Thursday, March 18, 2010

Server Clustering ဆိုတာ . . . (2)

Clustering မှာ ဘယ်လိုအဆင့်တွေရှိလည်း ?
ခေါင်းစဉ်က သိပ်မကွဲပါဘူး။ မြန်မာစာ ပညာရှိမဟုတ်တော့ စကားလုံးရွေးရတာ တခါတလေ မလွယ်ဘူး။ Clustering မှာ ဘယ်လို level အလိုက်ရှိလည်းလို့ပြောရင် ပိုကောင်းမယ်။
1. Network Level Clustering
2. Service Level Clustering
3. Application Level Clustering ဆိုပြီး ယေဘူရအားဖြင့် သုံးခုရှိပါတယ်။ Failover ပုံစံအလုပ်လုပ်မလား၊ NLB အလုပ်လုပ်မလားဆိုတာက ဘယ်လို Setup လုပ်လည်းဆိုတာပေါ်မှာ မူတည်ပါတယ်။ ဘယ်လို Level clustering မှာမဆို နှစ်မျိုးလုံး ( တစ်မျိုးမဟုတ် တစ်မျိုး) setup လုပ်ဖို့ဖြစ်နိုင်ပါတယ်။

Network Level Clustering ( Vs Service Level Clustering)
သူကရှင်းပါတယ်။ တကယ်လို့ Cluster ထဲမှာ Server 5 လုံးရှိတယ်ဆိုပါတော့။ ဒီ Server ငါးလုံးက အချင်းချင်း Network reachability ကို စစ်နေပါတယ်။ Engineer က configure လုပ်ထားသလို 5 seconds ဆိုလည်း 5 seconds တိုင်းမှာ၊ 5 minutes ဆိုလည်း 5 minutes တိုင်းမှာ စစ်နေပါတယ်။ Network reachability ဆိုတာကတော့ ကျနော်တို့ ping ကြည့်သလိုပေါ့။ ကိုယ်သုံးတယ့် clustering technology ပေါ်မှာမူတည်ပြီး ဘယ်လိုစစ်နေလည်းဆိုတာတော့ ကွာပါလိမ့်မယ်။ တကယ်လို့ unreachable ဖြစ်သွားပြီဆိုရင် အဲ Server down သွားပြီလို့ ယူဆပြီး Server ကို Cluster ထဲကနေဖယ်လိုက်ပါတယ်။ ဒီ Clustering ရဲ့ အားနည်းချက်ကတော့ Server ကြီးက မ down ဘူး၊ Server ပေါ်က Service ကပဲ down နေရင် သူမသိပါဘူး။ သူက Network အရ ping ကြည့်လို့ ဒီ Server alive ရှိမရှိ စစ်တာမျိုးပဲစစ်ပြီး ဆုံးဖြတ်လို့ Network Level Clustering လို့ပြောတာပါ။

ဥပမာ စဉ်းစားကြည့်ရအောင်။ Windows Server 2003 မှာ Windows NLB Manager ဆိုတာ ပါပါတယ်။ သူက Network Level Clustering ပါ။ NLB ပုံစံ Clustering ပါ။ Server သုံးလုံးကို IIS web server run ပြီး Cluster လုပ်လိုက်ကြတယ်ဆိုပါတော့ ။ User က Access လုပ်ရင် Server သုံးလုံး တစ်လှည့်စီ respond လုပ်နေမှာပေါ့။ တကယ်လို့ Svr 1 က hang သွားတယ် ဆိုပါတော့ ၊ ဒါမှမဟုတ်လည်း network ကြိုးလွတ်သွားတာပဲဖြစ်ဖြစ်၊ ဒါမျိုးဆိုရင် Svr 1 down သွားတာကို ကျန်တယ့် Sever နှစ်လုံးက သိပါတယ်။ လာသမျှ user ကို Svr 2 နဲ့ 3 ကပဲ မျှပြီး respond လုပ်ပါလိမ့်မယ်။

ဒါပေမယ့် တကယ်လို့ Server 1 ကြီးက ဘာမှမဖြစ်ဖူး ၊ IIS ကပဲ crash ဖြစ်ပြီး stop ဖြစ်သွားတယ်။ ဒီလို scenario မှာ ကျန်တယ့် Server နှစ်လုံးက မသိပါဘူး။ Network aspect အားဖြင့် Server 1 က alive ရှိနေပါတယ်။ IIS Service down သွားတာ ၊ ဒီ Network Level Cluster မှာ ဒါကို မသိပါဘူး။ ဒါဆို ဘာဖြစ်မလည်း ? Cluster က Svr1 down နေတာကို မသိတယ့်အတွက် request 3 ခါမှာ တစ်ခါကို ထုံးစံအတိုင်း Svr1 ဆီကို ပို့နေပါလိမ့်မယ်။ ဒါပေမယ့် IIS ကြီးက down နေတော့ သုံးခါမှာ တစ်ခါ error ပြနေမှာပေါ့။ Reload လုပ်လိုက်ရင် ပြန်ကောင်းသွားပြန်ရော။

ဒါဆိုဘယ်လိုလုပ်မလည်း ? Service Level ကိုပါ monitor လုပ်နိုင်ဖို့လိုပါတယ်။ Windows ရဲ့ built-in တွေမှာတော့ မတွေ့မိပါဘူး။ ကျနော်မသိတာလည်းဖြစ်နိုင်ပါတယ်။ Linux မှာတော့ heartbeat version 2 တို့ LDirector တို့တော့ Opensource တွေရှိပါတယ်။ သူတို့က Service port ကိုပဲဖြစ်ဖြစ် Service ကိုတစ်နည်းနည်းနဲ့ စစ်ပေးပြီး Service down ရင်လည်း Server down တယ်လို့ သတ်မှတ်ပြီး Cluster ထဲကနေ isolate လုပ်ပေးလိုက်ပါတယ်။

API တွေနဲ့ချိတ်ဆက်ပြီး Application တစ်ခု Process တစ်ခုကို Server တွေအများကြီးပေါ်မှာ ခွဲဝေပြီး အလုပ်လုပ်တယ့် Application Level Clustering ကတော့ ကျနော် သေချာမရှင်းနိုင်တယ့် အကြောင်းအရာမို့ ကျော်လိုက်ပါရစေ။

Divinity

1 comment:

Zero Divided by Zero is Zero (Brahmagupta Rule) said...

သိပ်တော့မကြာသေးဘူးပဲ။ ၂၀၁၀ ကကိစ္စကို အစပြန်ဖော်ရရင် App Level မှာတော့ App Server ဥပမာ weblogic တို့တွေမှာ clustering လုပ်လို့ရတယ်။ အဲဒီမှာလည်းအမျိုးမျိုးရှိတယ်။ JVM share ထား၊မထားတို့၊ failover ဆန်ဆန် clustering တို့လည်းရှိတယ်။ ကချော်ကချွတ်လေးလုပ်ထားပြီး ညာစားတာတွေလည်းရှိတယ်။ လောလောဆယ်ဆိုးနေတာကတော့ deployment လုပ်ရင် cluster လုပ်ထားတဲ့ App တိုင်း လိုက်လုပ်နေရတာတော့မကောင်းဘူး။ CQ မှာတော့ author မှာပဲ deployment တစ်ခါလုပ်ပြီး publish လုပ်လိုက်ရင် clusters တွေအားလုံးမှာ deploy လုပ်ပြီးသားဖြစ်အောင်လုပ်ထားတယ်လို့ မှတ်လိုက်ရသေးတယ်။ လောလောဆယ်သုံးနေတဲ့ weblogic က clustering ကတော့ Server 1 က အမာခံ၊ Server 2 က အိမ်ဖြည့်သာသာပဲ။ ၁၀ ခါ ၁ ခါလောက်ပဲကူတယ်ထင်တယ်။