Tuesday, January 31, 2012

JSP သင်ခန်းစာ ၃

Our Very first JSP, index.jsp


အချွန်အတက်တွေပါရင် blog မှာမပေါ်တဲ့အတွက် greater than နဲ့ less than TAG တွေကို [] နဲ့အစားထိုးပါတယ်။ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။


[html]
  [head]
    [title]My First JSP[/title]
  [/head]
  [body]
    Hello, world!
    [p/]
    2 + 2 is ${2 + 2} and 4 * 4 is ${4 * 4}
  [/body]
[/html]


င်္ဒီ code ကို index.jsp လို့နာမည်ပေးပြီး jsp-example ထဲကိုထည့်ပြီး run ကြည့်ပါ။ index.html ကိုဖျက်လိုက်ပါ။ မဖျက်ရင်လည်း နာမည်ပြောင်းထားပါ။ မဟုတ်ရင် index.html နဲ့ index.jsp နှစ်ခုယှဉ်လာရင် index.html ပဲပေါ်လာပါမယ်။

အဲဒီ index.jsp ကို http:localhost:8080//jsp-example/ or http:localhost:8080//jsp-example/index.jsp ဆိုပြီး ခေါ်လိုက်လို့ရပါတယ်။

ဟောသလိုပေါ်လာပါမယ်။
Hello, world!
2 + 2 is 4 and 4 * 4 is 16

တကယ့်ကို မယုံနိုင်စရာပါပဲ။ jsp တစ်ခုရေးတတ်သွားပါပြီ။ မြန်မာကားထဲမှာဆိုရင်တော့ ဒီနေရာလောက်မှာ မုတ်ဆိတ်ဖြူနဲ့ဆရာကြီးက၀င်လာပြီး အိမ်း အတော်သိလာပြီပဲဆိုပြီး ပခုံးကို ပုတ်ပြီး ချီးကျူးသွားတဲ့အခန်းမျိုး။ ကိုးရီးယားကားထဲမှာဆိုရင်တော့ မင်းသမီးက မင်းသား ၁ ၂ ၃ ၄ ကို အင်္ဂလိပ်လိုပြောတာကို အင်္ဂလိပ်စာတယ်ကျွမ်းတာပဲဆိုပြီး ချီးကျူးတဲ့အခန်းပေါ့။

နောက်မှာဘာတွေဖြစ်ပျက်သွားသလဲဆိုတာကိုပြောပါမယ်။ Java တို့မည်သည် jvm နဲ့ကင်းကွာပြီး ဘာမှမလုပ်နိုင်။ java တို့မည်သည် bytecodes ဖြစ်သော class တို့နှင့်ကင်း၍မဖြစ်ဆိုပြီး သိထားဖို့လိုပါတယ်။ .jsp ဆိုတာလေးကို jvm ကမသိပါဘူး။ မသိဘဲနဲ့။ အပေါ်က ဥပမာမှာ တကယ်ကြီးတွက်နေတာ အကြောင်းတော့ရှိပါလိမ့်မယ်။

အကြောင်းကတော့ jsp ဆိုတာ အပေါ်ယံပါ။ အခုနက index.jsp ရဲ့ ဇစ်မြစ်ကို
[tomcat-folder-path]\work\Catalina\localhost\jsp-example\org\apache\jsp
ဆိုတဲ့ထဲမှာ index.java နဲ့ index.class ကိုတွေ့နိုင်ပါတယ်။ index.java က ၆၇ လိုင်းရှည်လျားထွေပြားပါတယ်။ ဘ၀သံသရာသီချင်းလောက်နီးပါးပါပဲ။ အဲဒါတွေကို အနောက်ကနေ သူ့ဘာသာသူရေးပါတယ်။ jsp ဟာလည်း တစ်ကယ်တော့ အနောက်မှာပုန်းနေတဲ့ java အပုန်းပါပဲ။ ဒီလောက်လေးလုပ်တာကို index.java က 3KB လောက်ဖြစ်ပြီး index.class ဖိုင်ကတော့ 4KB လောက်ယူပါတယ်။ text editor တစ်ခုခုနဲ့ဖွင့်ကြည့်လို့ရပါတယ်။ ဘာတွေရေးထားသလဲသိချင်ရင်ပေါ့။

အဲဒီမှာတင် တစ်ခုခုကို သဘောပေါက်ဖို့ကောင်းပါတယ်။ ဒီ jsp ဖိုင်ကို compile လုပ်တာ အချိန်မကြာဘူးလားဆိုတာပါ။ ကြာတာပေါ့။ ဖိုင်ကြီးလာရင် ကြီးသလောက်ကြာပါတယ်။ ပထမဆုံးအကြိမ် jsp နဲ့ရေးထားတဲ့  .jsp ဖိုင်ကို run တဲ့အခါမှာ .jsp ကနေ .java file ထုတ်၊ ပြီးရင် complie လုပ်ပြီး .class ထုတ်နေရတဲ့အချိန်ရှိပါတယ်။ အဲဒါကြောင့် jsp page တွေကပထမဆုံးအကြိမ် ဆိုရင် နှေးတတ်ပါတယ်။ ဒုတိယအကြိမ်မှာတော့ compile လုပ်စရာမလိုတော့ဘဲ မြန်လာပါလိမ့်မယ်။ တော်တော် အူတိအူကြောင်ကြီးပါပဲ။

.jsp တွေကို ဒီလို process လုပ်ဖို့လိုတဲ့အကြောင်းကို Java Web Server တွေက သိတဲ့အခါသိပါတယ်။ တစ်ချို့ဟာတွေမှာတော့ သိဖို့ကို config လုပ်ဖို့ လိုတဲ့အခါ လိုပါမယ်။ များသောအားဖြင့်တော့ by default သိလေ့ရှိပါတယ်။

.jsp ကို web server မှာ run ထားတုန်း view source ကြည့်ကြည့်ရင် ဘာများတွေ့မယ်ထင်သတုန်း။ ကိုယ့်ဘာသာကိုယ်ရှုစားတော်မူကြပါ။

2 + 2 is 4 and 4 * 4 is 16


ဆိုပြီးတွေ့ရပါလိမ့်မယ်။ အဲဒါဘာဖြစ်သွားတာလဲဆိုတော့ view source နဲ့ကြည့်ရင် ရေးထားတဲ့ code မမြင်ရတော့တဲ့သဘောပါပဲ။ html လို view source ကြည့်ပြီး အကုန်ကူးသွားလို့မရတော့ပါဘူး။ result ကိုပဲမြင်ရပါမယ်။ java code တွေကိုတော့ မပြပါဘူး။ ပြရင်လည်း security မကောင်းတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ jsp ရေးတတ်ပြီလို့ပြောနိုင်တာပေါ့ဗျာ။ basic calculation လေးပဲဖြစ်ဖြစ်ပေါ့။

No comments: