Tuesday, February 1, 2011

Eclipse IDE, Project cannot import

Eclipse IDE, Project cannot import

အင်း ... အလွယ်လေးတစ်ခုပါ။
မသိသေးရင်ခက်နေတတ်လို့။

"Some projects cannot be imported because they already exist in the workspace".
တစ်ခါတလေ အရေးရယ်အကြောင်းရယ်ကြမှ Eclipse IDE က အဲဒီလို message ကြီးနဲ့ဆီးကြိုတတ်ပါတယ်။

လုပ်လို့ရတာ နှစ်နည်းလောက်ရှိပါတယ်။ ဒီထက်မကလည်းရှိနိုင်တယ်။
ပထမနည်းက အလွယ်နည်း။ Project ကို workspace ထဲကို ကူးထည့်။ ပြီးရင် UI ကနေ New Project ဆိုပြီး same project name ပေးလိုက်ရင် တခါတည်း project view မှာ New Project အနေနဲ့ မြင်ရပါတယ်။ Import လုပ်ပြီးသား ဖြစ်သွားတာပါပဲ။

ဒါထက်ကောင်းတာက အဓိကပြဿနာကိုကြည့်ရင် အရင်က နာမည်တူ project တစ်ခု သွင်းခဲ့လို့ ဒီလိုဖြစ်တာဆိုတာသိနိုင်တယ်။
.project ဆိုတဲ့ file ကို ရှာပြီး text editor တစ်ခုခုနဲ့ဖွင့်ပါ။ အဲဒီမှာ project name ပြောင်းလိုက်ရင်လည်း အိုကေသွားပါလိမ့်မယ်။

အလုပ်ထဲမှာ အရေးကြီးမှ ထရှာနေရမယ့်အတူ အခုလိုဖတ်ထားလိုက်ရင် နောင် အသုံးလိုရင် စိတ်မပူရတော့ဘူး။ ရှာဖို့အချိန်လည်းမကုန်တော့ပါဘူး။

ကျွန်တော်ဖြစ်စေချင်တာကတော့ community လေးတစ်ခုပါ။ တကယ်အလုပ်လုပ်နေတဲ့သူတွေရဲ့ စကားဝိုင်းမျိုးပေါ့။ သိပြီးသားတစ်ယောက်က ငါးမိနစ်လောက်ပြောလိုက်ရင် ကျန်တဲ့သူတွေ ရှာချိန်သက်သာသွားတယ်။ Effective ဖြစ်တာပေါ့။ အဲဒါမျိုးတွေ Contribute လုပ်ချင်ပါတယ်။

Java မှာဆို JDK 1.3,1.4 တွေမှာ ပြဿနာတွေတော်တော်များများရှိတတ်တယ်။ JDK update လုပ်လိုက်ရင် ကောင်းသွားမှာသိပေမယ့် တစ်ခါတစ်လေ JDK upgrade လုပ်လို့မရတဲ့ systemဟာင်းကြီးတွေမှာဆို မလိုအပ်ဘဲ အလုပ်ပိုရတယ်။ တခါလည်း Sun ရဲ့ OS မှာပါတဲ့ default JDK က မစုံမလင်ဖြစ်တာကြုံဖူးတယ်။ ဖြစ်တတ်တာကို သိထားရင် အဖြေမှန်တွေ့ဖို့လွယ်တယ်။ Sun က JDK ထုတ်တာပဲ သူ့ OS တွေမှာ complete JDK ပါမှာပဲဆိုရင်တော့ ပြဿနာအစစ် လမ်းစပျောက်သွားပါပြီ။

Let's make our Tech world better .........
Let's share what we had learnt to each others ...

Regards,
Zero

No comments: