Wednesday, February 23, 2011

decode in oracle.

decode in oracle.

တခါတလေ oracle မှာ decode ဆိုတာကိုတွေ့ရတတ်တယ်။
အဲဒါကို ရှာကြည့်ရမှာပျင်းတဲ့သူတွေအတွက် ကြိုဖတ်ထားလို့ရအောင်ပါ။

SELECT name,
decode(id,'B0001','ID_1,
'B0002','ID_2,
'B0003','ID_3,
'ID_DEFAULT')ID_MASK


FROM customer;

အဲဒါကြည့်ရင် CASE မသုံးချင်လို့ အလွယ်လုပ်ထားတာကို တွေ့ရပါမယ်။
ဆိုလိုတာက id ကိုကြည့်ပြီး B001 ကို ID_1 လို့ပြောင်းတာကို ရေးရင် ရှည်လို့ လွယ်လွယ်ကူကူ decode function လေးနဲ့သပ်သပ်ရပ်ရပ်ရေးလိုက်တာပါပဲ။ ID_MASK က တော့ alias တစ်ခုပေးလိုက်တာပါပဲ။ ဘာမှမဟုတ်ပါဘူး။

အဲဒါကို IF-THEN-ELSE နဲ့ရေးရင် ဒီလိုရပါမယ်
if (id='B0001') then
ID_MASK:='ID_1'
esle if (id='B0002') then
ID_MASK:='ID_2'
else if (id='B0003') then
ID_MASK:='ID_3'
else
ID_MASK:='ID_DEFAULT'
decode ဆိုလို့ ဘာများလဲမသိဖြစ်တတ်တာပါ။ အမှန်က ထွေထွေထူးထူးမဟုတ်ပါဘူး။

decode( expression , search , result [, search , result]... [, default] )

အဲဒီလိုမှတ်လို့ရပါတယ်။ NULL ဆိုရင် 0 ပြောင်းထည့်မယ်။ မဟုတ်ရင် default အတိုင်းပြမယ်ဆိုတာတွေရေးလို့လည်းရပါတယ်။

DECODE(EXTRA_PREMIUM,NULL,0,EXTRA_PREMIUM)

အပေါ်က decode မှာဆိုရင် extra premium field က Null ဆိုရင် zero လို့ပြမယ်။ Null မဟုတ်ရင် သူ့တန်ဖိုးအတိုင်းပြမယ်။

အလုပ်လုပ်နေရင်း အသုံးလိုတာလေးတွေ share လိုက်တာပါ။ အသေးအဖွဲတွေပေမယ့် သိထားရင် အသုံးဝင်နိုင်ပါတယ်။

No comments: