Tuesday, May 31, 2011

MySQL root password reset

MySQL ကဘယ် သကောင့်သားက install သွားမှန်းမသိ၊ root password လည်း ဘယ်နားမှာမှ မှတ်မထား၊ documentation ကလည်းမရှိ ၊ ဟုတ်တော့နေပြီ ။ ဒီထဲက database တွေကို ရွှေ့ဖို့ဟာ ဘယ် mysql account password မှမသိဘူး။ ဘယ်လို export ထုတ်ရပါ့။ o_O

တခြား database တွေလည်း သိပ်မရင်းနှီးတော့ တခြား database တွေမှာ ခက်လားမခက်လား တော့ မသိဘူး။ MySQL မှာတော့ မခက်ပါဘူး။ MySQL server command တွေထဲမှာ skip-grant-tables ဆိုတယ့် option ရှိပါတယ်။ Privileges system ကို မသုံးပဲ ၊ database အားလုံးကို unrestricted access ဖြစ်သွားပါတယ်။ Database downtime လေး မိနစ်ဝက်လောက်တော့ ရှိမှာပေါ့။ ဘယ်တတ်နိုင်မလည်း ။

ပထမဆုံး MySQL ကို --skip-grant-tables option နဲ့ ပြန်စပါ။
> mysqld_safe --skip-grant-tables &


နောက်ဆုံးက Ampersand (&) လေးကတော့ process ကို background process အဖြစ် run လိုက်တာပါ ။ ဒီလို run လိုက်ရင် MySQL က ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရပြီ ။
> mysql


Root user အနေနဲ့ MySQL ထဲကို ဝင်သွားပါလိမ့်မယ်။ အဲကြမှ password မြန်မြန် reset လုပ်ပေါ့။
mysql> UPDATE mysql.user SET password=PASSWORD('New-password') WHERE User='root';


Mysql database ထဲက user ဆိုတယ့် table မှာ password ဆိုတယ့် column ကို update လိုက်တာပေါ့။ နောက်က Password(' ') ဆိုတာကြီးကတော့ MySQL ရဲ့ password hashing function ပါ။ Query မှာတုန်းက plain text ကြီးနဲ့ ရိုက်ပေမယ့် database ထဲကို hash အနေနဲ့ insert သွားလုပ်လိမ့်မယ်။ ဒီ query က တခြား mysql account password မေ့ရင်လည်း အသုံးတဲ့ပါတယ်။

ပြီးရင် flush privileges လုပ်လိုက်ရင် privileges system ပြန်ပြီး active ဖြစ်ပါပြီ။ ဆိုလိုတာက ပုံမှန်အတိုင် တခြား account restriction တွေပြန်ရှိပြီပေါ့။ ကျနော်ကတော့ MySQL ကို restart ပြန်လုပ်လေ့ရှိပါတယ်။ init script ကို ပြန်ခေါ်ပြီး restart ချလိုက်တာ ဘာလောက်မှမကြာပါဘူး။

ကဲ ဒါဆို MySQL root password reset ရသွားပြီ။ ကျန်တာတော့ ကိုယ့်ဟာကို export ဆက်လုပ်တော့ပေါ့။ :)

Divinity

3 comments:

Zephyr said...

ရှာလက်စနဲ့ oracle လေးပါရှာလိုက်။
တခါတလေကြရင် အဆင်မပြေတာက encrypted လုပ်ထားတဲ့ password တွေကို decrypt ပြန်လုပ်လို့မရတာ။ မြင်နေရတယ်။ Encrypted ဖြစ်နေတာ။ 10 g ကနေစပြီးတော့ decrypt ပြန်လုပ်ရခက်သွားတာ။ overwrite လုပ်လို့ရရင်ကောင်းတာပေါ့။

ညီလေး root ကို overwite လုပ်လိုက်တော့ root ကို သုံးထားတဲ့ apps တွေရှိရင်တော့ permission denied တွေဖြစ်သွားမှာပေါ့။ Database ကို User တွေခွဲမထားဘဲ root နဲ့ပေးထားတဲ့ App မျိုးမှာဆိုရင်ပေါ့။

MySQL ရဲ့ Linux မှာ case sensitive ဖြစ်တဲ့ table name တွေကြုံခဲ့တာလည်းမှတ်မိတယ်။ Open Source တွေကတော့ configuration များများလုပ်တတ်မှအိုကေတယ်။

မှတ်မိတာ နောက်တစ်ခုက MySql မှာ table ကို optimize လုပ်လိုက်တာ crushed ဖြစ်ပြီး အဲဒီ table သုံးမရဖြစ်သွားတာပဲ။ ဘာဖြစ်မှန်းကိုမသိတာ။ သင်ခန်းစာကတော့ MySQL မှာ စေတနာနဲ့တောင် optimize မလုပ်နဲ့ဆိုတဲ့သင်ခန်းစာပဲ။

အခုဆိုရင် MySQL လည်း Oracle အောက်ရောက်ပြီး ရောင်းဖို့လောက်ပဲအားသန်တော့တယ်ထင်တယ်။ Community version တော့ အလကားရသေးတယ်။

Oracle ကတော့ development အတွက် အလကားပေးလေ့ရှိတဲ့ ထုံးစံကို MySQL မှာမကျင့်သုံးတာတွေ့ရတယ်။

Apache နဲ့လည်း Oracle က ရန်ဖြစ်တဲ့အတွက် Java လောကမှာတော့ အခြေအနေသိပ်မကောင်းဘူး။ နောက်ပိုင်း Java world မှာ အလကားပေးတဲ့ထုံးစံပျောက်သထက်ပျောက်လာဖို့ပဲရှိတယ်။

CQ လို ဈေးကြီးကြီးပေးရတဲ့ Java CMS တွေခေတ်မကောင်းသေးတာပဲကျေးဇူးတင်ရမယ်။ ဒီနေရာမှာတော့ Joomla ကိုကျေးဇူးတင်ရမယ်။

ကမ္ဘာမှာ ပိုက်ဆံသိပ်ပေါတဲ့ companyဆိုတာ နည်းနည်းပဲရှိပြီး အလယ်အလတ်တန်းစား companies တွေပဲများတဲ့အတွက် open source တွေ reliable ဖြစ်တာနဲ့ကို လူသုံးများမှာပါပဲ။ ဆိုးတာက open source ကို service charges မပေးချင်တဲ့ကိစ္စ နဲ့ လိုင်စင်တွေကို နားမလည်တဲ့ကိစ္စပဲ။

အဲဒီ လိုင်စင်တွေကိုလည်း အချိန်ရရင် ရေးလိုက်ပါဦး။

ဒီညကြရင် ပို့စ်တစ်ခုရေးပြီးတင်လိုက်မယ်။ အခုတော့ တစ်ပတ်စာအလုပ်တွေကို စနေနေ့အိမ်ယူသွားဖို့ အထုပ်ထုပ်နေတယ်။ :)

Btw, အင်္ဂါနေ့က Kong Fu Panda 2 သွားကြည့်တယ်။ ဇာတ်လမ်းကတိုလွန်းတယ်ကွာ။ အတော်လေးရယ်လိုက်ရတယ်။

Divinity said...

MS SQL မှာ sa ၊ MySQL မှာ root ကိုသုံးပြီး application ချိတ်တာ bad practice ပဲ၊ တတ်နိုင်ဘူးလေ ဟဲဟဲ ။ တကယ်လို့ အဲလို application မျိုး config မျိုးရှိမယ်ဆို အဲထဲမှာ root password ရှိမှာပေါ့။ အဲဒါဆို reset စရာ မလိုတော့ဘူး။

Oracle မှာ server ပေါ်မှာ Administrator rights နဲ့ account ကနေ / as sysdba ဆိုပြီး ဝင်ပြီး password value ကို alter လုပ်လို့ရတယ်လို့ ဖတ်ဖူးတယ် ။ စမ်းတော့ မစမ်းဖူးဘူး ။ IBS server ပေါ်သွားစမ်းမှရမယ် :D

Zero Divided by Zero is Zero (Brahmagupta Rule) said...

Bad Practice နှစ်ထပ်ကွမ်းရော မြင်ဖူးလား။ ပထမဆိုးတာက App ကနေ DB ကို ချိတ်တာ root ကိုသုံးတယ်။ နောက်ပိုဆိုးတာက database config ကို Config.java ဘာညာဆိုပြီး code ထဲမှာ hardcode လုပ်ထားတာ။ properties file တွေ xml ဖိုင်တွေထက်တောင် စိတ်ချရသေးတယ်ဆိုပဲ။

အဲဒီလို code မျိုးသာ Latest Version check in မလုပ်ခင် Hard Disk ကြွသွားရင်တော့ နောက်လူအတွက် အတော်လေးရင်လေးတယ်။

အဲဒီလို code မျိုးမြင်ခဲ့ဖူးတယ်။

တစ်ခါတစ်လေလည်း properties files ထဲမှာ database password လို့တော့မရေးထားဘူး ဥပမာဒီလိုမျိုး။

allthebullshitthingIlearnttoConfig=p@ssw0rdbarnyar

ဆိုပြီးလုပ်ထားတာလည်းတွေ့ဖူးတယ်။ များသောအားဖြင့် Web Apps တစ်ခုရှိရင်တော့ သူချိတ်ထားတဲ့ Database ကိုကြည့်လို့ရမှာပဲ။ Good Practice ဆိုရင်ပေါ့လေ။

နောက်ပြီး password ကို plain text နဲ့သိမ်းထားတာကို အတော်လေးမုန်းတယ်။ အလကားရတဲ့ encryption တောင်မသုံးနိုင်တာအံ့သြဖို့ကောင်းတယ်။

ဟိုတလောက Chapter2 သွားတော့ member ကဒ်လုပ်ထားပြီး ညီလေးကို birthday သုံးလေးခါပြင်ခိုင်းလိုက်ပြီး rebond လုပ်လိုက်ရင် အတော်လေးမြတ်သွားမှာလို့တွေးမိတယ်။

Kimage password လည်း reset ချဖို့ရှိရင်ပြောပါ။ Member ပြေးလုပ်ထားလိုက်မယ်။ rewards points ၅၀၀ လောက်ထည့်ထားလို့ရမယ်ဆိုရင်ဆက်သွယ်လိုက်ပါ။
:P