Wednesday, April 27, 2011

Religion : Googlism

Google သာမရှိရင် ကျနော်တို့ engineer ဖြစ်ပါ့မလား ? Google သာမရှိရင် ကျနော်လည်း mechanical engineer ပဲလုပ်ဖြစ်မယ်ထင်တယ်။ အခုလို IT ဖြစ်လာမှာမဟုတ်ဖူး။ ကျနော်တို့ အတွက် Google က ဘဝပဲ ဟဲဟဲ။ ဒါလည်း ပြောရရင်တော့ မကောင်းဘူး။ ကျနော်တို့ မှတ်ဉာဏ်ထက် Google docs တွေ Google bookmarks တွေ ကိုပိုအားကိုးလာရင် မကောင်းဘူးလို့ထင်တာပဲ။ အတိုင်းအတာ တစ်ခုထိ သုံးရပေမယ့် ဒီပေါ်မှာပဲ depends မလုပ်မိသင့်ပါဘူး။ ကျနော်ဒီနေ့ MySQL cluster setup လုပ်ဖြစ်လို့ ကျနော်ရဲ့ ပထမဆုံး setup လုပ်ဖြစ်တယ့် အတွေ့အကြုံနဲ့ ပြန်ယှဉ်စဉ်းစားမိပါတယ်။

ကျနော်တို့ ဒီက Telecom တစ်ခုအတွက် application တစ်ခု setup လုပ်တုန်းကပါ၊ ကျနော်က servers setup လုပ်ရပါတယ်။ Solaris 8 ပေါ်မှာ။ သူတို့ server တွေထားတယ့် server room တွေမှာ ကျနော်တို့အတွက် internet access မရှိပါဘူး။ အဲ server ကိုတိုင်လည်း IP က approve မဖြစ်သေးလို့ link activate မဖြစ်သေးပါဘူး။ အဲတော့ ပြောရင် ဘာ network connection မှမရှိပါဘူး။ Documentation ပြင်ဆင်သွားပေမယ့် ရှန်းတတ်တယ့်ကျနော် documentation မှာအဆင့်ကျော်သွားပါတယ်။ ရှာစရာ internet လည်းမရှိဘူး။ အဲတုန်းက iphone မပေါ်သေးဘူး။ :D Windows mobile မကောင်းကြောင်းကတော့ ကျနော်မပြောတော့ဘူး။ ကျနော်တို့မှာ internet ကနေ ရှာဖို့ phone မှာရှာ လိုက်ဖတ် ၊ နောက်မှ ကျနော် အဆင့်ကျော်သွားတာမှန်းသိတယ်။ အဲတုန်းကဘာပဲလိုလို Google မှာရှာ တွေ့တယ့် အတိုင်းလုပ်လိုက်တာပဲ။ ရရင်ရ ၊ မရရင် ဆက်ရှာ။ ဒါပဲလုပ်တတ်တယ်။ အဲဒါကိုပဲ လုပ်တတ်နေပြီလို့ ကိုယ့်ဟာကို ထင်တာ။ Internet မရှိတယ့် နေရာမှာ အလုပ်လုပ်ဖူးပြီးမှ ငါတော်တော်လိုသေးတယ်လို့ သိတာ။ ဒါတောင် compilation မလုပ်ရလို့။

Internet က လေ့လာကြတာ အလွန်ကောင်းပေမယ့် internet ရှိမှ ဖြစ်ရင်တော့ မကောင်းဘူး။ Howto တွေရှာကြရင်လည်း ဘာကြောင့် ဒီ howto မှာ ဒီလို လုပ်သလည်းဆိုတာကို လေ့လာဖို့ သိပ်မလုပ်ကြဖူး။ Ubuntu howto ကို Fedora ပေါ်မှာ ပြန်အသုံးမချနိုင်တယ့် linux ဆရာတွေ တွေ့ဖူးပါတယ်။ ဒီ command ကရှိမှ မရှိတာ ဆိုပြီး fedora version howto ရအောင် လိုက်ရှာတာမျိုး။ နောက်တော့ ကျနော် README file တွေ ဖတ်ဖြစ်လာတယ်။ ဘာပဲ compile လုပ်လုပ် README အရင်ဖတ်တယ်။ ပြီးမှ internet မှာရှာတယ်။ ဒါလည်း reference အနေနဲ့ပါ။ Linux မှာ source file တွေမှာပါတယ့် text file တွေမှာ compilation / installation အတွက် ရှင်းပြထားတာမျိုး ပါလေ့ရှိပါတယ်။ ကျနော်လည်း နောက်မှတွေ့တယ်။ MySQL source file ထဲမှာ INSTALL-BINARY ဆိုတယ့် file တစ်ခုမှာ အဆင့်လိုက်ရှင်းပြထားပါတယ်။ အဲတုန်းကတော့ 20C temperature အခန်းထဲ ချွေးတွေပျံလို့။

အမြဲတန်း အလုပ်ဖြစ်သွားရုံထက် explore လုပ်ကြည့်ပါ အမှားမရှိပါဘူး။ ဒီလို စကားမျိုး Zero ရေးတယ့် post တွေမှာ ပါလေ့ရှိပါတယ်။ တစ်ခုကို ကောင်းကောင်းနားလည်ထားရင် မသိသေးတာတစ်ခုကို ရှာဖွေဖတ်ရင်လည်း နားလည်လွယ်ပါတယ်။ Google က ကျနော်တို့ရဲ့ ကိုးကွယ်ရာ မဟုတ်ပဲ ခိုင်းစားရုံလောက်ပဲ ခိုင်းစားကြရအောင်။


Divinity

Note : ကျနော် MySQL cluster setup လုပ်ရင်း စဉ်းစားမိတာ ရေးလိုက်တာပါ။ MySQL cluster setup ကတော့ ဆက်ပါအုန်းမယ်။ MySQL cluster အတွက် လိုအပ်တယ့် ndbd က CentOS repo ထဲမှာ မရှိပါဘူး။ Mysql-max က Redhat မှာ enterprise subscriber တွေအတွက်ပဲရှိပါတယ်။ အပြင် rpm ကို download မှာထက်တော့ MySQL site က tgz လေး download ပြီး ကိုယ့်ဟာကို setup လုပ်တာ ကျနော့်အတွက် ပို အဆင်ပြေပါတယ်။ ဒီည game မဆော့ဖြစ်ရင် mysql cluster ရေးပါအုန်းမယ်။ :D

3 comments:

Vista said...

ငါကမေ့တတ်တော့ ဖတ်ထားဖူးလည်းမေ့တာပဲ။ တခါလုပ်ထားဖူးတောင်မေ့သေးတယ်။ ငါလည်း Google အားကိုးပုဆိန်ရိုးပဲ ။

Zero Divided by Zero is Zero (Brahmagupta Rule) said...

တကယ်တော့ညီလေးရာ၊ Google ဆိုတာ မရှိရင် မဖြစ်ဘူးဆိုသလောက်ဖြစ်နေတာက Google ရှိနေလို့ပဲ။

ကိုယ့်ဘာသာကိုယ်ရေးထားတာတောင်နားမလည်လို့ပြန်ဖတ်လိုက်ရတယ်။ ဟုတ်တယ်။ တကယ်လို့သာ Google မရှိရင် ငါတို့ Yahoo မှာရှာမိကြမယ်။ အဲဒါဆိုရင် ရှာချင်တာကို ဘယ်တော့မှမတွေ့ဘူး။ Bing မှာရှာကြည့်မယ်။ အမေရိကန်ပြင်ပမှာ search result တွေက တလွဲတွေချည်းထွက်လာမယ်။ နောက်တော့ စာအုပ်ဆိုင်သွားပြီး စာအုပ်ဝယ်ဖတ်မယ်။ သိချင်တာလေးတစ်ခုကို လေးအုပ်လောက်ဝယ်ဖတ်ရမယ်။ အဲဒီတော့ အိမ်မှာ စာကြည့်တိုက်တစ်ခုစာလောက်ဖြစ်လာမယ်။ အဲဒီတော့လည်းအလုပ်မဖြစ်ပြန်ဘူး။

စင်ကာပူမှ မြန်မြန်ဆန်ဆန်နဲ့အပေါ်ယံလောက်လုပ်တတ်တာကို သိပ်ကို productive ဖြစ်တယ်ထင်တာ။ အဲဒီလို အယူမျိုးရှိတဲ့နေရာမှာ စနစ်တကျနဲ့ ပြည့်ပြည့်စုံစုံလုပ်လို့မရတော့ဘူး။ အမြန်လုပ်လိုက်။ပြီးရင်မေ့ထားလိုက်တွေလုပ်ရတာတွေကြောင့်လည်း တခါတလေ ကျကျနနမလေ့လာချင်တော့ဘူး။ တစ်ခုခုမှာ သိပ်ကိုကျွမ်းနေတဲ့လူမျိုးကို လိုတဲ့နေရာနည်းပြီး နည်းနည်းစီများ သိသလိုလိုဖြစ်နေတဲ့ Jack of nearly all trades+1 တွေပိုပြီး လိုအပ်လာတာကြောင့်လဲပါတယ်။ အခု online မှာ အလကားရနေတာတွေကို ပိုက်ဆံပေးရတဲ့တစ်နေ့ကြရင်တော့ ပါရာဒိုင်းပြောင်းပြန်လန်ဦးမှာပေါ့။

ဒီပို့စ်ကိုကြိုက်တယ်။
အဲဒီတုန်းကဆာဗာကို သုံးထပ်မှာထားမလား၊ လေးထပ်မှာထားမလားပြဿနာကို ချန်ထားခဲ့တာလား။ အတော်လေးကို အူကြောင်ကြောင်တွေ။

Google မသုံးတဲ့တစ်ရက်ဆိုပြီး တစ်လမှာတစ်ရက်လုပ်လိုက်ရင် အိမ်မှာပဲ MC ယူနေရမလားမသိဘူးကွာ။

အရင်တုန်းက In God We Trust တဲ့။ အခုတော့ In Google We Trust ဖြစ်သွားပြီ။

:)

Divinity said...

စင်ကာပူမှ မြန်မြန်ဆန်ဆန်နဲ့အပေါ်ယံလောက်လုပ်တတ်တာကို သိပ်ကို productive ဖြစ်တယ်ထင်တာ။

Quoted for truth :D