Saturday, October 16, 2010

Git :)

Java အကြောင်းရေးထားတာတွေအကုန်ပြန်ဖတ်ပြီး Main Theme ပျောက်နေတာကိုသတိထားမိပါတယ်။

အခုတလော အချိန်ကလည်း မဟားတရား အားနေတော့ ဘာမှမစဉ်းစားဘဲ Java ရေးလို့ရတယ်ဆိုတဲ့ အယူအဆကို အကောင်အထည်ဖော်တဲ့အနေနဲ့ ... သင်ခန်းစာတွေပါရေးပါမယ်။ တကယ်တော့ကိုယ့်ဘာသာကိုယ်ဖတ်ရတာ မြန်ပါတယ်။ ပြန်ရေးရတာ အတော်လေးပျင်းဖို့ကောင်းပါတယ်။Teach yourself Java in 12 seconds
sysout + ctrl+Space in eclipse.
then it will show : System.out.println();
Modify it a bit as following :
System.out.println("Hello Dying World!!!!");
run...

အဲဒါမျိုးတွေတော့မရေးချင်ပါဘူး။

လေးနက်တဲ့အကြောင်းအရာတွေကိုလည်း များများရေးချင်ပါတယ်။ များများဖတ်လေလေ မရေးဖြစ်လေလေဖြစ်နေတဲ့အတွက် ...ကြိုးစားပြီးပုံမှန်ရေးပါမယ်။

ဒီနေ့လည်း Git ကို စမ်းကြည့်ပါတယ်။ Git ကိုမပြောခင် Version Control System တွေအကြောင်းနည်းနည်းပြောချင်ပါတယ်။ ကလေးတွေသိအောင်လို့ပါ။

Source Code တွေကို တစ်နေရာမှာသိမ်းထားပြီး Version ခွဲထားတာမျိုးပါ။ ဥပမာဆိုပါတော့ ..ကျွန်တော်အခုရေးနေတဲ့ Dynamic Patcher ဆိုတဲ့ Project ကို ကျွန်တော်စရေးတယ်။ Version Controlတစ်ခုခုမှာ import လုပ်ထားလိုက်တယ်။ နောက်နေ့ကြရင် ဆက်ရေးတယ်။ ပြီးရင် ပထမနေ့မှာ import လုပ်ထားတဲ့ Version Control System ထဲကို ထပ်ထည့်တယ်ဆိုပါတော့။

Version Control System မှာက Dynamic Patcher verion 1, version 2 ဆိုပြီး နှစ်ခုဖြစ်နေပါမယ်။
နောက်ထပ် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကလည်း ဆက်ရေးပြီး Update လုပ်လိုက်ရင် version 3 ဖြစ်သွားပါမယ်။ ကျွန်တော်က ဆက်ရေးချင်ရင် အဲဒီ version 3 ကို check out ပြန်လုပ်ပြီး ဆက်ရေးရုံပါပဲ။

Version Control System ထဲကို သွင်းရင် check in လုပ်တယ်လို့ပြောပါတယ်။ ပြန်ထုတ်ရန် check out လုပ်တယ်လို့ပြောကြပါတယ်။ Team နဲ့ရေးတဲ့အခါ source code တွေကို merge လုပ်ဖို့ update လုပ်ဖို့တွေအတွက် Version Control System ကမရှိမဖြစ်လိုပါတယ်။

အခုလုပ်နေတဲ့ရုံးမှာတော့ Borland Star Team သုံးပါတယ်။ အင်မတန် အဆင်ပြေပါတယ်။ အရင်ရုံးမှာလည်း CVS ရှိပါတယ်။ အဆင်ပြေပါတယ်။

Version Control System တွေရဲ့ အားသာချက်က ဥပမာ ကျွန်တော်က Dynamic Patcher ကိုရေးပြီးသွားလို့ customer က CR(Change Request) လုပ်ရင် Main Project ကို မထိပဲ Branch ခွဲထုတ်ပြီး Branch မှာ Update လုပ်၊ Enhance လုပ်ပြီးမှ testing လုပ်လို့ရပါတယ်။ နောက်ဆုံး အားလုံးအိုကေပြီဆိုမှ Main Branch နဲ့ပြန်ပေါင်းပြီး Software ကို ပြန်ပြီး Deploy လုပ်လိုက်ရုံပါပဲ။

Git ကတော့ Open Source ဖြစ်ပါတယ်။ Linux Kernel ကို ရော Adroid တွေရဲ့ source တွေရော အဲဒီမှာ host လုပ်ထားပုံထောက်ရင် စိတ်ချရပါတယ်လို့ပြောပြီးသားဖြစ်နေပါပြီ။ အလကားရတာ များများသုံးတာဟာ Java သမားတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ အလကားရတာကို crash ဖြစ်တဲ့အထိ သုံးပစ်ရပါမယ်။ ... Java ရေးတဲ့သူတိုင်းဟာ အသစ်ကို စိန်ခေါ်နိုင်တဲ့သူမျိုးဖြစ်ရပါမယ်။ အပြောင်းအလဲကိုမကြောက်ပါနဲ့။ နောက်ဆုံးပေါ်နည်းတွေဟာ လူတွေကို လွယ်အောင်လုပ်ပေးတာပါ။ ပိုပြီးလွယ်သထက်လွယ်လာပါတယ်။ ....

Eclipse အတွက် စပြီးရေးကြတဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ်။ အခုလည်း Git အတွက် plug in လေးကူးလိုက်ရုံပါပဲ။ Java ရေးတယ်ဆိုတော့ Eclipse နောက်ဆုံးဗားရှင်းဖြစ်တဲ့ Helios ကို သိမယ်ထင်ပါတယ်။ မသိရင် လည်း update လုပ်လိုက်ပါ။ အဲဒီမှာ Market Place ပါလာပါတယ်။ iTunes ရဲ့ app store အထာမျိုးပါပဲ။ ပိုပြီး ရှာရဖွေရလွယ်ပါတယ်။ Git plug in လေးသွင်းလိုက်ရုံပါပဲ။

အခုဒီလိုလေးပြောတော့ ဒါကိုများရေးနေတယ်လို့ထင်ပါမယ်။ အားနေရင် တခြားနည်းလမ်းတွေနဲ့လည်းကြိုးစားကြည့်ပါ။ :P။

Git Plug in install လုပ်ပြီးရင် ထုံးစံအတိုင်း Eclipse ကို restart လုပ်ပါ။ ပြီးရင် ကိုယ်ရေးထားတဲ့ project ကိုright click ထောက်ပြီး share လိုက်ပါ။ Git repo မှာ share လိုက်ရုံပါပဲ။

That's all for Git integration in eclipse and basic knowledge for Version Control System .



Regards_zeroDivdedByZeroIsZero

public void callWarning(){
callWarningHelper();
}

public callWarningHelper implements DebtOfStarBucks throws notEnoughCashException(){
try{
System.out.println("
.........By the way, bro ................Didn't post for a long time meh ...
Don't be lazy as me :)
I will post a lot this month and next month :)");
//PURPOSELY THROWS EXCEPTION TO MAKE AN INFINITE LOOP
throw new Exception();
}catch(Exception exceptionIsNotError){
logger.error(exceptionIsNotError.toString());
callWarning();
}
}

1 comment:

Divinity said...

By the way, we'd moved our CVS to Git. :P