Wednesday, February 23, 2011

Java tips and trick.

Java tips and trick.

မနေ့ကတစ်ခုတွေ့တယ်။
ကြုံဖူးရင်သိမှာပါ။ Java ရေးတဲ့သူတိုင်းက 1.5 ကို standard အနေနဲ့ရေးတယ်။
လက်တွေကလည်း 1.5 လက်တွေပဲ။ အကျင့်ကိုပါနေတာ။

နမူနာတစ်ခုရိုက်လိုက်တယ်။

BigDecimal premium=new BigDecimal(0);

အဲဒါမျိုးလည်းလုပ်တယ်။ အကျင့်ပါနေလို့။ ဘာမှမဖြစ်ဘူး။ သုည၀င်သွားတယ်။ premium value ထဲကို။ ပြဿနာက နေရာတိုင်း 1.5 and above မသုံးဘူး။ 1.4 မှာ run ကြည့်ရင် အဲဒီ တလွဲ error တွေ့ရမယ်။ Sun Forum မှာလည်း ရေးထားပါတယ်။
1.5 မှာက BigDecimal ကို int အနေနဲ့ initialized လုပ်လို့ရပါတယ်။ 1.4 မှာမရပါဘူး။
BigDecimal premium=new BigDecimal("0");
လွယ်လင့်တကူ double code သာ ရဲရဲကြီး ကုတ်လိုက်စမ်းပါ။

ရေးခဲ့တဲ့ colleague က DBS ဘဏ်ကိုပြောင်းတော်မူသွားလို့၊ သူရေးထားတဲ့ Spring batch တွေကို တစ်ရက်ခွဲလောက်နဲ့ လွှဲပြောင်းယူထားပါတယ်။

ကြုံရတာတွေကလည်း ကြံကြံဖန်ဖန်ပါပဲ။ အီမေးလ်ပို့တာ colon ( : ) နေရာလွဲနေတယ်ဆိုလို့ သေချာပြူးကြည့်မှ အလိုင်းမင့်နည်းနည်းစောင်းနေတာကို ကွန်ပလိန့်တာမှန်းသိရတယ်။ အခု ကိုယ့်ဘာသာကိုယ်တောင် ဘာတွေ လုပ်ကိုင်နေလဲမသိတော့ဘူး။ ချောင်းကဆိုးရတဲ့အထဲ တစ်နေ့ကို ၃ နာရီလောက်ဖုန်းဖြေနေရတာနဲ့ colon alingment ပြင်ရတာနဲ့၊ တော်တော့်ကို အလုပ်ကြီးအကိုင်ကြီးလုပ်နေပါတယ်။

စာတွေကတော့ စာမေးပွဲဖြေဖို့ မဟားတရားဖတ်နေပါတယ်။ မကြာမီ ပုံမှန်ပြန်ရေးဖြစ်မယ်ထင်ပါတယ်။ အလုပ်မှာ proactive ဖြစ်ဖို့ကြိုးစားဖို့ပဲတိုက်တွန်းလိုက်ပါတယ်။

အလုပ်ထွက်ခါနီးလူကို အများကြီးသွားမခိုင်းမိဖို့ lead တိုင်း သတိထားရပါမယ်။ အခုဆိုရင် testing မပြီးခင်ထွက်သွားတဲ့ colleague ရေးထားခဲ့သမျှ၊ ညှိထားခဲ့သမျှတွေကို အစကနေပြန်လုပ်နေရတာ အချိန်အတ်ာကုန်ပါတယ်။

Rule #1- Never let develop new programs/enhancements to the staff who had submitted resignation letter.

Maintainence nightmare and boiler-plate codes will be resulted!!!!!!!!!!

No comments: