Monday, January 30, 2012

Ant in Eclipse

Project တွေကို Ant Build နဲ့သုံးတဲ့အခါ သတိထားစရာတစ်ခုကိုပြောချင်တာပါ။
တစ်ခုထက် နည်းနည်းပိုရင်လည်းပိုမယ်။

Eclipse မှာ ANT ပါတယ်။ ဘာ ANT လည်းဆိုရင်တော့ Apache ANT ပါပဲ။ Apache က ANT ကို ဒီအတိုင်း သူ့ jar လေးနဲ့ run လည်းရပါတယ်။ Eclipse မှာ တခါတည်းပါတော့ အလုပ်ရှုပ်သက်သာတာပေါ့ဗျာ။

ANT အကြောင်းလည်း ကြုံမှပဲပွားပါတော့မယ်။ အခုဟာက ဖုတ်ပူမီးတိုက် build.xml ကို run မယ့်သူတွေအတွက် သတိထားစရာလေးတစ်ခုပါ။ ဆှာ့ ဆှာတွေကတော့ မလိုပါဘူး။ ANT မှာ procedure တွေပေးလို့ရတယ်ဆိုတာကို သိရပါမယ်။ ဒီ files တွေကို dist ဆိုတဲ့ distination folder မှာစုပါ၊ ပြီးရင် jar file/ war file ပြောင်းပါ။ မပြောင်းခင်မှာ config folder က properties files/ xml တွေကူးပါ ဆိုတဲ့ steps တွေရှိပါတယ်။ deploy လုပ်မလား၊ clean လုပ်မလား၊ compile လုပ်မလား၊ အားလုံးလုပ်မလား ဆိုတာတွေလည်းရှိပါတယ်။ အဓိကပြောချင်တာ အဲဒီနားလေးမှာပါ။

clean
compile
deploy
ဆိုတဲ့သုံးခုကို check box မှာ click click လုပ်ပြီး သူသူကိုယ်ကိုယ် မျှော်လင့်တာက sequential order နဲ့ clean-->compile-->deploy ပါ။ အမှန်ကတော့ အဲဒီလို လုပ်ချင်မှလုပ်ပါတယ်။ မလုပ်တဲ့အခါဘာဖြစ်တတ်လဲဆိုတော့၊ deploy-->clean-->compile ဆိုရင် အရင်ကရှိပြီးသား jar/war files ကို သွားပြီး deploy လုပ်နေတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ အခုလိုဖတ်လိုက်ရင် ဂလိုဖြစ်တတ်ပါကလားဆိုပြီး အလင်းပွင့်သွားနိုင်ပါတယ်။

အဲဒီလို ဖြစ်တတ်ရင် သတိထားလိုက်ရင်ရပါပြီ။ သေချာကြည့်လိုက်တော့ ANT မှာ Target execution order ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီမှာ ကိုယ်အဆင်ပြေသလိုလေး order ကို change လို့ရပါတယ်။

Eclipse မှာ bulid.xml ကို right click လုပ်လိုက်ရင် Run As ထဲမှာ
1. Ant Build Alt+Shit X,Q
2. Ant Build ...
ဆိုပြီး နှစ်ခုရိပါတယ်။ 2. Ant Build .. ဆိုတာက config ပါ။ အဲဒီမှာ excecution order ပြောင်းတာတို့ ဘယ် target တွေ run မယ်တို့ ပြောထားလို့ရပါတယ်။ JRE ကိုလည်း အဲဒီမှာ ပြောင်းလို့ရပါတယ်။

ဗဟုသုတအနေနဲ့ပါပဲ။ ခက်ခဲတဲ့အကြောင်းအရာမဟုတ်ပါဘူး။ စရေးတဲ့သူတွေ လွယ်ကူအောင်ပြောတာဖြစ်ပါတယ်။ Java ရေးမယ့်သူတွေအနေနဲ့ ANT ကိုလည်း အလုပ်ဖြစ်ရုံလောက်သိရပါမယ်။ အလျင်းသင့်ရင် နမူနာတစ်ခုလောက်နဲ့ရှင်းပြတာ ရေးလိုက်ပါဦးမယ်။

JSPသင်ခန်းစာရေးဖို့ရှိပါတယ်။ Apress ရဲ့ Beginning JSP2, from novice to professional ကို အဆင်ပြေသလို ပိုင်းဖြတ်ပြီး ရေးကြည့်ပါမယ်။

ဒီနှစ်ထဲမှာ Spring နဲ့ Web Service တွေကိုလည်း များများရေးဖို့ရှိပါတယ်။ ၀ါသနာပါတဲ့သူတွေဖတ်နိုင်ပါတယ်။

No comments: