Showing posts with label clustering. Show all posts
Showing posts with label clustering. Show all posts

Wednesday, April 9, 2014

WebLogic Clustered Env:

WebLogic  Clustered Env:

Corporate တွေရဲ့ web application တော်တော်များများဟာ Clustered Environment မှာထားကြတယ်။

Clustering အကြောင်းပြောနေရင် ရှည်လျားထွေပြားကုန်မယ်။ အကြမ်းဖျင်းကတော့ Availability မြင့်အောင်ကြပါတာပါ။ Weblogic မှာတော့ Managed Server  အနေနဲ့လုပ်ကြပါတယ်။ App1 ကို အရင်စ။ cluster ထဲသွင်းထား။ နောက်ထပ် App2 ကိုစ Cluster ထဲသွင်း။  cluster နဲ့မှန်မှန်ကန်ကန်လေးတက်လာတဲ့ server တွေမှာဆို
 
အဲဒီ BEA 000102 လေးတွေ့ရလိမ့်မယ်။ အဲဒီ IP နဲ့ Port နောက်မှာ Clusters 2 ခုရှိတယ်ပေါ့။ App1 နဲ့ App2 ကို Node တွေလို့လည်းခေါ်တယ်။ ဒါက အလွယ်ဆုံး ဥပမာပြောတာ။

များသောအားဖြင့်တော့ Load Balancer Hardware/software/Plug-in တစ်ခုခု ရှေ့နားကနေ ခံထားလေ့ရှိတယ်။ အဲဒါမှမဟုတ်ရင်လည်း အလကားလုပ်ထားသလိုဖြစ်ကုန်မှာကိုး။

ကြုံလေ့ကြုံထရှိတဲ့ ပြဿနာသုံးလေးခုအကြောင်းပြောကြရအောင်။ ပထမဆုံးက cluster လုပ်ထားရင် session ကို share ရမယ်။ မဟုတ်ရင် ပထမ request က App1 ကြောင့်၊ ဒုတိယ request က App2 ရောက်တွေဖြစ်ကုန်ရင် Session Timeout တွေဖြစ်စေနိုင်တယ်။

Load Balancer က App ကို တိုက်ရိုက်လွှဲလိုက်တာတော့မဟုတ်ဘူး။ App တွေရဲ့ အပေါ်မှာ Web ရှိဦးမယ်။ Balancer က Web ရဲ့ အပေါ်မှာရှိရမယ်။ အဲဒီလိုထားကြတယ်။

ဒုတိယတစ်ခု သတိထားရမှာက session ကို share ပါပြီတဲ့။ session ထဲကို ထည့်လိုက်တဲ့ bean တွေက serializable ဖြစ်ရမယ်။ အဲဒါမှမဟုတ်ရင် အဆင်မပြေဘူး။ Clustered Env မှာ Serialized မလုပ်ထားတဲ့ object တွေ ဒွတ်ခရောက်ကုန်မယ်။ Good Practice ကတော့ Object မှန်သမျှ Base object တစ်ခုကို extends လုပ်ခိုင်းထားပြီး၊ အဲဒီ base Object ကို serializable interface implements လုပ်လိုက်ရင် နောက်လာနောက်သားတွေ စိတ်အေးရတယ်။

နောက်တစ်ခုကတော့ ဂွစာတွေ။ third party plug-in တွေက တစ်ချက်တစ်ချက် serialized လုပ်လို့မရတာရှိတယ်။ အဲဒီ lib တွေပါလာရင် စောစောစီးစီး ပြောင်းသုံးလို့ရတုန်း ပြောင်းသုံးထားလိုက်။မဟုတ်ရင် နောက်မှာ ဒုက္ခသေချာပေါက်ပေးလိမ့်မယ်။

အခုလက်ရှိလုပ်နေတဲ့ project အဟောင်းတစ်ခုမှာ user ကို active ဖြစ်နေလား၊ မဖြစ်နေလားကို log-in လုပ်ကတည်းက user ID နဲ့ session ID ကို persist လုပ်ထားလိုက်ပြီး၊ ပြန်ပြန်စစ်တာမျိုး။ ဆာဗာတစ်လုံးထဲဆိုရင် ဘာမှမဖြစ်ဘူး။ Load Balancer ကို sticky session လုပ်ထားရင်လည်း အဆင်ပြေတယ်။(သို့သော် မကောင်းဘူး။ std: အရလည်း မလုပ်သင့်တာတွေရှိတယ်။) session ID ကို ပြန်သုံးတဲ့အခါမှာ session.getSessionID() method နဲ့သုံးထားတာတွေ့တယ်။ အဲဒီမှာ ပြဿနာအကြီးကြီးရှိတယ်။ cluster တွေမှာ session ထဲမှာ သိမ်းထားတဲ့ Java Object တွေကို replicate လုပ်တာမှန်ပေမယ့်၊ session ID နှစ်ခုဟာ somehow identical ဖြစ်မနေတာတွေ့တယ်။ အဲဒီမှာ logical error ဖြစ်ကုန်ပြီး၊ users မှန်သမျှ session timeout ကြလေသတည်းဖြစ်ကုန်တယ်။ အရင်က အလုပ်မလုပ်တဲ့ load balancer က သူ့ဟာသူ ၂ နှစ်လောက်ပျက်နေတုန်းက အကောင်းပဲ။ သူအလုပ်စလုပ်တာနဲ့ အဲဒီပြဿနာပေါ်လာတယ်။ နောက်တော့ session ID ကို user Obj ထဲပေါင်းထည့်ထားပြီး အဲဒီ user Obj ကို session ထဲပြန်ထည့်ထားလိုက်မှအေးသွားတယ်။ Obj တွေက cluster မှာ replicate-if-cluster ဆိုတဲ့ parameter on ထားလိုက်ရင် အဆင်ပြေတယ်။ weblogic.xml မှာပြင်ရတယ်။

အခုကိစ္စတွေဟာ ဖတ်ထားရင် လွယ်လွယ်သိတယ်။ ကိုယ်တိုင်ကြုံမှဆိုရင် ရွာလည်တတ်တယ်။ အထူးသဖြင့် Production Environment လိုမျိုး Clustered Env မရှိရင်သာတောင်ခက်တယ်။ အဲဒီ Setup Local မှာလုပ်တာကိုတော့ နောက်ထပ် post တစ်ခုမှာ ရေးလိုက်ပါဦးမယ်။

Regards,
Zero

Ref:http://docs.oracle.com/cd/E13222_01/wls/docs103/webapp/weblogic_xml.html#wp1071982




Thursday, March 18, 2010

Server Clustering ဆိုတာ . . . (2)

Clustering မှာ ဘယ်လိုအဆင့်တွေရှိလည်း ?
ခေါင်းစဉ်က သိပ်မကွဲပါဘူး။ မြန်မာစာ ပညာရှိမဟုတ်တော့ စကားလုံးရွေးရတာ တခါတလေ မလွယ်ဘူး။ Clustering မှာ ဘယ်လို level အလိုက်ရှိလည်းလို့ပြောရင် ပိုကောင်းမယ်။
1. Network Level Clustering
2. Service Level Clustering
3. Application Level Clustering ဆိုပြီး ယေဘူရအားဖြင့် သုံးခုရှိပါတယ်။ Failover ပုံစံအလုပ်လုပ်မလား၊ NLB အလုပ်လုပ်မလားဆိုတာက ဘယ်လို Setup လုပ်လည်းဆိုတာပေါ်မှာ မူတည်ပါတယ်။ ဘယ်လို Level clustering မှာမဆို နှစ်မျိုးလုံး ( တစ်မျိုးမဟုတ် တစ်မျိုး) setup လုပ်ဖို့ဖြစ်နိုင်ပါတယ်။

Network Level Clustering ( Vs Service Level Clustering)
သူကရှင်းပါတယ်။ တကယ်လို့ Cluster ထဲမှာ Server 5 လုံးရှိတယ်ဆိုပါတော့။ ဒီ Server ငါးလုံးက အချင်းချင်း Network reachability ကို စစ်နေပါတယ်။ Engineer က configure လုပ်ထားသလို 5 seconds ဆိုလည်း 5 seconds တိုင်းမှာ၊ 5 minutes ဆိုလည်း 5 minutes တိုင်းမှာ စစ်နေပါတယ်။ Network reachability ဆိုတာကတော့ ကျနော်တို့ ping ကြည့်သလိုပေါ့။ ကိုယ်သုံးတယ့် clustering technology ပေါ်မှာမူတည်ပြီး ဘယ်လိုစစ်နေလည်းဆိုတာတော့ ကွာပါလိမ့်မယ်။ တကယ်လို့ unreachable ဖြစ်သွားပြီဆိုရင် အဲ Server down သွားပြီလို့ ယူဆပြီး Server ကို Cluster ထဲကနေဖယ်လိုက်ပါတယ်။ ဒီ Clustering ရဲ့ အားနည်းချက်ကတော့ Server ကြီးက မ down ဘူး၊ Server ပေါ်က Service ကပဲ down နေရင် သူမသိပါဘူး။ သူက Network အရ ping ကြည့်လို့ ဒီ Server alive ရှိမရှိ စစ်တာမျိုးပဲစစ်ပြီး ဆုံးဖြတ်လို့ Network Level Clustering လို့ပြောတာပါ။

ဥပမာ စဉ်းစားကြည့်ရအောင်။ Windows Server 2003 မှာ Windows NLB Manager ဆိုတာ ပါပါတယ်။ သူက Network Level Clustering ပါ။ NLB ပုံစံ Clustering ပါ။ Server သုံးလုံးကို IIS web server run ပြီး Cluster လုပ်လိုက်ကြတယ်ဆိုပါတော့ ။ User က Access လုပ်ရင် Server သုံးလုံး တစ်လှည့်စီ respond လုပ်နေမှာပေါ့။ တကယ်လို့ Svr 1 က hang သွားတယ် ဆိုပါတော့ ၊ ဒါမှမဟုတ်လည်း network ကြိုးလွတ်သွားတာပဲဖြစ်ဖြစ်၊ ဒါမျိုးဆိုရင် Svr 1 down သွားတာကို ကျန်တယ့် Sever နှစ်လုံးက သိပါတယ်။ လာသမျှ user ကို Svr 2 နဲ့ 3 ကပဲ မျှပြီး respond လုပ်ပါလိမ့်မယ်။

ဒါပေမယ့် တကယ်လို့ Server 1 ကြီးက ဘာမှမဖြစ်ဖူး ၊ IIS ကပဲ crash ဖြစ်ပြီး stop ဖြစ်သွားတယ်။ ဒီလို scenario မှာ ကျန်တယ့် Server နှစ်လုံးက မသိပါဘူး။ Network aspect အားဖြင့် Server 1 က alive ရှိနေပါတယ်။ IIS Service down သွားတာ ၊ ဒီ Network Level Cluster မှာ ဒါကို မသိပါဘူး။ ဒါဆို ဘာဖြစ်မလည်း ? Cluster က Svr1 down နေတာကို မသိတယ့်အတွက် request 3 ခါမှာ တစ်ခါကို ထုံးစံအတိုင်း Svr1 ဆီကို ပို့နေပါလိမ့်မယ်။ ဒါပေမယ့် IIS ကြီးက down နေတော့ သုံးခါမှာ တစ်ခါ error ပြနေမှာပေါ့။ Reload လုပ်လိုက်ရင် ပြန်ကောင်းသွားပြန်ရော။

ဒါဆိုဘယ်လိုလုပ်မလည်း ? Service Level ကိုပါ monitor လုပ်နိုင်ဖို့လိုပါတယ်။ Windows ရဲ့ built-in တွေမှာတော့ မတွေ့မိပါဘူး။ ကျနော်မသိတာလည်းဖြစ်နိုင်ပါတယ်။ Linux မှာတော့ heartbeat version 2 တို့ LDirector တို့တော့ Opensource တွေရှိပါတယ်။ သူတို့က Service port ကိုပဲဖြစ်ဖြစ် Service ကိုတစ်နည်းနည်းနဲ့ စစ်ပေးပြီး Service down ရင်လည်း Server down တယ်လို့ သတ်မှတ်ပြီး Cluster ထဲကနေ isolate လုပ်ပေးလိုက်ပါတယ်။

API တွေနဲ့ချိတ်ဆက်ပြီး Application တစ်ခု Process တစ်ခုကို Server တွေအများကြီးပေါ်မှာ ခွဲဝေပြီး အလုပ်လုပ်တယ့် Application Level Clustering ကတော့ ကျနော် သေချာမရှင်းနိုင်တယ့် အကြောင်းအရာမို့ ကျော်လိုက်ပါရစေ။

Divinity

Tuesday, February 16, 2010

Server Clustering ဆိုတာ . . . (1)

Clustering ဆိုတာ ဘာလည်း ?
နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုတယ့် Server တွေ၊ ဒါမှမဟုတ်လည်း Computer တွေဟာ Application တစ်ခု ( တနည်းအားဖြင့် အလုပ်တစ်ခု) ကို အတူတကွ အလုပ်လုပ်ကြ ၊ serve လုပ်ကြတာဖြစ်ပါတယ်။ website တွေ လူသုံးအလွန်များလာတာမျိုး ၊ database တွေ query access အလွန်များလာတာမျိုးကြရင် Server တစ်လုံးထဲနဲ့ ပြန်ပြီး respond လုပ်ဖို့ မနိုင်တော့ပါဘူး။ Server တွေခွဲပြီး Cluster လုပ်လိုက်ချင်းအားဖြင့် ပိုကောင်းတယ့် respond time ကိုလည်းရနိုင်သလို ၊ Server တစ်လုံးလုံးမှာ network error ပဲဖြစ်ဖြစ် hardware failure ပဲဖြစ်ဖြစ် ( HDD ပျက်သွားတာမျိုး) တစ်ခုခုဖြစ်ရင် Site တစ်ခုလုံး ၊ Database တစ်ခုလုံး ရပ်သွားခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

Clustering လုပ်တဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။ Cluster တစ်ခုမတည်ဆောက်ခင်မှာ ကိုယ့်ရဲ့ လိုအပ်ချက် ပေါ်မှာ မူတည်ပြီး ဘယ်လို Clustering မျိုးလုပ်မလဲဆိုတာ ဆုံးဖြတ်ရပါတယ်။ ယေဘူရ အားဖြစ်တော့ Clustering ပုံစံ နှစ်မျိုးရှိပါတယ်။

Failover cluster
Server နှစ်လုံးရှိနေမယ်၊ တစ်လုံးက down သွားရင် နောက်တစ်လုံးက ချက်ချင်း ပထမ server နေရာကိုယူပြီး respond ဆက်လုပ်နေတာမျိုးပါ။ User တွေဘက်ကကြည့်ရင် Server တစ်လုံး down သွားတာ သိလိုက်မှာမဟုတ်ပါဘူး။ Active - Passive setup လို့လည်း ခေါ်ပါတယ်။

ဥပမာ WebSvr1 နဲ့ WebSvr2 ဆိုကြပါဆို့။Server နှစ်လုံးစလုံးက www.example.org ဆိုတဲ့ Website ကို host လုပ်ထားတယ် ဆိုပါတော့။ ပုံမှန်အားဖြင့် WebSvr1 ကပဲ respond လုပ်ပါတယ်။ User 1 က www.example.org လို့ surf လုပ်ရင် WebSvr1 ကပဲ respond ပြန်သလို၊ User 2 က www.example.org လို့ surf ရင်လည်း WebSvr1 ကပဲ respond လုပ်ပါတယ်။ WevSvr1 အကြောင်းတစ်ခုခုကြောင့် down သွားရင်တော့ WevSvr2 က အစားထိုးဝင်ရောက်ပြီး User 1 နဲ့ User 2 ကို respond လုပ်ပါတယ်။ User 1 နဲ့ User 2 အနေနဲ့ Svr1 down သွားကြောင်း သိလိုက်မှာ မဟုတ်ပါဘူး။ ဒါ Failover cluster ပါ။

Load balance cluster
Active - Active setup လို့လည်း သုံးလေ့ရှိပါတယ်။ Server နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုတယ့် server တွေက အလုပ်တစ်ခုကို မျှဝေလုပ်ကြတာမျိုးပါ။ ( Grid computing ၊ Server System Image တို့ကို hardware level clustering အဖြစ်ပြောကြလေ့ရှိပါတယ်။ Server clustering technology တစ်ခုချင်းကို နောက်မှ အခွင့်သင့်ရင် အသေးစိတ်ရေးပါအုန်းမယ်။ )

အခုတော့ မြင်သာအောင် Network Load Balancing Cluster ကို ဥပမာပေးပါရစေ။၊ အပေါ်က ဥပမာအတိုင်း Website တစ်ခုကို web server နှစ်လုံးက round-robin network load balanced ပုံစံနဲ့ ဥပမာ ပြောရရင်၊ Web Server နှစ်လုံးရှိမယ် WebSvr1 နဲ့ WebSvr2။ Server နှစ်လုံးစလုံးက www.example.org ဆိုတဲ့ Website ကို host လုပ်ထားတယ် ဆိုပါတော့။ User 1 က www.example.org လို့ surf လုပ်လိုက်ရင် WebSvr1 က respond လုပ်ပါမယ်။ User 2 က surf လုပ်ရင် WebSvr2 က respond လုပ်ပါမယ်။ တကယ်လို့ User 3 ထပ်ရောက်လာရင် WebSvr1 က respond လုပ်ပါလိမ့်မယ်။ Server loading ကို balance လုပ်ယူလိုက်တာပါ။ User 4 ထပ်ရောက်လာရင် Svr2 က respond လုပ်ပါလိမ့်မယ်။ တကယ်လို့ Svr1 ကသာ down သွားရင် User လေးယောက်လုံးကို Svr2 က ဆက်ပြီး respond လုပ်ပါလိမ့်မယ်။ Load balanced လုပ်ထားရာကနေ ၊ တစ်လုံးပြုတ်သွားတော့ ပိုတော့ နှေးသွားကောင်း နှေးသွားနိုင်ပါတယ်။

Failover နဲ့ NLB ဘာကွာလဲ
Srv 1 down သွားရင် Srv 2 က အလုပ်လုပ်ပေးတာ၊ ဒါဆို သိပ်မကွာဘူးလို့ ထင်နိုင်ပါတယ်။ ရောနေနိုင်လို့ ပြန်ရှင်းပါမယ်။ Failover မှာတုန်းက Server နှစ်လုံးက Active-Passive ပါ။ Active အလုံးက ကောင်းကောင်းအလုပ်လုပ်နေ သေးသမျှ Passive အလုံးက standby အနေအထားမှာပဲနေပါတယ်။ အလုပ်ဝင်မလုပ်ပါဘူး။ သူ့ဟာသူ မနိုင်မနင်းဖြစ်လည်း ဂရုမစိုက်ပါဘူး။ သူ down မှ ငါ role တက်မှာဆိုတာမျိုးစိတ်ထားနဲ့ကို လစ်လျှူရှူထားပါတယ်။ NLB မှာကတော့ Active-Active ပါ။ ရှိသမျှ Server အားလုံးက load ကို ခွဲယူထားတာပါ။ အပေါ်က Scenario မှာ server နှစ်လုံးဆိုပေမယ့် Server သုံးလုံး အနေနဲ့ စဉ်းစားရင် ပိုရှင်းမယ်ထင်ပါတယ်။ User ခြောက်ယောက်ကို Server သုံးလုံးက နှစ်ယောက်စီခွဲပြီး respond လုပ်နေရာကနေ၊ Srv 1 down သွားရင် Srv 2 နေ့ Srv 3 က သုံးယောက်ဆီ ခွဲယူပြီး respond လုပ်ပေးပါလိမ့်မယ်။ Srv 1 မ down ခင်ကလည်း သူတို့ အလုပ်လုပ်နေပါတယ်။ Srv 1 down သွားတော့ သူတို့ပိုအလုပ်ရှုပ်သွားတယ်။

အခုနောက်ပိုင်းမှာ failover စစ်စစ်ကို သုံးတာ ရှားပါတယ်။ NLB server ငါးလုံးအတွက် Srv တစ်လုံးကို standby အနေနဲ့ ထားပေးထားတာမျိုးပဲရှိပါတော့တယ်။ Server တစ်လုံးအတွက် နောက်တစ်လုံး standby ထားပေးထားတာမျိုး မလုပ်ကြတော့ပါဘူး။ ကုန်ကျစရိတ်အရရော ၊ မီတာအလကား ကုန်နေတာမျိုးလည်း မဖြစ်အောင်ပါ။


Server တွေကို cluster လုပ်ပြီး သုံးရင် ဘာတွေပိုကောင်းမလည်း ?
1 . High Availability
နှစ်လုံးထက်ပိုတယ့် Server တွေကို အတူတကွ အလုပ်လုပ်စေတာမို့လို့ Failover မှာပဲဖြစ်ဖြစ် NLB မှာပဲဖြစ်ဖြစ် Server တစ်လုံး down သွားရုံနဲ့ operational state ရပ်မသွားပါဘူး။ ဆက်ပြီး အလုပ်လုပ်နေနိုင်သေးတယ့် အတွက် Availability အသုံးပြုနိုင်စွမ်း ပိုမြင့်စေပါတယ်။ ဒါဟာ User တွေရဲ့ စိတ်ကြေနပ်မှုအတွက် အရေးပါပါတယ်။
2. Better Performance
Failover cluster မှာတော့ ဒီအချက်ဟာ သိပ်အကြုံးမဝင်ပါဘူး။ NLB cluster မှာတော့ Request 200 ကို Server တစ်လုံးထဲက reply လုပ်တာထက်၊ Server နှစ်လုံးက reply လုပ်တာမို့ ပိုမြန်မြန်ဆန်ဆန် respond လုပ်နိုင်တာ တွေ့ရပါလိမ့်မယ်။
( Note: CPU 3.0 MHz နဲ့ Memory 4GB server နှစ်လုံးကို cluster လုပ်တာနဲ့ CPU 3.0 MHz Dual Processor နဲ့ Memory 8GB server တစ်လုံး performance ချင်းယှဉ်ရင် Cluster ကသာပါလိမ့်မယ်။ ကိန်း ဂဏန်းအရ အတူတူလောက်ရှိပေမယ့် motherboard က bus speed တို့၊ Network traffic တို့ ထဲ့တွက်ရပါလိမ့်မယ်။ Critical application ဆိုရင် High-Availablity(HA) ကိုလည်း အရေးပါတယ့် factor အနေနဲ့ ထဲ့တွက်ရပါတယ်။ )
3. Better Scalability
User တွေအရမ်းများလာမှ တစ်လုံးထဲကနေ ပိုပြီး powerful ဖြစ်တယ့် Server ကိုရွှေ့ရရင် မလွယ်ပါဘူး။ Clustered environment မှာတော့ cluster ကို တိုးချဲ့ရတာ ပိုလွယ်ပါတယ်။ Cluster ထဲကို Server တွေတိုးပြီး ၊ load ကိုပြန်ထိန်းဖို့က ပိုပြီး အဆင်ပြေ လွယ်ကူပါတယ်။

Clustering မှာ ဒီနှစ်ခုကိုပဲပြောနေတယ် ထင်အုန်းမယ်။ ဒီ concept နှစ်ခုအတွက် technology အမျိုးမျိုး ကွဲပြီးဖြစ်လာတာမို့၊ ဒီနှစ်ခုကို အရင်ပြောချင်လို့ပါ။ ဒါပေမယ့် ဆက်ပြောချင်တယ့် အကြောင်းအရာတွေက စာကြီးပဲဖတ်ဖို့ထက် ပုံလေးတွေနဲ့မှပိုအဆင်ပြေမယ်ထင်တယ်။ ပုံလေးတွေဆွဲပြီးမှ နောက် post တစ်ခုဆက်ရေးတော့မယ်ဗျာ။

Divinity