Wednesday, April 27, 2011

Make your own shutdown command :D

စာရေးမယ် ပြောတုန်းကပြောပြီး ရေးဖို့ကြ ပျင်းတယ်။ Game က လည်း ဆက်ကစားရအုန်းမယ် ။ အချိန်တွေက လောက်ကို မလောက်ဖူး ။ ခေါင်းစဉ်ဖတ်ပြီး ကြီးကြီးကျယ်ကျယ်တော့ မထင်ပါနဲ့ ။ Linux ပေါ်မှာ ပေါက်ကရ ပေါက်စလေးတစ်ခုလောက် လုပ်ကြည့်ရအောင်။

Bash မှာ command alias လေးတစ်ခုလောက် ရေးကြည့်ရအောင် ။ ကိုယ့်နာမည်ရိုက်လိုက်ရင် laptop က shutdown ကျသွားတာမျိုးလေးဆို မဆိုးဘူး။
$HOME ရဲ့အောက်မှာ .bash_profile သို့မဟုတ် .profile ဆိုတယ့် file ရှိပါတယ်။ Bash shell မှာ .bash_profile လို့တွေ့ရပြီး Sh မှာတော့ .profile လို့တွေ့ရပါတယ်။ ( မိုးလေဝသ ကြေညာတယ့် လေသံများပေါက်သွားလားမသိဘူး) Filename မှာ ရှေ့မှာ full stop ပါပါတယ်။ ဒါ nix မှာ တော့ hidden attribute ပါ။ ls နဲ့ကြည့်ရင် ls -a ဆိုမှ မြင်ရပါလိမ့်မယ်။ ကဲ အဲဒီ file ကို edit လုပ်ကြမယ်။ vi ပဲဖြစ်ဖြစ် vim ပဲဖြစ်ဖြစ် nano ပဲဖြစ်ဖြစ် ကြိုက်ရာနဲ့ ဖွင့်၊ edit ပြီး save လို့ရရင် ပြီးတာပဲ။ ပြီးရင် ဒီ နှစ်လိုင်းကို အောက်ဆုံးမှာ ဖြည့်လိုက်ပါ။

gant=`which shutdown`
alias divinity='$gant -h now'


Generic ဖြစ်အောင် နှစ်လိုင်းရေးလိုက်တာပါ။ Shutdown file ရှိတယ့် path ကိုတန်းပေးပြီး $gant လို့ မပေးတော့ရင်လည်း ရပါတယ်။ divinity နေရာကတော့ ကိုယ့်နာမည် ကိုပြောင်းပေါ့။ Save လုပ်ပြီးရင် စမ်းချင်ရင် logout ပြီး ပြန် login ဝင်ရပါတယ်။ Shell environment ကို edit တာမို့ ချက်ချင်း effective မဖြစ်ပဲ next login မှာမှ effective ဖြစ်ပါတယ်။ ကဲ အခုဆိုရင်တော့ ကိုယ့်နာမယ် ကိုယ်ရိုက်ပြီး shutdown ချလို့ ရပါပြီ ။ ( စားကြမယ်ဟေ့ ကောင်းကောင်း လေသံပေါက်သွားလားမသိ )


Divinity

3 comments:

Zero Divided by Zero is Zero (Brahmagupta Rule) said...

ဂန့် which shutdown, ဘယ် shudown ဂန့်သွားသလဲ။
အခြားနိမ်း(ကုလားလိုတော့ တခြားထပ်တူမရှိတဲ့) Divinity gant now . အခုဂန့်ပြီတဲ့။

ညီလေးရာ၊ မင်း command ကလည်းကွာ။ ဖြစ်မှဖြစ်ရလေ။

Divinity said...

shutdown ချတာ ဂန့်တာပဲပေါ့ ။ အဲဒါကြောင့် ဂန့်လို့ပေးထားတာ ဟဲဟဲ

Vista said...

tayp= 'which shutdown'
Divinity tayp now hehe...