နောက်ထပ်အလွယ်စားတစ်ခုပါ။
ဒီမှာ ပထမဆုံး page ထဲကို import လုပ်တာကတော့ java.util.Calendar package ပါ။ Java ကို စိတ်ကုန်သွားကြတာက အဲဒါတွေကြောင့်ထင်ပါတယ်။ ဟိုpackage က ဟိုထဲ။ ဒီ package ကဒီထဲ။ မသိရင် ဘယ်လိုလုပ်မလဲဆိုတော့လည်း ရေးရင်းပြုရင်းသိလာမှာဆိုတာလောက်ပဲ။
[%@ page import="java.util.Calendar"%]
[html]
[body]
Good
[%
Calendar calendar = Calendar.getInstance();
if (calendar.get(Calendar.AM_PM) == Calendar.AM) {
out.print("Morning");
} else {
out.print("Afternoon");
}
%]
[/body]
[/html]
%% ဆိုတဲ့ နှစ်ခုကြားမှာ ရေးထားတာတွေက java code စစ်စစ်တွေပါ။ out.print တွေ၊ ; တွေကိုလည်း တွေ့နိုင်ပါသေးတယ်။ if တွေ else တွေလည်း ပါတယ်ခင်ဗျ။ ဒီနေရာမှာ အလျဉ်းသင့်လို့ပြောရရင် jsp ပြောနေတုန်း java programming basics တွေကို ပြန်ပြောမှာမဟုတ်ပါဘူး။ မဆိုင်ဘူးထင်လို့ပါ။ jsp မှာ ဘာတွေ ဘယ်လိုလုပ်လို့ရသလဲဆိုတာကိုပဲပြောချင်ပါတယ်။ java မသိဘူးဆိုရင်လည်း jsp မှာ java ဒီလိုထည့်ရေးလို့ရတယ်ဆိုတာ သိရင်ရပါပြီ။ tomcat ကို ဘယ်လို install လုပ်သလဲဆိုတာမျိုးကို မရေးတာလည်း အဲဒါကြောင့်ပါပဲ။ Calender object ကိုကြည့်ပြီး မနက်ဆိုရင် good Morning၊ နေ့လည်ဆိုရင် good Afternoon ဆိုပြီး နှုတ်ဆက်ပါလိမ့်မယ်။
Regards,
Zero
No comments:
Post a Comment