Monday, February 28, 2011

WinMerge and Tips for work

WinMerge

တစ်ခါတလေ tedious အလုပ်တွေလုပ်ရရင် စိတ်ပျက်ဖို့ကောင်းပါတယ်။ လိုင်း တစ်ထောင်လောက်ရှိတဲ့ class တစ်ခုကို ၁၀၀၇ လိုင်းလောက်ရှိတဲ့ နောက်တစ်ခုနဲ့ယှဉ်ပြီး အဲဒီထဲမှာ မတူတဲ့ လိုင်း ၂၀ လောက်ကို တိုက်ကြည့်မယ်ဆိုပါတော့။ အဖြစ်အများဆုံးကတော့ Git တွေ Borland Starteam တွေလို code control system တွှေမသုံးပဲ ကမ္ဘာကျော် developer တွေက တစ်ယောက်တစ်ပေါက်ရေးထားတာကို ဘယ်ဟာ နောက်ဆုံးမှန်းမသိတော့တဲ့အခါမျိုး being Lost in the midst ဖြစ်နေတဲ့အခါမျိုးမှာ ကြံကြံဖန်ဖန်တွေလုပ်ရလေ့ရှိပါတယ်။

ထူးထူးခြားခြားမဟုတ်ပါဘူး။ အဲဒီ winMerge လေး download လုပ်ပြီး compare လုပ်လိုက်ရင် အဆင်ပြေသွားတတ်ပါတယ်။ ကမ္ဘာပေါ်မှာ ကိုယ်အဆင်ပြေဖို့ တခြားသူတွေ အားလုံးထွင်ထားတယ်လို့ သဘောထားပါ။ ဘယ်တော့မှ ရမ်းပြီး tedious အလုပ်တွေကို ဘာ tools မှမသုံး၊ ဘာ shortcuts မှ မသုံးဘဲမလုပ်လိုက်ပါနဲ့။ စဉ်းစားပါ။ သွေးအေးပါ။ ဒီထက်ကောင်းတဲ့နည်းရှိရမယ်လို့ တွေးပါ။

နောက်တစ်ခုက စုထားပါ။ Tools တွေ အသုံးဝင်တယ်ဆိုရင် စုသိမ်းထားပါ။ အခုလုပ်နေတဲ့ company က ကိုယ့်အဖေ company မဟုတ်တဲ့အတွက် မကြာခင် ပြောင်းရင်ပြောင်းရမယ်လို့သဘောထားပါ။ ပြောင်းရင် ကိုယ့်ရဲ့ development environment ကို တစ်နာရီအတွင်း ပြန်ရနိုင်အောင် သေချာစုသိမ်းထားပါ။

Be Effective လို့ ကိုယ့်ကိုယ်ကို သတိပေးပါ။ At the end of the day, nobody sees how did you do, but she/he will only see how productive you are. အဲဒါကို သဘောပေါက်ရင် ရုံးမှာ ဘာမှ အလုပ်သိပ်မလုပ်ဘဲ တစ်ချို့လူတွေ ကိုယ့်ထက် မြန်မြန်ပြီးတာကို နားလည်လာပါလိမ့်မယ်။ မစဉ်းစားဘဲ trial-and-error မလုပ်သင့်တာကို လုပ်နေရင် အချိန်မကုန်သင့်တာ ကုန်တာပါပဲ။ အဲဒီလိုမလုပ်ဖြစ်အောင်၊ များများလေ့လာပြီး၊ များများ ဖတ်ထားဖို့လိုပါတယ်။

နောက်တစ်ခုကတော့ စုစုစည်းစည်းထားတတ်တတဲ့အလေ့အထလုပ်ပါ။ Folder Name ကနေစပြောချင်ပါတယ်။
ကိုယ့်အဖေနာမည်တွေ(ဥပမာ New Folder)၊ ရည်းစားနာမည်တွေ(ဥပမာ၊ Jolie,J-Lo)၊ ကြီးတော်ကြီးရဲ့ ငယ်နာမည်တွေ(ဥပမာ၊ Gwat_Htaw) စတဲ့ အဓိပ္ပာယ်မရှိတဲ့ ဟာတွေကိုရှောင်ပါ။ Structure ကျဖို့သတိထားပြီး အချိန်နည်းနည်းပေးလိုက်ပါ။ workspace တွေကိုလည်း သတ်သတ်မှတ်မှတ်ထားပါ။ ကိုယ့်ရဲ့ IDE တွေ၊ Web Server တွေ ကို structure ကျကျထားရင် သွားရလာရလွယ်ပါတယ်။ နောက်ပြီး တကယ် effective ဖြစ်တဲ့ developer က အမြဲသွားနေရတဲ့ location ကို click သုံးခါအတွင်း သွားနိုင်ဖို့ ပြင်ဆင်ထားရပါတယ်။ shortcuts တွေ၊ quick launch တွေ လုပ်ထားပါ။

Log ရိုက်ရင်လည်း thayparP(သေပါပြီ)။errortaetawyae(error တဲ့တော်ရေ့)။ errorDmhar(Error ဒီမှာ)၊ ngardotthahtaythautpaw(ငါတို့သူဌေးသောက်ပေါ) ဆိုတာတွေကို Log မလုပ်ပါနဲ့။ အဓိပ္ပာယ်ရှိရှိလုပ်ပါ။ အဲဒါတွေက တစ်ခြားလူရေးခဲ့တဲ့ တလွဲတွေကို ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ငယ်တုန်းက လုပ်ခဲ့တာတွေ ပြောတာပါ။ ဘာလို့ log ရေးကြတာလဲဆိုတာကိုစဉ်းစားကြည့်ပါ။ ဘယ်နားမှာ error ရှိလည်း သိဖို့နဲ့၊ နောက်တစ်ခုက error မဖြစ်ခင် နောက်ဆုံး ရောက်ခဲ့တဲ့အဆင့်ကိုသိဖို့ လို့အကြမ်းဖျင်းပြောနိုင်တယ်။ ခက်ခက်ခဲခဲတွေ သင်ပေးနေဖို့မလိုပါဘူး။ tomcat တွေ weblogic တွေမှာ log ကို ဘယ်လိုရေးလဲ၊ mysql မှာ log file ဘယ်လိုရေးထားလဲ ရှာဖတ်ကြည့်ရင် သူတို့ ဘယ်လောက်စနစ်တကျရေးပြီး ဘယ်လောက် descriptive ဖြစ်သလဲသိနိုင်ပါတယ်။ ကိုယ်ရေးထားတဲ့ သေပါပြီတွေ၊ error တဲ့တော်ရေ တွေက ကိုယ့်ဘာသာတော့ သိပါတယ်။ ဒါပေမယ့် တခြားသူဖတ်ရင် နားလည်မှာမဟုတ်ဘူး။ ဘာကိုရည်ညွှန်းမှန်းမသိဘူး။ နမူနာတစ်ခုရေးရရင် method တစ်ခုဆိုပါတော့ parameters သုံးခုပါတယ်။

pubilc List checkEmployee(String nric, int age, String remarks){

logger.debug("checkEmployee( String nric="+nric+", int age="+age+", String remarks="+remarks+")")
....
....
....

}

အဲဒီလိုဆိုပါတော့ဗျာ။ အဲဒါလေး log မှာထွက်လာရင်

checkEmployee( String nric=S8185466A, int age=23, String remarks=Pending)

အဲဒီမှာ ပြောချင်တာက ဘယ် method သွားသလဲဆိုတာလည်းသိတယ်။ သူ့မှာပါတဲ့ param တွေကိုလည်း သိရတယ်။ တခြားသူတွေလည်းနားလည်ဖို့လွယ်တယ်။ လိုင်းတွေလည်းမများဘူး။ အဲဒီလို သပ်သပ်ရပ်ရပ်ဖြစ်အောင် သတိထားပြီး ရေးဖို့လိုတယ်။ debug ကိုပဲ သုံးပါ။ မလိုဘဲ INFO တွေမသုံးပါနဲ့။ production မှာက INFO နဲ့ ERROR ပဲပြကြပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Local machine မှာ၊ UAT မှာစမ်းတာတွေကို ပြန်လည်းဖျက်နေစရာမလိုပါဘူး။

ဒါတွေကတော့ လုပ်ငန်းခွင်မှာ greenhorns တွေ သတိထားသင့်တာတွေပါ။ အဆင်ပြေမယ်ဆိုရင် Oreily ကထုတ်တဲ့ The Productive Programmer ByNeal Ford ကိုလည်းဖတ်ပါ။ ကိုယ့်အတွက် လိုတာတွေကို များများလေ့လာပါ။ စောစောစီးစီး အပျင်းထူပြီး မကြိုးစားပဲ ရေသာခိုနေရင် တကယ်ကိုယ့်ထက်တော်တဲ့သူတွေနဲ့ ယှဉ်ရတဲ့အခါကြမှ ကိုယ်က handicap ဘ၀ကိုရောက်နေတာကို မအံ့သြစရာတွေ့ရပါလိမ့်မယ်။ အချောင်ခိုတယ်ဆိုတာ လောလောဆယ်တော့သက်သာသလိုပဲ၊ ဒါပေမယ့် ကိုယ့်မှာ တကယ်တတ်ရမယ့် အခွင့်အလမ်း ဆုံးရှုံးသွားတယ်။

နောက်တစ်ခုက complaint မများနဲ့။ မလိုအပ်ဘဲ ပြဿနာမရှာနဲ့။ ပြဿနာကိုလည်း ပုံကြီးမချဲ့နဲ့။ Attitudes မှန်ဖို့ကြိုးစားပါ။ ကိုယ်ကျေနပ်တဲ့လစာနဲ့ အလုပ်ဝင်ခဲ့ကြတာ။ နောက်မှ နည်းတယ်ထင်ရင် ပိုတောင်းကြတယ်။ တောင်းလို့မရရင် ကိုယ့်ကိုယ်ကိုပြန်မေးပါ။ ကိုယ့်မှာ တကယ်အရည်အချင်းရှိရင် ပိုကောင်းတဲ့နေရာကိုပြောင်းပါ။ လေပဲအဖတ်တင်မယ့်စကားတွေ သိပ်မပြောပါနဲ့။ Be Professional. တခါတလေ ကိုယ့်ကို သိပ်ခက်တာတွေခိုင်းတယ်လို့ထင်ရင် တခြားသူတွေကိုလည်းကြည့်ပါ။ ခက်တယ်ဆိုတာက မလုပ်တတ်သေးလို့လည်းဖြစ်နိုင်တယ်။ ကိုယ်လုပ်နိုင်တာထက် နည်းနည်းပိုခက်တာကို ခိုင်းရင်ကျေးဇူးတင်လိုက်ပါ။ မဟုတ်ရင် အဲဒါတွေ ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး။ လုပ်ကြည့်ရင်းနဲ့မှပဲတိုးတက်ပါတယ်။

စိတ်ချမ်းသာအောင်ထားပါ။ အဲဒါက ဘာမှလည်းမဆိုင်ဘူးလို့အခုအချိန်မှာ ထင်ရင်လည်းထင်မယ်။ အလုပ်ဆိုတာ တစ်နှစ်၊နှစ်နှစ်လုပ်ရမှာမဟုတ်ဘူး။ ထီမပေါက်ရင် တစ်သက်လုံးလုပ်ရမယ့် ကိစ္စ။ အဲဒါကို သဘောထားမှန်မှန်၊ ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်နိုင်ဖို့ကြိုးစားပါ။ စိတ်မဖိစီးပါစေနဲ့။ တစ်နာရီနဲ့မပြီးရင် နှစ်နာရီလုပ်ပါ။ ကိုယ့်ရဲ့ အရည်အချင်းကို ဖြည့်ဆည်းနေတုန်းမှာ သိပ်ပြီး သက်သာအောင်မနေပါနဲ့။ ဒါတွေက ရင်းနှီးနေတာပါ။ နောက်ပိုအဆင့်မြင့်တဲ့ အလုပ်အတွက် ပြင်ဆင်နေတာ။ software house တွေက အကောင်းဆုံး battle fields တွေပါပဲ။ အဲဒီမှာ timelines နဲ့ကွက်တိလုပ်နိုင်တဲ့သူဟာ နောက်ပိုလစာကောင်းပြီး အလုပ်နည်းသွားတဲ့အလုပ်တွေမှာ သက်သက်သာသာနေနိုင်ပါတယ်။ အလုပ်များတာကို စိတ်မညစ်ပါနဲ့။ စိတ်ညစ်တာက ပိုပြီးအားကုန်ပါတယ်။ အလုပ်လုပ်ရတာကိုပျော်တဲ့သူဟာ အလုပ်များများလုပ်ရလို့ ဘာမှမဖြစ်ပါဘူး။ သေလည်းမသေပါဘူး။ စိတ်မပူပါနဲ့။ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်ပြီးရင် ရမယ့် ကျေနပ်မှုအတွက် အလုပ်လုပ်ပါ။ ကိုယ်လုပ်ပေးလိုက်တဲ့အလုပ်ကြောင့် တပါးသူ အဆင်ပြေသွားတာကို အလေးထားပါ။ အဲဒါဆိုရင် လုပ်ငန်းခွင်မှာ ပျော်လာပါလိမ့်မယ်။

Be Smart.
Be Attentive
Be Understand
Be Trustworthy

Be Professional.
Be Ambitious
Be Workoholic

အတိုကောက်ကတော့ Be S.A.U.T- P.A.Wပါပဲ။
အဲဒီလိုေ-ာက်ပေါတွေပဲ အောင်မြင်ကြပါတယ်။

ကျွန်တော်တို့လည်းေ-ာက်ပေါဖြစ်အောင် ကြိုးစားကြပါစို့လားဗျာ ...........။ ။

R3gAЯDs,
Zer0/0=0ero

Wednesday, February 23, 2011

decode in oracle.

decode in oracle.

တခါတလေ oracle မှာ decode ဆိုတာကိုတွေ့ရတတ်တယ်။
အဲဒါကို ရှာကြည့်ရမှာပျင်းတဲ့သူတွေအတွက် ကြိုဖတ်ထားလို့ရအောင်ပါ။

SELECT name,
decode(id,'B0001','ID_1,
'B0002','ID_2,
'B0003','ID_3,
'ID_DEFAULT')ID_MASK


FROM customer;

အဲဒါကြည့်ရင် CASE မသုံးချင်လို့ အလွယ်လုပ်ထားတာကို တွေ့ရပါမယ်။
ဆိုလိုတာက id ကိုကြည့်ပြီး B001 ကို ID_1 လို့ပြောင်းတာကို ရေးရင် ရှည်လို့ လွယ်လွယ်ကူကူ decode function လေးနဲ့သပ်သပ်ရပ်ရပ်ရေးလိုက်တာပါပဲ။ ID_MASK က တော့ alias တစ်ခုပေးလိုက်တာပါပဲ။ ဘာမှမဟုတ်ပါဘူး။

အဲဒါကို IF-THEN-ELSE နဲ့ရေးရင် ဒီလိုရပါမယ်
if (id='B0001') then
ID_MASK:='ID_1'
esle if (id='B0002') then
ID_MASK:='ID_2'
else if (id='B0003') then
ID_MASK:='ID_3'
else
ID_MASK:='ID_DEFAULT'
decode ဆိုလို့ ဘာများလဲမသိဖြစ်တတ်တာပါ။ အမှန်က ထွေထွေထူးထူးမဟုတ်ပါဘူး။

decode( expression , search , result [, search , result]... [, default] )

အဲဒီလိုမှတ်လို့ရပါတယ်။ NULL ဆိုရင် 0 ပြောင်းထည့်မယ်။ မဟုတ်ရင် default အတိုင်းပြမယ်ဆိုတာတွေရေးလို့လည်းရပါတယ်။

DECODE(EXTRA_PREMIUM,NULL,0,EXTRA_PREMIUM)

အပေါ်က decode မှာဆိုရင် extra premium field က Null ဆိုရင် zero လို့ပြမယ်။ Null မဟုတ်ရင် သူ့တန်ဖိုးအတိုင်းပြမယ်။

အလုပ်လုပ်နေရင်း အသုံးလိုတာလေးတွေ share လိုက်တာပါ။ အသေးအဖွဲတွေပေမယ့် သိထားရင် အသုံးဝင်နိုင်ပါတယ်။

Agile Samurai

Agile Samurai

လိုင်ဘရီမှာ စာအုပ်ကောင်းလေးတွေရခဲတတ်ပါတယ်။ လုငှားနေလို့ပါ။
ဒီတစ်ခါတော့ အရင်က Funan စာအုပ်ဆိုင်မှာမြည်းခဲ့တဲ့ Agile Samurai စာအုပ်ရလာပါတယ်။

Software Engineering ဟာ တခါတလေကြရင် ခန့်မှန်းလို့မရတာတွေကို ခန့်မှန်းကြရတာပဲ။
တစ်မိနစ်မှာ မုန့် နှစ်ခုစားနိုင်ရင် နှစ်မိနစ်မှာ မုန့် လေးခု ပေါ့။
ဒါပေမယ့် ၂၄ နာရီဆိုရင်ရော ဘယ်လိုဖြေမလဲ။ ဆတိုးက အမြဲမမှန်ပါဘူး။

ဆယ်တန်းဖြေပြီးစတုန်းက အင်္ဂလိပ်တစ်ယောက်က ကျွန်တော်တို့ကို အချိန်ပိုင်း အင်္ဂလိပ်စာသင်တော့။ တစ်ခုမေးတယ်။ မင်းတို့နိုင်ငံမှာ ဆိုက်ကားခနဲ့ ကားခ ဘယ်ဟာဈေးပေါလဲဆိုတော့၊ ၀မ်းသာအားရ ဆိုက်ကားက ပေါတာပေါ့ကွ လို့ဖြေလိုက်တယ်။ သူက မေးတယ်။ ပဲခူးအထိသွားရင် ဆိုက်ကားခ ဘယ်လောက်ကျမလဲတဲ့။

အဲဒါကို ငယ်ကတည်းက စွဲမြဲနေအောင်မှတ်မိတယ်။ မေးခွန်းရဲ့ ဆန့်ထွက်သွားတတ်တဲ့သဘောကိုသိရင် project timeline ရဲ့ unexpected result တွေကိုလည်း နားလည်နိုင်ပါတယ်။ real world မှာ black and white သဲကွဲတာမရှိပါဘူး။ ဒီလိုပဲ မီးစင်ကြည့်ကရတာပါပဲ။

အလွယ်ဆုံး mandays တွက်နည်းက ကိုယ်တစ်ရက် လုပ်နိုင်မယ်ထင်ရင် 1.33 နဲ့မြှောက်။ ၃၃ % ကို buffer လုပ်ထား။ အဲဒါဆိုရင် ၁ ရက်ခွဲလောက်လို့ ပြောလို့ရတယ်။ ဒါကလည်း အမြဲမှန်မှာတော့မဟုတ်ဘူး။ General ပြောကြ၊ တွက်ကြရတာပါ။

ဒီစာအုပ်ကိုတော့ recommend လုပ်ပါတယ်။ Agile ၀ါသနာပါရင် လေ့လာသင့်ပါတယ်။

Agile အကြောင်း သိပ်မပြောဖြစ်ပေမယ့် သဘောအကျဆုံး development architecture ဖြစ်ပါတယ်။ အဓိက သုံးမျိုးခွဲပြီးပြောလေ့ရှိပါတယ်။ Traditional, Agile and Extreme ပါ။

Traditional တွေကတော့ ကျောင်းမှာအတော်လေးသင်ပြီးပါပြီ။ မှတ်မိမလားတော့မသိပါဘူး။ sequential တွေ၊ spiral တွေ waterfall တွေလေ။ အဲဒါတွေရဲ့အားနည်းချက်က requirement gathering phase ပြီးရင် users ကို တွေ့ချင်တော့ဘူး။တွေ့ချင်တော့ဘူး ငြင်းတာပါ။ အဲဒါက အဓိက ကျဆုံးခန်းပါပဲ။

Customers လိုချင်တာ ကျွန်တော်တို့ software သမားတွေ တကယ်သိတာ ရှားပါတယ်။ သိတယ်လို့ထင်တာနဲ့ သိချင်ယောင်ဆောင်တာပဲများပါတယ်။ တကယ်သိဖို့ဆိုတာ အချိန်အများကြီးပေးရပါတယ်။ Business logic တွေအရ ကျွန်တော်တို့ မထင်တာတွေ အများကြီးရှိတတ်ပါတယ်။ အဲဒါကို တခါတည်းမေးပြီး တခါတည်းသဘောအပေါက်ကြီးပေါက်သွားတယ်ဆိုတာ စိတ်ကူးယဉ်တာပါ။ အထူးသဖြင့် စင်ကာပူမှာ စိတ်ကူးယဉ်တွေ သိပ်များပါတယ်။

System တစ်ခုကို အထိရောက်ဆုံးဖြစ်ဖို့ Development Phase တွေမှာ Users တွေကို အဆင့်တိုင်း ပါဝင်စေတာဟာ အကောင်းဆုံးပါပဲ။ ဒါကို မင်းလိုချင်တာ ဒီအတိုင်းလားဆိုပြီး အပတ်တိုင်းမေးနေရင်၊ Project ပြီးသွားမှ တလွဲကြီးဖြစ်ရတာတို့ မလိုအပ်ပဲ CR(Change Request) လုပ်ရတာနည်းသွားပါတယ်။ အဆင့်တိုင်းမှာ business flow အားဖြင့်လည်း စိတ်တိုင်းကျ ဖြစ်သွားစေပါတယ်။ ပိုကောင်းတာတစ်ခုက Users တွေရဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်တာဖြစ်ပါတယ်။ အခက်အခဲကတော့ စနစ်ကျပြီး ညီညွတ်တဲ့ team လိုအပ်တာပါ။ အဲဒါတွေက Agile သဘောတရား တစ်ချို့ပါပဲ။ အရှင်းဆုံးပြောရရင် Users နဲ့ပေါင်းပြီး testing ကို phase တိုင်းမှာ ထည့်သွားတာပါပဲ။ အဲဒီလို architecture မျိုးကို Agile လို့ခေါ်တွင်လေသတည်းပေါ့ဗျာ။

Notes:
Thank you my office for letting me read @ ()ffice(-)ours :P

Java tips and trick.

Java tips and trick.

မနေ့ကတစ်ခုတွေ့တယ်။
ကြုံဖူးရင်သိမှာပါ။ Java ရေးတဲ့သူတိုင်းက 1.5 ကို standard အနေနဲ့ရေးတယ်။
လက်တွေကလည်း 1.5 လက်တွေပဲ။ အကျင့်ကိုပါနေတာ။

နမူနာတစ်ခုရိုက်လိုက်တယ်။

BigDecimal premium=new BigDecimal(0);

အဲဒါမျိုးလည်းလုပ်တယ်။ အကျင့်ပါနေလို့။ ဘာမှမဖြစ်ဘူး။ သုည၀င်သွားတယ်။ premium value ထဲကို။ ပြဿနာက နေရာတိုင်း 1.5 and above မသုံးဘူး။ 1.4 မှာ run ကြည့်ရင် အဲဒီ တလွဲ error တွေ့ရမယ်။ Sun Forum မှာလည်း ရေးထားပါတယ်။
1.5 မှာက BigDecimal ကို int အနေနဲ့ initialized လုပ်လို့ရပါတယ်။ 1.4 မှာမရပါဘူး။
BigDecimal premium=new BigDecimal("0");
လွယ်လင့်တကူ double code သာ ရဲရဲကြီး ကုတ်လိုက်စမ်းပါ။

ရေးခဲ့တဲ့ colleague က DBS ဘဏ်ကိုပြောင်းတော်မူသွားလို့၊ သူရေးထားတဲ့ Spring batch တွေကို တစ်ရက်ခွဲလောက်နဲ့ လွှဲပြောင်းယူထားပါတယ်။

ကြုံရတာတွေကလည်း ကြံကြံဖန်ဖန်ပါပဲ။ အီမေးလ်ပို့တာ colon ( : ) နေရာလွဲနေတယ်ဆိုလို့ သေချာပြူးကြည့်မှ အလိုင်းမင့်နည်းနည်းစောင်းနေတာကို ကွန်ပလိန့်တာမှန်းသိရတယ်။ အခု ကိုယ့်ဘာသာကိုယ်တောင် ဘာတွေ လုပ်ကိုင်နေလဲမသိတော့ဘူး။ ချောင်းကဆိုးရတဲ့အထဲ တစ်နေ့ကို ၃ နာရီလောက်ဖုန်းဖြေနေရတာနဲ့ colon alingment ပြင်ရတာနဲ့၊ တော်တော့်ကို အလုပ်ကြီးအကိုင်ကြီးလုပ်နေပါတယ်။

စာတွေကတော့ စာမေးပွဲဖြေဖို့ မဟားတရားဖတ်နေပါတယ်။ မကြာမီ ပုံမှန်ပြန်ရေးဖြစ်မယ်ထင်ပါတယ်။ အလုပ်မှာ proactive ဖြစ်ဖို့ကြိုးစားဖို့ပဲတိုက်တွန်းလိုက်ပါတယ်။

အလုပ်ထွက်ခါနီးလူကို အများကြီးသွားမခိုင်းမိဖို့ lead တိုင်း သတိထားရပါမယ်။ အခုဆိုရင် testing မပြီးခင်ထွက်သွားတဲ့ colleague ရေးထားခဲ့သမျှ၊ ညှိထားခဲ့သမျှတွေကို အစကနေပြန်လုပ်နေရတာ အချိန်အတ်ာကုန်ပါတယ်။

Rule #1- Never let develop new programs/enhancements to the staff who had submitted resignation letter.

Maintainence nightmare and boiler-plate codes will be resulted!!!!!!!!!!

Tuesday, February 1, 2011

Eclipse IDE, Project cannot import

Eclipse IDE, Project cannot import

အင်း ... အလွယ်လေးတစ်ခုပါ။
မသိသေးရင်ခက်နေတတ်လို့။

"Some projects cannot be imported because they already exist in the workspace".
တစ်ခါတလေ အရေးရယ်အကြောင်းရယ်ကြမှ Eclipse IDE က အဲဒီလို message ကြီးနဲ့ဆီးကြိုတတ်ပါတယ်။

လုပ်လို့ရတာ နှစ်နည်းလောက်ရှိပါတယ်။ ဒီထက်မကလည်းရှိနိုင်တယ်။
ပထမနည်းက အလွယ်နည်း။ Project ကို workspace ထဲကို ကူးထည့်။ ပြီးရင် UI ကနေ New Project ဆိုပြီး same project name ပေးလိုက်ရင် တခါတည်း project view မှာ New Project အနေနဲ့ မြင်ရပါတယ်။ Import လုပ်ပြီးသား ဖြစ်သွားတာပါပဲ။

ဒါထက်ကောင်းတာက အဓိကပြဿနာကိုကြည့်ရင် အရင်က နာမည်တူ project တစ်ခု သွင်းခဲ့လို့ ဒီလိုဖြစ်တာဆိုတာသိနိုင်တယ်။
.project ဆိုတဲ့ file ကို ရှာပြီး text editor တစ်ခုခုနဲ့ဖွင့်ပါ။ အဲဒီမှာ project name ပြောင်းလိုက်ရင်လည်း အိုကေသွားပါလိမ့်မယ်။

အလုပ်ထဲမှာ အရေးကြီးမှ ထရှာနေရမယ့်အတူ အခုလိုဖတ်ထားလိုက်ရင် နောင် အသုံးလိုရင် စိတ်မပူရတော့ဘူး။ ရှာဖို့အချိန်လည်းမကုန်တော့ပါဘူး။

ကျွန်တော်ဖြစ်စေချင်တာကတော့ community လေးတစ်ခုပါ။ တကယ်အလုပ်လုပ်နေတဲ့သူတွေရဲ့ စကားဝိုင်းမျိုးပေါ့။ သိပြီးသားတစ်ယောက်က ငါးမိနစ်လောက်ပြောလိုက်ရင် ကျန်တဲ့သူတွေ ရှာချိန်သက်သာသွားတယ်။ Effective ဖြစ်တာပေါ့။ အဲဒါမျိုးတွေ Contribute လုပ်ချင်ပါတယ်။

Java မှာဆို JDK 1.3,1.4 တွေမှာ ပြဿနာတွေတော်တော်များများရှိတတ်တယ်။ JDK update လုပ်လိုက်ရင် ကောင်းသွားမှာသိပေမယ့် တစ်ခါတစ်လေ JDK upgrade လုပ်လို့မရတဲ့ systemဟာင်းကြီးတွေမှာဆို မလိုအပ်ဘဲ အလုပ်ပိုရတယ်။ တခါလည်း Sun ရဲ့ OS မှာပါတဲ့ default JDK က မစုံမလင်ဖြစ်တာကြုံဖူးတယ်။ ဖြစ်တတ်တာကို သိထားရင် အဖြေမှန်တွေ့ဖို့လွယ်တယ်။ Sun က JDK ထုတ်တာပဲ သူ့ OS တွေမှာ complete JDK ပါမှာပဲဆိုရင်တော့ ပြဿနာအစစ် လမ်းစပျောက်သွားပါပြီ။

Let's make our Tech world better .........
Let's share what we had learnt to each others ...

Regards,
Zero

How to maintain Legacy systems in 10 min

How to maintain Legacy systems in 10 min

Legacy system အကြောင်းနည်းနည်းပြောမလို့။ တကယ့်ကိုနည်းနည်းပါပဲ။
Legacy system ဆိုတာ ရှေးကတည်းက မပစ်ရက်ဘဲ သိမ်းထားတဲ့ ဘိုးဘွားပိုင် ဗီရိုကြီးလို၊ နေရရှုပ်သလောက် အသုံးမကျတဲ့ software တွေပါ။ အဲဒီလို sytems တွေကို စင်ကာပူ အနှံ့မှာတွေ့ရပါတယ်။

အဲဒီတော့ ဘယ်လို Maintain လုပ်မလဲ။
(ဖြစ်နိုင်ရင် အလွယ်ဆုံးက အလုပ်ပြောင်းလိုက်)။

အဲဒီလိုမှ မဖြစ်နိုင်ရင် မရှိဖို့များတဲ့ documentation တောင်းကြည့်။
Database design ကို ကြည့်။ ဘယ်လောက်အသုံးမကျလဲဆိုတာကို duplicate columns တွေ table တစ်မျိုးမှာ နာမည်တစ်မျိုးဖြစ်နေတဲ့ Column name တွေကို အကဲခတ်လိုက်။ ဒါဆို ဘယ်လောက် ချီးထုပ်ကျတဲ့ system လည်းသိလာမယ်။

Source Code က compile တောင်လုပ်လို့ရချင်မှရမယ်။ ဒါပေမယ့် ဘုရားစာဆိုထား။ ကံကောင်းအောင်။ ဖွင့်ခါနီးမှာ အရဟံလေးဘာလေးရွတ်၊ ဥုံ ဆိုပြီး ဖွင့်ကြည့်လိုက်ရင် ... အဲဒီမှာ အံ့အားသင့်စရာကောင်းလောက်အောင် ဖြစ်သလိုလေးလုပ်သွားတဲ့ကောင်တွေရဲ့ codes တွေကို တွေ့ရမယ်။ အဲဒါဆို သတ်သေလိုက်ရမလား။ .... မဟုတ်သေးဘူး။ မလိုဘူး။ ကိုယ့်ကိုယ်ကို တစ်ခုပဲယုံကြည်။ ရှေ့ကကောင်တွေထက် တော်လို့ ငါ့်လက်ထဲရောက်လာတာလို့ပဲတွေးလိုက်။ ဟုတ်ဟုတ်မဟုတ်ဟုတ်။

စိတ်ထဲမှာတစ်ခုပဲထား။ ရှေ့ကကိစ္စတွေမှာ မှားရင် တတ်နိုင်သမျှပြင်မယ်။ ငါပြင်သမျှကိုတော့ ငါတာဝန်ယူတယ်။ အဲဒါကို နည်းနည်း လူသိအောင်လုပ်ထားပါ။ အရင်က နှစ်ပေါင်းများစွာ ဘာမှမဖြစ်ဘဲ run လာတယ်လို့ပြောရင် Are U sure, dude? လို့သေချာမေးထားပါ။ ဘာမှမဖြစ်ဘဲ run နေတာနဲ့ ဘာဖြစ်နေမှန်းမသိဘဲ run နေတာနဲ့ဟာ ငတုံးတွေအတွက်တော့ အတူတူပဲ။

စိတ်ပိုင်းဆိုင်ရာမှာ အဲဒီလို ပြင်မဟဲ့လို့ပိုင်းဖြတ်ပြီးရင် တစ်ခုကို အသေမှတ်ပါ။ မြင်နေရတဲ့ source code ဟာ ကိုယ်တစ်ယောက်တည်းသုံးနေတာမဟုတ်ဘူးဆိုတာကို သုံးခါလောက် နှလုံးသွင်းပါ။ Legacy မှာ ဒီ codes တွေကို တခြား system တွေက share သုံးနေတာ ၊ interface တွေက တစ်ဆင့် သုံးနေတာ၊ web service share ထားတာ အကုန်ဖြစ်နိုင်တယ်။ လုံးဝမထင်မှတ်လောက်အောင် အသုံးမကျတဲ့ နောက်တစ်ခုခုတောင်မှ ဖြစ်နိုင်တယ်။

နောက်ပြီး တစ်ခုသိထားဖို့က Obama ဘယ်လောက်တော်တော် အမေရိကန်မွဲတာမကယ်နိုင်ဘူး .. ဆိုတာလေးကို သတိပြုပါ။ ဆိုလိုတာက revamp လုပ်ထည့်လိုက်မယ်လို့ သိပ်ပြီး မစဉ်းစားစေချင်ဘူး။ လောလောဆယ် ဘယ်လို architecture မှာ သုံးထားလဲ။ အဲဒီ architecture ရဲ့ limitation တွေကို နားလည်သင့်သလောက်နားလည်ဖို့လုပ်ပါ။ ပြင်တဲ့အခါကြရင် function သေးသေးလေးတစ်ခုပဲဖြစ်ဖြစ်ပြင်တာနဲ့ ဘယ်နေရာမှာ သုံးထားသေးလဲ သေချာအောင် လုပ်ပါ။ java သမားတွေဆို eclipse မှာ reference->workspace or reference-->project တွေ ကြည့်ပါ။ source code control တွေဘာတွေ သေချာသုံးပါ။ တကယ်လို့ ကိုယ်ပြင်လိုက်တာကြီးမှားသွားရင်တောင် ချက်ချင်း rollback ပြန်လုပ်နိုင်အောင်လုပ်ထားပါ။

ပြင်တဲ့အခါ Java မှာဆိုရင် ကိုယ်ပြင်လိုက်တဲ့ class ကို အတတ်နိုင်ဆုံး သပ်ရပ်သွားအောင်လုပ်ပါ။ warning တွေရှိရင်လည်း တတ်နိုင်သမျှရှင်းပါ။ Clean Code ဖြစ်ဖို့ ကြိုးစားပါ။ ကိုယ်ရေးတာတွေဆိုရင်တော့ ပိုတောင် ဂရုစိုက်ပါ။ အလွယ်ဆုံး နည်းက One function once class ဆိုတာပါ။ အဲဒီလိုပြောရင် တစ်ချို့တွေကလည်း ပျင်းကြတယ်။ မပျင်းပါနဲ့။ Java ကို resuable ရအောင် ရေးနိုင်ဖို့ဆိုတာ အခြေခံ design pattern တွေကျေညက်ဖို့ အများကြီးလိုပါတယ်။

ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်ခွဲတုန်းက လိုင်း ၃၀၀၀ ရှိတဲ့ class တွေ ရေးခဲ့တဲ့ နမော်နမဲ့ developer ပါ။ အခုအချိန်မှာတော့ ကိုယ့်နောက်မှာ ကိုယ်ရေးတာကို ပြင်ရမယ့်လူတွေအတွက်ပါကြည့်ပါတယ်။ common method တွေကို helper class တွေရေးသလို ဘုံထုတ်ထားလိုက်ပါ။ နောက်သုံးချင်တဲ့နေရာကလည်း ယူသုံးနိုင်တာပေါ့။ သိပ်ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာရင် တခြား class တစ်ခုမှာ business logic တွေ ဖြေရှင်းဖို့ helper တစ်ခုရေးလိုက်ပါ။ Action class တွေမှာ အားလုံးစုရေးတာဟာ အသုံးမကျတဲ့သူတွေလုပ်နေကြပါ။ အဲဒါမျိုးဘယ်တော့မှ မလုပ်ပါနဲ့။ Program ရဲ့ readibilty ကျသလို၊ အားလုံးက tightly coupled ဖြစ်နေလိမ့်မယ်။ သပ်သပ်ရပ်ရပ် မရေးတတ်သေးတဲ့သူတွေအနေနဲ့ flow diagram လေး အကြမ်းလောက်ခြစ်လိုက်ဖို့ ၀င်မလေးစေချင်ဘူး။ အဲဒီလို သေသေချာချာရေးကြည့်မယ်ဆိုရင် အပိုအလိုမရှိတဲ့ clean code တွေရလာမယ်။ method တွေ ဖောင်းပွမှုမရှိတော့ပါဘူး။

method တစ်ခုကို တတ်နိုင်ရင် duplicates ဘယ်တော့မှမလုပ်ပါနဲ့။ ကျွန်တော်နမူနာတစ်ခုပေးပါမယ်။ ကျွန်တော်သာ ဘုံသုံးလို့ရနိုင်တဲ့ method တစ်ခုကို နေရာတိုင်းမှာ copy ။ paste လုပ်ထားတဲ့ codes ကို တစ်နာရီလောက်ပြင်ရပြီဆိုရင် ရှေ့က ရေးသွားတဲ့ကောင်ကို အယုတ္တ အနတ္တတွေ စပြီး ရေရွတ်ပါပြီ။ တကယ့်ကို tedius ဖြစ်စရာမဟုတ်လား။ နောက်တစ်ခုက တစ်နေရာမှာ ကိုယ်ပြင်ဖို့ကျန်ခဲ့ရင် အဲဒီကလည်းပြဿနာဖြစ်နိုင်တယ်။ အထူးသဖြင့် calculations တွေအများကြီးပါတဲ့ method တွေကို ဘယ်တော့မှ duplicates မလုပ်မိဖို့ ၊ တတ်နိုင်သမျှ share သုံးဖို့ကြိုးစားပါ။ တစ်နေရာမှာ ပြင်လိုက်ရုံနဲ့ အားလုံးမှာ အိုကေသွားတယ်ဆိုရင် နောက်လူရဲ့ အဆဲအဆို အတော်လေးသက်သာသွားနိုင်ပါတယ်။

နောက်တစ်ခုက testing ပါ။ ကိုယ်ပြင်လိုက်တာဟာ ရှေ့က flow ကို ထိခိုက်လားမထိခိုက်လား ဘယ်လိုသိမှာလဲ။ Unit Testing မရှိရင်တော့ sorry ပဲပြောရမှာပဲ။ ကိုယ့်အပိုင်းကိုတော့ သေချာစစ်ပါ။ တတ်နိုင်သမျှ extreme test တွေလုပ်ပါ။

အားလုံးရေးပြီးရင် အချိန်နည်းနည်းလေးပိုယူပြီး system document လုပ်ဖို့ကြိုးစားပါ။ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ပိုနားလည်ဖို့ကြိုးစားတဲ့သဘောပါပဲ။ နောက်တော့ source code ကို Version Control System ထဲ check in ပြန်လုပ်ပါ။

တတ်နိုင်သမျှ ရှေ့မှာ ရေးထားတဲ့ codes တွေကို ပြင်ဖို့မကြိုးစားပါနဲ့။ တကယ်ပြင်ရမယ့်အချိန်ကြရင်သာ သေချာနားလည်အောင်လုပ်ပြီး ပြင်သင့်သလောက်ပဲပြင်ပါ။ တဖြည်းဖြည်းချင်း ပိုကောင်းပြီး ပို stable ဖြစ်လာတဲ့ sytem ဖြစ်အောင် ရေရှည်လုပ်သွားကြပါ။

Source code is the best documentation ဆိုတာလေးကိုလည်း သတိပေးလိုက်ပါတယ်။ Functional Spec: တွေ၊ documentation တွေထဲမှာ ဘာတွေရေးထားရေးထား source code မှာမပါရင် အလကားပါပဲ။ တကယ်တမ်း လက်တွေ့လောကမှာ ပြည့်စုံတဲ့ documentation ကို တွေ့ရဖို့ဆိုတာ ဘုရားပွင့်တာကို ကြုံရသလို ကြုံတောင့်ကြုံခဲဖြစ်နေတတ်ပါတယ်။ common sense နဲ့ အာရုံတွေဖျတ်လတ်အောင်ထားပြီး အကောင်းဆုံးကြိုးစားဖို့ပဲရှိပါတယ်။

Legacy Systems တွေဟာ developers တွေရဲ့ အကောင်းဆုံးလေ့ကျင့်ရေးကွင်းပါပဲ။

Regards,
Zero