Tuesday, January 3, 2012

jQuery

jQuery

အရင်လို view အတွက် ခဲရာခဲဆစ်လုပ်နေစရာမလိုတော့ပါဘူး။ jquery ထဲမှာကြိုက်တာလေးရှာပြီး ပြင်သုံးလို့ရပါပြီ။ လှလှပပ form လေးတွေ ဘယ်လိုလုပ်ထားလဲကြည့်ပါ။

  • view source ကိုသွားပြီး link တွေကို click click လုပ်ပြီး ကူးတန်သည်ကူးပါ။
  • css နဲ့ html မှာပါတဲ့ url တွေကို file location အရပြင်ပေးပါ။
  • css မှာသုံးထားတဲ့ gif တွေတွေ့ရင် web url ရဲ့နောက်မှာ ဆက်ကြည့်လိုက်ပြီး ပုံတွေကိုပါ ကူးချင်ကူးလို့ရပါတယ်။ ဥပမာ ဂလို။

http://www.whitespace-creative.com/jquery/jNice/
အဲဒီမှာ view source လုပ်လိုက်ရင် [link href="jNice.css" rel="stylesheet" type="text/css" /] ဆိုတာကိုတွေ့မယ်။ တွေ့ရင် jNice.css ကို click လိုက်တယ်ဆိုပါတော့။
button span {
background: transparent url(/jquery/jnice/elements/btn_right.gif) no-repeat scroll right top;
display: block;
 float: left;
 padding: 0px 4px 0px 0px; /* sliding doors padding */
 margin: 0px;
}
အဲဒီလို css code တွေ့မယ်။ highlight လုပ်ထားတဲ့ပုံက ဘယ်ကရောက်လာလဲ။ ရှေ့ဆုံးနားကိုကြည့် /jquery တဲ့ jquery folder ထဲမှာရှိတယ်။http://www.whitespace-creative.com/jquery/jNice/ ဆိုတဲ့ link အရ jquery folder ကိုတွေ့နေရပြီ။ အဲဒီတော့ ကျန်တာကလွယ်လွယ်လေးပဲ။ http://www.whitespace-creative.com/jquery/jnice/elements/btn_right.gif

အဲဒီလို လုပ်လိုက်ရင် ပုံတွေ အလကားကူးလာလို့ရတယ်ပေါ့ဗျာ။ photoshop ရမှာပျင်းတဲ့သူတွေအတွက်ပေါ့။ စီးပွားရေးအတွက် လုပ်စားမယ့်သူတွေကတော့ မကူးသင့်ဘူး။ အခုလည်း သင်ကြားရေးရည်ရွယ်ချက်နဲ့ကူးပြတာပါ။ ဟဲဟဲ။
url တွေတွေ့ရင် သေချာကြည့်ကြည့်၊ အမျိုးတွေများဖြစ်နေမလားလို့။ သူ့ရဲ့ folder structure ကိုခန့်မှန်းကြည့်လို့ရတယ်။ ပုံတွေကူးပြီးပြီဆိုရင်တော့
background: transparent url(/jquery/jnice/elements/btn_right.gif) no-repeat scroll right top;
/jquery/jnice/elements/btn_right.gif ဆိုတာကို ပြင်လို့ရပါပြီ။ ပုံကို css file နဲ့ folder တစ်ခုထဲထည့်ထားရင်တော့ btn_right.gif ဆိုရင်ရပါပြီ။  background: transparent url(btn_right.gif) no-repeat scroll right top;

ကဲ လုပ်ကြည့်ပါဦး။ web မှာ browser ပေါ်မူတည်ပြီး tweak တန်သည် tweak, heck တန်သည် heck ရတတ်ပါတယ်။ browser နဲ့အဆင်ပြေအောင် ကိုယ့် css တွေ ယိုင်တိုင်တိုင် မဖြစ်အောင်လုပ်ရတာမျိုးပါ။ စင်ကာပူမှာတော့ အစိုးရရုံးတွေက အသုံးမကျဆုံး IE ကိုပဲသုံးစွဲပါတယ်။ software industry မှာတော့ requirement ကို အတိအကျပြောပြီးရေးမှတ်ရပါတယ်။ ဥပမာ IE 6 မှာ best view ရမယ်။ ကျန်တာတွေမှာ ယိုင်သည်ရှိသော် တာဝန်မယူ။စသဖြင့် အတိအကျ သဘောတူညီမှုရယူရပါမယ်။ IE 6 လို့ပြောထားပြီးရင် IE 7 upgrade လုပ်လို့ form ကြီးနည်းနည်းရွဲ့သွားတယ်ဆိုလည်း မတတ်နိုင်ပါဘူး။ out of scope ဖြစ်ပါတယ်။ စင်ကာပူမှာ ဒီလိုပဲ black or white လိုင်းတွေတားထားပါတယ်။ အစိုးရ web page တွေကြည့်ရင် ဘာ browser နဲ့ view ရမယ်ဆိုတာပါပါတယ်။ payment လုပ်တာမျိုးတွေပါရင်လည်း အဲဒါကို သတိပြုဖို့လိုပါတယ်။


ကျွန်တော်ကတော့ web page လည်း မရေးတတ်ပါဘူး။ development သက်သက်ပဲလုပ်ဖူးပါတယ်။ css တွေ jquery တွေ၊ js တွေ အနည်းအကျဉ်းလောက်ပဲသိပါတယ်။ designer တွေအတွက်တော့ ဒါတွေဟာ ပိုသိသင့်ပါတယ်။ testing လုပ်ပေးတဲ့ site တွေလည်းရှိတယ်လို့သိရပါတယ်။ javascript အတွက်ကတော့ Mozilla ရဲ့ firebug က နာမည်ကြီးပါတယ်။ IE မှာဆိုရင်လည်း developer tools တွေရှိပါတယ်။ chrome မှာလည်းရှိပါတယ်။ စိတ်ဝင်စားရင် စမ်းကြည့်လို့ရပါတယ်။


ref:
http://www.queness.com/post/204/25-jquery-plugins-that-enhance-and-beautify-html-form-elements

No comments: