Wednesday, April 27, 2011

Smart, and Gets Things Done.

Smart, and
Gets Things Done.

အဲဒါပြောတာ ကျွန်တော်မဟုတ်ပါဘူး။Joel Spolsky ဆိုတဲ့ company ပိုင်ရှင်ပြောတာဖြစ်ပါတယ်။ သူက အင်တာဗျူးရင် အဲဒီလို Get Things Done in smart ways ဖြစ်တဲ့ငနဲရှာချင်တာပါ။ ပင်ကိုယ်စွမ်းရည်ကောင်းတာမျိုးလိုချင်တယ်လို့ပြောတယ်။ သူပြောတာက သင်ထားတာတွေတတ်နေတာအပြင် ပင်ကိုယ်ကလည်း အလုပ်လုပ်ရင် ဖြစ်အောင်လုပ်တဲ့လူမျိုးလိုချင်တာ။

Joel ပြောတာက အရင်က သင်ထားလို့တတ်နေတာတွေက Technically ပြောရင် အဟောင်းကြီးတွေဖြစ်နေပြီ။ နည်းပညာအသစ်တွေကို အင်တာဗျူးလာဖြေတဲ့သူက နားလည်နိုင်မလား၊ အမြန်လေ့လာနိုင်မလားဆိုတာကို Joel က သိချင်ပါတယ်။ သူ့ရုံးမှာခန့်မယ့်လူတွေကို အဲဒီလို ပင်ကိုယ်စွမ်းရည်ကောင်းတာမျိုး ဖြစ်စေချင်တယ်ပေါ့ဗျာ။ ခေတ်နဲ့အံမ၀င်တဲ့နည်းပညာတွေကို သိပ်ကိုကျွမ်းနေပါတယ်ဆိုတာမျိုးကို သူကမခန့်ချင်ဘူး။


စမတ်ကျတယ်ဆိုတာသတ်မှတ်ရခက်ပါတယ်။ အင်တာဗျူးမေးခွန်းတွေကို ဘယ်လိုဖြေသလဲ၊အဖြေရအောင်ဘယ်လိုချဉ်းကပ်သလဲဆိုတာတွေကနေ ခန့်မှန်းကြည့်ရတာပါပဲ။ ဒါပေမယ့် အလုပ်ကိုပြီးမြောက်အောင်၊ အောင်မြင်အောင် လုပ်တတ်တဲ့အမူအကျင့်ကတော့ အရေးအကြီးဆုံးပါပဲ။ တစ်ချို့လူတွေက သိပ်တော်တယ်။ အလုပ်ဖြစ်အောင်သာမလုပ်တတ်တာ၊ အဲဒီလူတွေက phD တွေဘာတွေရတဲ့အထိဖြစ်နိုင်တယ်။ Smart ကျတာနဲ့ အလုပ်ပြီးအောင် လုပ်တတ်တာမတူပါဘူး။

smart တွေဟာ တော်တယ်။ get Things Done ချင်မှ done မယ်။ company အကြီးကြီးတွေမှာ ရာထူးအကြီးကြီးတွေနဲ့နေချင်လည်းနေမယ်။ သိပ်လည်း smart ဖြစ်တယ်။ လုပ်လို့မဖြစ်နိုင်လောက်တာတွေပဲလုပ်နေလို့ ဘယ်သူမှ သူ့ဆီက အကြံမယူနိုင်လောက်အောင်ကို smart ဖြစ်နေတာမျိုး။ သူတို့က သိပ်ကို အခဲဒမစ်ဆန်တဲ့အတွက် software တွေ ဘယ်အချိန်မှာပြီးဖို့ထက်၊ ပြဿနာတစ်ခုခုကို အလေးအနက်ကိုင်တွယ်ဖြေရှင်းဖို့ကို ပိုစိတ်ဝင်စားတယ်။

အလုပ်မဖြစ်ဘူးဆိုတာက အလုပ်မလုပ်တာကိုပြောတာမဟုတ်ဘူးနော်။ သူလုပ်ချင်တာလုပ်နေလို့ တကယ်လုပ်ရမယ့်ဟာတွေမပြီးတာမျိုးလည်းဖြစ်နိုင်တယ်။ အလုပ်မဟုတ်တာတွေကို လုပ်လုပ်နေတတ်လို့ Joel က အဲဒီလို smart တွေ၊ smart but not useful လို့သတ်မှတ်ပါတယ်။ သူ့အတွက်သတ်မှတ်တာပါ။ ဒီလိုလူတွေက research တွေဘာတွေသွားဖို့သင့်တော်တယ်လို့ကျွန်တော်မြင်ပါတယ်။ အံမ၀င်တာမျိုးပါ။ ပြိုင်ကားမောင်းဖို့မျက်လုံးကောင်းပြီး၊ ဦးနှောက်က response မြန်တဲ့သူကို စပါးလုံးကောက်ခိုင်းဖို့ အလုပ်ခန့်နေတာမျိုးလည်းဖြစ်နေနိုင်တယ်လို့ဖြည့်စွက်တွေးမိပါတယ်။


အလုပ်ပဲဖြစ်အောင်လုပ်ပြီး smart မကျတဲ့ကောင်က ပိုတောင်ဆိုးသေး။ သူက အလုပ်ဖြစ်အောင် ဖြစ်သလိုလုပ်ပစ်မယ်။ နောက်ကျရင် သူလုပ်ထားတာတွေကို ပြန်ရှင်းနေရတာနဲ့ပိုဆိုးကုန်တယ်။ အဲဒါကို ကျွန်တော်နည်းနည်းဖြည့်ပြောလိုက်ချင်တယ်။ Developers တွေအလုပ်လုပ်ရင် နားလည်ဖို့မကြိုးစားချင်တဲ့အခါ hard code လုပ်ပစ်တာမျိုး၊ အဲဒါကို အပေါ်လွင်ဆုံးပြနိုင်တဲ့ အင်္ဂလိပ် အီဒီယမ်တစ်ခုကတော့ sweep things under the carpet ပါ။ ပြဿနာတွေကို ဖုံးထားလိုက်တယ်။ နောက်တော့မှ လျှောက်လုပ်လိုက်တာကြောင်ပြဿနာ့ပိုကြီးသွားပြီ။ အပ်နဲ့ထွင်းရမှာကနေ c4 နဲ့ခွဲရတဲ့အဆင့်ကိုရောက်ပါတယ်။


Joel ပြောတာက အင်တာဗျူးမှာ ဘာလို့ သိပ်အသုံးမကျတဲ့မေးခွန်းတွေဘာလို့မေးမှာလဲတဲ့။ ဥပမာ oracle8i မှာ varchar နဲ့ varchar2 ဘာကွာလဲမေးတာမျိုးတဲ့၊ ဒီလိုမေးခွန်းအတွက် အွန်လိုင်းကနေ ၁၅ စက္ကန့်နဲ့ရှာလို့ရတယ်ဆိုတာ သူသိတယ်။ အဲဒါမျိုးတွေမေးတာ ရယ်စရာကောင်းတယ်လို့သူကပြောပါတယ်။

သူလိုချင်တဲ့အရည်အချင်းတွေထဲမှာ passion နဲ့အလုပ်လုပ်တဲ့အချက်လည်းပါပါတယ်။ အဲဒါလေးကိုတော့ အလေးအနက်ပြောချင်ပါတယ်။ အင်တာဗျူးမှာ ကိုယ်တကယ်လုပ်တတ်လားမလုပ်တတ်လားခန့်မှန်းဖို့သာမလွယ်တာ၊ ကိုယ့်အလုပ်ကိုကိုယ်ပြောတဲ့အခါ သိပ်ကိုတက်ကြွပြီးအာပေါင်အာရင်းသန်နေရင်၊ အခု laptop ပေးအခုရေးလိုက်ချင်စမ်းတယ်ဆိုတဲ့အထာကြီးနဲ့ပြောနေဆိုနေရင် ဒီလူဟာ ၀က်ကိုဟောလစ်လို့ထင်တဲ့အစားပဲဆိုပြီး အလုပ်ခန့်ချင်လည်းခန့်မှာတဲ့။

နောက်တစ်ခုကျန်သေးတယ်။ အရင်အလုပ်မှာလုပ်ခဲ့တာကို အပိုတွေပြောမယ်ဆိုရင် လိုသလောက်ပဲအပိုပြောဖို့ပါ။ လုပ်ခဲ့တာက developer။ project ကိုလည်း ကိုယ်ပဲ manage လုပ်ခဲ့တယ်သွားပြောရင်ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီလို High level view ရှိကြောင်း၊ System Analysis လုပ်တုန်းကပါခဲ့ကြောင်းလောက်ပြောရင်ကိုအိုကေပြီ။ အကန့်အသတ်လေးနဲ့ပြောဖို့။ ကို်ယ်ထွက်သွားလို့ ဟိုကုမ္ပဏီမှာ Do နဲ့မျက်ရည်သုတ်ကျန်ခဲ့သယောင်ကြီးတွေ လျှောက်မပြောဖို့၊ Attitude ကောင်းဖို့တွေသတိထားပြီးဖြေဖို့တွေကို သူကပြောပါတယ်။

ဒီပို့စ်ကတော့ Blah-Blah ပါပဲ။ Blah-blah ဟာ Blurred blurred ထက်တော့ကောင်းပါတယ်။ တကယ်လို့ အလုပ်တစ်ခုမှာ လုပ်တော့မယ်ဆိုရင် အဲဒီအလုပ်ကို professional ပီပီသသ လုပ်ရင် ရေရှည်မှာပိုပြီးတိုးတက်လာတာပါပဲ။ အင်တာဗျူးဖြေတာတွေကလည်း ကိုယ်သိတာကို အားကြိုးမာန်တက်ပြောတာအရေးကြီးသလို၊ကိုယ်တကယ်သိဖို့လိုတာတွေသိနေဖို့လည်းလိုပါတယ်။ အခုလို Resume' ပြင်ရေးနေတဲ့အခါသမယမှာ Tips and Tricks တွေကို share လိုက်ပါတယ်။

နတ်လူသာဓုစ်ခေါ်စေသော်ဝ်။

Regards,

Zero


2 comments:

Divinity said...

Resume က ဘာလုပ်ဖို့ ပြင်တာတုန်း ?
အကြောင်းအရာက ခက်ဆင်ဆင်ပဲ အမှန်က interview အတွက်ရယ်လို့ ရေးမလို့ ဟဲဟဲ နောက်မှ အကြောင်းတိုက်ဆိုင်တာရှိနေလို့ theme change လိုက်ရတာ

Zero Divided by Zero is Zero (Brahmagupta Rule) said...

အားနေရင် RESUME' ရေးထားတာကောင်းတယ်လေ။ အရင်အဟောင်းမှာက အခုထပ်လုပ်ရတာတွေ မပါသေးဘူးလေကွာ။ အလုပ်ကတော့ AWS များများရတာရှာနေတယ်။ နောက်လေးငါးလမှပြောင်းရင်ပြောင်းမယ်။ မပြောင်းရင်နှစ်ကုန်မှာပြောင်းမယ်။

နေကောင်းတယ်မလား။ မတွေ့တာကြာပြီ။ ငါတော့အခုတလော ကလေးကစားကွင်း တစ်နေ့ကို ဆယ်ပတ်၊ဆယ့်ငါးပတ်ပတ်ပြေးနေတယ်။

ရုံးကအ၀တ်အစားနဲ့ပဲပြေးလိုက်တယ်။ ဒီရုံးရောက်မှ ဆယ်ပေါင်လောက်ထပ်တက်လာတယ်။ ရှေ့တစ်ပါတ်လောက်ရုံးကိုလာခဲ့မယ်။ ဖိတ်စာဝေဖို့။

Cris နဲ့ Yi Ming ကို သတိရကြောင်းပြောလိုက်ပါ။ ကျန်တဲ့ကောင်တွေတော့ နာမည်တောင်မေ့သွားပြီ။ :)