Wednesday, February 23, 2011

Agile Samurai

Agile Samurai

လိုင်ဘရီမှာ စာအုပ်ကောင်းလေးတွေရခဲတတ်ပါတယ်။ လုငှားနေလို့ပါ။
ဒီတစ်ခါတော့ အရင်က Funan စာအုပ်ဆိုင်မှာမြည်းခဲ့တဲ့ Agile Samurai စာအုပ်ရလာပါတယ်။

Software Engineering ဟာ တခါတလေကြရင် ခန့်မှန်းလို့မရတာတွေကို ခန့်မှန်းကြရတာပဲ။
တစ်မိနစ်မှာ မုန့် နှစ်ခုစားနိုင်ရင် နှစ်မိနစ်မှာ မုန့် လေးခု ပေါ့။
ဒါပေမယ့် ၂၄ နာရီဆိုရင်ရော ဘယ်လိုဖြေမလဲ။ ဆတိုးက အမြဲမမှန်ပါဘူး။

ဆယ်တန်းဖြေပြီးစတုန်းက အင်္ဂလိပ်တစ်ယောက်က ကျွန်တော်တို့ကို အချိန်ပိုင်း အင်္ဂလိပ်စာသင်တော့။ တစ်ခုမေးတယ်။ မင်းတို့နိုင်ငံမှာ ဆိုက်ကားခနဲ့ ကားခ ဘယ်ဟာဈေးပေါလဲဆိုတော့၊ ၀မ်းသာအားရ ဆိုက်ကားက ပေါတာပေါ့ကွ လို့ဖြေလိုက်တယ်။ သူက မေးတယ်။ ပဲခူးအထိသွားရင် ဆိုက်ကားခ ဘယ်လောက်ကျမလဲတဲ့။

အဲဒါကို ငယ်ကတည်းက စွဲမြဲနေအောင်မှတ်မိတယ်။ မေးခွန်းရဲ့ ဆန့်ထွက်သွားတတ်တဲ့သဘောကိုသိရင် project timeline ရဲ့ unexpected result တွေကိုလည်း နားလည်နိုင်ပါတယ်။ real world မှာ black and white သဲကွဲတာမရှိပါဘူး။ ဒီလိုပဲ မီးစင်ကြည့်ကရတာပါပဲ။

အလွယ်ဆုံး mandays တွက်နည်းက ကိုယ်တစ်ရက် လုပ်နိုင်မယ်ထင်ရင် 1.33 နဲ့မြှောက်။ ၃၃ % ကို buffer လုပ်ထား။ အဲဒါဆိုရင် ၁ ရက်ခွဲလောက်လို့ ပြောလို့ရတယ်။ ဒါကလည်း အမြဲမှန်မှာတော့မဟုတ်ဘူး။ General ပြောကြ၊ တွက်ကြရတာပါ။

ဒီစာအုပ်ကိုတော့ recommend လုပ်ပါတယ်။ Agile ၀ါသနာပါရင် လေ့လာသင့်ပါတယ်။

Agile အကြောင်း သိပ်မပြောဖြစ်ပေမယ့် သဘောအကျဆုံး development architecture ဖြစ်ပါတယ်။ အဓိက သုံးမျိုးခွဲပြီးပြောလေ့ရှိပါတယ်။ Traditional, Agile and Extreme ပါ။

Traditional တွေကတော့ ကျောင်းမှာအတော်လေးသင်ပြီးပါပြီ။ မှတ်မိမလားတော့မသိပါဘူး။ sequential တွေ၊ spiral တွေ waterfall တွေလေ။ အဲဒါတွေရဲ့အားနည်းချက်က requirement gathering phase ပြီးရင် users ကို တွေ့ချင်တော့ဘူး။တွေ့ချင်တော့ဘူး ငြင်းတာပါ။ အဲဒါက အဓိက ကျဆုံးခန်းပါပဲ။

Customers လိုချင်တာ ကျွန်တော်တို့ software သမားတွေ တကယ်သိတာ ရှားပါတယ်။ သိတယ်လို့ထင်တာနဲ့ သိချင်ယောင်ဆောင်တာပဲများပါတယ်။ တကယ်သိဖို့ဆိုတာ အချိန်အများကြီးပေးရပါတယ်။ Business logic တွေအရ ကျွန်တော်တို့ မထင်တာတွေ အများကြီးရှိတတ်ပါတယ်။ အဲဒါကို တခါတည်းမေးပြီး တခါတည်းသဘောအပေါက်ကြီးပေါက်သွားတယ်ဆိုတာ စိတ်ကူးယဉ်တာပါ။ အထူးသဖြင့် စင်ကာပူမှာ စိတ်ကူးယဉ်တွေ သိပ်များပါတယ်။

System တစ်ခုကို အထိရောက်ဆုံးဖြစ်ဖို့ Development Phase တွေမှာ Users တွေကို အဆင့်တိုင်း ပါဝင်စေတာဟာ အကောင်းဆုံးပါပဲ။ ဒါကို မင်းလိုချင်တာ ဒီအတိုင်းလားဆိုပြီး အပတ်တိုင်းမေးနေရင်၊ Project ပြီးသွားမှ တလွဲကြီးဖြစ်ရတာတို့ မလိုအပ်ပဲ CR(Change Request) လုပ်ရတာနည်းသွားပါတယ်။ အဆင့်တိုင်းမှာ business flow အားဖြင့်လည်း စိတ်တိုင်းကျ ဖြစ်သွားစေပါတယ်။ ပိုကောင်းတာတစ်ခုက Users တွေရဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်တာဖြစ်ပါတယ်။ အခက်အခဲကတော့ စနစ်ကျပြီး ညီညွတ်တဲ့ team လိုအပ်တာပါ။ အဲဒါတွေက Agile သဘောတရား တစ်ချို့ပါပဲ။ အရှင်းဆုံးပြောရရင် Users နဲ့ပေါင်းပြီး testing ကို phase တိုင်းမှာ ထည့်သွားတာပါပဲ။ အဲဒီလို architecture မျိုးကို Agile လို့ခေါ်တွင်လေသတည်းပေါ့ဗျာ။

Notes:
Thank you my office for letting me read @ ()ffice(-)ours :P

No comments: