Friday, June 18, 2010

Mutiple SSL sites on single IP

ဒီနေ့တောင်ကြည့် မြောက်ကြည့်နဲ့ Myanmar Tutorials က Q&A တစ်ခုမှာ SSL website(https) တစ်ခုအတွက် Dedicated IP တစ်ခုလိုတယ်လို့ တွေ့လိုက်ပါတယ်။ သူပြောတာ မှားတယ်လို့ မဆိုလိုပါဘူး။ 2007 လောက်ကထိ ဒါ မှန်ပါတယ်။ SSL ရဲ့ အလုပ်လုပ်ပုံအရ socket တစ်ခု ( IP တစ်ခု ၊ Port တစ်ခု) မှာ SSL website တစ်ခုထက် ပိုထားလို့မရပါဘူး။ IP တစ်ခုမှာ SSL site တွေ အများကြီး Virtual Host လုပ်ချင်ရင် မတူညီတယ့် Port တွေမှာ run မှရပါတယ်။ ဥပမာ abc.com ကို port 443 မှာ၊ def.net ကို port 444 မှာ အဲလိုမျိုးပေါ့။ ဒီလိုကြတော့လည်း အဆင်မပြေပြန်ပါဘူး။ ဘယ်သူမှ website ကိုအနောက်က port number ကြီးထဲ့ရိုက်ပြီး ဖွင့်ကြည့်ချင်မှာ မဟုတ်ဖူး။

ပုံမှန် http site တွေကြ IP တစ်ခုမှာ domain တွေအများကြီးကို VirtualHost အဖြစ်ထားလို့ရပြီး ( shared web hosting လို့ ခေါ်ပါတယ်) ၊ ဘာလို့ HTTPS / SSL site တွေကြမှ ဒါမျိုးမရ ရတာလည်း ? လူတစ်ယောက်က သူ့ browser မှာ abc.com လို့ ခေါ်လိုက်တယ်ဆိုပါတော့၊ သူ့ browser ကနေ ဒီ website ကို host လုပ်ထားတယ့် Server ဆီကို http request လို့ခေါ်တယ်တယ့် packet ပို့လိုက်ပါတယ်။ ဒီ http request ထဲမှာ header field ပါပါတယ်။ ဘယ် domain name ( abc.com) ကို request လုပ်တာလည်းဆိုတာ ဒီ header field ထဲမှာ ပါလာပြီးသားပါ။ ဒီ HTTP request header ကိုဖတ်ပြီး Server က ဒါ ဘယ် domain ကိုလာတယ်၊ ဒါဆို ဘယ် website ကိုပေးရမယ် ဆိုတာခွဲခြားပြီး သိနိုင်တယ်။

Https site တွေမှာကရော ? HTTPs အလုပ်လုပ်ပုံအရ http traffic မသွားခင်မှာ User client ( browser ပေါ့ဗျာ) နဲ့ Server ကြားမှာ SSL tunnel ကို အရင် တည်ဆောက်ပါတယ်။ ဒါကို SSL session initialization လို့သုံးပါတယ်။ ဒီမှာ နည်းနည်း ထပ်ပြောရရင် Browser နဲ့ Server ရဲ့ port 443 ကြားမှာ tunnel တည်ဆောက်တာပါ။ နောက်တော့ အပြန်အလှန်ပို့သမျှ data အားလုံးကို rsa key ကိုသုံးပြီး Encrypt လုပ်ပြီး ပို့ပါတယ်။ ကြားထဲက sniff လုပ်လို့မရအောင်ပေါ့။ SSL request မှာက HTTP request header မှာလို domain name မပါလာပါဘူး။ အဲတော့ SSL tunnel အရင်ဆောက်ပြီးလို့ http request ရောက်လာတော့မှ ဘယ် domain ကို request တာလည်းဆိုတာ သိမယ်။ Server အနေနဲ့ user client ( browser) နဲ့ကြားမှာ SSL tunnel ဆောက်တုန်းက ( SSL session initialization မှာ) ဘယ် domain ကို request လုပ်တာလည်းမသိတော့ ဘယ် configuration ထဲက SSL key ကိုပေးရမမှန်း မသိပါဘူး။ Configuration တွေထဲက ပထမဆုံးတွေ့တယ့် domain ရဲ့ SSL key ကို ပေးလိုက်ပါတယ်။ နောက်မှ ကြည့်ကျက်လုပ်မယ်ပေါ့။ အဲတော့ ဘာဖြစ်လည်း ဆိုတော့ ၊ User ဘက်မှာ SSL certificate error ဆိုတယ့် warning ကြီးတက်ပါတယ်။ ဒီ SSL cert က ဒီ domain အတွက်မဟုတ်ဖူး၊ လိမ်တာဖြစ်နိုင်တယ် ဘာညာဆိုတယ့် msg ကြီး။ IE မှာဆို Continous Anyway (Not recommanded) ဆိုတာကြီး နှိပ်မှ web site ပေါ်လာတယ့် အဆင့်ကို ရောက်တယ်။ Firefox မှာဆို Certificate exception ထဲ့ရတယ်၊ I understand the risk ဘာညာပြီးတော့။ အဲတော့ တော်ရုံ user က လန့်ပြီး မသုံးတော့ဘူး။ Security အတွက် https နဲ့ဖွင့်ပါတယ်ဆို I understand the risk ဆိုပြီး အရင် ဝန်ခံနေရတော့ ပုံမှန် http သုံးတာကမှ ဟုတ်သေးတယ်လို့ စဉ်းစားစရာဖြစ်သွားတယ်။

ဘာလို့ ဒီ ပြသနာက http မှာမဖြစ်ပဲ https မှာဖြစ်တာလည်းဆို ကျနော်အပေါ်မှာ ပြောသလို http reqeust header မှာတုန်းက domain name ပါတော့ server က ဘယ် virtualhost ထဲက website ကို ပြန်ပေးရမလည်းသိတယ်။ https မှာက SSL session ဆောက်ပြီးမှ http request ကလာတာ။ SSL session ဆောက်တုန်းက ဘယ် domain အတွက်မှန်းမသိသေးတော့ server က တွေ့ကရာ SSL key တစ်ခုပေးလိုက်တယ် ( ဟုတ်ကဲ့ တကယ်က first vhost ရဲ့ key ပါ)။ တကယ် request လုပ်တာက တခြား domain name လည်းဖြစ်နေရော warning တွေပေါ်လာရော။ အဲတော့ Technically အရ IP တစ်ခု Port တစ်ခုမှာ SSL နဲ့ website တစ်ခုပဲ ထားလို့ရတယ်လို့ ဖြစ်လာပါတယ်။ Server တစ်လုံးထဲမှာ SSL နဲ့ website နှစ်ခုထားချင်ရင် မတူညီတယ့် IP နှစ်ခု ဒါမှမဟုတ် IP တစ်ခုထဲဆို မတူညီတယ့် port နှစ်ခုမှာ ထားမှ ရတယ်လို့ဖြစ်လာရော။

E-commerce site တွေ၊ Online payment system တွေခေတ်စားလာတာနဲ့ အမျှ bank account information တွေ၊ Credit card information တွေ online မှာ၊ website တွေမှာ အသုံးပြုတာများလာတာနဲ့ အမျှ Website တွေမှာ SSL နဲ့ https အသုံးပြုဖို့ လိုအပ်မှုက ပိုပိုများလာပါတယ်။ ဒါဆို ဒီလို site တွေကို site တစ်ခု IP တစ်ခုသာ ပေးနေရရင် IPv4 exhaustion ကို ပိုမြန်ကုန်မှာပေါ့။ နောက်တော့ SSL ရဲ့ လိုအပ်ချက်တွေ အားနည်းချက်တွေကို patch လုပ်ရင်း SSL v1 , v2 , v3 နောက်မှာ TLS လို့ခေါ်တယ့် Transport Layer Security ကိုသုံးလာကြတယ်။ Browser တွေမှာ TLS 1.0 ၊ TLS 1.1 ဆိုပြီး checkbox လေးတွေ တွေ့ဖူးမှာပါ။ အရင်က ပြသနာ SSL session request မှာ domain name header မပါတယ့် ကိစ္စ ၊ TLS မှာ ဖြေရှင်းနိုင်ဖို့ အလားအလာ ရှိလာတယ်။ 2006 မှာထင်တယ် RFC 4366 ထွက်လာပြီး Server Name Indication လို့ခေါ်တယ့် SNI support ၊ TLS မှာပါလာတယ်။ SNI အရ SSL session တည်ဆောက်တယ့် အချိန် ( TLS negotiation လို့ သုံးပါတယ်) မှာ ကတည်းက domain name ကို ထဲ့ပို့လိုက်ပါတယ်။ အဲတော့ Server ဘက်က ဘယ် domain ရဲ့ SSL key ကို reply ရမလည်းဆိုတာ သိသွားပါတယ်။ User client ( browser) ရော ၊ Server ဘက်ကရော SNI support လုပ်ဖို့တော့ လိုပါတယ်။

TLS v1.1 ရဲ့ feature ဆိုပေမယ့် TLS v1.0 မှာလည်း support လုပ်အောင် လုပ်ထားပါတယ်။ Browser တော်တော်များများနဲ့ ၊ User တော်တော်များများက အခုထိ TLS v1.0 ကိုပဲ support လုပ်နိုင်တယ့် OS ကိုပဲသုံးနေကြဆဲမို့လို့ပါ။ အခုတော့ X.509 v3 မှာ SSL certificate တစ်ခုက multiple domain name ကို support လုပ်နိုင်တာတို့ ဘာတို့ဖြစ်လာပါပြီ။ ဒါကြောင့် HTTPs website တစ်ခုအတွက် IP တစ်ခုလိုတယ်ဆိုတာ ဒီနေ့ခေတ်မှာ မရှိတော့ပါဘူး။ ဒီနေ့ ကျနော်တို့ လက်ထက် IT ခေတ်က အရာရာ ပေါပေါလောလောရနေလိုက်တာ restriction ဆိုတာမရှိတော့ သလောက်ပါပဲ။ အရာရာ လွယ်ကူစေဖို့ နောက်ကြပြီး မွေးခဲ့တယ့် အမေ့ကို ကျေးဇူးတင်ပါတယ် :D

Notes: SNI TLS သုံးဖို့ Server က SNI support လုပ်နိုင်တယ့် Web Server ဖြစ်ဖို့လိုပါတယ်။ Apache 2.2.12 ကနေစပြီး SNI support က Apache Native support ဖြစ်သွားပါပြီ ။ အရင် Version အဟောင်းတွေမှာတော့ GnuTLS module ကို install လုပ်ရင်ရပါတယ်။ User ဘက်ကလည်း SNI support ရမှဖြစ်ပါတယ်။ ဒါမှ TLS negotiation request packet မှာ domain name header ထဲ့ပို့မှာပါ။ Windows XP SP3 နဲ့ အထက်၊ IE 7 နဲ့ အထက်မှာရပါတယ်။ IE6 မှာလည်း XP SP3 ဆိုရင် ရတယ်လို့ပြောပါတယ်။