Tuesday, October 1, 2013

sequence Vs Max+1

sequence Vs Max+1

Max+1 ရေးတဲ့သူတွေ အရင်တုန်းက တော်တော်များမှန်းသတိထားမိတယ်။  unique key တစ်ခုကို ရဖို့ ရှိပြီးသား ဒေတာတွေအားလုံးကိုပြန်ဖတ်ပြီး ၁ပေါင်းရတာ ရေးတဲ့သူအတွက်လွယ်ပေမယ့် ဒေတာဘေ့စ်အတွက်ရေရှည်မှာ မလွယ်ဘူး။ အဲဒီလိုရေးတာပျင်းတဲ့သူတွေထင်တယ်။ table ကြီးတွေ ဝဝဖိုင့်ဖိုင့်ဖြစ်လာတဲ့အခါ Max+1 က ဒုက္ခပေးတတ်ပါတယ်။ sequence table လုပ်ပြီး .nextValue နဲ့သွားပါ။ အင်မတန်မြန်ပါလိမ့်မယ်။

sequence  တစ်ခုနမူနာပြရရင် ဟောသလိုရေးပါတယ်။

CREATE SEQUENCE auto_icrrm_attendance_seq
  MINVALUE 1
  MAXVALUE 999999999999999999999999999
  START WITH 2013000079
  INCREMENT BY 1
  CACHE 20;
 
အဲဒီလို create လုပ်ပြီးရင် ဒီလို သုံးရုံပါပဲ။

  select auto_icrrm_attendance_seq.nextval from dual

Cache 20 ပေးထားတာကတော့ memory မှာ အခု ၂၀ တစ်ခါတည်းသိမ်းထားလို့ရအောင် oracle ကိုသတိပေးတာပါ။ အဲဒါက နည်းနည်းပိုမြန်စေပါတယ်။ ကိုယ်လိုချင်တာက unique ဖြစ်ရုံပဲလား။ sequence ဖြစ်ဖို့လိုသလားဆိုတာပေါ်မူတည်ပြီး နည်းနည်းလောက်တော့ စဉ်းစားပြီးသုံးကြပါ။

Regards,
Zero
 

No comments: