Thursday, June 2, 2011

Copy ကူးတာကိုလည်း တစ်ခါတလေ backup လုပ်တယ်လို့ခေါ်တယ်

တစ်ချို့တွေပေါ့၊ လိုချင်တော့ ကြီးကြီးကျယ်ကျယ် ။ Daily full backup ၊ one month cycle တဲ့။ Backup software တော့မဝယ်ချင်ဘူး ၊ ဘယ်လိုပဲရရတဲ့ backup ဖြစ်ရင်ပြီးရောတဲ့။ File တွေမှားမှားဖျက်ကြ overwrite တွေ မှားမှားလုပ်ကြလွန်းလို့တဲ့။ ဒီလိုလား ၊ ရပါတယ်။ xcopy နဲ့ပဲ လုပ်လို့ရပါတယ်။ အဲဒါနဲ့ပဲ ဒီနေ့ သုံးကြောင်း bat script လေးတစ်ခုရေးဖြစ်တယ်။ အမှန်က ဘယ်မှာတွေ့ဖူးမှန်းမသိတာတစ်ခုကို မှီညမ်းပြီး ဟိုးအရင်တစ်ခါက ရေးထားတာပါ။ နည်းနည်းလေးပဲပြင်လိုက်ရတယ်။

@Echo off
rd /s /q E:\$Recycle.bin
xcopy D:\Company\* E:\Serverbackp\Company\%date:~4,2%\* /Y /Q /S


ဒုတိယ တစ်ကြောင်းက ပုံမှန်ဆိုမလိုပါဘူး။ ဒီ user တွေက ဘာတွေလုပ်မှန်းမသိ မကြာမကြာ recycle bin corrupted error ဖြစ်တယ်။ ဘာလို့ဖြစ်လည်း သူတို့ဘာလုပ်လည်းဆိုတာ သူတို့ကိုတိုင်လည်းမသိဘူး။ Recycle bin ကအရေးမကြီးဘူး၊ ရတယ်တဲ့။ ဟုတ်တယ်လေ မှားဖျက်မိလို့ ပြန်လိုချင်ရင် backup တွေရှိနေမှာပဲ။ အဲဒါနဲ့ ကျနော့ script ထဲမှာ အဲ quickfix လေးထဲ့ရေးလိုက်တာ။

ပထမလိုင်းကတော့ အလကား output တွေပေါ်ပေါ်လာရင် မျက်စိနောက်လို့ echo off လိုက်တာ ။ Bat ရေးဖူးတဲ့သူတိုင်း သိပါတယ်။
ဒုတစ်ယလိုင်းကတော့ recycle bin error ကို quickfix အနေနဲ့ Empty recycle bin လုပ်လိုက်တာ။ အမှန်က Recycle.Bin directory ကို ဖျက်လိုက်တာပါ။ ဒါပေမယ့် တစ်ခုခု delete လုပ်ရင်ဖြစ်ဖြစ်၊ logout / login လုပ်ရင်ဖြစ်ဖြစ် recycle.bin folder က ပြန် create ဖြစ်ပါတယ်။ အဲတော့ ဒါ command line က empty recycle bin လုပ်လိုက်တာပဲလို့ သဘောထားပါတယ်။ :D

နောက်ဆုံးလိုင်းကတော့ Windows ရဲ့ အသုံးတည့် command လေးတစ်ခုဖြစ်တဲ့ xcopy နဲ့ files တွေကို ကူးဖို့ပါ။ ဒီမှာ ပြသနာ နည်းနည်းရှိပါတယ်။ ကျနော်တို့က one month cycle လိုချင်တာပါ။ ဆိုလိုတာက နေ့စဉ် overwrite မလုပ်ချင်ပါဘူး။ နေ့စဉ် new backup set ထားသွားပြီး တစ်လကြာမှ ပထမနေ့က backup set ကို overwrite ချင်တာပါ။ အဲဒါကြောင့် နောက်က destination မှာ %date~:4,2% ဆိုတာလေးပါနေတာပါ။ Windows မှာ %date% environmental variable က system date ကို ကိုယ်စားပြုပါတယ်။ %date% ကမှ လေးလုံးမြောက်ကနေ ငါးလုံးမြောက်အထိ ( နှစ်လုံးထဲ) လိုချင်လို့ %date~:4,2% လို့ရေးတာပါ။ ကိုယ်ယူထားတယ့် date / time format ပေါ်မှာ မူတည်ပါလိမ့်မယ်။ mm-dd-yyyy ဆိုရင်တော့ 7,2 လို့ယူရပါလိမ့်မယ်။ အနောက်က /Y ကတော့ overwrite ဖို့ yes / no prompt တွေမှာ အကုန် yes လို့သတ်မှတ်ပြီး overwrite သွားဖို့၊ /Q ကတော့ process output မပြဖို့နဲ့ ၊ /S ကတော့ subdirectories တွေပါ ကူးဖို့ ထဲ့ထားတာပါ။

Diskspace ပိုးဆိုးပက်စက်တက်တာကလွဲရင် သူတို့လိုချင်သလိုဖြစ်ပါတယ်။ Diskspace ကတော့ အမှန်ဆို compress လေးလောက်လုပ်သင့်တာပေါ့နော်။ ဒါပေမယ့် user က ဒီတိုင်းက သူတို့အတွက် ပိုကောင်းတယ်၊ ဘာမှမလုပ်ရပဲ backup file တွေကို မြင်ရတာ ပိုသဘောကျတယ်ဆိုလို့ ဖြစ်သလိုပဲ လုပ်ပေးလိုက်ပါတယ်။ အမှန်က backup လုပ်တာလို့ ပြောဖို့တောင် ခက်ပါတယ်၊ တစ်ခြားတစ်နေရာရာကို copy ကူးထားလိုက်တာပါပဲ။ ကိုယ့်ဟာကို compression လုပ်ချင်ရင်တော့ winrar command line tools လေးနဲ့ လုပ်လို့ရပါတယ်။

Divinity

3 comments:

Zero Divided by Zero is Zero (Brahmagupta Rule) said...

recycle ပါ ကူးထားပေးလိုက်တာမဟုတ်ဘူး။ သူတို့ပိုပျော်သွားအောင်။ ငါထင်တာကတော့ အခု diskspace က ဈေးပေါလာပြီး data ကပိုဈေးကြီးလာလို့ဖြစ်မယ်။

%date~:4,2% ဆိုတာ သိပ်မရှင်းဘူး။
အဲဒါဆို တစ်လကြာမှကူးမှာလား၊ တစ်လကြာမှ overwrite လုပ်မှာလား။ စမ်းကြည့်လိုက်ဦးမယ်။

Java နဲ့တော့ archiving လုပ်တာတွေရေးဖူးတယ်။ Spring Batch မှာဆိုရင်တော့ configure လုပ်လိုက်ရုံပဲ။ အဲဒီ xcopy ကို deployment လုပ်ရင်သုံးတယ်။ exploded files တွေအားလုံးကို web app ထဲထည့်ချင်ရင်အဆင်ပြေတယ်။

Windows မှာဆိုရင် service မှာ run တဲ့ scheduler နဲ့ချိတ်လိုက်လည်း တော်တော်လေးကို အသုံးဝင်သွားမယ်။

Divinity said...

ပြန်ရောက်ပြီလားဗျ
windows မှာပဲ %date% ဆိုပြီး command line မှာရိုက်ကြည့်။ %date~:4,2% ကိုရိုက်ကြည့်။ %date% ရဲ့ output က လိုချင်တယ့် စာလုံးကိုပဲ ပြန်ဖျက်ယူလိုက်တာ။
Backup က ပြန်ပြန် overwrite မသွားစေချင်လို့ destination directory ကို 01 ၊ 02 ၊ 03 .... 30 ဆိုပြီး နေ့အလိုက်ဖြစ်သွားအောင် ပေးထားတာ။ တစ်ခုတော့ရှိတာပေါ့၊ သုံးဆယ့်တစ်ရက် ရှိတယ့်လဆို 31 အထိ folder create သွားမှာပေါ့။ 1st May တုန်းက လုပ်ခဲ့တယ့် backup က 01 ဆိုတယ့် folder ထဲရောက်ပြီး နောက် 1st June ကြမှ အဲ folder က overwrite လုပ်ခံရမယ်လေ ။
ဟုတ်တယ် Scheduler နဲ့ Daily လုပ်ရတာ၊ အဲဒါ ထဲ့ရေးဖို့ မေ့သွားတာ ဟဲဟဲ

Zero Divided by Zero is Zero (Brahmagupta Rule) said...

အင်း ... အဲဒါဆိုရှင်းပြီ။

တကယ်လို့ မီးပျက်လို့ဖြစ်ဖြစ်၊ server resart ကျသွားလို့ဖြစ်ဖြစ်၊ တစ်ခြား အက်ဒမင်နှစ်ယောက်သုံးယောက်ရှိလို့ restart ဘယ်သူလုပ်လိုက်မှန်းမသိရင်ဖြစ်ဖြစ်၊ scheduler က ဆက်ပြီး run အောင်လုပ်ထားတာလား။

window scheduler ကိုတော့ သိပ်မမျှော်လင့်ဘူး။ robinson datamining မှာတုန်းက Scheduler မ run လို့ လူက ထထ run ရတယ်လေ။ အဲဒီတုန်းကတော့ နောက်ဆုံး service မှာ ချိတ်တာတစ်ခု လုပ်ကြတယ်။

restart ကျသွားလည်း service ကနေ auto start ဖြစ်တယ်။ Edwin ပေးတာပဲ။ အဲတုန်းက ငါက သူပေးတာလေး configure လုပ်ပြီး run ချင်တဲ့ batch job ကိုပဲပြန်ချိတ်ပေးလိုက်တယ်။

June 3, 2011 2:19 AM