Thursday, March 18, 2010

NTFS Filesystem support on Linux

Ubuntu တို့ Fedora တို့မှာတော့ NTFS support က အစကတည်းကပါလာလိမ့်ရှိပါတယ်။ ဒါတောင်တခါတစ်လေကြ read ပဲရပြီး write မရပဲဖြစ်တက်သေးတယ်။ ကျနော်က CentOS အသုံးများတော့ CentOS မှာက NTFS write support မပါတက်ဖူး။ Kernel recompile ရင်တော့ရပေမယ့် NTFS write လေးရဖို့ kernel တော့ recompile မလုပ်ချင်ဖူး။ NTFS read/write ရအောင် NTFS-3G ဆိုတယ့် FS module ရှိတယ်။ RPMforge repository မှာရှိပါတယ်။ လွယ်လွယ်ကူကူ အဲဒါလေးပဲ install လိုက်တာကောင်းပါတယ်။

အရင်ဆုံး rpm-forge repo ကို yum repo ထဲမှာထဲ့ဖို့လိုပါတယ်။ ဒါမှ yum နဲ့ install လုပ်ရင် သူ့ဟာသူ dependency resolving လုပ်သွားမှာ။ မဟုတ်ရင် ကိုယ့်ဟာကိုယ် dependency တွေ install နေရမယ်။ CentOS လို့ယူဆပြီးပဲ ပြောပါမယ်။ ဒါပေမယ့် RPM အလုပ်လုပ်တယ့် Linux တိုင်းမှာ ရမှာပါ။

1. rpmforge rpm လေးအရင် download မယ်။ (wget ကတော့ ရှိပြီးသားလို့ ယူဆလိုက်ပါတယ်။ မရှိရင်တော့ wget အရင် သွင်းပါ။)
#wget http://apt.sw.be/redhat/el5/en/i386/RPMS.dag/rpmforge-release-0.3.6-1.el5.rf.i386.rpm


2. GPG key import လုပ်မယ်။ မဟုတ်ရင် RPM ကို install လုပ်လို့မရပဲဖြစ်နေပါလိမ့်မယ်။ 3rd party RPM ဖြစ်နေလို့ပါ
#rpm --import http://dag.wieers.com/rpm/packages/RPM-GPG-KEY.dag.txt


3. RPM ကိုအရင်စစ်
#rpm -K rpmforge-release-0.3.6-1.el5.rf.i386.rpm


4. RPMforge repo install လုပ်မယ်
#rpm -i rpmforge-release-0.3.6-1.el5.rf.i386.rpm

ဒီလို လုပ်လိုက်ခြင်းအားဖြင့် နောက် install လုပ်တိုင်း CentOS repo က တင်မဟုတ်ပဲ RPMforge repo ကပါ package တွေကိုရှာပါလိမ့်မယ်။

5. RPMforge repo မှာရှိတယ့် package တွေရဲ့ list ကို အရင် build လုပ်ရပါအုန်းမယ်။
#yum check-update


6. Kernel version လေး တစ်ချက် ကြည့်ရအောင်။ ဒါအရေးကြီးပါတယ်။ Kernel version နဲ့ kernel-devel version က တူဖို့လိုပါတယ်
#uname -r


7. Kernel-devel install လုပ်မယ်။
#yum install kernel-devel

တကယ်လို့ Kernel devel နဲ့ Kernel နဲ့ version မတူရင် kernel ပါပြန် install လုပ်ပြီး restart တစ်ခါချရပါလိမ့်မယ်။ Kernel အသစ်နဲ့ boot လုပ်ပြီးမှ ကျန်တာ ဆက်လုပ်ပါ။

8. လိုအပ်တယ့် Package တွေကို တစ်ခါထဲ install လုပ်ရအောင်
#yum install fuse fuse-ntfs-3g dkms dkms-fuse


9. NTFS partition ကို Linux ပေါ်မှာ mount လို့ရပါပြီ
#mount -t ntfs-3g /mount_point /windows_partition

Mount point ကတော့ ကိုကြိုက်ရာနဲ့ အစားထိုးပေါ့။ အစကတည်းက ကြိုပြီး create မထားရင်လည်း အခု create လို့ရပါတယ်။ Windows partitions ကိုမသိရင်တော့ fdisk နဲ့ကြည့်ပါ။

#fdisk -l


ကြလာတယ့် table ထဲက NTFS file system နဲ့ partition ကိုမှတ်ထား။ ဆိုကြပါတော့ /dev/hda2 ဆိုရင် အပေါ်က /windows-partition နေရာမှာ /dev/hda2 ကို အစားထိုးလိုက်ပါ။ စမ်းကြည့်ပါ အဆင်ပြေမှာပါ။


Divinity

3 comments:

Zephyr said...

ဘာလို့ တစ်ခါတည်း Support မလုပ်ကြပါလိမ့်။
လူတိုင်းဟာ ပိုပြီး သက်သာအောင် ကွန်ပြူတာကို သုံးကြတယ်။ လူတိုင်းသုံးနိုင်ဖို့မရည်ရွယ်တာကိုက Linux က စေတနာမကောင်းသလိုဖြစ်နေတယ်။ တစ်ခါကလည်း Wireless Modem တစ်ခုအတွက် လိုတာလေး တစ်ခုရှာတာတောင် တော်တော်ရှာလိုက်ရတယ်။ သိပ်မသိတာလည်းပါတယ်။ ရှာဖတ်နေရတာနဲ့လိုရင်းမရောက်တာလည်းပါတယ်။

အခုလည်း စမ်းကြည့်ပါလားဆိုလို့
စမ်းကြည့်လိုက်လို့ အဆင်မပြေတစ်ခုခုဖြစ်ရင် တရားစွဲမယ်ဆိုတာကိုကြိုပြီး သတိပေးလိုက်ပါတယ်။

လူတကာသုံးဖို့ click click linux တွေ လှလှပပပေါ်ထွန်းပါစေ။ ... အလကားပေးတဲ့ software တွေ သက်တော်ရာကျော်ရှည်ပြီး ... ပိုက်ဆံအများကြီးတောင်းပြီး ထင်သလောက်မကောင်းတဲ့ ...software တွေ ... ကျဆုံးပါစေ။

ဒီလို တစ်ယောက်ကို တစ်ခါရေး နှစ် posts နဲ့ဆိုရင် မကြာခင် hosting ၀ယ်ရဖို့ရှိတယ် ...။

ရေးမယ်ဆိုပြီး အခုအထိ ဘာမှ မတင်ရသေးသူများကို ပြင်းထန်စွာသတိပေးလိုက်ပါတယ်။

software အားကိုး ... သူခိုးဟက်ကာများ ...
ကျဆုံးပါစေ .....။
နဂိုမရှိဘဲ နဂိုင်းအစား ဂျိုထွက်လာပါစေ။

ခင်မင်စွာဖြင့်
Zephyr
ပေါတောတော ဟက်ကာယောင်ယောင်များကို အော့နှလုံးနာသူ။
(သူတို့က ပိုတောင်နာတတ်တယ် ...။ ဟက်ကာဆိုတာနဲ့ များတို့ကိုပြောတာလို့ ထင်နေတဲ့ဟာတွေ ...)

Divinity said...

$399 နဲ့ဝယ်သုံးရတယ့် Windows7 မှာတောင် driver တိုင်း Software တိုင်း မရသေးဘူးလေ။ အလကားရပြီး အတော်အသုံးတယ့်နေတာကိုက စေတနာကို သိသင့်ပါတယ်။ ဟဲဟဲ

အဓိကက Hardware vendor တွေပါ ။ Driver ကို သူတို့အဘိုး MS windows အတွက်ပဲ ထုတ်ကြတော့ Open Firmware driver တွေလိုက်လိုက်ရေးနေရတယ့် Community လည်း hardware တိုင်းအတွက်တော့ ဘယ်လိုက်နိုင်မလည်း ။ တကယ်လို့သာ market ရဲ့ 50% က Linux user တွေဆိုရင် ဒီပြသနာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။ အဲတော့ ဟဲဟဲ သုံးကြပေါ့

Zephyr said...

အလကားရပြီး သုံးရမလွယ်တာထက် ပိုက်ဆံပေးရပြီး အသုံးရလွယ်တာကပိုမကောင်းဘူးလား။ Linux ရဲ့ အားသာချက်တွေကို အကောင်းဆုံးစုစည်းပြီး ရောင်းစားလို့ရတာမျိုးလုပ်ဖို့ကောင်းပါတယ်။ Red Hat လိုမျိုး ...ပိုက်ဆံပေးရပြီး အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတာမျိုးဖြစ်ဖြစ်ပေါ့။

လူအများစုအတွက် ရည်ရွယ်တဲ့ အလုပ်တွေမှာ အလကားပေးတာဟာ အထိရောက်ဆုံးနည်းတော့မဟုတ်ဘူး။ အလကားရေးနေရတဲ့သူတွေဟာ အမြဲရေးဖို့ အခက်အခဲရှိနိုင်တယ်။ Ubuntu ရဲ့ Effect တွေက Windows 7 ထက် စောပြီးထွက်လာပေမယ့် မသပ်ရပ်တဲ့အတွက် လူကြိုက်များသင့်သလောက်မများဘူး။ အသုံးမကျတဲ့ Windows ကိုမသုံးချင်ဘူး။ ဒါပေမယ့် Market share မရတာကလောလောဆယ်မှာ Linux သုံးရတာ သာမန် users တွေအတွက်မလွယ်သေးလို့။ ... ဒါတွေပြောရင်လည်း proprietary နဲ့ open source ကိစ္စတွေထဲပဲပြန်ရောက်သွားမယ်။

Driver ထုတ်တဲ့သူတွေက ပိုက်ဆံမရတာမလုပ်ဘူးလို့များ သံဓိဌာန်ချထားတယ်ထင်ပါရဲ့။ SGD 399 ပေးထားရပေမယ့် Driver ကို detect လုပ်ပြီး ဟုတ်ဟုတ်မဟုတ်ဟုတ် ကောက်ကောက်ဆွဲနေတာက အလကားရပြီး driver ရှာမရတာနဲ့ယှဉ်ရင် မဆိုးဘူးထင်တာပဲ။ အထူးသဖြင့် Linux Environment မှာ development လုပ်ရတဲ့အခါ ကုန်ကျစရိတ်ဟာ ရုံးရဲ့ တာဝန်ထားလို့ရတယ်ဆိုပါတော့ ...အဲဒီိလို အခြေအနေမှာတော့ အလကားပေးထားတဲ့ OS ကို ချစ်ပေမယ့် အောင့်မနမ်းချင်တာမျိုးဖြစ်လာမယ်ထင်ပါတယ်။

ဟဲဟဲ .. အချင်းချင်း ကပ်ငြင်းနေတာ။
အပြင်မှာ အငြင်းမသန်ဘူး။ ဒီမှာတော့ ပျော်စေပျက်စေ ..ငြင်းမယ်။