Monday, April 25, 2011

PL/SQL Developer

PL/SQL Developer

အမြဲတမ်းလိုလိုသုံးဖြစ်တာက SQL developer ပါ။ အခု PL/SQL developer ပြောင်းသုံးပါတယ်။ သူကတော့ oracle client ရှိဖို့လိုပါတယ်။ Install လုပ်ပြီးရင် tnsnames.ora ကို admin path မှာထည့်လိုက်ရုံပါပဲ။ ဒီ IDE ကတော့ DBA တွေနဲ့ပိုသင့်တော်ပါတယ်။

အလုပ်မရှိအလုပ်ရှာပြီး အမျိုးမျိုးစမ်းသုံးကြည့်နေတာပါ။

အခုတလော၊ python ရေးတယ်။ php ရေးတယ်။ ASP.net ရေးတယ်။ Java ရေးတယ်။ စိတ်ကူးပေါက်ရာလျှောက်လုပ်နေတယ်။ မကြာခင် Ruby ရေးမယ်။ Closure ရေးပါမယ်။ Languages တွေရဲ့ Pros and Cons ကိုမရေးဘူးပဲငြင်းတယ်ဖြစ်မှာစိုးလို့ ..ရေးပြီးမှ ငြင်းကြမလားလို့။ Juz kidding.

O_O :P ဆိုတဲ့ဟာတွေအားလုံးဟာ ဒီပုပ်ထဲက ဒီပဲတွေချည်းပါပဲ။ Language တစ်ခုခုကိုကောင်းကောင်းသိရင် အချိန်တိုအတွင်းမှာလေ့လာနိုင်ပါတယ်။ မယုံရင်စမ်းကြည့်ပါ။

Git ကိုလည်း အချိန်နည်းနည်းပေးပြီးစမ်းကြည့်ဖို့တိုက်တွန်းပါတယ်။ Repoနဲ့ရေးတာဟာ Team နဲ့ရေးတဲ့အခါကြရင်ဖြစ်ဖြစ်၊ Code Merging အတွက်ပဲဖြစ်ဖြစ် အဆင်ပြေစေပါတယ်။ Developer ကောင်းတို့မည်သည် Source Code ကို Check in မလုပ်ဘဲ အိမ်ပြန်သည်မရှိကုန် ဆိုတာကိုလည်းမှတ်ထားပါ။ အလုပ်ထွက်တဲ့အခါ၊ အကုန်လုံး Repo ထဲမှာ ထည့်ပြီးပြီ တာ့တာလို့ပြောလို့ကောင်းပါတယ်။

ဘာသာပြန်တာတွေ မနက်ဖြန်မှာတင်လိုက်ပါမယ်။

ဒီမှာလာဖတ်တဲ့သူ ၇ နှစ်ယောက်လောက်တောင်ရှိတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ တစ်ယောက်က Divinity၊ တစ်ယောက်က ကျွန်တော် ဆိုတော့ ကျန်တဲ့ ငါးယောက်ကိုလည်း ကျေးဇူးတင်ပါတယ်။

Sharing လုပ်တယ်ဆိုတာလည်း တစ်နေ့နေ့မှာ လိုတဲ့သူတစ်ယောက်ယောက်လာဖတ်ပြီး အိုကေသွားဖို့ပါပဲ။ နောက်ထပ် ၁၀ နှစ်ကြာသော် ဖြစ်ဖြစ်ပေါ့လေ။ အဖိုးအိုကြီးသရက်ပင်စိုက်သလိုပေါ့။ အဖိုးဘာလို့ သရက်ပင်စိုက်နေတာလဲဆိုတော့ နောက်တစ်ချိန်ကြရင် မွေးလာမယ့်ကလေးတွေ Eပန်းဖို့ပေါ့ကွာ လို့ဆိုသတဲ့။
ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကလည်း အဲဒီအဖိုးကြီးထက်မလျော့ပါဘူး။ ။

Regards,
Zero

2 comments:

Mg Pyone said...

လာလာတော့ မဖတ်ပါဘူး.. Feed ယူထားပြီး Reader ထဲက နေပဲ ဖတ်ဖြစ်ပါတယ်.. သို့သော်ငြား ၈ ယောက်မြောက် စာဖတ်သူလို့ သိစေချင်လို့ လာ ကွန်မန့်တာပါ :D

အခုခေတ်မှာ Git က ဆရာဖြစ်နေပီပဲဗျာ.. အလုပ်လျှောက်တာတောင် GitHub Link ထည့်ပေးမှ ဆိုတာမျိုး.. အရင် မြန်မာနိုင်ငံမယ်တုန်းကတော့ ssh လည်း မရ vpn လည်း မရဆိုတော့ Mercurial ရယ် Google Code ရယ်နဲ့ပဲဗျာ ..

မှန်မှန် စောင့်ဖတ်နေပါတယ်ခင်ဗျာ..

Zero Divided by Zero is Zero (Brahmagupta Rule) said...

ahh.. a boy who loves a girl :) .. and SMILE =)

အား ကောင်မလေးပြုံးတာချစ်တဲ့ ကောင်ကလေး နဲ့ အပြုံးကြီး ညီမျှခြင့်းကွင်းပိတ်ကိုလည်း ဖတ်တဲ့အတွက်တောင် ကျေးဇူးတင်ပါတယ်ဗျာ။

ခင်ဗျားဆီက Vlalentine သီချင်းတွေနားထောင်လိုက်ပါသေးတယ်။

အလုပ်လျှောက်ရင် Git Hub link ထည့်ပေးရင်တော့ Git Hub Link down နေရင် အလုပ်ပြုတ်မယ့်ကိန်းဗျနော်။