Wednesday, November 30, 2011

Data Profiling Tool, The SQL Power Architect

Data Profiling Tool, The SQL Power Architect

အလကားရပြီး သုံးပျော်တဲ့ Tool တစ်ခုပါပဲ။
အခုတလော အဲဒါနဲ့ပဲ နေ့တိုင်း အလုပ်များနေပါတယ်။

ဘာအတွက်သုံးသလဲဆိုရင်တော့ Data တွေဟာ Database ထဲမှာ သိမ်းထားပြီးရင်း သိမ်းထားနဲ့ ဘယ်လောက် အခြေအနေဆိုးနေလဲမသိတော့လောက်အောင်ဖြစ်လာပါတယ်။ Name field မှာ null ဖြစ်နေတာ၊ NRIC မှာ null ဖြစ်နေတာတွေ၊ date တွေက 1900 တွေ၊ 2900 တွေဖြစ်နေတယ်ဆိုရင် data volume များလာရင် analyze လုပ်ဖို့ခက်ပါတယ်။ အဲဒါတွေအတွက် ဒီ SQL Power Architect ကို အလကား download လုပ်ပြီးစစ်ဆေးကြည့်နိုင်ပါတယ်။ Oracle အတွက် သုံးနေပါတယ်။ MS SQL အတွက်လည်းရှိပါတယ်။

လိုအပ်ရင်သုံးလို့ရအောင်ပါ။
ထူးထူးခြားခြားမဟုတ်ပေမယ့် အသုံးတဲ့တဲ့ Profiler Tools တစ်ခုအကြောင်း သတင်းပေးတဲ့သဘောပါပဲ။

Setup ကလည်းမခက်ပါဘူး။
JDBC driver တောင်းရင်လည်း driver api ကို download လုပ်ပြီး locate လုပ်ပေးလိုက်ရုံပါပဲ။

DB connection ရပြီဆိုရင် Table Name မှာ right click လုပ်ပြီး profile လုပ်ရုံပါပဲ။ အဲဒီ result ကို view selected လုပ်လိုက်ရင် Graphical view နဲ့ရော csv view နဲ့ပါ အသေးစိတ်ကြည့်နိုင်ပါတယ်။ export လုပ်လို့လည်းရပါတယ်။ အလကားရတဲ့နွားကို သွားဖြဲပြီးကြည့်ပြီးသကာလမှာ ဒီနွားကြီးမဆိုးဘူးလို့ သဘောပေါက်ရပါတယ်။

(မကြာမီ post များကို နေ့စဉ် update လုပ်သွားပါမယ်။)

Regards,
Zero