Thursday, October 3, 2013

weblogic errors

weblogic errors

weblogic 8 က error နှစ်ခုအကြောင်းပြောမယ်စိတ်ကူးတယ်။

တစ်ခုက stuck thread ပါ။ thread တွေရဲ့ maximum time ကျော်သွားတာပါ။ process တွေကြာတဲ့အခါဖြစ်လေ့ရှိပါတယ်။ report တွေဘာတွေ နှေးကွေးလေးလံလာရင် မကြာမကြာကြုံရပါလိမ့်မယ်။ အလွယ်လမ်းကတော့ ၁၅ မိနစ်မလောက်ရင် မိနစ် ၂၀ တိုး၊ မိနစ် ၂၀ မလောက်ရင် မိနစ် ၃၀ တိုးပေါ့။ ဖြစ်တဲ့ root cause ကိုတော့ နောက်မှ အေးဆေးရှာပေါ့။ လောလောဆယ် error မမြင်ရတာစိတ်ချမ်းသာရတာပဲ။ တစ်ချို့ scenerio တွေမှာဆိုရင် အချိန်ကြာသွားရင်း stuck ဖြစ်နေရာက unstuck ပြန်ဖြစ်သွားပါတယ်။ အမြဲတော့ အဲဒီလောက်အထိမကြာဘူး။ stuck threads တွေများလာရင် instance တစ်ခုလုံး down သွားတာပဲ။

တကယ်ဖြစ်တာက ရေးတဲ့သူတွေ လက်စွမ်းပြပြီး တလွဲတွေလုပ်ကြလွန်းတာကြောင့်ဖြစ်တယ်။ နည်းပညာတွေ ဘယ်လောက်တိုးတက်တိုးတက်၊ သုံးစွဲတဲ့သူက နည်းလမ်းမမှန်ရင် အဲဒါတွေက ကြုံမြဲကြုံနေရဦးမယ်။

မကြာမီနှစ်တွေမှာ software တွေကို app store မှာ game ရောင်းနေသလို တစ်ခု တစ်ကျပ်နဲ့ရောင်းရတော့မယ်ထင်တယ်။ အဲဒီခေတ်ရောက်ရင်တော့ တကယ်ကောင်းတဲ့ဟာကိုပဲ တစ်ကျပ်တိတိပေးဝယ်ရလိမ့်မယ်။ တော်ရိရော်ရိတွေကတော့ အလကားပေးတောင် မသုံးလောက်တော့ဘူး။

ဒုတိယတစ်ခုက major. minor ဆိုလား။
အဲဒီတစ်ခုလည်း မှတ်ထားကြပါ။ ရှာစားဖွေစားရတာခက်ရတဲ့အထဲ တခြားသူတွေရဲ့ပြဿနာကြောင့် ကိုယ်ကျိုးမနည်းအောင် သတိထားရပါတယ်။ အဲဒါကတော့ deployment လုပ်တဲ့ Linux သမားတွေကြောင့်ဖြစ်တာပါ။ ပုံမှန်အားဖြင့် java ဗာရှင်းတစ်ခုတည်းဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ production server မှာ jdk တစ်ခုထက်ပိုရှိနေရင် root account နဲ့ weblogic ကို restart လုပ်မိရင် 1.5 နဲ့တက်လာလိမ့်မယ်။ အဲဒါဆို 1.4 နဲ့ app တွေမှာ compile လုပ်လိုက်တိုင်း jsp version conflict တွေဖြစ်ပြီး page တွေ တက်တစ်ချို့၊မတတက်တစ်ချို့ဖြစ်ကုန်မယ်။ အဲဒါဆိုရင် restart လုပ်လိုက်တဲ့သူကို weblogic user account နဲ့ ပြန်ပြီး restart လုပ်ခိုင်းရတယ်။ အဲဒါလေးတွေက system အဟောင်းတွေကို ထိန်းသိမ်းနေတဲ့သူတွေအတွက်တော့ သိထားရမယ့်ကိစ္စတွေ။

အခုတလော log file တွေကြည့်ရင် အဲဒီ error နှစ်ခုကိုအရင်စစ်ဖြစ်တယ်။ မကြာမကြာကြုံခဲ့ပြီးပြီ။

ဖြစ်ကတတ်ဆန်းရေးခဲ့ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
Zero


No comments: