Monday, April 1, 2013

Unwanted Emails

Unwanted Emails

ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာတစ်ခုပါ။
testing လုပ်ရင်း users အစစ်တွေဆီကို test enviornment ကနေ mails တွေပို့မိတဲ့ပြဿနာပါ။
 development လုပ်တာဖြစ်ဖြစ်၊ maintenance လုပ်တာဖြစ်ဖြစ် ၃ နှစ်နဲ့ ငါးနှစ်ကြားလောက်ကြာရင် ဒီလိုပြဿနာအနည်းဆုံးတစ်ခါလောက်တော့ ကြုံဖူးတတ်တယ်။

ဘယ်လိုရှောင်သင့်သလဲဆိုတာကတော့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက ကျနော်သဘောကျတဲ့နည်းတစ်ချို့ကို နည်းနည်းဝေငှချင်ပါတယ်။

Rule1.
production ကနေ ဒေတာကို ယူတိုင်း mask လုပ်သင့်တာတွေကို တစ်ခါတည်း mask လုပ်ပြီးမှ extract လုပ်ပါ။

Name, NRIC, email စတာတွေက confidential တွေပါ။ ဖြစ်နိုင်ရင် production data ကို functional test လုပ်ဖို့မသုံးတာအကောင်းဆုံးပဲ။

Rule2.
Switch off Email function

စမ်းချင်တာက အီးမေးလ်ပို့၊မပို့စမ်းတာမဟုတ်ရင် အီးမေးလ်ပို့တဲ့ function ကို off လုပ်ထားပါ။ ဖြစ်တတ်တာတစ်ခုက စုတ်စုတ်ပြတ်ပြတ် coding တွေမှာ နေရာတကာက အီးမေးလ်ပို့နေတတ်တာပါပဲ။ သေချာလိုက်ရှာပြီး၊ တစ်ခုမကျန်ပိတ်ထားပါ။ ဒါမှမဟုတ် configuration တစ်ဆင့်ခံထားပြီး UAT environment ဆိုရင် auto off နေအောင်လုပ်ထားပါ။

မလိုလားအပ်တဲ့ အီးမေးလ်ကို မပို့သင့်တဲ့နေရာပို့မိရင် ပြဿနာက အကျယ်အကျယ်မငြိမ်းဖွယ်ဖြစ်နိုင်တယ်ဆိုတာကို သတိထားပါ။ ကိုယ့်ဖက်က မမှားသင့်တာမမှားအောင်ဂရုစိုက်တာအကောင်းဆုံးပဲ။

Rule3.
Check scheduler for sending out email

Reminder email တွေကို scheduler နဲ့ run လေ့ရှိပါတယ်။ တတိယမြောက်အလုပ်မှာ ရှေ့ကတစ်ယောက်ထွက်သွားတော့ testing ဝင်လုပ်ရင်း sheduler testing မှာ အဲဒီပြဿနာကြုံလိုက်ရပါတယ်။ တစ်ပတ်ကို တစ်စောင်လောက် သူ့ဖာသာသူပို့နေတာ။ နောက်တော့မှ တရားခံကိုတွေ့တယ်။ ရှေ့လူက ဘာမှမပြောသွားရင် အဲဒါတွေသိဖို့မလွယ်ဘူး။ test data တွေကို production က ကူးထားတာလားကအစ သေချာအောင်မေးထားဖို့လိုတယ်။

တစ်ခါတစ်လေ ကြားဖြတ်ပြီး တာဝန်ယူရတဲ့အခါတွေမှာ ကိုယ်မသိနိုင်တာတွေ အများကြီးရှိမယ်။ အဲဒီလိုဆိုရင် အလွယ်တကူ assume မလုပ်ပါနဲ့။ သေချာအောင်စစ်ပြီးမှ confirm လုပ်ပါ။

ပြဿနာက နှစ်ပိုင်းကွဲနေတာကို သတိပြုမိမလားမသိဘူး။ တစ်ခုက ကိုယ်တိုင် အစအဆုံးသိနေတာမျိုး။ အဲဒါမျိုးက သိပ်ပြဿနာမတက်ဘူး။ နောက်တစ်ခုက ကိုယ်က အသစ်ဝင်တုန်း၊ ရှေ့ကဘယ်လိုလုပ်သွားမှန်းမသိတာမျိုးက ပိုအန္တရာယ်များတယ်။ အဲဒါကို သေချာ ဂရုတစိုက်လုပ်ဖို့လိုပါတယ်။

testing အတွက် Environment ကို သီးသန့်ပြင်ဆင်ပြီး၊ test data ကိုလည်း ကိုယ်စမ်းချင်တဲ့ fuction အတိုင်း လိုသလောက်ပြင်ဆင်ထားရင် တော်တော်လေး စိတ်ချရပါပြီ။ အဲဒီအပြင် email ကို config လုပ်တဲ့အကျင့်ထားပြီး၊ Environment အလိုက် သုံးရမယ့်အီးမေးလ်၊ပို့ရမယ့် အီးမေးလ် တစ်ခါတည်း pre-defined လုပ်ထားလိုက်ရင် နောင်လားနောက်သားတွေလည်းအဆင်ပြေတာပေါ့ခင်ဗျာ။

ANT build တွေကိုလည်း တစ်ခါတည်း UAT,QA,PROD ခွဲထားလိုက်ပြီး၊ build လုပ်တာနဲ့ အီးမေးလ်ဆက်တင်တွေ ကိုယ်လိုသလိုအလုပ်လုပ်အောင် ပြင်ဆင်ထားရင်လည်း သင့်တာပါပဲ။

ဒါက နည်းပညာအခက်အခဲတော့ မဟုတ်ပါဘူး။ အလုပ်ထဲမှာ ကြုံရတတ်တာတစ်ခုကို သတိထားနိုင်ဖို့ရေးလိုက်တာပါ။ သတိထားနိုင်ရင် အမှားနည်းတာပါပဲ။


Regards,
Zero

Thursday, February 7, 2013

Why CentOS ?

System Engineer ဒါမှမဟုတ် Unix / Linux engineer လုပ်ဖို့ ရည်ရွယ်ချက်ထားရင် Ubuntu လို OS မျိုးထက် CentOS ကို ပိုလေ့လာဖို့ ပြောဖူးပါတယ်။ ဘာလို့လည်း ? Ubuntu လည်း Server သုံးလို့ရတယ်၊ Debian လည်း တော်တော်ကောင်းတယ်၊ CentOS က ဘာပိုသာသလည်း ?

ဒီလိုမေးရင်တော့ Technically ဘာမှ ပိုမသာဘူး လို့ပဲဖြေရပါမယ်။ Package update တွေမှာဆိုလည်း Debian / Ubuntu ကပိုမြန်တယ်။ Ubuntu နဲ့ Debian မှာဆိုရင်တော့ Server အတွက်ဆိုရင် Debian ကပိုကောင်းနေပါသေးတယ်။ Free Opensource ဖြစ်ချင်း community အားကောင်းခြင်းတွေကြောင့် Debian နဲ့ Ubuntu က SME server တွေမှာ Redhat / CentOS ထက် နေရာပိုယူလာနိုင်ပါတယ်။ ဒါပေမယ့်.... ဒါဟာ စာလုံးကြီးကြီးနဲ့ ရေးသင့်တယ့် 'ဒါပေမယ့်'ပါ ..

Enterprise environment တွေမှာ Redhat ကို ကျော်နိုင်တယ့် Linux မရှိသေးဘူးလို့ပဲ ပြောရပါမယ်။ Commercial support ဆိုတာကို ခဏမေ့ထားပြီး server တစ်ခုအတွက် တခြားအကြောင်းအရာတွေကို ထဲ့စဉ်းစားကြည့်ရအောင်။ Enterprise ကြီးတစ်ခုရဲ့ database server လို့ပြောရင် MySQL , PostgreSQL တို့မဖြစ်ဖို့များပါတယ်။ Oracle ဖြစ်ရင်ဖြစ်မယ်၊ IBM DB2 လည်းဖြစ်ရင်ဖြစ်မယ်၊ ဒီလို giant commercial product ကြီးတွေက သူတို့ product အတွက် support ကို branded OS တွေအတွက်ပဲ ပေးပါတယ်။ ဆိုလိုတာကတော့ Oracle က AIX , HP-UX မှာပဲ support လုပ်တယ်လို့ ပြောထားရင် ၊ တခြား OS မှာသွင်းလို့ ဖြစ်သမျှ ပြသနာကို သူတို့တာဝန်မယူပါဘူး။ သုံးနေရင်းနဲ့မှ ဖြစ်ရင် သူတို့ product က ပြသနာဆိုရင်တောင် unsupported configuration ဆိုပြီး technical support ပေးဖို့ ငြင်းနိုင်ပါတယ်။ User ဘက်က supported hardware / supported OS မှာမသုံးရင် သူတို့ ပြသနာမဟုတ်ဖူးလို့ သတ်မှတ်ပါတယ်။ အဲတော့လည်း Enterprise company ကြီးတွေက အမှားမခံနိုင်တယ့် Server တွေမှာ branded OS ကြီးတွေသုံးဖို့ပဲ စဉ်းစားပါတယ်။ ဒါက Redhat ပိုနေရာရရခြင်း အကြောင်းတစ်ခု။

နောက်တစ်ခုက stability ပါ။ Redhat မှာ fancy new stuffs တွေမပါပါဘူး။ Package တိုင်းက နောက်ဆုံး up to date ကိုမရနိုင်ပါဘူး။ ဒါက drawback လို့ပြောလို့လည်း ရပါတယ်။ လုံးဝ stable လို့သတ်မှတ်တယ့် version အထိပဲ ပေးပါတယ်။ New feature တွေကိုစမ်းသပ်ပြီး အဆင်ပြေရင်တော့ back ported လုပ်ပေးပါတယ်။

နောက်တစ်ခုက Support။ Commercial Support ဆိုတာ ပိုက်ဆံပေးရတာကိုပဲ တွက်လို့မရပါဘူး။ တစ်ခုခုဖြစ်ရင် နောက်မှာ ဒီ product ကို specialize လုပ်တဲ့ expert တွေရှိတယ်လို့ စိတ်ထဲထားလို့ရပါတယ်။ Red Hat ရဲ့ L3 support တွေက အများအားဖြင့် RH ရဲ့ သက်ဆိုင်ရာအပိုင်းကို in and out သိတဲ့သူတွေပါ။ ဒါ Commercial Support တော်တော်များများ အတူတူပါပဲ။ အဲဒီအတွက် ပြသနာ တော်တော်များများကို နောက်ဆုံး ကိုယ့် IT team က မဖြေရှင်းနိုင်ရင်တောင်၊ သက်ဆိုင်ရာ support team က ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်လို့ရပါတယ်။

ဒါတွေက MNC တွေ Enterprise company ကြီးတွေက Red Hat ကို Debian ထက် ပိုသုံးတဲ့ အကြောင်းရင်းတွေထဲက တချို့ပါ။ အဲတော့ Debian ကိုကျွမ်းကျင်တာထက် Red Hat ကျွမ်းကျင်တာက Big sh*t company ကြီးတွေက ခေါ်တယ့် အလုပ်တွေနဲ့ ပိုအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် CentOS ကိုလေ့လာတာက ပိုပြီး အခွင့်အရေးရှိပါတယ်။ (SuSE လေလာချင်ရင်လည်း OpenSuSE လေ့လာပါ။ )

 တကယ်တမ်း Red Hat expertise လို့ ပြောရင် OS တစ်ခုထဲနဲ့ မရပါဘူး။ JBoss လို့ middleware တွေ၊ RH Cluster တွေ၊ RHN Satellite တို့ product တွေပါ သိဖို့ လိုလာမှာပါ။ ဒါက Career အရ နောက်မှ Advance ဖြစ်သွားပါလိမ့်မယ်။  ဒီ post က နိုင်ငံခြားကို ထွက်ပြီး အလုပ်ရှာဖို့ ရည်ရွယ်ထားကြတဲ့ Administrator level အတွက်ကို ရည်ရွယ်တာပါ။ Linux ကို Career အဖြစ်ရွေးချင်တယ်ဆိုပြီး ၊ ဒါပေမဲ့ လေ့လာတာ မှားနေရင် အလုပ်ရှာရင် အခက်အခဲလေးတွေ ရှိတတ်ပါတယ်။  နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်ကြရင် အလုပ်ဝင်ဝင်ချင်းမှာ ရှိတတ်တဲ့ stress နဲ့ ကိုယ်သေချာမသိတာကို စမ်းတဝါးဝါးလုပ်ရရင် ဖြစ်တဲ့ stress က တချို့ကို  လက်မြှောက်ပြီးပြန်ချင်လောက်အောင်ဖြစ်စေတဲ့အထိ ဆိုးပါတယ်။ အဲဒါကြောင့် Linux သမားလုပ်ချင်တယ်၊ နိုင်ငံခြားထွက်မယ်ဆိုရင်တော့ CentOS ကိုလေ့လာဖို့ အကြံပေးချင်ပါတယ်။

.............
ဒီ စာက ရေးထားတာ လွန်ခဲ့တဲ့ နှစ်နှစ်ကပါ ။ Linux တစ်ရပ်စာ မျော်စင် post သုံးခုပြီးတော့ ရေးထားတာ။ အခု စာပြန်ရေးမည်စဉ်းစားတော့ ဘာရေးရမှန်းမသိလို့ ဒါကို ပြန်ရှာပြီး တင်လိုက်တယ် ဟဲဟဲ ။ စာပြန်ရေးဖို့ ကြိုးစားပါအုန်းမယ် ။

Divinity

Related Posts
Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း
Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (2)
Linux တစ်ရပ်စာ မျှော်စဉ်ထက်က မြင်ကွင်း (3)


ဪ ssh logon attempt တွေ

Log file တွေထဲမှာ လိုချင်တာရှာရတာ အခက်ဆုံးနဲ့ စိတ်ညစ်စရာ အကောင်းဆုံးက auth.log ဖြစ်မယ်ထင်တယ်။ Internet facing server တွေမှာ ( Internet ကတိုက်ရိုက်သုံးလို့ရတယ့် ၊ company အတွင်းပဲသုံးတာမဟုတ်တယ့် server မျိုးကိုပြောချင်တာပါ) တစ်နာရီမှာ failed login attempt က 500 လောက်ရှိတတ်ပါတယ်။ ပြောရရင်တော့.. ဒါပုံမှန်ပါ။ တကယ် target ထားပြီး လုပ်တာမျိုးမဟုတ်ပါဘူး။ Botnet တစ်ခုက IP range တစ်ခုအတွင်း ရှိသမျှ server တွေကို dictionary သေးသေးတစ်ခုနဲ့ attempt လုပ်ကြည့်တာလောက်ပဲရှိမယ်။ ရည်ရွယ်ချက်ရှိရှိတောင်မဟုတ်ဖူး၊ ဒီလိုပဲ ရောကောသောကောပါသွားတာတောင် ဒီလောက်တော့ရှိမယ်။ ဟုတ်တယ် တစ်ခါတစ်လေ ကံကောင်းရင် တစ်နာရီလောက်အတွင်း attempt လေး ငါးသောင်းလောက်လဲဖြစ်နိုင်တယ်။ Failed attempt ပဲ ပြသနာမဟုတ်ပါဘူးလို့ပြောလို့ရပေမယ့် attempt လုပ်ခံရတာဟာ cracked ဖြစ်ဖို့ တစ်ဆင့်နီးတာပဲ။ ( ကျနော်အတွက်ကတော့ ဘာပဲဖြစ်ဖြစ် မျက်စိနောက်ပါတယ်။)

SSH service ရှိနေသမျှ ဒါမျိုးတွေရှိမှာပဲ၊ SSH service disable လိုက်တာကောင်းမယ်။ ဟုတ်တာပေါ့။ ဒါဆို attacker တင်မဟုတ်ဖူး ကိုယ်ပါဝင်လို့မရတော့ဘူး ဟဲဟဲ၊ ဒါဆိုအလုပ်နည်းတာပေါ့။ အမှန်က SSH service run ထားရင် သတိထားသင့်တာလေးတွေ ရေးမလို့ပါ။ ကျနော်လို failed attempt တွေကိုမျက်စိနောက်တဲ့သူအတွက် ၊ ဒါမျိုးတွေ နည်းသွားအောင်လို့ လုပ်လို့ရတဲ့ နည်းလေးတွေပေါ့။

1. Root login
SSH ကနေ direct root login ကို disable လုပ်ထားသင့်ပါတယ်။ Normal user နဲ့ပဲဝင်ပြီး sudo သုံးတာဖြစ်ဖြစ် ၊ root user နဲ့သုံးရမှ ကျေနပ်ရင်လည်းနောက်မှ su ပြန်ပြောင်းပြီးဖြစ်ဖြစ်သုံးသင့်ပါတယ်။ ဘာလို့လည်းဆို အကြောင်းပြချက်တစ်ခုက ၊ bot တွေရဲ့ အဓိက target က known user account တွေကိုပါ။ Linux / Unix မှန်ရင် root ဆိုတယ့် နာမည်နဲ့ user ကရှိမှာပါပဲ။ အဲတော့ username မှန်းစရာမလိုပဲ password လောက်ပဲမှန်းရတော့မှာပေါ့။ အဲဒါမျိုးမဖြစ်အောင် root login ကို disable ထားပြီး admin ဆိုပြီး user account လုပ်ပြီးသုံးရင်လည်း သိပ်မထူးဘူးပေါ့။ ဖြစ်နိုင်ရင် အဲလို username မျိုးကိုလည်း မသုံးသင့်ပါဘူး။

2. SSH service port
ဒါက မထင်မှတ်စရာ အသုံးတဲ့ပါတယ်။ SSH attempt အတော်များများက port 22 ကိုပဲ ကြိုးစားကြတာများပါတယ်။ Port scan တစ်ခါဖတ်၊ တစ်ခါ attempt လုပ်ဆိုတာမျိုးက bot နဲ့ random စမ်းတယ့်သူမျိုးက သိပ်မကြိုးစားပါဘူး။ SSH port ကို တခြား port တစ်ခုပြောင်းသုံးသင့်ပါတယ်။

3. public-key authentication
ဖြစ်နိုင်ရင် public-key authentication only သုံးသင့်ပါတယ်။ Password နဲ့ authenticate လုပ်တာကို လုံလောက်တဲ့ security measure လို့ မသတ်မှတ်တော့တာ ကြာပါပြီ။ SSH tunnel ဆောက်တယ့်အချိန် username / password အဆင့်မရောက်ခင်မှာ key အရင်စစ်ပါတယ်။ ( ssh -v နဲ့ စမ်းကြည့်ပါ။) တကယ်လို့ public key authentication only ဆိုရင် rsa / dsa key မမှန်ရင်၊ မတွေ့ရင်ကို authentication break out ဖြစ်သွားပါပြီ ။ Username / password အဆင့်ကို မဆက်တော့ပါဘူး။ အဲတော့ Security ပိုကောင်းတယ်ပေါ့။ Log ကတော့ တက်အုန်းမှာပါ။

ပြောလက်စနဲ့မို့လို့ပါ။ Account password တွေကို လွယ်လွယ်ကူကူမပေးသင့်ပါဘူး။ Username = admin , password = admin ဆိုတာမျိုးကတော့ ပါသွားရင်နည်းတောင် နည်းသေးတယ်ပြောရမှာပါပဲ။

ဆယ်မိနစ်မကြာတယ့် implementation ပါ။ ဒါပေမယ့် security အရတော့ အများကြီးကို ကွာသွားပါတယ်။ SSH brute force ကိုလည်း အတိုင်းအတာ တစ်ခုထိ ကာကွယ်ပြီးသားဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း သိပ်မပျင်းတာ ကောင်းပါတယ် :D

Divinity

Wednesday, December 12, 2012

Extract Package in Oracle DB


Extract Package in Oracle DB

=========================================================================METHOD 1
=========================================================================

SET LINESIZE 29999;
SET TERM OFF;
SET PAGESIZE 100000;
SET LONG 10000000;

SPOOL TEST_PACKAGE.TXT;

SELECT dbms_metadata.get_ddl( 'PACKAGE', 'TEST_PACKAGE', 'ILTCIS') FROM dual;

SPOOL OFF;

===========================================================================
METHOD 2
===========================================================================

SET LINESIZE 29999;
SET TERM OFF;
SET PAGESIZE 999;


SPOOL TEST_PACKAGE_1.txt

select TEXT from user_source where name='TEST_PACKAGE' and type='PACKAGE BODY';

=========================================================================

တစ်ခါတစ်လေ လိုအပ်တတ်ပါတယ်။ package ကူးထားချင်တဲ့အခါမှာအသုံးဝင်ပါလိမ့်မယ်။

Wednesday, November 7, 2012

Hackpad သုံးကြပါ။

Hackpad သုံးကြပါ။


အသုံးဝင်၊လွယ်ကူ၊မြန်ဆန်သော hackpad။

Oracle 11g R2 RAC Essentials SLA for availability

ဒါကို တင်ရတာအကြောင်းရှိပါတယ်။ Blog တစ်ခုမှာ စလုံးတစ်ယောက်က  Oracle 11g R2 RAC Essentials စာအုပ်ထဲကဟာကို သူရေးသလိုလိုတင်ထားတာတွေ့တာနဲ့ စာအုပ်ထဲကပုံကို screen capture လုပ်ပြီးတင်ထားတာဖြစ်ပါတယ်။

Wednesday, August 1, 2012

Some useful software

Some useful software

First of all, sorry for writing in English since my office PC doesn't have Myanmar keyboard.

1.cavaj
which is a java decompiler. Useful and elegant when you need to decompile your source code (class files)

2.fiddler
it is good for web developer to keep track of the server response such as json strings, server's status response. It is a must for web developer these days.

3..Net Reflector
In one of my projects, I had to use a third party DLL. No source code. I used it to decompile it. It is not free. For me, it is good enough.

Regards,
Zero