Tuesday, April 19, 2011

VMware vCenter Converter

http://www.vmware.com/products/converter/

Go green ဖို့ လက်ရှိသုံးနေတယ့် server တွေကို Virtualize လုပ်ချင်တယ်။ ခက်တာက Downtime မရှိချင်ဘူး ။
Server သေးသေးလေးတွေ အများကြီး run ရတာ မီတာကုန်တယ်၊ အားလုံးကို ပေါင်းပြစ်ချင်တာ။

ဖြစ်ပါတယ်။ ကျနော့်အတွက် အသုံးအတဲ့ဆုံး ဖြစ်နေတယ့် tools တစ်ခုပါ။ အဓိက သုံးဖြစ်တယ့် အကြောင်းရင်းက Power on machine တစ်ခု၊ actual server တစ်ခုကို ၊ downtime မလိုပဲ VMware server image အဖြစ် ပြောင်းပေးနိုင်လို့ပါ။ ပြောင်းတယ့်အခါမှာလည်း လိုအပ်ရင် disk space ကိုခြုံ့လို့ရပါတယ်။ Spec ကိုပြန် configure လုပ်လို့ရပါတယ်။

အရင်က office မှာ project တွေပြီးသွားရင် Code တွေ Data တွေ backup လုပ်သလို တစ်ချို့ project မှာကျ သုံးခဲ့တယ့် HDD ကိုသိမ်းထားပါတယ်။ လိုအပ်ရင် demo ပြန်ပြဖို့ပါ။ ပြန် setup မလုပ်ရပဲ လိုအပ်ရင် ချက်ခြင်း ပြန် run ပြနိုင်အောင်လို့။ အဲတော့ ကျနော်မှာ အမြဲတမ်း Hard disk တွေအပိုကုန်တယ်။ နောက်တော့ အဲ HDD တွေအကုန် VM image ပြောင်းပြစ်လိုက်တယ်။ Storage ပေါ်ကို အကုန်ပို့ထားလိုက်တယ်။ နောက်ပြီး office ထဲမှာ ဘယ်တုန်းကတည်းက run ထားမှန်းမသိတယ့် P3 server တွေရှိပါတယ်။ အလကား power ကုန် heat တက်ပါတယ်။ အဲကောင်တွေ အကုန်လုံးလည်း ESXi တစ်လုံး setup ပြီး အကုန်ပြောင်းလိုက်တယ်။ Server ခန်းထဲက desktop အားလုံး လွှင့်ပြစ်ရေးကြိုးစားမှုမှာ ဒီ tool က တော်တော် အထောက်အကူဖြစ်ပါတယ်။ တစ်ခါတစ်လေ UAT မှာ အားလုံးကောင်းပြီး Production ကျမှ ဖြစ်နေတာဆိုတယ့် ခက်ဆိုးဆိုး bug မျိုးကို troubleshoot ဖို့လည်း Production environment ကို downtime မရှိပဲ clone ပွါးလို့ရပါတယ်။

ကျနော်လို့ မကြာမကြာ server တွေ format ချ development အတွက် ပြင်ဆင်ပေး၊ ပြီးရင် ပြန် format လုပ် သံသရာလည်သူတွေအတွက် VMware product တွေက တော်တော်အဆင်ပြေပါတယ်။ အလကားလည်း ရပါတယ်။ ပျင်းပျင်းရှိရင် အခု ဒီ blog ကိုဖတ်နေတယ့် computer / laptop ကို VM image အဖြစ် ပြောင်းကြည့်ပါလား။ သူ့ wizard လေးအတိုင်း လိုတယ့် username / password လေးဖြည့်ပြီး next next သွားရုံပါပဲ။ လွယ်ပါတယ်။ :D

Divinity

3 comments:

Zero Divided by Zero is Zero (Brahmagupta Rule) said...

NICE POST AGAIN. BRO.

အခုဖတ်နေတဲ့စက်က ရုံးက စက်အစုတ်ကြီးဖြစ်နေတာဆိုးတယ်ကွာ။


:)

Divinity said...

ဒီမှာတော့ တစ်ရုံးလုံး i5 memory 6 gb တွေဖြစ်ကုန်ပြီ
သူတို့ အဲလိုဝယ်မလို့ စဉ်းစားနေတာကြာပြီ ၊ အစ်ကိုထွက်မှပဲ ဆုံးဖြတ်ချက် ဒုံးဒုံးကျတော့တယ် ပြောတယ် :D

Zero Divided by Zero is Zero (Brahmagupta Rule) said...

အမှန်ဆို ငါ့ကိုတောင် ကျေးဇူးတင်သင့်တာ။ ငါထွက်သွားလို့ မင်းတို့တွေကို လစာတိုးပေး၊ စက်အသစ်တွေပေးပြီး အတင်းပစ်ပျက်လေးစား ချီးမြှင့်မြောက်စားထားတာ။

:P

According to salary:workload, here is the best place to rest and earn. Something like a good retire plan, go to office late, and go to Kopitiam first, and try to arrive 9:30am, read something you like the whole day and work for two hours, go for lunch for 1:30 hr and brush teeth, and write some queries and write a daily report and go back home at 6:30 pm.