Corporate တွေရဲ့ web application တော်တော်များများဟာ Clustered Environment မှာထားကြတယ်။
Clustering အကြောင်းပြောနေရင် ရှည်လျားထွေပြားကုန်မယ်။ အကြမ်းဖျင်းကတော့ Availability မြင့်အောင်ကြပါတာပါ။ Weblogic မှာတော့ Managed Server အနေနဲ့လုပ်ကြပါတယ်။ App1 ကို အရင်စ။ cluster ထဲသွင်းထား။ နောက်ထပ် App2 ကိုစ Cluster ထဲသွင်း။ cluster နဲ့မှန်မှန်ကန်ကန်လေးတက်လာတဲ့ server တွေမှာဆို
အဲဒီ BEA 000102 လေးတွေ့ရလိမ့်မယ်။ အဲဒီ IP နဲ့ Port နောက်မှာ Clusters 2 ခုရှိတယ်ပေါ့။ App1 နဲ့ App2 ကို Node တွေလို့လည်းခေါ်တယ်။ ဒါက အလွယ်ဆုံး ဥပမာပြောတာ။
များသောအားဖြင့်တော့ Load Balancer Hardware/software/Plug-in တစ်ခုခု ရှေ့နားကနေ ခံထားလေ့ရှိတယ်။ အဲဒါမှမဟုတ်ရင်လည်း အလကားလုပ်ထားသလိုဖြစ်ကုန်မှာကိုး။
ကြုံလေ့ကြုံထရှိတဲ့ ပြဿနာသုံးလေးခုအကြောင်းပြောကြရအောင်။ ပထမဆုံးက cluster လုပ်ထားရင် session ကို share ရမယ်။ မဟုတ်ရင် ပထမ request က App1 ကြောင့်၊ ဒုတိယ request က App2 ရောက်တွေဖြစ်ကုန်ရင် Session Timeout တွေဖြစ်စေနိုင်တယ်။
Load Balancer က App ကို တိုက်ရိုက်လွှဲလိုက်တာတော့မဟုတ်ဘူး။ App တွေရဲ့ အပေါ်မှာ Web ရှိဦးမယ်။ Balancer က Web ရဲ့ အပေါ်မှာရှိရမယ်။ အဲဒီလိုထားကြတယ်။
ဒုတိယတစ်ခု သတိထားရမှာက session ကို share ပါပြီတဲ့။ session ထဲကို ထည့်လိုက်တဲ့ bean တွေက serializable ဖြစ်ရမယ်။ အဲဒါမှမဟုတ်ရင် အဆင်မပြေဘူး။ Clustered Env မှာ Serialized မလုပ်ထားတဲ့ object တွေ ဒွတ်ခရောက်ကုန်မယ်။ Good Practice ကတော့ Object မှန်သမျှ Base object တစ်ခုကို extends လုပ်ခိုင်းထားပြီး၊ အဲဒီ base Object ကို serializable interface implements လုပ်လိုက်ရင် နောက်လာနောက်သားတွေ စိတ်အေးရတယ်။
နောက်တစ်ခုကတော့ ဂွစာတွေ။ third party plug-in တွေက တစ်ချက်တစ်ချက် serialized လုပ်လို့မရတာရှိတယ်။ အဲဒီ lib တွေပါလာရင် စောစောစီးစီး ပြောင်းသုံးလို့ရတုန်း ပြောင်းသုံးထားလိုက်။မဟုတ်ရင် နောက်မှာ ဒုက္ခသေချာပေါက်ပေးလိမ့်မယ်။
အခုလက်ရှိလုပ်နေတဲ့ project အဟောင်းတစ်ခုမှာ user ကို active ဖြစ်နေလား၊ မဖြစ်နေလားကို log-in လုပ်ကတည်းက user ID နဲ့ session ID ကို persist လုပ်ထားလိုက်ပြီး၊ ပြန်ပြန်စစ်တာမျိုး။ ဆာဗာတစ်လုံးထဲဆိုရင် ဘာမှမဖြစ်ဘူး။ Load Balancer ကို sticky session လုပ်ထားရင်လည်း အဆင်ပြေတယ်။(သို့သော် မကောင်းဘူး။ std: အရလည်း မလုပ်သင့်တာတွေရှိတယ်။) session ID ကို ပြန်သုံးတဲ့အခါမှာ session.getSessionID() method နဲ့သုံးထားတာတွေ့တယ်။ အဲဒီမှာ ပြဿနာအကြီးကြီးရှိတယ်။ cluster တွေမှာ session ထဲမှာ သိမ်းထားတဲ့ Java Object တွေကို replicate လုပ်တာမှန်ပေမယ့်၊ session ID နှစ်ခုဟာ somehow identical ဖြစ်မနေတာတွေ့တယ်။ အဲဒီမှာ logical error ဖြစ်ကုန်ပြီး၊ users မှန်သမျှ session timeout ကြလေသတည်းဖြစ်ကုန်တယ်။ အရင်က အလုပ်မလုပ်တဲ့ load balancer က သူ့ဟာသူ ၂ နှစ်လောက်ပျက်နေတုန်းက အကောင်းပဲ။ သူအလုပ်စလုပ်တာနဲ့ အဲဒီပြဿနာပေါ်လာတယ်။ နောက်တော့ session ID ကို user Obj ထဲပေါင်းထည့်ထားပြီး အဲဒီ user Obj ကို session ထဲပြန်ထည့်ထားလိုက်မှအေးသွားတယ်။ Obj တွေက cluster မှာ replicate-if-cluster ဆိုတဲ့ parameter on ထားလိုက်ရင် အဆင်ပြေတယ်။ weblogic.xml မှာပြင်ရတယ်။
အခုကိစ္စတွေဟာ ဖတ်ထားရင် လွယ်လွယ်သိတယ်။ ကိုယ်တိုင်ကြုံမှဆိုရင် ရွာလည်တတ်တယ်။ အထူးသဖြင့် Production Environment လိုမျိုး Clustered Env မရှိရင်သာတောင်ခက်တယ်။ အဲဒီ Setup Local မှာလုပ်တာကိုတော့ နောက်ထပ် post တစ်ခုမှာ ရေးလိုက်ပါဦးမယ်။
Regards,
Zero
Ref:http://docs.oracle.com/cd/E13222_01/wls/docs103/webapp/weblogic_xml.html#wp1071982
No comments:
Post a Comment