Showing posts with label Database. Show all posts
Showing posts with label Database. Show all posts

Thursday, December 15, 2011

အပျင်းပြေ Remote Access MySql

အပျင်းပြေ Remote Access MySql

အခုတလော အိမ်မှာ program လေးဘာလေး မမေ့အောင် ပြန်ရေးပါတယ်။

MySql ကို remote ကနေ၀င်ချင်ရင် fire wall မှာ Port blocking လုပ်ထားလားကြည့်ပါ။ Window Firewall မှာ port ကို configure လုပ်ပေးလို့ရပါတယ်။ default ဆိုရင် Port 3306 ကို ဖွင့်ပေးလိုက်ပါ။ နောက်တစ်ခုက security suite တွေမှာပါတဲ့ firewall တွေမှာ portတွေပိတ်ထားရင်လည်း ဖွင့်ပေးပါ။

MySQL ကို စသွင်းကတည်းက remote Login လုပ်မယ်ဆိုတာရွေးထားလိုက်ရင်လွယ်ပါတယ်။

Database တစ်ခုမှာ root access ကို remote ကနေ ဖွင့်မပေးတာတော့အကောင်းဆုံးပါပဲ။ သီးခြား user account တစ်ခု create လုပ်ပြီး privilege တွေပေးပါ။ လွယ်လွယ်ကူကူ လုပ်ချင်ရင် SQLYog ဖြစ်ဖြစ်သွင်းထားပြီး Manage User ကနေ user တွေ create လုပ်ပြီး access rights တွေ define လုပ်နိုင်ပါတယ်။

အားလုံးအိုကေပြီဆိုရင်တော့ တခြား စက်တစ်လုံးကနေ MySQL run ထားတဲ့စက်ကို ping ကြည့်ပါ။
ping လို့ရရင် telnet နဲ့ Port ပွင့်နေလား မပွင့်နေလားကြည့်ပါ။ Windows 7 မှာတော့ telnet client ကို အရင် on ရပါမယ်။ default က off ထားပါတယ်။

ping IP address.
telnet IP adress(space)port No.

အဲဒီလိုရပြီဆိုရင်တော့ program ကနေ ချိတ်ကြည့်လို့ရပါပြီ။ SQL client နဲ့ဖြစ်ဖြစ် java ရဲ့ JDBC နဲ့ဖြစ်ဖြစ်ချိတ်ပြီး ရေးလို့ရပါပြီ။


My SQL မှာပဲဖြစ်ဖြစ် တခြား RDBMS တွေမှာပဲဖြစ်ဖြစ်။ Access right ကို အများကြီးပေးထားပြီး ပြန်လျော့ချင်တယ်ဆိုရင်သတိထားဖို့လိုပါတယ်။ ဥပမာအားဖြင့် user A ကို ပထမ delete ရော update access ပါပေးထားပြီး၊ select တစ်ခုပဲ ပြန်ပေးတယ်ဆိုပါတော့။ userA ဟာ သူ့ access right ကို modify မလုပ်ခင် login ၀င်ထားရင် အဲဒီ session ရှိနေသရွေ့တော့ သူ့မှာ အရင် privilegeတွေကျန်နေပါသေးတယ်။ remote log-in ၀င်တဲ့ user account တွေဆိုရင် session ကို kill လုပ်တာဖြစ်ဖြစ်၊ မလုပ်တတ်ရင် MySQL service ကို restart လုပ်လိုက်တာဖြစ်ဖြစ် လုပ်ရပါမယ်။ အဲဒီလိုမလုပ်သရွေ့တော့ user access update လုပ်လိုက်တာဟာ privilege တွေ လျော့သွားဖို့၊ပြောင်းသွားဖို့အတွက် မသေချာပါဘူး။ အဲဒီ အခြေခံအချက်တွေကို သတိထားဖို့လိုပါတယ်။

သိပ်များ အကြမ်းဖျင်းဆန်နေမလားမသိဘူးဗျာ။
screen captured လုပ်ရမှာပျင်းတာနဲ့ ဒီအတိုင်းပဲရေးလိုက်ပါတယ်။
အဆင်ပြေမယ်ထင်ပါတယ်။
အဆင်မပြေဘူးဆိုရင်လည်း မပြေတာလေး comment ရေးခဲ့ပါ။

Regards,
The zero.

Wednesday, November 30, 2011

Data Profiling Tool, The SQL Power Architect

Data Profiling Tool, The SQL Power Architect

အလကားရပြီး သုံးပျော်တဲ့ Tool တစ်ခုပါပဲ။
အခုတလော အဲဒါနဲ့ပဲ နေ့တိုင်း အလုပ်များနေပါတယ်။

ဘာအတွက်သုံးသလဲဆိုရင်တော့ Data တွေဟာ Database ထဲမှာ သိမ်းထားပြီးရင်း သိမ်းထားနဲ့ ဘယ်လောက် အခြေအနေဆိုးနေလဲမသိတော့လောက်အောင်ဖြစ်လာပါတယ်။ Name field မှာ null ဖြစ်နေတာ၊ NRIC မှာ null ဖြစ်နေတာတွေ၊ date တွေက 1900 တွေ၊ 2900 တွေဖြစ်နေတယ်ဆိုရင် data volume များလာရင် analyze လုပ်ဖို့ခက်ပါတယ်။ အဲဒါတွေအတွက် ဒီ SQL Power Architect ကို အလကား download လုပ်ပြီးစစ်ဆေးကြည့်နိုင်ပါတယ်။ Oracle အတွက် သုံးနေပါတယ်။ MS SQL အတွက်လည်းရှိပါတယ်။

လိုအပ်ရင်သုံးလို့ရအောင်ပါ။
ထူးထူးခြားခြားမဟုတ်ပေမယ့် အသုံးတဲ့တဲ့ Profiler Tools တစ်ခုအကြောင်း သတင်းပေးတဲ့သဘောပါပဲ။

Setup ကလည်းမခက်ပါဘူး။
JDBC driver တောင်းရင်လည်း driver api ကို download လုပ်ပြီး locate လုပ်ပေးလိုက်ရုံပါပဲ။

DB connection ရပြီဆိုရင် Table Name မှာ right click လုပ်ပြီး profile လုပ်ရုံပါပဲ။ အဲဒီ result ကို view selected လုပ်လိုက်ရင် Graphical view နဲ့ရော csv view နဲ့ပါ အသေးစိတ်ကြည့်နိုင်ပါတယ်။ export လုပ်လို့လည်းရပါတယ်။ အလကားရတဲ့နွားကို သွားဖြဲပြီးကြည့်ပြီးသကာလမှာ ဒီနွားကြီးမဆိုးဘူးလို့ သဘောပေါက်ရပါတယ်။

(မကြာမီ post များကို နေ့စဉ် update လုပ်သွားပါမယ်။)

Regards,
Zero

Wednesday, February 23, 2011

decode in oracle.

decode in oracle.

တခါတလေ oracle မှာ decode ဆိုတာကိုတွေ့ရတတ်တယ်။
အဲဒါကို ရှာကြည့်ရမှာပျင်းတဲ့သူတွေအတွက် ကြိုဖတ်ထားလို့ရအောင်ပါ။

SELECT name,
decode(id,'B0001','ID_1,
'B0002','ID_2,
'B0003','ID_3,
'ID_DEFAULT')ID_MASK


FROM customer;

အဲဒါကြည့်ရင် CASE မသုံးချင်လို့ အလွယ်လုပ်ထားတာကို တွေ့ရပါမယ်။
ဆိုလိုတာက id ကိုကြည့်ပြီး B001 ကို ID_1 လို့ပြောင်းတာကို ရေးရင် ရှည်လို့ လွယ်လွယ်ကူကူ decode function လေးနဲ့သပ်သပ်ရပ်ရပ်ရေးလိုက်တာပါပဲ။ ID_MASK က တော့ alias တစ်ခုပေးလိုက်တာပါပဲ။ ဘာမှမဟုတ်ပါဘူး။

အဲဒါကို IF-THEN-ELSE နဲ့ရေးရင် ဒီလိုရပါမယ်
if (id='B0001') then
ID_MASK:='ID_1'
esle if (id='B0002') then
ID_MASK:='ID_2'
else if (id='B0003') then
ID_MASK:='ID_3'
else
ID_MASK:='ID_DEFAULT'
decode ဆိုလို့ ဘာများလဲမသိဖြစ်တတ်တာပါ။ အမှန်က ထွေထွေထူးထူးမဟုတ်ပါဘူး။

decode( expression , search , result [, search , result]... [, default] )

အဲဒီလိုမှတ်လို့ရပါတယ်။ NULL ဆိုရင် 0 ပြောင်းထည့်မယ်။ မဟုတ်ရင် default အတိုင်းပြမယ်ဆိုတာတွေရေးလို့လည်းရပါတယ်။

DECODE(EXTRA_PREMIUM,NULL,0,EXTRA_PREMIUM)

အပေါ်က decode မှာဆိုရင် extra premium field က Null ဆိုရင် zero လို့ပြမယ်။ Null မဟုတ်ရင် သူ့တန်ဖိုးအတိုင်းပြမယ်။

အလုပ်လုပ်နေရင်း အသုံးလိုတာလေးတွေ share လိုက်တာပါ။ အသေးအဖွဲတွေပေမယ့် သိထားရင် အသုံးဝင်နိုင်ပါတယ်။