Monday, January 9, 2012

Java Syllabus from O'reilly

Java Syllabus from O'reilly

Head First Java,

Java In A Nutshell

အဆင့်တစ်ခုချင်းစီမှာပြဌာန်းထားတဲ့ စာအုပ်တစ်အုပ်စီပါ။ လုပ်ငန်းသဘောအရ ကျော်ခွလေ့လာထားမိတဲ့ သူတွေအနေနဲ့လည်း ပြန်လည် လေ့ကျင့်ကြည့်၊ နားလည်ကြည့်ဖို့ လိုအပ်မယ်ထင်ရင် ဒီစာအုပ်လေးအုပ်ကို လေ့လာဖို့ oreilly course တွေသွားကြည့်ပြီး အကြံပေးပါတယ်။ နောက်ဆုံးနှစ်အုပ်ကိုတော့ ဖတ်ဖူးပါတယ်။ အကုန်တော့မဟုတ်ပါဘူး။ လိုတာတွေဖတ်ကြည့်ပါတယ်။ ဒီမှာက ဘာ course မဆို ဈေးကြီးပါတယ်။ online ကနေ နာရီ အနည်းငယ်သင်တာတွေကအစ အနည်းဆုံး ၃၀၀ ၊ ၄၀၀ လောက်ကစပါတယ်။ ခြွင်းချက်ကတော့ java passion site ထင်တယ်။ ဈေးပေါနေသေးတယ်။

ဒုတိယဈေးအပေါဆုံးက oreilly က course တွေဖြစ်ပါတယ်။ USD 340 ၀န်းကျင်လောက်ပါပဲ။ level 4 ခုသတ်မှတ်ထားပါတယ်။

ကျန်တာတွေကတော့ ၃၀၀၀၊ ၄၀၀၀ လောက်ပေးပြီး နှစ်ရက်လောက် ပြောတာတွေဖြစ်နေတတ်ပါတယ်။ ကျွန်တော့်သဘောကတော့ စာအုပ်ဝယ်ပြီး ဖြည်းဖြည်းချင်း ဖတ်တာက ပိုပြီးများတတ်နိုင်မလားလို့ ထင်မိတယ်။ ကိုယ်ကြိုက်တာကို လေ့လာပြီး အသိအမှတ်ပြုတဲ့စာမေးပွဲတစ်ခုခု ၀င်ဖြေကြည့်လိုက်ရင် ပိုပြီး ထိရောက်မယ်ထင်ပါတယ်။ သင်တန်းတက်လို့ ကုန်သွားမယ့် ပိုက်ဆံကို university သွားပြီးတက်လိုက်ရင်တောင် ၂ သောင်းလောက်ဆို မာစတာ တစ်ဘွဲ့ရလောက်ပါတယ်။ သင်တန်းမှာဆိုရင်တော့ ရှစ်ရက်လောက်နဲ့တင် နှစ်သောင်းကုန်သွားနိုင်ပါတယ်။

စင်ကာပူမှာ ကွန်ပြူတာစာအုပ်တွေက amazon ထက် နှစ်ဆဈေးပိုကြီးပါတယ်။ ဈေးခန့်မှန်းလို့ရအောင် link တွေထည့်ထားပါတယ်။ click ကြည့်ပြီး စာအုပ်အဖုံးလေးဘာလေးကြည့်လို့ရသလို၊ နမူနာ စာမျက်နှာတစ်ချို့လည်း ဖတ်လို့ရကောင်းရနိုင်ပါလိမ့်မယ်။

online မှာ ebooks တွေကတော့ရှိပါလိမ့်မယ်။ ebooks နဲ့ဖတ်နိုင်ရင်တော့ ဈေးသက်သာပြီး ထိရောက်ပါတယ်။ သွားလေရာမှာ ဖတ်ချင်တဲ့အခါဖတ်နိုင်ပါတယ်။

ထိထိရောက်ရောက် လေ့လာနိုင်သူတွေဖြစ်ကြပါစေ။

Regards,
Zero

Head First Java စာအုပ်ကိုတော့ online မှာ search လုပ်ရင်းတွေ့လိုက်ပါတယ်။ download လုပ်ပြီးလေ့လာကြည့်ပါ။
http://www.mediafire.com/?ddzyyaulba90ywn

1 comment:

diamond said...

Thank You Bro..... I had download.