentOS repo ထဲမှာ မရှိပါဘူး။ Mysql-max က Redhat မှာ enterprise subscriber တွေအတွက်ပဲရှိပါတယ်။ အပြင် rpm ကို download မှာထက်တော့ MySQL site က tgz လေး download ပြီး ကိုယ့်ဟာကို setup လုပ်တာ ကျနော့်အတွက် ပို အဆင်ပြေပါတယ်။ ဒီည game မဆော့ဖြစ်ရင် mysql cluster ရေးပါအုန်းမယ်။ :D

Tuesday, April 19, 2011

VMware vCenter Converter

http://www.vmware.com/products/converter/

Go green ဖို့ လက်ရှိသုံးနေတယ့် server တွေကို Virtualize လုပ်ချင်တယ်။ ခက်တာက Downtime မရှိချင်ဘူး ။
Server သေးသေးလေးတွေ အများကြီး run ရတာ မီတာကုန်တယ်၊ အားလုံးကို ပေါင်းပြစ်ချင်တာ။

ဖြစ်ပါတယ်။ ကျနော့်အတွက် အသုံးအတဲ့ဆုံး ဖြစ်နေတယ့် tools တစ်ခုပါ။ အဓိက သုံးဖြစ်တယ့် အကြောင်းရင်းက Power on machine တစ်ခု၊ actual server တစ်ခုကို ၊ downtime မလိုပဲ VMware server image အဖြစ် ပြောင်းပေးနိုင်လို့ပါ။ ပြောင်းတယ့်အခါမှာလည်း လိုအပ်ရင် disk space ကိုခြုံ့လို့ရပါတယ်။ Spec ကိုပြန် configure လုပ်လို့ရပါတယ်။

အရင်က office မှာ project တွေပြီးသွားရင် Code တွေ Data တွေ backup လုပ်သလို တစ်ချို့ project မှာကျ သုံးခဲ့တယ့် HDD ကိုသိမ်းထားပါတယ်။ လိုအပ်ရင် demo ပြန်ပြဖို့ပါ။ ပြန် setup မလုပ်ရပဲ လိုအပ်ရင် ချက်ခြင်း ပြန် run ပြနိုင်အောင်လို့။ အဲတော့ ကျနော်မှာ အမြဲတမ်း Hard disk တွေအပိုကုန်တယ်။ နောက်တော့ အဲ HDD တွေအကုန် VM image ပြောင်းပြစ်လိုက်တယ်။ Storage ပေါ်ကို အကုန်ပို့ထားလိုက်တယ်။ နောက်ပြီး office ထဲမှာ ဘယ်တုန်းကတည်းက run ထားမှန်းမသိတယ့် P3 server တွေရှိပါတယ်။ အလကား power ကုန် heat တက်ပါတယ်။ အဲကောင်တွေ အကုန်လုံးလည်း ESXi တစ်လုံး setup ပြီး အကုန်ပြောင်းလိုက်တယ်။ Server ခန်းထဲက desktop အားလုံး လွှင့်ပြစ်ရေးကြိုးစားမှုမှာ ဒီ tool က တော်တော် အထောက်အကူဖြစ်ပါတယ်။ တစ်ခါတစ်လေ UAT မှာ အားလုံးကောင်းပြီး Production ကျမှ ဖြစ်နေတာဆိုတယ့် ခက်ဆိုးဆိုး bug မျိုးကို troubleshoot ဖို့လည်း Production environment ကို downtime မရှိပဲ clone ပွါးလို့ရပါတယ်။

ကျနော်လို့ မကြာမကြာ server တွေ format ချ development အတွက် ပြင်ဆင်ပေး၊ ပြီးရင် ပြန် format လုပ် သံသရာလည်သူတွေအတွက် VMware product တွေက တော်တော်အဆင်ပြေပါတယ်။ အလကားလည်း ရပါတယ်။ ပျင်းပျင်းရှိရင် အခု ဒီ blog ကိုဖတ်နေတယ့် computer / laptop ကို VM image အဖြစ် ပြောင်းကြည့်ပါလား။ သူ့ wizard လေးအတိုင်း လိုတယ့် username / password လေးဖြည့်ပြီး next next သွားရုံပါပဲ။ လွယ်ပါတယ်။ :D

Divinity

Friday, April 15, 2011

CVS to Git migration

ဟိုတစ်လောက အလုပ်ထဲမှာ source code repository ကို CVS ကနေ Git ကိုပြောင်းမယ်ဆိုပြီး Git server setup လုပ်ထားတာကြာပါပြီ ။ ထပ်ရတယ့် project အသစ်တွေသာ Git မှာသုံးပြီး အဟောင်းတွေ CVS ကနေ မပြောင်းဖြစ်သေးဘူး။ Project တာဝန်ခံက ဒီ project migrate ပေးပါလို့ဆိုမှ ကျနော်က ပြောင်းပေးရတာ။ သူတို့လည်း ပျင်းလို့ထင်တယ် ။ ဘယ်သူမှ လာမပြောကြဘူး။ ဒီနေ့တော့ အရင် Project အဟောင်းလေးခု migrate လုပ်ဖြစ်တယ်။ လွယ်လွယ်ကူကူပါပဲ။ Git က CVS ကို ကောင်းကောင်းနားလည်းပါတယ်။ သူ့ဟာသူ ဝင် checkout လုပ်ပြီး fetch သွားတာပဲ။ ကျနော်တို့ သိဖို့လိုတာဆိုလို့ CVS server IP ၊ CVS accessible account တစ်ခု၊ CVSROOT path နဲ့ migrate လုပ်ချင်တယ့် CVS နာမည်ပဲလိုပါတယ်။

1. ပထမဆုံး လိုအပ်တယ့် tools တွေအရင်စစ်ရမယ်။ cvsimport က git-core ထဲမှာ ပါလေ့ရှိပါတယ်။ ဒါပေမယ့် distro ကပြန်ပြီး package တွေခွဲထားတာမျိုးဆိုရင် မပါတတ်ပါဘူး။ Fedora မှာဆို git-core အပြင် git-cvs ကိုသက်သက် install ပြန်လုပ်ရပါတယ်။ ကို install ထားတယ့် git-core ထဲမှာ cvsimport ပါမပါကို git help -a နဲ့ ကြည့်လို့ရပါတယ်။ Support လုပ်တယ့် git command တွေထွက်လာပါလိမ့်မယ်။ မျက်စိနောက်ရင် grep နဲ့ filter လုပ်ကြည့်ပေါ့။ git help -a | grep cvsimport လို့ filter လုပ်ကြည့်ပါ။

2. နောက်တစ်ခုက cvsps command line tools ရှိမရှိကြည့်ပါ။ CVS patchset generate လုပ်တယ့် tools ပါ။ Patchset ဆိုတာကတော့ change history တွေ၊ revision information တွေ၊ commit history တွေကို CVS log ကနေ patch set ပြောင်းပေးပါတယ်။ ( ပက်စက်တယ်ပေါ့ဗျာ )။

3. CVS server ကို login လုပ်မယ့် credential ကို အရင် prepare လုပ်ထားရအောင် ။ ဒီအဆင့်က optional ပါ။ ဒါပေမယ့် CVS ထဲက repo တစ်ခုမက ခဏခဏ migrate လုပ်ဖို့လိုရင်တော့ ဒီအဆင့်လေးကို ကျော်မသွားတာကောင်းပါတယ်။ Command syntax ကတော့

CVSROOT=:cvs-login-method:cvs-user-name@cvs.server.name:/path/to/CVS/root cvs login

ဒီမှာ cvs-login-method ၊ username ၊ servername ၊ CVSROOT path တွေကို အစားထိုးရပါမယ်။ ဥပမာ cvs-login-method က pserver၊ username က ngar ၊ Servername / IP က 1.2.3.4 ၊ CVSROOT path က /share/cvs ဆိုပါတော့၊ ဒါဆို ဒီလိုဖြစ်သွားပါမယ် ။

CVSROOT=:pserver:ngar@1.2.3.4:/share/cvs cvs login


ဒါဆို password ရိုက်ဖို့ prompt လုပ်လိမ့်မယ်။ Password ရိုက်လိုက်ရင် password ကို hash လုပ်ပြီး ကိုယ့် $HOME အောက်မှာ .cvspass ဆိုတယ့် file နဲ့ သွားသိမ်းပါလိမ့်မယ်။

4. နောက်ဆုံး အနေနဲ့ ( အခုမှ စတာပါ တကယ်က ) CVS ကို Git အနေနဲ့ import လုပ်ပါတယ်။ Command syntax ကတော့

git cvsimport -v -d :cvs-login-method:username@servername:/CVSROOT cvs-module-name -C output-directory-name.git

ခုနက အပေါ်မှာ ပြောခဲ့တယ့် server ပေါ်က zephyr ဆိုတယ့် CVS module ကို import လုပ်ချင်တာဆိုရင် command က ဒီလိုဖြစ်သွားပါမယ်။

git cvsimport -v -d :pserver:ngar@1.2.3.4:/share/cvs zephyr -C zephyr.git

ဒါဆို CVS ကနေ checkout လုပ်ပြီး Git repo အဖြစ်နဲ့ import လုပ်ပါလိမ့်မယ်။ ဇိုက်ဖာရ် ဒေါ့ ဂစ် ဆိုပြီး Git repo တစ်ခုရပါလိမ့်မယ်။

အမှန်က ဒါကို Server ကို master အနေနဲ့ ပြန် push လုပ်ပေးရပါတယ်။ ကျနော်လို ငပျင်းကတော့ တစ်ခါ import လုပ် တစ်ခါ push လုပ်၊ နှစ်ခါ အချိန်ကုန်မခံပါဘူး။ Server ပေါ်ကနေပဲ import လုပ်ပါတယ်။ ပြီးရင် repo directory (e.g: zephyr.git) ရဲ့အောက်မှာရှိတယ့် .git ထဲက file တွေ folder တွေကို ကူးထုတ်လိုက်ပါတယ်။ .git ( dot git ) ရဲ့အောက်မှာ Description တို့ ၊ head တို့ ၊ hook တို့၊ refs တို့ နဲ့အတူ branches တွေရှိပါတယ်။ ဒါတွေ အပြင်ကို ကူးထုတ်လိုက်ရင် တခြား git client တစ်ခုကနေ clone/pull လို့ရပါပြီ။

Divinity


Nearly Related Post:

Thursday, January 20, 2011

TCP နဲ့ UDP ဘာကွာ လည်း ?

TCP နဲ့ UDP ဘာကွာ လည်း ? အလုပ်ထဲမှာ NLB အကြောင်းပြောရင်းနဲ့ ပြောဖြစ်တယ် ။ TCP က destination အတိအကျကို လာပြီး ၊ UDP က broadcast ပုံစံသွားတယ်လို့ ထင်နေတယ့် သူတွေ တွေ့လိုက်ရလို့ပါ။ UDP မှာ Dest အမှန်က pick-up လုပ်၊ မဟုတ်တယ့်သူတွေ က drop တယ်လို့ထင်နေကြတယ်။ Hub နဲ့ Switch ကွာပုံနဲ့ ရောနေတယ်ထင်တယ်။ Tech engineer တွေနဲ့ပြောတာမဟုတ်လို့ (ကျနော်တို့ PM နဲ့ senior software eng တစ်ယောက်ပါ)၊ non-technical ပုံစံပဲပြောဖြစ်တယ်။

တစ်ခုက ကျနော် severfault မှာဖတ်ဖူးတယ့် CEO level explanation ။ ဆိုကျပါတော့၊ CEO က စာရွက်သုံးရွက်ကို လုံးပြီး အမှိုက်ပုံးထဲကို ပြစ်ချင်တယ်။ စာရွက်သုံးရွက်က သူပို့ချင်တယ့် data ( packets) ပါ။ CEO ကြီးက source ၊ အမှိုက်ပုံးက destination ပေါ့။ ဘယ်လိုပြစ်မလည်းဆိုတယ့် manner က TCP / UDP ပါပဲ။ TCP လိုပြစ်ရင်တော့ ပထမ တစ်ရွက်ပြစ်တယ်၊ ဝင်မဝင်ကြည့်တယ်၊ ဝင်ရင် နောက်တစ်ရွက်ထပ်ပြစ်တယ်။ ပြုတ်ကျသွားရင်တော့ ( ထကောက်ပြီးတော့) နောက်တစ်ခါထပ်ပြစ်တယ်။ အဓိကက စာရွက်သုံးရွက်လုံး အမှိုက်ပုံးထဲဝင်တာ သေချာဖို့ စနစ်တကျပြစ်တယ်ပဲ ဆိုပါတော့။ UDP ဆိုရင်တော့ တစ် နှစ် သုံး ဆိုပြီး အမှိုက်ပုံးရှိမယ့်ဘက်ကို အကုန်ပြစ်လိုက်မယ်၊ ဝင်တာမဝင်တာ ဂရုမစိုက်ဘူး ၊ မဝင်လည်းနေပါစေပေါ့။

CEO level က အရမ်း briefly ဖြစ်နေတယ်။ နောက် example တစ်ခုပြောမယ်။ We should call it "Project manager level explanation" လို့ပြောတော့ PM က မျက်ထောင့်နီနဲ့ကြည့်တယ်။
ကျနော်တို့ စာတစ်စောင် ပို့မယ်ဆိုပါတော့။ စာက Data ၊ ကျနော်က source ၊ ကျနော်ပို့ချင်တယ့် လိပ်စာက Destination ပေါ့။ ဘယ်လိုပို့မလည်း ( transmission method ) နှစ်ခုရွေးစရာရှိမယ် ။ DHL နဲ့ ပုံမှန် unregistered post mail ပေါ့။

DHL နဲ့ပို့တယ်ဆိုပါတော့ ၊
1. DHL က အိမ်ရှေ့ကိုရောက်အောင်လာမယ် ( route)
2. အိမ်တခါးကို လာခေါက်မယ် ( 3 way hand-shake)
3. ဒီ address မှာ ဒီစာကို လက်ခံနိုင်ကြောင်း သေချာမှ
4. စာကိုပေးပြီးရင်လည်း လက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းမယ် ( Acknowledgement)
5. တကယ်လို့ လက်ခံမယ့်ဘက်က လူမရှိရင်ပဲဖြစ်ဖြစ် ၊ လက်ခံဖို့အရမ်းအလုပ်တွေရှုပ်နေရင်ပဲဖြစ်ဖြစ် ၊ နောက်တစ်ခေါက်ပြန်ပို့မယ် ( transmission control, windowing)
6. ဒီလိပ်စာက ဒီလူမရှိတော့တာမျိုး၊ လိပ်စာမှားနေတာမျိုးဆို sender ကိုပြန် အကြောင်းကြားမယ်။
Sender ဖက်က ပို့လိုက်တာ ရောက်မရောက် သိနိုင်မယ် ၊ လိုအပ်ရင် နောက်တစ်ခေါက် ၊ နောက်တစ်နေရာ ပို့ဖို့လိုအပ်ရင် လည်းသိရမှာပေါ့။

Unregisterd post mail ဆိုရင်တော့
1. အိမ်အောက်က mailbox ကိုလာမယ် ( route)
2. စာတိုက်ပုံးထဲ ထဲခဲ့မယ်
လက်ခံရမယ့်လူ အိမ်ပြောင်းသွားလို့ သူလက်ထဲမရောက်လည်း တာဝန်မယူဖူး။ ရောက်လားမရောက်လားလည်း မသိနိုင်ဘူး။
ဒီ example မှာ connection less နဲ့ connection oriented ပုံစံကို ထဲ့မပြောနိုင်ပေမယ့် နှစ်ခုလုံးက destination ကိုသိပြီး destination ကိုပဲရောက်အောင်လာကြတာပါပဲ။ Transmission control ပါတာနဲ့ မပါတာပဲ အဓိကကွဲတယ်လို့ ပြောရင်ရပါတယ်။

Technical engineer ကိုဒါမျိုးပြောလို့ မရနိုင်ပေမယ့် ၊ ဘာမှန်းမသိ စွတ်ပြောတတ်တယ့် သူဌေးတွေ ( PM တွေရောပေါ့) အတွက်တော့ သူတို့ညာဏ်နဲ့ လိုက်မှီတယ့် explanation ဖြစ်မယ်ထင်ပါတယ် :D ။

စာမရေးတာကြာပြီ ၊ ဘာမှ မလုပ်တာကြာပြီ ။ တစ်ခုခုသေခြာပြန်လုပ်မယ်လို့ စိတ်ကူးပြီး တခြား colleague တစ်ရောက်စီကနေ သူ download လုပ်ထားတယ့် game အသစ်တွေ 36 GB ဒီနေ့ copy လုပ်လိုက်ပါတယ် ။

Divinity

Thursday, July 29, 2010

Linux commands (1)

Linux console ပေါ်မှာ အလုပ်လုပ်တယ့် အခါ တစ်ချို့ command တွေက သိထားရင် command line interface မှာ အတော်အသုံးဝင်ပါတယ်။ မသိလည်းရတယ် ၊ သိရင် ပိုအဆင်ပြေတယ့် command လေးတွေပေါ့။ နည်းနည်းချင်း ခေါင်းထဲပေါ်လာသလောက် ရေးသွားပါမယ်။

...........
Log file လိုဟာမျိုးကို ဖတ်တယ့်အခါမှာ tail command ကသုံးဝင်ပါတယ် ။ ဆိုကြပါတော့၊ httpd ရဲ့ access_log file ။ Apache process run နေပြီး user တွေက access လုပ်နေတိုင်း access_log ကရေးနေပါတယ်။ ဒီလို log မျိုးရဲ့ နောက်ဆုံး process တွေ log ကို လိုချင်ရင် အလွယ်တကူက `cat /var/log/httpd/access_log ဆိုပြီး cat ထုတ်လိုက်တာမျိုး ၊ tail -n50 /var/log/httpd/access_log ဆိုပြီး နောက်ဆုံး လိုင်း 50 ခေါ်ကြည့်တာတို့ လုပ်လိုက်တာများတယ်။ ဒါတွေက ဒီ command ကို ရိုက်လိုက်တယ့် အချိန်က log ထဲမှာရှိတာကိုပြတာပါ။ Real time တောက်လျှောက်လာရေးနေတာကို ဖတ်ချင်ရင်တော့
tail -f /var/log/httpd/access_log

ဆိုပြီး tail -f ကိုသုံးပါတယ်။ ဒါဆို console ထဲမှာ log file ကပွင့်လာပြီး log မှာ တစ်လိုင်းအသစ်လာရေးတိုင်း တစ်လိုင်းတက်တက်လာတယ်။ ဒါဆို debug လုပ်ဖို့ ပို အဆင်ပြေပါတယ်။

........
တစ်ခါတစ်လေ log file ( text file တစ်ခုခုပေါ့) ကို ရှင်းလိုက်ချင်တာမျိုးတွေမှာ ၊ အထဲက စာတွေ လိုက်ဖျက်ရရင်လည်း မလွယ်ဘူး။ File ကိုဖျက်ပြစ်လိုက်ပြီး ၊ process က log ပြန်လာရေးခိုင်းတာကလည်း ပြောရင် သိပ်မကောင်းဖူး။ File ကို ဖျက်ပြစ်လိုက်ရတာကိုက မကောင်းဘူး။ အထဲက content ကိုပဲ ရှင်းလိုက်ချင်ရင် ဒီလိုလေးက လွယ်တယ် ။
> /path/to/log.file

အရှေ့က '>' လေးက command ထဲမှာပါပါတယ်။ တစ်ကယ်က
echo "" > /path/to/log.file

ကိုလုပ်သွားတာပါ။ echo command နဲ့ output pipe '>' ကိုသိရင် ဒါကိုသိပါလိမ့်မယ်။ File ထဲက content ကို blank space တစ်ခုနဲ့ overwrite လုပ်လိုက်တာပါ။ အဲတော့ log file က empty log ဖြစ်သွားတာပေါ့။

..........
နောက်တစ်ခုကတော့ shell arguments တွေပါ။ အသုံးဖြစ်ဆုံးကတော့ ! နဲ့ !$ ပါ ။
! က နောက်ဆုံးသုံးခဲ့တယ့် argument ကို ကိုယ်စားပြုပါတယ်။ တကယ်လို့ အပေါ်မှာ file တစ်ခုကို vi သုံးပြီး edit ထားတယ်။ အခု တခြား directory ကိုရောက်နေပြီ ။ File path ကြီးကရှည်လို့ ပြန်မရိုက်ချင်ဖူးဆိုရင်
!vi

လို့ သုံးလို့ရပါတယ်။ Shell history ထဲက နောက်ဆုံး vi command ကိုပြန်ခေါ်ပေးပါလိမ့်မယ်။

.......
!$ ကတော့ last command ရဲ့ argument ကိုပဲယူတာပါ။
ls -l /bar/nyar/thar/da/kar/file

လို့ ရှာပြီး၊ နောက်တစ်လိုင်းမှာ အဲ file ကို vi မှာ edit ဖို့ဆိုရင် ပုံမှန်ဆို vi /bar/nyar/thar/da/kar/file ဆိုပြီး ရှည်ရှည်လျှားလျှားရိုက်နေရပါမယ်။ အဲတော့
vi !$

လို့ရိုက်လိုက်ရင် နောက်ဆုံး command ရဲ့ argument ကိုပြန်ယူပြီး vi သွားပါလိမ့်မယ် ။
( Up arrow နဲ့ last command ကိုပြန်ခေါ်၊ Home ကိုနှိပ်ပြီး ls -l ကိုဖျက် vi လို့ရိုက် ၊ ဒါလည်းရပါတယ်။ ဒါပေမယ့် ပိုမရှည်ဖူးလား။ ဒါတောင် Home တို့ End တို့ကို Shell environment ထဲမှာ set ထားမှပါ။ Unix အများစုမှာ default အားဖြင့်မပါပါဘူး။ Home နှိပ်လိုက်ရင် ^ တွေနဲ့ ပေါ်လာပါလိမ့်မယ်။ )

..........
အခုတော့ တော်လောက်ပြီ။ အခုသုံးလိုက်မိတာလေးတွေ ပြောပြတာပါ။ နောက်ကြုံရင် ကြုံတာတွေ ရေးပါအုန်းမယ် ။ တစ်ချို့ command တွေက သူ့နောက်က option တွေအရမ်း powerful ဖြစ်တာတွေရှိပါတယ်။ find တို့လို command မျိုးပေါ့။ exec လို အသုံးတယ့်တာတွေလည်း ရှိပါသေးတယ်။ နောက်များမှ ....

Divinity

Thursday, July 22, 2010

RAID is not *Backup*

Well,I've heard of this since a few years back. It could never protect from Human errors, e.g, mistakenly issued a DROP database command. :)

Some people believe RAID 1 could save them from the risk of data looses due to hardware failure since they have 2 copies of every things. That's partially true. RAID 1 could save you from data looses due to 'a hard drive failure', not any of hardware failure. In a RAID 1 system, it includes 2 hard drives minimum ( could be 3 with a hot-spare) and a RAID controller card. Everything on a primary HDD is mirrored across on secondary one. So even if the primary HDD is failed, we could still continue our business since every bits of data are still exist on the secondary HDD. Probability of failing both HDDs at the same time is a very rare chance, approximately 0.01% chances only. Looks promising, right ?

But as I've said above, RAID controllers are involved in RAID systems and they play the main role in it. In most cases, when a RAID controller fails, it might make some improper I/O onto the hard drives which can bring your system into file system corruption. The chances of failing RAID controller is a bit high if we are dealing with integrated raid cards. Dedicated RAID controllers are much better in this case.


...................................

I've had this problem one time a year ago on Windows System running on RAID 5. It makes my system hang and gives BSOD on next reboot ( still BSOD even on the other known good machines). At that time I got a few luck to copy out all data using a Linux Live CD and it was a development server which is not too critical.

Just in a few days ago, one of our client gives us a call and says their payment gateway system is not accessible. What a generic report from a user 'not accessible' with no specific details. I could browse to their admin web UI and ssh in and looks around. But when i tried to create a file using 'touch' I got an error. Well, this's it. Initially, I was totally clam as I know this system is running on 2 mirrored HDDs. If a HDD fails, I can just swap it with a new HDD and bingo. That is what I've in my mind while travelling down to data center.

But it was not that fortunate. I was surprised to see both HDD having the same IO issue. Magic fsck could not help me this time. Try those HDDs with another spare identical machine, Kernel panic. I whispers "that's good. you give me something interesting bullsh*t for today". By running ServeRAID on the problematic machine, I could see it can't detect the HDDs all the the time even to the new HDD I just brought from office. Only thing I can do is I can backup databases and some data from linux rescue mode. Yes, some lib directories are not even browsable at this point.

I've left with no choice but to prepare a new server to replace. This existing system has self compiled Apache and some modules, including openssl and some libraries which supports TLS. It's not a difficult things, but it takes time. It's 11pm already when I started installing a new server. Well, that's an almost overnight working day.

...................................

When a RAID controller's gone, it has a chance all your data could be gone/corrupted too. So backup is a 'must' even if you are running on RAID 50. Be planned, be prepared.


Divinity

Wednesday, July 21, 2010

SUID ဆိုတာ

Linux / Unix system တွေအကြောင်းလေ့လာရင် SUID / SGID ဆိုတယ့် အသုံးအနှုန်းမျိုး တွေ့ရတတ်ပါတယ် ။ SUID ဆိုတာ Set User ID ကို အတိုခေါ်တာပါ။ Executable file တွေရဲ့ permission မှာ ပေးလေ့ရှိပါတယ် ။ SUID ပေးရတယ့် ရည်ရွယ်ချက်က executable permission ရှိတယ့် ဘယ် user ကပဲ execute လုပ်လုပ် ၊ ဒီ command / file ကို file owner ရဲ့ identity နဲ့ run လိုက်ပါတယ်။ ဆိုလိုတာကတော့ root user ရဲ့ file တစ်ခုကို everyone executable ပေးထားမယ်၊ ဒါပေမဲ့ SUID set ထားရင် ဘယ် user ကပဲ run run ဒီ file က root user အနေနဲ့ run ပါမယ်။ အနီးစပ်ဆုံး လို့ ထင်တယ့် windows ဥပမာကတော့ run as administrator နဲ့ run သလိုပေါ့။ ( သိပ်တော့မတူသလိုပါပဲ။ Run as administrator ကိုသေချာမသိလို့ မပြောနိုင်ပါဘူး)

Linux / Unix မှာ file permission ကို rwx ( Read, Write, Execute) ဆိုပြီး သတ်မှတ်ပါတယ်။ SGID / SUID ပေးထားရင်တော့ s ဆိုတာလေးတွေ့ရလေ့ရှိပါတယ်။ဥပမာလေး ပြောရအောင် ။

User တိုင်းကို cd တို့ ls တို့လို command မျိုးကိုတော့ ပေးသုံးရပါတယ်။ အဲလို command တစ်ခုရဲ့ permission ကိုကြည့်ရင်
$ ls -l /bin/ls
-rwxr-xr-x 1 root root 116688 2010-04-28 23:56 /bin/ls


File ရဲ့ owner က root ဖြစ်ပြီး other users ( Everyone ပေါ့ဗျာ Windows မှာတော့) ကို Executable permission ပေးထားတာတွေ့ပါလိမ့်မယ် ။ Linux File permission ( rwx တို့ ၊ 700 တို့ 777 တို့ )အကြောင်းသိပြီးသား လို့ ယူစလို့ ဒါကိုမရှင်းတော့ပါဘူး။ ls command ကို User တိုင်းက အသုံးပြုနိုင်တယ်။ နောက်ထပ် User တိုင်း သုံး လို့ရတယ့် command လေးတစ်ခုကိုကြည့်ရအောင်။ Password change တယ့် passwd command ပါ။
ls -l /usr/bin/passwd
-rwsr-xr-x 1 root root 25836 2009-09-14 20:14 /usr/bin/passwd


သူလည်း everyone executable ပေးထားတယ် ဒါပေမယ့် တတိယအလုံးမှာ x မဟုတ်ပဲ s ဖြစ်နေတယ်။ ဒါ SUID set ထားတယ်လို့ ဖော်ပြတာပါ။ ls command တုန်းကလိုပဲ သူ့မှာလည်း နောက်ဆုံးအလုံးက 'x' ၊ ဒါဆို others မှာ executable permission ပေးထားတာပေါ့။ ကွာတာက ၊ ရှေ့မှာ 's' ဖြစ်နေတယ်။ ls command တုန်းကလိုပဲ User တိုင်းကသုံးနိုင်တယ်။ ဒါပေမဲ့ ဒီ passwd command ကို သုံးပြီး လုပ်သမျှအလုပ်တိုင်းကိုတော့ root အနေနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ SUID ကို security consideration တစ်ခုအနေနဲ့ သတ်မှတ်ကြလေ့ရှိပါတယ်။ Command တိုင်း file တိုင်းကို အားတိုင်း SUID set မလုပ်ဖို့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ဘာလို့လည်း ?

ခုနက passwd command လေးကိုပဲ ကြည့်ရအောင်။ User တစ်ယောက်ရဲ့ password ဟာ /etc/shadow ဆိုတယ့် file ထဲမှာ hash အနေနဲ့ ရှိပါတယ်။ တကယ်လို့သာ ဒီ hash တွေကို ရရင် rainbow table တွေဘာတွေနဲ့ decipher လုပ်နိုင်ကောင်းလုပ်နိုင်ပါတယ်။ Root user ရဲ့ password လည်း hash အနေနဲ့ ရှိပါတယ်။ အဲတော့ ဒီ /etc/shadow file ထဲက data က အရမ်းအရေးကြီးတယ့် sensitive data ပါ။ ဖြစ်နိုင်ရင် ဘယ် user ကိုမှ ပေးမကြည့်သင့်ဖူးပေါ့။ ဒီ /etc/shadow file ရဲ့ owner က default အနေနဲ့ root ဖြစ်ပြီး permission က 700 ( Owner သာလျှင် rwx ရှိပြီး ကျန်တယ့်လူတွေ read တောင်လုပ်လို့မရတယ့် permission) ပေးထားလေ့ရှိပါတယ်။

အဲမှာ စတာပါပဲ ၊ User တစ်ယောက်က password change ရင် passwd command ရဲ့ process တစ်ခုအနေနဲ့ password အသစ်ကို hash ပြောင်းပြီး ဒီ /etc/shadow file ထဲမှာရှိတယ့် သူ့ရဲ့ password hash ကို ပြင်ရပါမယ်။ ဒါမှ password အသစ်ဖြစ်မှာကိုး။ ဒါပေမယ့် root user ကပဲ ဒီ file ကို edit လို့ရတယ်။ ဒါဆို password change တိုင်း root ကိုလှမ်း change ခိုင်းရမှာလား ။ ဒါဆိုလည်း မဟုတ်သေးဘူး။ ဒါတွေကြောင့် password change ရာမှာသုံးတယ့် passwd command ကို root အနေနဲ့ SUID set ထားလိုက်ပါတယ်။ passwd command က လုပ်တယ့် အလုပ်မှန်သမျှ ၊ /etc/shadow မှာ hash update လုပ်တာအပါအဝင်၊ အားလုံးကို ဒီ file ရဲ့ owner ဖြစ်တယ့် root user အနေနဲ့ လုပ်သွားလိုက်တယ်။ /etc/shadow ကို everyone editable ပေးရတာထက် အများကြီးကောင်းတာပေါ့။ ဒီလောက်ဆိုရင် SUID ဆိုတာ ဘာလုပ်တယ်၊ ဘယ်လိုဆိုတာ သိလောက်ပါပြီ။

အပေါ်မှာ ပြောခဲ့သလိုပဲ SUID set ရင် အလွန်သတိထားရပါတယ်။ ဒီ executable file က ဘာတွေလုပ်သလည်းဆိုတာရယ် သူ့ source ရယ်ကို သိသင့်ပါတယ်။ SGID set ထားတယ့် file တစ်ခုက တစ်ခြား user ကို write permission မပေးရပါဘူး။ Edit လုပ်ပြီး သူလိုချင်တယ့် command တွေပြောင်းသွားရင် ကိုယ်ပဲ ပြသနာဖြစ်ပါမယ်။ Shell script လိုဟာမျိုး ၊ source file လိုဟာမျိုးကို SUID မပေးသင့်ပါဘူး။ Content ကိုမြင်နေရလို့ Buffer Over Flow(BOF) flaw ရှိတာတို့ဘာတို့ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် Compiled binary ကိုပဲ SUID ပေးသင့်ပါတယ်။ ဒါတောင် safe လို့ပြောလို့မရပါဘူး။

ခုတစ်လော စာမရေးဖြစ်တာကြာလို့ Clonezilla လေးနဲ့ server တစ်ခုကို image အဖြစ်ပြောင်းနေတာ ထိုင်စောင့်ရင်း ဒီ post ကိုရေးလိုက်ပါတယ်။ SGID တော့ နောက်မှပေါ့ ။ ဘာရေးရမှန်းမသိသလို စာစီမရတာလည်းကြာပြီ ။ :D


Regards
Divinity

Thursday, July 1, 2010

Wired Equivalent Privacy ( WEP)

WEP နဲ့ WEP cracking tutorial ကိုပြန်ရှင်းပြတာမျိုး ကျနော် Myanmar IT Resource Forums မှာ ရေးဖူးပါတယ်။ အဲတုန်းက Forum post ဆိုတော့ မေးတာဖြေ၊ ပြန်ပြောနဲ့ article ပုံစံတော့မဟုတ်ဖူးပေါ့။ အဲတုန်းက ရေးခဲ့ဖူးတာကို ကျနော် blog post ပုံစံ ပြန်ရေးကြည့်ချင်တယ်။ Cracking tuto တော့ ပြန်မရှင်းတော့ဖူး။

Wireless ရဲ့ အလုပ်လုပ်ပုံကစရအောင်။ Wireless connection တစ်ခုချိတ်ရင် ပထမ Authenticate လုပ်ရတယ်။ ဒါကို associate လုပ်တယ်လို့ခေါ်ပါတယ်။ Laptop တစ်ခုက Access point တစ်ခုကို ချိတ်မယ်ဆိုရင် ပထမဆုံး associate လုပ်ရပါတယ်။ နောက်တော့ Association passed ဖြစ်သွားပြီဆိုရင် data transmission စလုပ်လို့ရပါပြီ။ ဒီ data တွေက လေထဲကသွားနေမှာဆိုတော့ Encrypt လုပ်ဖို့လိုပါတယ်။ Wireless security method တွေရဲ့ ကွာခြားမှုက ဘယ်လို encrypt လုပ်လည်း၊ ဘယ်လို data packet structure မျိုးနဲ့ ပို့လည်းဆိုတာတွေပဲကွဲသွားတာပါ။ WEP key ရော WPA key ရော WPA2 key ရော လက်နဲ့ ရိုက်ထဲ့ရတာကြီးပဲ။ WEP အကြောင်းဆက်ရအောင်။

WEP 64 bits key က Hexadecimal 10 လုံး၊ ကျနော်တို့ wireless ချိတ်ရင် ရိုက်ရိုက်ထဲ့နေကြ။ Hex ကတစ်လုံးမှာ 4 bits ရှိတာ သင်ဖူးတယ်။ Hex 10 လုံးဆိုရင် 40 bits ရှိရမှာ ၊ ဒါပေမယ့် 64 bits key လို့သုံးပါတယ်။ အဲဒီ 40 bits Hex 10 လုံးကိုတော့ password လို့ပဲ သတ်မှတ်ပါတယ်။ ဒီ password က both ends မှာ သိဖို့လိုပါတယ် ။ ဆိုလိုတာကတော့ Wireless Access Point ဖက်မှာရော ၊ ချိတ်မယ့် client ( laptop ဆိုပါတော့) ဖက်မှာပါ ဒီ password ကို သိထားရမယ်။ ဒါကိုသုံးပြီး Associate လုပ်ရမှာကိုး။ ဒီ password က Hex 10 လုံး 40 bits၊ ကျန်တယ့် 24 bits ကိုတော့ Initialization Vector(IV) လို့ခေါ်ပါတယ့် random generated binary string ပါ။ Password 40 bits + IV 24 bits = WEP Key 64 bits ဖြစ်သွားတယ်။ ဒါက WEP key အကြောင်း။ data transaction လုပ်တော့ ဒီ key ကို ဘယ်နေရာမှာသုံးလည်းဆိုတော့ ..

( နည်းနည်း ရှုပ်ရအောင် ။) WEP မှာ hash / encryption အတွက် RC4 Algorithm ကိုသုံးပါတယ်။ ခုနက ရထားတယ့် 64 bits key ကို RC4 ကိုသုံးပြီး encrypt လုပ်လိုက်ပါတယ်။ အဲဒီကနေရလာတယ့် hash ကိုသုံးပြီး ပို့ချင်တယ့် data ကို Eclusive Or (XOR) လုပ်လိုက်ပါတယ်။ DATA ကို XOR လုပ်လိုက်လို့ ရလာတယ့် Cipher text ကိုမှ ခုနက 24 bits IV နဲ့ တွဲပြီး transmit လုပ်ပါတယ် ။ လက်ခံရရှိတယ့် ဘက်မှာက 40 bits password ကသိနေပြီးသားလေ။ အဲတော့ သိပြီးသား Password ရယ်၊ ပို့တယ့် ထဲမှာပါတယ့် IV ရယ်ပေါင်းလိုက်၊ ပြီးတော့ RC4 နဲ့ Encrypt ပြန်လုပ်၊ ရလာတယ့် hash နဲ့ ခုနက လက်ခံရရှိတယ့် Cipher text ကို XOR ပြန်လုပ်၊ ဒါဆို data ကို decipher text အနေနဲ့ ပြန်မြင်ရပြီ။ တော်တော် ရှုပ်သွားတယ်။ ငယ်မူပြန်ပြီး ABCD တွေနဲ့ စဉ်းစားကြည့်ရအောင်။

40 bits Password က A လို့ဆိုပါတော့။ WEP အတွက် randomly generate လုပ်လိုက်တယ့် 24 bits IV ကို B လို့ ဆိုပါတော့။ ဒါဆို 64 bits WEP key က AB ဖြစ်သွားပြီ။ ဒီ AB ကို RC4 ကိုသုံးပြီး hash လုပ်လိုက်တော့ C ဆိုတယ့် hash တစ်ခုရလာပါတယ် ။

ပို့မယ့် Data က 'X' လို့ထားပါတော့။ ( Data လို့ဆိုတယ့်နေရာမှာ Integrity check အတွက် checksum ပါ ပါပါတယ်။) ခုနက ရထားတယ့် hash 'C' နဲ့ Data 'X' ကို XOR လုပ်လိုက်ပါတယ်။ Result ကတော့ Cipher text တစ်ခုဖြစ်တယ့် 'Y' ကိုရလာပါတယ် ။ ဒါဆိုပို့လို့ရပြီ။ Cipher text ဖြစ်နေတယ့် Y ရယ်၊ IV ဖြစ်တယ့် B ရယ်ကို data packet ထဲမှာ ထဲ့ပို့လိုက်ပါတယ်။

လက်ခံရရှိတယ့် ဘက်ကရော။ သူက Cipher text 'Y' ရယ်၊ IV 'B' ရယ် ရတယ်။ Data က cipher text ဆိုတော့ ဖတ်လို့မရသေးဘူး။ Decrypt ပြန်လုပ်ရအုန်းမယ်။ သူ့မှာ Password 'A' ကရှိနေပြီးသား၊ သိပြီးသားပါ။ လက်ခံရရှိတယ့် packet ထဲမှာ IV ဖြစ်တယ့် 'B' က plain text အဖြစ်ပါလာတယ်။ အဲတော့ ဒီနှစ်ခုပေါင်း AB ကိုရပြီ။ AB ကို သူ့ဘက်မှာလည်း RC4 encrypt လုပ်လိုက်တော့ hash ဖြစ်တယ့် 'C' ကိုရပါပြီ။ လက်ခံရရှိထားတယ့် Cipher text 'Y' ကို hash 'C' နဲ့ပြန်ပြီးတော့ XOR ပြန်လုပ်လိုက်ရင် Data ဖြစ်တယ့် 'X' ကို plain text အဖြစ်ပြန်ရပါတယ်။ ( XOR က symmetric ပါ။ C နဲ့ X ကို xor ရင် Y ကိုရသလို၊ C နဲ့ Y ကို xor ပြန်လုပ်ရင် X ကိုပြန်ရပါတယ်။ အပြန်အလှန်ရတယ်ပေါ့။ ) ဒီပုံက KSA နဲ့ PRGA ဆိုတာ RC4 ရဲ့ အဆင့်တွေပါ။ (Disclaimer: I grubbed this image from Google image search)



WEP ရဲ့ အားနည်းချက်က အဓိကဖြစ်တယ့် IV က 24 bits ထဲဖြစ်နေပြီးတော့၊ transmission မှာ plain text အဖြစ်ပို့ဖို့ လိုအပ်နေတာပါပဲ။ အရင်ကတော့ WEP မှာ IV ကို ဘယ်လို generate လုပ်မလည်းဆိုတာ ပေါ်မှာ ၊ ကွဲပြားပါသေးတယ်။ တချို့ hardware vendor တွေက IV ကို အစီအစဉ်တကြ generate လုပ်တယ်။ 00 .. 01 .. 10 .. 11 အဲလိုပေါ့။ ဒါက မှန်းရတာလွယ်လို့ နောက်တော့ pattern တစ်ခုနဲ့ generate လုပ်ကြတယ်။ ဒါလည်း pattern ကို ရှာရတာ မခက်ပြန်ဖူး။ နောက်တော့ လုံးဝ စိတ်ကူးတဲ့သလို randomly generate လုပ်တာကို သုံးကြတယ်။ ဒါပေမယ့် ပြသနာကရှိနေပါသေးတယ်။ 24 bits မို့ range ကနည်းပါတယ် 16 သန်းကျော်ကျော်ပဲရှိပါတယ်။ အဲတော့ random pick တယ့် အခါမှာ အချိန်အတိုင်းအတာ တစ်ခုမှာ ပြန်ထပ်တတ်ပါတယ်။ အများအားဖြင့် 10000 နဲ့ 20000 ကြားမှာ တစ်ခါ ထပ်ပါတယ်။

WEP ကို crack တယ့် သူက အများအားဖြင့် ARP request တစ်ခုကိုစောင့်ပြီး အကြိမ်ကြိမ် ဒီ request ကိုပဲ reply လုပ်ပါတယ်။ ဆိုလိုတာက data ကပြောင်းလည်းမသွားဘူး၊ Wireless AP ဘက်က respond မှာသာ IV က random ဖြစ်နေလို့ reply ပြန်လာတယ့် cipher text 'Y' က အမျိုးမျိုးဖြစ်နေမယ်။ တကယ့် data 'X" ကမပြောင်းလည်းဘူးဆိုတာကို သိနေတယ့် knowledge ကို အခြေခံပြီး IV ပြန်ထပ်သွားတယ့် အချိန်မှာ collect လုပ်ထားတယ့် IV တွေကနေ WEP password ကိုပြန်တွက်ယူလို့ရပါတယ်။ ဒါကတော့ algorithm ကို study လုပ်ဖို့လိုပါမယ်၊ သိချင်ရင်ပြောတာပါ။


Hacker ကြီးတွေအတွက်ရေးတယ့် စာမဟုတ်လို့ Technical ပိုင်းတွေကို တတ်နိုင်သလောက်ရှင်းထားပါတယ်။ WLAN နဲ့ WAN ဘာကွာမှန်းမသိတယ့် သူများအတွက်လည်းမဟုတ်လို့ ခရေစေ့တွင်းကျ မရေးနိုင်တာကိုလည်း ခွင့်လွှတ်ပါ။ :D

With regards,
Divinity

Sunday, June 27, 2010

Linux မှာ virus မရှိဘူးဆို ?

အခုတစ်လော Linux မှာ virus မရှိလို့သုံးတယ်ဆိုတယ့် သူတွေများလာတယ်ဆိုတယ့်အကြောင်း ညီလေးတစ်ယောက်ကလာလာပြောနေတယ်။ Virus ကြောက်စရာမလိုလို့ Ubuntu ပဲသုံးတယ်ဆိုတယ့် သူတွေပေါ့။ Linux ကပျော်စရာ လည်းကောင်းသလို challenging လည်း ပိုများပါတယ်။ သူတို့ဘာသာ ဘာကြောင့်ပဲသုံးသုံးပါ သုံးဖြစ်ဖို့က အဓိကပေါ့။ သုံးဖြစ်သွားရင် သုံးရင်း လေ့လာရင်း သိလာလိမ့်မယ်။ ဒါပေမယ့် မသုံးဖြစ်တယ့် သူတွေ၊ လေ့လာမှု အားမကောင်းတယ့် သူတွေအတွက် idea အမှားကြီးဖြစ်ပြီး 'ဪ ကြားပြီးပြီလား၊ Linux ဆိုတာကြီးက virus မရှိဖူးတဲ့' ဆိုပြီး ယောင်တောင်တောင်နဲ့ ကိုယ်တိုင်လည်းမသိပဲ သံယောင်လိုက်မယ့်သူတွေ အတွက်တော့ မကောင်းဖူး။

Linux က bullet proof operating system တစ်ခုမဟုတ်ပါဖူး။ Security ကို အဓိက ဦးစားပေးစဉ်းစားထားတယ့် Unix ကို အခြေခံထားတာပဲရှိတယ်။ လူလုပ်တယ့် ကိစ္စ ဘယ်တော့မှ perfect မဖြစ်ဖူး၊ စိတ်ပူမနေနဲ့။ Windows နဲ့ ယှဉ်လိုက်ရင် Virus နည်းတယ်လို့ပဲပြောလို့ရတယ်။ နည်းလွန်းလို့ မရှိသလိုဖြစ်နေတာပါ။ ဘာကြောင့် နည်းတာလည်း ဆိုရင်တော့ ဒါတွေကြောင့်လို့ ကျနော်က မြင်တယ်။

၁။ အသုံးပြုမှုနည်းပါးခြင်း
Home user တွေကြားထဲမှာ Linux အသုံးပြုသူက 2% လောက်ပဲရှိပါတယ်။ ဒီလောက်လေးနဲ့ကြ virus/trojan ရေးတယ့်သူတွေကို မဆွဲဆောင်နိုင်ပါဘူး။ ကိုယ်ရေးတယ့် virus/trojan ပြန့်နိုင်စွမ်းလည်း နည်းမယ်။ အလုပ်လည်းသိပ်မဖြစ်ဖူးပေါ့။ ဒါနဲ့ပဲ Linux မှာ virus ရေးဖို့ သိပ်စိတ်မဝင်စားကြတာဖြစ်မယ်။ နောက်တော့ ရှိလာကြမှာပါ။

၂။ Advanced Users
လွန်ခဲ့တယ့် သုံးနှစ် 2007 လောက်ကထိ Linux ကသုံးရတာမလွယ်ကူပါဘူး။ လွယ်လွယ်ကူကူ သုံးချင်သူတွေ၊ Computer အကြောင်း သိပ်မသိချင်ပါဖူး၊ သုံးလို့ရပြီးတာပဲ ဆိုတယ့် သူတွေရဲ့ choice မဖြစ်ခဲ့ပါဖူး။ Linux သုံးတယ့် သူတော်တော်များများက IT နယ်ပယ်ထဲကလူတွေ၊ IT ကို အနည်းနဲ့ အများ စိတ်ဝင်စားတယ့် သူတွေ များပါတယ်။ ဒီ computer ပေါ်မှာ သူတို့ ဘာလုပ်နေတယ်ဆိုတာကို သေခြာသိတယ့် သူတွေမို့ ၊ security sense ရှိကြပါတယ်။ တွေ့ကရာ လျှောက် click ၊ install ဆိုပြီး လုပ်ကြမယ့် သူတွေမဟုတ်လို့ ဒီလိုလူတွေကို target ထားတာထက်စာရင် ၊ Pop-up တွေ့ရင် ကောက် click လိုက်မယ့် novice တွေကို ပိုပြီး target ထားတာကောင်းမှာပေါ့။ အဲလို novice တွေက သုံးရတာပိုလွယ်ကူတယ့် windows သုံးလေ့ရှိတယ်လေ။ အဲလို user တွေ Linux များများသုံးလာရင် Linux လည်း target ကောင်းတစ်ခုဖြစ်လာမှာပါ၊ စိတ်ဓာတ်မကျပါနဲ့။

၃။ Fix တွေထွက်တာမြန်တယ်
Opensource မို့လို့ lib တွေမှာ exploit တွေ flaw တွေရှိနေရင် ရှာဖွေတွေ့ရှိသူကတာ inform လုပ်၊ နောက်က fix လုပ်မယ့် သူတွေက အများကြီး။ ဒါကြောင့် Linux ရဲ့ exploit တွေက သိပ်ပြီး ကြိုးစားကြည့်ချင်စရာ မကောင်းဖူး။ ကိုယ်က ဒီနေ့ရှာတွေ့ နောက်နေ့ fix ထွက်နေပြီ။ User တွေ patch install လုပ်တာ မလုပ်တာ တစ်ပိုင်းပေါ့။ MS မှာတော့ Conficker တုန်းက exploit ရှာတွေ့တာနဲ့ fix က နှစ်လလောက်ကြာပါတယ်။ User က update မလုပ်မိတာတွေရှိလို့ ဒီ exploit က တစ်နှစ်လောက် ကောင်းကောင်း အလုပ်ဖြစ်နေတာပဲ။ ဒီလိုတွေရှိတော့လည်း လုပ်စားရ ပိုကောင်းတယ့် Windows က virus/trojan ပိုထွက်တာပေါ့။

ဒါ ထင်သာ မြင်သာ အချက်တွေပါ။ ဒါထက်ပိုတာတွေ ရှိအုန်းမှာပါ။ Unix / Linux မှာ အရင်တုန်းက rootkit ဆိုတယ့် အသုံးအနှုန်းက ပိုခေတ်စားပါတယ်။ Trojan လို backdoor လို ကောင်မျိုးပါပဲ။ Backdoor ပိုဆန်မယ်ထင်တယ်။ Kernel module တစ်ခုအဖြစ်၊ device driver တစ်ခုအဖြစ် ကိုယ့်ကိုကိုယ် ဟန်ဆောင်ပြီး Operation system တက်တိုင်း သူကပါလိုက်တက်လာမယ်၊ service တစ်ခု port တစ်ခု compromise ထားမယ်၊ attacker အတွက် ဝင်လမ်း ထွက်လမ်းဖွင့်ပေးထားမယ်ပေါ့။ ဒါပေမယ့် process list ထဲမှာတော့ မပေါ်ဘူး။ ဒါမျိုးက တကယ် intrude လုပ်ပြီးသွားမှ နောက်တစ်ခါ ပြန်ဝင်ရလွယ်အောင် လုပ်တာမျိုးပါ။ Virus / Trojan ဆိုတာမျိုးထက် advance ဖြစ်ပါတယ်။

ခုတော့ user information ခိုးတယ့် trojan လိုကောင်တွေတောင် linux မှာ ပေါလာပါပြီ။ Ubuntu / debian package ဖြစ်တယ့် deb file တွေမှာ trojan လေးတွေထဲ့ပေးတာတို့၊ tarball မှာကို ပါလာတာတို့ရှိလာပါပြီ။ Opensource မို့လို့ security fix ထွက်တာမြန်သလို ၊ opensource မို့လို့ trojan လေးထဲ့ပေးလိုက်ဖို့လည်း ပိုလွယ်ပါတယ်။ Deb တို့ rpm တို့ဆိုတာ လွယ်လွယ်ပြောရင် exe installer တွေလိုပါပဲ။ Run လိုက်ရင် ဘာတွေလုပ်မယ်၊ ဘယ်လမ်းကြောင်းအောက်မှာ ဘာထားမယ်၊ ဘယ် service ကို startup မှာတင် run အောင် service register မယ်၊ ဒါမျိုးတွေပါပဲ။ ပုံမှန် install လုပ်မယ့် action လေးအပြင် trojan install လေးပါထဲ့ပေးထားရင် သိမှာမဟုတ်ပါဘူး။

Tarball source file တွေဆိုလည်း ပြန်ပြင်ထားတယ့် source file လေးတွေထဲ့ပေးထား၊ user က compile ပြီး install လည်းလုပ်လိုက်ရော trojan လေးပါဝင်။ ဒါလည်းဖြစ်တာပဲ။ ပုံမှန်ကတော့ ယုံကြည်ရတယ့် site က repository ကမဟုတ်ရင် install မလုပ်ဖို့ပဲရှိပါတယ်။ Security အတွက် instller package က original အတိုင်းဟုတ်မဟုတ် ၊ ပြောင်းလည်းထားတာရှိမရှိ PGP တို့ GPG တို့လို hash matching / keys တွေနဲ့ ပေးလေ့ရှိပါတယ်။ ဒါကတော့ သုံးနေတယ့်သူတွေ သိမှာပါ။ GPG မကိုက်လို့ ၊ ဒါမှမဟုတ် official GPG မရှိလို့ install လုပ်မှာ သေချာလား ဆိုတယ့် confirmation မျိုးမေးတာ Ubuntu မှာလည်း ရှိပါတယ်။ ဒါမျိုးလေးတွေ နည်းနည်း တော့ ဂရုစိုက်ပေးရင် ပိုကောင်းပါမယ်။

AppArmor တို့ SELinux တို့လို့ security layer မျိုးထပ်သုံးရင်တော့ ပိုကောင်းပါတယ်။ ဘယ် user ၊ ဘယ် process က ၊ ဘယ် folder ကိုပဲ access ရမယ်၊ ဘယ်လို action မျိုးပဲရမယ် ဆိုတာမျိုးတွေက ပုံမှန် Unix / Linux ရဲ့ native ACL ထက် အများကြီး ပိုပြည့်စုံပါတယ်။ ဒါပေမယ့် အလုပ်ပိုလို့ Fedora တို့ ဘာတို့မှာဆို တော်တော်များများက disable ပြီး သုံးကြတယ်။ ကျနော်အပါအဝင်ပါ :D ။ သတိဆိုတာတော့ ပိုတယ်မရှိပေါ့ဗျာ။ ( သူများတွေအတွက်ပြောတာပါ )

ခုတစ်လော Unreal IRCD ရဲ့ news ကိုဖတ်မိလို့ ဒီ post ရေးဖြစ်သွားတာ။ Unreal IRCD ဆိုတာ opensource IRC server patform တစ်ခုပါ။ IRCD ထဲမှာတော့ နာမည် အရှိဆုံးပဲထင်တယ်။ သူတို့ရဲ့ Official download mirror တစ်ချို့က tarball တွေကို တစ်ယောက်ယောက်က trojan ပါတယ့် file တွေနဲ့ အစားထိုးသွားပါတယ်။ Compile / install လုပ်လိုက်ရင် trojan လေးပါ ပါလာမယ်။ ဒါတောင် official mirror တွေ။ သူတို့က GPG နဲ့ပေးတာမျိုးမဟုတ်တော့ file ရဲ့ integrity check မပါဖူးပေါ့။ ပြင်ထားလည်း User ဘက်ကမသိနိုင်ဖူး။

Linux မှာ virus တွေ trojan တွေရှိတယ်လို့ လှန့်တာမဟုတ်ပါဘူး။ Windows နဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်။ ရှိတာတော့ ရှိတာပါပဲ။ Linux က idiot proof OS တစ်ခုမဟုတ်ကြောင်းနဲ့ 'ငါတို့ကတော့ virus မကြောက်ရလို့ Linux ပဲသုံးတယ်' လို့ ပြုံးပြုံးကြီး မပြောမိအောင် သတိပေးတာပါ။ ကိုယ်ကိုတိုင်လည်း အမှားကြီးကို မှတ်ထား၊ သူများတွေကိုလည်း အမှားတွေ လျှောက်ပြောနေမိရင် ဆက်လေ့လာတယ့်နေရာမှာ သိထားတယ့် အကြောင်းအရာ အမှားကြီးတွေက ကန့်လန့်ခံနေလို့ ပိုပြီး ခက်ခဲနေမှာ ဆိုးလို့ပါ။ Santa Clause တကယ်ရှိမရှိနဲ့ ၊ Linux မှာ virus / trojan တကယ်ရှိမရှိက သူများပြောတာထက်. . သုံးရင်း ၊ လေ့လာရင်း ရှာဖွေတွေ့ရှိပါလိမ့်မယ်။


Divinity