Monday, February 28, 2011

WinMerge and Tips for work

WinMerge

တစ်ခါတလေ tedious အလုပ်တွေလုပ်ရရင် စိတ်ပျက်ဖို့ကောင်းပါတယ်။ လိုင်း တစ်ထောင်လောက်ရှိတဲ့ class တစ်ခုကို ၁၀၀၇ လိုင်းလောက်ရှိတဲ့ နောက်တစ်ခုနဲ့ယှဉ်ပြီး အဲဒီထဲမှာ မတူတဲ့ လိုင်း ၂၀ လောက်ကို တိုက်ကြည့်မယ်ဆိုပါတော့။ အဖြစ်အများဆုံးကတော့ Git တွေ Borland Starteam တွေလို code control system တွှေမသုံးပဲ ကမ္ဘာကျော် developer တွေက တစ်ယောက်တစ်ပေါက်ရေးထားတာကို ဘယ်ဟာ နောက်ဆုံးမှန်းမသိတော့တဲ့အခါမျိုး being Lost in the midst ဖြစ်နေတဲ့အခါမျိုးမှာ ကြံကြံဖန်ဖန်တွေလုပ်ရလေ့ရှိပါတယ်။

ထူးထူးခြားခြားမဟုတ်ပါဘူး။ အဲဒီ winMerge လေး download လုပ်ပြီး compare လုပ်လိုက်ရင် အဆင်ပြေသွားတတ်ပါတယ်။ ကမ္ဘာပေါ်မှာ ကိုယ်အဆင်ပြေဖို့ တခြားသူတွေ အားလုံးထွင်ထားတယ်လို့ သဘောထားပါ။ ဘယ်တော့မှ ရမ်းပြီး tedious အလုပ်တွေကို ဘာ tools မှမသုံး၊ ဘာ shortcuts မှ မသုံးဘဲမလုပ်လိုက်ပါနဲ့။ စဉ်းစားပါ။ သွေးအေးပါ။ ဒီထက်ကောင်းတဲ့နည်းရှိရမယ်လို့ တွေးပါ။

နောက်တစ်ခုက စုထားပါ။ Tools တွေ အသုံးဝင်တယ်ဆိုရင် စုသိမ်းထားပါ။ အခုလုပ်နေတဲ့ company က ကိုယ့်အဖေ company မဟုတ်တဲ့အတွက် မကြာခင် ပြောင်းရင်ပြောင်းရမယ်လို့သဘောထားပါ။ ပြောင်းရင် ကိုယ့်ရဲ့ development environment ကို တစ်နာရီအတွင်း ပြန်ရနိုင်အောင် သေချာစုသိမ်းထားပါ။

Be Effective လို့ ကိုယ့်ကိုယ်ကို သတိပေးပါ။ At the end of the day, nobody sees how did you do, but she/he will only see how productive you are. အဲဒါကို သဘောပေါက်ရင် ရုံးမှာ ဘာမှ အလုပ်သိပ်မလုပ်ဘဲ တစ်ချို့လူတွေ ကိုယ့်ထက် မြန်မြန်ပြီးတာကို နားလည်လာပါလိမ့်မယ်။ မစဉ်းစားဘဲ trial-and-error မလုပ်သင့်တာကို လုပ်နေရင် အချိန်မကုန်သင့်တာ ကုန်တာပါပဲ။ အဲဒီလိုမလုပ်ဖြစ်အောင်၊ များများလေ့လာပြီး၊ များများ ဖတ်ထားဖို့လိုပါတယ်။

နောက်တစ်ခုကတော့ စုစုစည်းစည်းထားတတ်တတဲ့အလေ့အထလုပ်ပါ။ Folder Name ကနေစပြောချင်ပါတယ်။
ကိုယ့်အဖေနာမည်တွေ(ဥပမာ New Folder)၊ ရည်းစားနာမည်တွေ(ဥပမာ၊ Jolie,J-Lo)၊ ကြီးတော်ကြီးရဲ့ ငယ်နာမည်တွေ(ဥပမာ၊ Gwat_Htaw) စတဲ့ အဓိပ္ပာယ်မရှိတဲ့ ဟာတွေကိုရှောင်ပါ။ Structure ကျဖို့သတိထားပြီး အချိန်နည်းနည်းပေးလိုက်ပါ။ workspace တွေကိုလည်း သတ်သတ်မှတ်မှတ်ထားပါ။ ကိုယ့်ရဲ့ IDE တွေ၊ Web Server တွေ ကို structure ကျကျထားရင် သွားရလာရလွယ်ပါတယ်။ နောက်ပြီး တကယ် effective ဖြစ်တဲ့ developer က အမြဲသွားနေရတဲ့ location ကို click သုံးခါအတွင်း သွားနိုင်ဖို့ ပြင်ဆင်ထားရပါတယ်။ shortcuts တွေ၊ quick launch တွေ လုပ်ထားပါ။

Log ရိုက်ရင်လည်း thayparP(သေပါပြီ)။errortaetawyae(error တဲ့တော်ရေ့)။ errorDmhar(Error ဒီမှာ)၊ ngardotthahtaythautpaw(ငါတို့သူဌေးသောက်ပေါ) ဆိုတာတွေကို Log မလုပ်ပါနဲ့။ အဓိပ္ပာယ်ရှိရှိလုပ်ပါ။ အဲဒါတွေက တစ်ခြားလူရေးခဲ့တဲ့ တလွဲတွေကို ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ငယ်တုန်းက လုပ်ခဲ့တာတွေ ပြောတာပါ။ ဘာလို့ log ရေးကြတာလဲဆိုတာကိုစဉ်းစားကြည့်ပါ။ ဘယ်နားမှာ error ရှိလည်း သိဖို့နဲ့၊ နောက်တစ်ခုက error မဖြစ်ခင် နောက်ဆုံး ရောက်ခဲ့တဲ့အဆင့်ကိုသိဖို့ လို့အကြမ်းဖျင်းပြောနိုင်တယ်။ ခက်ခက်ခဲခဲတွေ သင်ပေးနေဖို့မလိုပါဘူး။ tomcat တွေ weblogic တွေမှာ log ကို ဘယ်လိုရေးလဲ၊ mysql မှာ log file ဘယ်လိုရေးထားလဲ ရှာဖတ်ကြည့်ရင် သူတို့ ဘယ်လောက်စနစ်တကျရေးပြီး ဘယ်လောက် descriptive ဖြစ်သလဲသိနိုင်ပါတယ်။ ကိုယ်ရေးထားတဲ့ သေပါပြီတွေ၊ error တဲ့တော်ရေ တွေက ကိုယ့်ဘာသာတော့ သိပါတယ်။ ဒါပေမယ့် တခြားသူဖတ်ရင် နားလည်မှာမဟုတ်ဘူး။ ဘာကိုရည်ညွှန်းမှန်းမသိဘူး။ နမူနာတစ်ခုရေးရရင် method တစ်ခုဆိုပါတော့ parameters သုံးခုပါတယ်။

pubilc List checkEmployee(String nric, int age, String remarks){

logger.debug("checkEmployee( String nric="+nric+", int age="+age+", String remarks="+remarks+")")
....
....
....

}

အဲဒီလိုဆိုပါတော့ဗျာ။ အဲဒါလေး log မှာထွက်လာရင်

checkEmployee( String nric=S8185466A, int age=23, String remarks=Pending)

အဲဒီမှာ ပြောချင်တာက ဘယ် method သွားသလဲဆိုတာလည်းသိတယ်။ သူ့မှာပါတဲ့ param တွေကိုလည်း သိရတယ်။ တခြားသူတွေလည်းနားလည်ဖို့လွယ်တယ်။ လိုင်းတွေလည်းမများဘူး။ အဲဒီလို သပ်သပ်ရပ်ရပ်ဖြစ်အောင် သတိထားပြီး ရေးဖို့လိုတယ်။ debug ကိုပဲ သုံးပါ။ မလိုဘဲ INFO တွေမသုံးပါနဲ့။ production မှာက INFO နဲ့ ERROR ပဲပြကြပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Local machine မှာ၊ UAT မှာစမ်းတာတွေကို ပြန်လည်းဖျက်နေစရာမလိုပါဘူး။

ဒါတွေကတော့ လုပ်ငန်းခွင်မှာ greenhorns တွေ သတိထားသင့်တာတွေပါ။ အဆင်ပြေမယ်ဆိုရင် Oreily ကထုတ်တဲ့ The Productive Programmer ByNeal Ford ကိုလည်းဖတ်ပါ။ ကိုယ့်အတွက် လိုတာတွေကို များများလေ့လာပါ။ စောစောစီးစီး အပျင်းထူပြီး မကြိုးစားပဲ ရေသာခိုနေရင် တကယ်ကိုယ့်ထက်တော်တဲ့သူတွေနဲ့ ယှဉ်ရတဲ့အခါကြမှ ကိုယ်က handicap ဘ၀ကိုရောက်နေတာကို မအံ့သြစရာတွေ့ရပါလိမ့်မယ်။ အချောင်ခိုတယ်ဆိုတာ လောလောဆယ်တော့သက်သာသလိုပဲ၊ ဒါပေမယ့် ကိုယ့်မှာ တကယ်တတ်ရမယ့် အခွင့်အလမ်း ဆုံးရှုံးသွားတယ်။

နောက်တစ်ခုက complaint မများနဲ့။ မလိုအပ်ဘဲ ပြဿနာမရှာနဲ့။ ပြဿနာကိုလည်း ပုံကြီးမချဲ့နဲ့။ Attitudes မှန်ဖို့ကြိုးစားပါ။ ကိုယ်ကျေနပ်တဲ့လစာနဲ့ အလုပ်ဝင်ခဲ့ကြတာ။ နောက်မှ နည်းတယ်ထင်ရင် ပိုတောင်းကြတယ်။ တောင်းလို့မရရင် ကိုယ့်ကိုယ်ကိုပြန်မေးပါ။ ကိုယ့်မှာ တကယ်အရည်အချင်းရှိရင် ပိုကောင်းတဲ့နေရာကိုပြောင်းပါ။ လေပဲအဖတ်တင်မယ့်စကားတွေ သိပ်မပြောပါနဲ့။ Be Professional. တခါတလေ ကိုယ့်ကို သိပ်ခက်တာတွေခိုင်းတယ်လို့ထင်ရင် တခြားသူတွေကိုလည်းကြည့်ပါ။ ခက်တယ်ဆိုတာက မလုပ်တတ်သေးလို့လည်းဖြစ်နိုင်တယ်။ ကိုယ်လုပ်နိုင်တာထက် နည်းနည်းပိုခက်တာကို ခိုင်းရင်ကျေးဇူးတင်လိုက်ပါ။ မဟုတ်ရင် အဲဒါတွေ ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး။ လုပ်ကြည့်ရင်းနဲ့မှပဲတိုးတက်ပါတယ်။

စိတ်ချမ်းသာအောင်ထားပါ။ အဲဒါက ဘာမှလည်းမဆိုင်ဘူးလို့အခုအချိန်မှာ ထင်ရင်လည်းထင်မယ်။ အလုပ်ဆိုတာ တစ်နှစ်၊နှစ်နှစ်လုပ်ရမှာမဟုတ်ဘူး။ ထီမပေါက်ရင် တစ်သက်လုံးလုပ်ရမယ့် ကိစ္စ။ အဲဒါကို သဘောထားမှန်မှန်၊ ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်နိုင်ဖို့ကြိုးစားပါ။ စိတ်မဖိစီးပါစေနဲ့။ တစ်နာရီနဲ့မပြီးရင် နှစ်နာရီလုပ်ပါ။ ကိုယ့်ရဲ့ အရည်အချင်းကို ဖြည့်ဆည်းနေတုန်းမှာ သိပ်ပြီး သက်သာအောင်မနေပါနဲ့။ ဒါတွေက ရင်းနှီးနေတာပါ။ နောက်ပိုအဆင့်မြင့်တဲ့ အလုပ်အတွက် ပြင်ဆင်နေတာ။ software house တွေက အကောင်းဆုံး battle fields တွေပါပဲ။ အဲဒီမှာ timelines နဲ့ကွက်တိလုပ်နိုင်တဲ့သူဟာ နောက်ပိုလစာကောင်းပြီး အလုပ်နည်းသွားတဲ့အလုပ်တွေမှာ သက်သက်သာသာနေနိုင်ပါတယ်။ အလုပ်များတာကို စိတ်မညစ်ပါနဲ့။ စိတ်ညစ်တာက ပိုပြီးအားကုန်ပါတယ်။ အလုပ်လုပ်ရတာကိုပျော်တဲ့သူဟာ အလုပ်များများလုပ်ရလို့ ဘာမှမဖြစ်ပါဘူး။ သေလည်းမသေပါဘူး။ စိတ်မပူပါနဲ့။ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်ပြီးရင် ရမယ့် ကျေနပ်မှုအတွက် အလုပ်လုပ်ပါ။ ကိုယ်လုပ်ပေးလိုက်တဲ့အလုပ်ကြောင့် တပါးသူ အဆင်ပြေသွားတာကို အလေးထားပါ။ အဲဒါဆိုရင် လုပ်ငန်းခွင်မှာ ပျော်လာပါလိမ့်မယ်။

Be Smart.
Be Attentive
Be Understand
Be Trustworthy

Be Professional.
Be Ambitious
Be Workoholic

အတိုကောက်ကတော့ Be S.A.U.T- P.A.Wပါပဲ။
အဲဒီလိုေ-ာက်ပေါတွေပဲ အောင်မြင်ကြပါတယ်။

ကျွန်တော်တို့လည်းေ-ာက်ပေါဖြစ်အောင် ကြိုးစားကြပါစို့လားဗျာ ...........။ ။

R3gAЯDs,
Zer0/0=0ero

1 comment:

ZT said...

အရင် ကုမ္ပဏီတုန်းကတော့ ကုတ်ဒ် နှစ်ခု တိုက်ကြည့်ဖို့ WinDiff သုံးတယ်။ Merge လုပ်ချင်မှ WinMerge သုံးတယ်။ အခုတော့ Beyond Compare သုံးနေတယ်။