Thursday, December 15, 2011

အပျင်းပြေ Remote Access MySql

အပျင်းပြေ Remote Access MySql

အခုတလော အိမ်မှာ program လေးဘာလေး မမေ့အောင် ပြန်ရေးပါတယ်။

MySql ကို remote ကနေ၀င်ချင်ရင် fire wall မှာ Port blocking လုပ်ထားလားကြည့်ပါ။ Window Firewall မှာ port ကို configure လုပ်ပေးလို့ရပါတယ်။ default ဆိုရင် Port 3306 ကို ဖွင့်ပေးလိုက်ပါ။ နောက်တစ်ခုက security suite တွေမှာပါတဲ့ firewall တွေမှာ portတွေပိတ်ထားရင်လည်း ဖွင့်ပေးပါ။

MySQL ကို စသွင်းကတည်းက remote Login လုပ်မယ်ဆိုတာရွေးထားလိုက်ရင်လွယ်ပါတယ်။

Database တစ်ခုမှာ root access ကို remote ကနေ ဖွင့်မပေးတာတော့အကောင်းဆုံးပါပဲ။ သီးခြား user account တစ်ခု create လုပ်ပြီး privilege တွေပေးပါ။ လွယ်လွယ်ကူကူ လုပ်ချင်ရင် SQLYog ဖြစ်ဖြစ်သွင်းထားပြီး Manage User ကနေ user တွေ create လုပ်ပြီး access rights တွေ define လုပ်နိုင်ပါတယ်။

အားလုံးအိုကေပြီဆိုရင်တော့ တခြား စက်တစ်လုံးကနေ MySQL run ထားတဲ့စက်ကို ping ကြည့်ပါ။
ping လို့ရရင် telnet နဲ့ Port ပွင့်နေလား မပွင့်နေလားကြည့်ပါ။ Windows 7 မှာတော့ telnet client ကို အရင် on ရပါမယ်။ default က off ထားပါတယ်။

ping IP address.
telnet IP adress(space)port No.

အဲဒီလိုရပြီဆိုရင်တော့ program ကနေ ချိတ်ကြည့်လို့ရပါပြီ။ SQL client နဲ့ဖြစ်ဖြစ် java ရဲ့ JDBC နဲ့ဖြစ်ဖြစ်ချိတ်ပြီး ရေးလို့ရပါပြီ။


My SQL မှာပဲဖြစ်ဖြစ် တခြား RDBMS တွေမှာပဲဖြစ်ဖြစ်။ Access right ကို အများကြီးပေးထားပြီး ပြန်လျော့ချင်တယ်ဆိုရင်သတိထားဖို့လိုပါတယ်။ ဥပမာအားဖြင့် user A ကို ပထမ delete ရော update access ပါပေးထားပြီး၊ select တစ်ခုပဲ ပြန်ပေးတယ်ဆိုပါတော့။ userA ဟာ သူ့ access right ကို modify မလုပ်ခင် login ၀င်ထားရင် အဲဒီ session ရှိနေသရွေ့တော့ သူ့မှာ အရင် privilegeတွေကျန်နေပါသေးတယ်။ remote log-in ၀င်တဲ့ user account တွေဆိုရင် session ကို kill လုပ်တာဖြစ်ဖြစ်၊ မလုပ်တတ်ရင် MySQL service ကို restart လုပ်လိုက်တာဖြစ်ဖြစ် လုပ်ရပါမယ်။ အဲဒီလိုမလုပ်သရွေ့တော့ user access update လုပ်လိုက်တာဟာ privilege တွေ လျော့သွားဖို့၊ပြောင်းသွားဖို့အတွက် မသေချာပါဘူး။ အဲဒီ အခြေခံအချက်တွေကို သတိထားဖို့လိုပါတယ်။

သိပ်များ အကြမ်းဖျင်းဆန်နေမလားမသိဘူးဗျာ။
screen captured လုပ်ရမှာပျင်းတာနဲ့ ဒီအတိုင်းပဲရေးလိုက်ပါတယ်။
အဆင်ပြေမယ်ထင်ပါတယ်။
အဆင်မပြေဘူးဆိုရင်လည်း မပြေတာလေး comment ရေးခဲ့ပါ။

Regards,
The zero.

No comments: