Tuesday, February 16, 2010

Server Clustering ဆိုတာ . . . (1)

Clustering ဆိုတာ ဘာလည်း ?
နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုတယ့် Server တွေ၊ ဒါမှမဟုတ်လည်း Computer တွေဟာ Application တစ်ခု ( တနည်းအားဖြင့် အလုပ်တစ်ခု) ကို အတူတကွ အလုပ်လုပ်ကြ ၊ serve လုပ်ကြတာဖြစ်ပါတယ်။ website တွေ လူသုံးအလွန်များလာတာမျိုး ၊ database တွေ query access အလွန်များလာတာမျိုးကြရင် Server တစ်လုံးထဲနဲ့ ပြန်ပြီး respond လုပ်ဖို့ မနိုင်တော့ပါဘူး။ Server တွေခွဲပြီး Cluster လုပ်လိုက်ချင်းအားဖြင့် ပိုကောင်းတယ့် respond time ကိုလည်းရနိုင်သလို ၊ Server တစ်လုံးလုံးမှာ network error ပဲဖြစ်ဖြစ် hardware failure ပဲဖြစ်ဖြစ် ( HDD ပျက်သွားတာမျိုး) တစ်ခုခုဖြစ်ရင် Site တစ်ခုလုံး ၊ Database တစ်ခုလုံး ရပ်သွားခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

Clustering လုပ်တဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။ Cluster တစ်ခုမတည်ဆောက်ခင်မှာ ကိုယ့်ရဲ့ လိုအပ်ချက် ပေါ်မှာ မူတည်ပြီး ဘယ်လို Clustering မျိုးလုပ်မလဲဆိုတာ ဆုံးဖြတ်ရပါတယ်။ ယေဘူရ အားဖြစ်တော့ Clustering ပုံစံ နှစ်မျိုးရှိပါတယ်။

Failover cluster
Server နှစ်လုံးရှိနေမယ်၊ တစ်လုံးက down သွားရင် နောက်တစ်လုံးက ချက်ချင်း ပထမ server နေရာကိုယူပြီး respond ဆက်လုပ်နေတာမျိုးပါ။ User တွေဘက်ကကြည့်ရင် Server တစ်လုံး down သွားတာ သိလိုက်မှာမဟုတ်ပါဘူး။ Active - Passive setup လို့လည်း ခေါ်ပါတယ်။

ဥပမာ WebSvr1 နဲ့ WebSvr2 ဆိုကြပါဆို့။Server နှစ်လုံးစလုံးက www.example.org ဆိုတဲ့ Website ကို host လုပ်ထားတယ် ဆိုပါတော့။ ပုံမှန်အားဖြင့် WebSvr1 ကပဲ respond လုပ်ပါတယ်။ User 1 က www.example.org လို့ surf လုပ်ရင် WebSvr1 ကပဲ respond ပြန်သလို၊ User 2 က www.example.org လို့ surf ရင်လည်း WebSvr1 ကပဲ respond လုပ်ပါတယ်။ WevSvr1 အကြောင်းတစ်ခုခုကြောင့် down သွားရင်တော့ WevSvr2 က အစားထိုးဝင်ရောက်ပြီး User 1 နဲ့ User 2 ကို respond လုပ်ပါတယ်။ User 1 နဲ့ User 2 အနေနဲ့ Svr1 down သွားကြောင်း သိလိုက်မှာ မဟုတ်ပါဘူး။ ဒါ Failover cluster ပါ။

Load balance cluster
Active - Active setup လို့လည်း သုံးလေ့ရှိပါတယ်။ Server နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုတယ့် server တွေက အလုပ်တစ်ခုကို မျှဝေလုပ်ကြတာမျိုးပါ။ ( Grid computing ၊ Server System Image တို့ကို hardware level clustering အဖြစ်ပြောကြလေ့ရှိပါတယ်။ Server clustering technology တစ်ခုချင်းကို နောက်မှ အခွင့်သင့်ရင် အသေးစိတ်ရေးပါအုန်းမယ်။ )

အခုတော့ မြင်သာအောင် Network Load Balancing Cluster ကို ဥပမာပေးပါရစေ။၊ အပေါ်က ဥပမာအတိုင်း Website တစ်ခုကို web server နှစ်လုံးက round-robin network load balanced ပုံစံနဲ့ ဥပမာ ပြောရရင်၊ Web Server နှစ်လုံးရှိမယ် WebSvr1 နဲ့ WebSvr2။ Server နှစ်လုံးစလုံးက www.example.org ဆိုတဲ့ Website ကို host လုပ်ထားတယ် ဆိုပါတော့။ User 1 က www.example.org လို့ surf လုပ်လိုက်ရင် WebSvr1 က respond လုပ်ပါမယ်။ User 2 က surf လုပ်ရင် WebSvr2 က respond လုပ်ပါမယ်။ တကယ်လို့ User 3 ထပ်ရောက်လာရင် WebSvr1 က respond လုပ်ပါလိမ့်မယ်။ Server loading ကို balance လုပ်ယူလိုက်တာပါ။ User 4 ထပ်ရောက်လာရင် Svr2 က respond လုပ်ပါလိမ့်မယ်။ တကယ်လို့ Svr1 ကသာ down သွားရင် User လေးယောက်လုံးကို Svr2 က ဆက်ပြီး respond လုပ်ပါလိမ့်မယ်။ Load balanced လုပ်ထားရာကနေ ၊ တစ်လုံးပြုတ်သွားတော့ ပိုတော့ နှေးသွားကောင်း နှေးသွားနိုင်ပါတယ်။

Failover နဲ့ NLB ဘာကွာလဲ
Srv 1 down သွားရင် Srv 2 က အလုပ်လုပ်ပေးတာ၊ ဒါဆို သိပ်မကွာဘူးလို့ ထင်နိုင်ပါတယ်။ ရောနေနိုင်လို့ ပြန်ရှင်းပါမယ်။ Failover မှာတုန်းက Server နှစ်လုံးက Active-Passive ပါ။ Active အလုံးက ကောင်းကောင်းအလုပ်လုပ်နေ သေးသမျှ Passive အလုံးက standby အနေအထားမှာပဲနေပါတယ်။ အလုပ်ဝင်မလုပ်ပါဘူး။ သူ့ဟာသူ မနိုင်မနင်းဖြစ်လည်း ဂရုမစိုက်ပါဘူး။ သူ down မှ ငါ role တက်မှာဆိုတာမျိုးစိတ်ထားနဲ့ကို လစ်လျှူရှူထားပါတယ်။ NLB မှာကတော့ Active-Active ပါ။ ရှိသမျှ Server အားလုံးက load ကို ခွဲယူထားတာပါ။ အပေါ်က Scenario မှာ server နှစ်လုံးဆိုပေမယ့် Server သုံးလုံး အနေနဲ့ စဉ်းစားရင် ပိုရှင်းမယ်ထင်ပါတယ်။ User ခြောက်ယောက်ကို Server သုံးလုံးက နှစ်ယောက်စီခွဲပြီး respond လုပ်နေရာကနေ၊ Srv 1 down သွားရင် Srv 2 နေ့ Srv 3 က သုံးယောက်ဆီ ခွဲယူပြီး respond လုပ်ပေးပါလိမ့်မယ်။ Srv 1 မ down ခင်ကလည်း သူတို့ အလုပ်လုပ်နေပါတယ်။ Srv 1 down သွားတော့ သူတို့ပိုအလုပ်ရှုပ်သွားတယ်။

အခုနောက်ပိုင်းမှာ failover စစ်စစ်ကို သုံးတာ ရှားပါတယ်။ NLB server ငါးလုံးအတွက် Srv တစ်လုံးကို standby အနေနဲ့ ထားပေးထားတာမျိုးပဲရှိပါတော့တယ်။ Server တစ်လုံးအတွက် နောက်တစ်လုံး standby ထားပေးထားတာမျိုး မလုပ်ကြတော့ပါဘူး။ ကုန်ကျစရိတ်အရရော ၊ မီတာအလကား ကုန်နေတာမျိုးလည်း မဖြစ်အောင်ပါ။


Server တွေကို cluster လုပ်ပြီး သုံးရင် ဘာတွေပိုကောင်းမလည်း ?
1 . High Availability
နှစ်လုံးထက်ပိုတယ့် Server တွေကို အတူတကွ အလုပ်လုပ်စေတာမို့လို့ Failover မှာပဲဖြစ်ဖြစ် NLB မှာပဲဖြစ်ဖြစ် Server တစ်လုံး down သွားရုံနဲ့ operational state ရပ်မသွားပါဘူး။ ဆက်ပြီး အလုပ်လုပ်နေနိုင်သေးတယ့် အတွက် Availability အသုံးပြုနိုင်စွမ်း ပိုမြင့်စေပါတယ်။ ဒါဟာ User တွေရဲ့ စိတ်ကြေနပ်မှုအတွက် အရေးပါပါတယ်။
2. Better Performance
Failover cluster မှာတော့ ဒီအချက်ဟာ သိပ်အကြုံးမဝင်ပါဘူး။ NLB cluster မှာတော့ Request 200 ကို Server တစ်လုံးထဲက reply လုပ်တာထက်၊ Server နှစ်လုံးက reply လုပ်တာမို့ ပိုမြန်မြန်ဆန်ဆန် respond လုပ်နိုင်တာ တွေ့ရပါလိမ့်မယ်။
( Note: CPU 3.0 MHz နဲ့ Memory 4GB server နှစ်လုံးကို cluster လုပ်တာနဲ့ CPU 3.0 MHz Dual Processor နဲ့ Memory 8GB server တစ်လုံး performance ချင်းယှဉ်ရင် Cluster ကသာပါလိမ့်မယ်။ ကိန်း ဂဏန်းအရ အတူတူလောက်ရှိပေမယ့် motherboard က bus speed တို့၊ Network traffic တို့ ထဲ့တွက်ရပါလိမ့်မယ်။ Critical application ဆိုရင် High-Availablity(HA) ကိုလည်း အရေးပါတယ့် factor အနေနဲ့ ထဲ့တွက်ရပါတယ်။ )
3. Better Scalability
User တွေအရမ်းများလာမှ တစ်လုံးထဲကနေ ပိုပြီး powerful ဖြစ်တယ့် Server ကိုရွှေ့ရရင် မလွယ်ပါဘူး။ Clustered environment မှာတော့ cluster ကို တိုးချဲ့ရတာ ပိုလွယ်ပါတယ်။ Cluster ထဲကို Server တွေတိုးပြီး ၊ load ကိုပြန်ထိန်းဖို့က ပိုပြီး အဆင်ပြေ လွယ်ကူပါတယ်။

Clustering မှာ ဒီနှစ်ခုကိုပဲပြောနေတယ် ထင်အုန်းမယ်။ ဒီ concept နှစ်ခုအတွက် technology အမျိုးမျိုး ကွဲပြီးဖြစ်လာတာမို့၊ ဒီနှစ်ခုကို အရင်ပြောချင်လို့ပါ။ ဒါပေမယ့် ဆက်ပြောချင်တယ့် အကြောင်းအရာတွေက စာကြီးပဲဖတ်ဖို့ထက် ပုံလေးတွေနဲ့မှပိုအဆင်ပြေမယ်ထင်တယ်။ ပုံလေးတွေဆွဲပြီးမှ နောက် post တစ်ခုဆက်ရေးတော့မယ်ဗျာ။

Divinity

2 comments:

Zephyr said...

Hello bro,

ဗျစ်တသျှလိုလေးဘာလေးရေးမှ ရုံးက ကလေးတွေလည်း ဖတ်လို့ရမှာပေါ့ ...။ အခုတော့ ခေါင်းစဉ်တွေကြည့်ပြီး ... အော် load balancing ကိုး ဆိုတာလောက်ပဲ သိကြရှာတယ်။

သေချာတာကတော့ cluster လုပ်လိုက်တာ developers တွေအတွက် ဘယ်server ကိုသွားနေမှန်းမသိတော့တာပဲ။ အထူးသဖြင့် log file ကို ဟိုမှာကြည့်ရမလိုလို ဒီမှာကြည့်ရမလိုလိုတွေဖြစ်ပါတယ်။ ...

load test မလုပ်လိုက်ရတဲ့အတွက် high performance တကယ်ရမရ မသိလိုက်ပါဘူး။ high availability ကတော့ သေချာပေါက်ရပါတယ်။ ရုံးက GIC လို App Server တစ်လုံးက နှေးနေတဲ့အတွက် customer တွေအနေနဲ့ နှေးလိုက်မြန်လိုက် ဖြစ်နေတာကိုပါ ထူးထူးခြားခြား ခံစားရနိုင်ပါသေးတယ်။

load balancing အကြောင်းလည်းဖတ်ဖို့စောင့်နေပါသေးတယ်။

Zephyr

Divinity said...

ဒါ က customer တွေကို excitement လေးပေးချင်လို့ပါ။ ဟော နှေးသွားပြန်ပြီ၊ ဟော မြန်လာပြီဆိုတာမျိုးပေါ့။ :D