Boxing Conversion
Boxing ဆိုတာနဲ့ လက်ဝှေ့ထိုးတယ်များထင်မလားမသိဘူး။ primitive type တွေကို သူတို့အတွက်လုပ်ထားတဲ့ refernce type တွေဆီကို ပြောင်းတာကို Boxing လို့ခေါ်တာပါ။ သေတ္တာထဲထည့်တာပေါ့ခမျာ။ အောက်မှာရှစ်ခုရှိတယ်တဲ့ခင်ဗျ။
- From type
booleanto typeBoolean - From type
byteto typeByte - From type
charto typeCharacter - From type
shortto typeShort - From type
intto typeInteger - From type
longto typeLong - From type
floatto typeFloat - From type
doubleto typeDouble
Double ဆိုတာတွေ့ရင် မနေနိုင်မထိုင်နိုင် 1 cent issue ကိုသတိရမိတယ်ဗျ။ double တွေဟာ သိမ်းစရာရှိတာကို အတည့်မသိမ်းဘူးခင်ဗျ။ ဘာနဲ့တူသလဲဆိုရင် ဟာထဲကလို နွားတွေဖြတ်ပြေးတာကို ခြေထောက်တွေလိုက်ရေကြည့်ပြီး လေးနဲ့စားသလိုမျိုးပေါ့။ လွယ်တာကို ခက်အောင်လုပ်တယ်။ 60 ကို ၅၉.၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ဆိုပြီးသိမ်းတဲ့အတွက် အတွက်အချက်တွေ လုပ်ရင်း လုပ်ရင်း လုပ်ရင်း လုပ်ရင်း နောက်ဆုံး တစ်ပြားကွာကုန်တယ်ပေါ့ဗျာ။ အဲဒါကြောင့်လည်း BigDecimal ပဲနောက်ပိုင်းပြောင်းသုံးကြတယ်။
Run time ကြရင် Boxing conversion တွေက ဒီလိုပြောင်းလဲသတဲ့။
- If p is a value of type
boolean, then boxing conversion converts p into a reference r of class and typeBoolean, such that r.booleanValue()== p
p က boolean ဆိုပါတော့။ လွယ်အောင်ရေးလိုက်ရင် boolean p=true;
ဆိုပါတော့။ run time ရောက်ရင် primitive type boolean လေးကို Reference Type အဖြစ်ပြောင်းပစ်လိုက်တယ်။ ပြောင်းပစ်လိုက်တယ်ဆိုတာမှာ Reference Type Boolean r ထဲကို boolean တန်ဖိုးရောက်သွားတယ်။ B အကြီးတွေ အသေးတွေ ရှုပ်နေတယ်လို့မထင်ပါနဲ့။ Java ရဲ့ကြီးကျယ်သော boxing ပြောင်းလဲမှုကြီးပါ။
Boolean b;
boolean a=true;
b = new Boolean(a);
System.out.println(b.booleanValue());
Boolean ကြီးဟာ reference type ကြီးပါ။ သူက class လည်းဖြစ်တဲ့အတွက် သုံးချင်ရင် new လုပ်ပေးရပါမယ်။ Boolean b= new Boolean("true") ဆိုပြီး တစ်ခါတည်း create လုပ်လိုက်တာကိုကြတော့ auto boxing လို့ခေါ်တယ်ဗျ။ Class တွေကို compare လုပ်နေတာလို့ ခင်ဗျားတို့သတိထားမိရင် == operator ကို သုံးရင်လွဲမယ်ဆိုတာကိုလည်း ပြောစရာမလိုပါဘူး။ Boolean ကြီးကို == နဲ့သွားပြီးတိုက်ဆိုင်ရင် လွဲမှာပဲ။ သူ့ရဲ့ value က .booleanValue() နဲ့ရှာမှထွက်လာမယ်။ .equals () operator နဲ့လည်း နည်းနည်းစမ်းပြီးရေးကြည့်ပါ။ ကျန်တာတွေလည်း အလားတူပါပဲ။
အဲဒီရှစ်မျိုးကို ပြောင်းပြန်လှည့်ပြောရင် တနည်းအားဖြင့် Reference Type ကနေ primitive ကိုပြောင်းတာကို unboxing သေတ္တာထဲက ထုတ်တယ်လို့ဆိုတာပါပဲ။ လူများတွေ boxing/unboxing လုပ်တယ်ဘာညာဆိုတာတွေကို အကြီးကြီးထင်မှာစိုးလို့ပါ။ သိအောင်လုပ်ထားတာကောင်းပါတယ်။
Boxing was introduced in JDK 1.5 to eliminate trivial conversions between primitives (int, boolean, etc) and corresponding wrapper objects (Integer, Boolean, etc). Boxing allows some code to be a bit more concise and legible. It's also useful when using collections (which only take objects, not primitives).
Integer, Boolean စတဲ့ Reference Type Objects တွေကို wrapper objects လို့လည်းခေါ်တယ်ဆိုတာကို ပြောချင်လို့ကူးလာတာပါ။ JDK 1.5 ရဲ့ သိသာထင်ရှားတဲ့အမှတ်အသားတစ်ခုပါပဲ။
အဆင်ပြေကြမယ်လို့ထင်ပါတယ်။
နားမလည်ဘူးလား။ နားလည်လားတော့မသိပါဘူး။ ကြိုးစားပြီး ရှာဖတ်ကြည့်ပါ။ ရေးတေးတေးဖြစ်နေရင်လည်း များများလေးလေ့လာကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တကယ်တမ်း အလုပ်မှာ ဒီလောက်သိစရာမလိုဘူး။ ရေးနေတာကြာပြီ။ ကျွန်တော်ဆို ဒါကို Boxing လား၊ ၀ူရှူးလားမသိဘဲ တစ်နှစ်ခွဲလောက်ရေးနေတာပဲ။ ရေးလို့ဖြစ်ပါတယ်။ ကိုယ်သိနေတာတွေကို ဘယ်လိုခေါ်လဲပြန်ပြီးလေ့လာရတာလည်း ပျော်စရာကောင်းပါရဲ့ဗျာ။
ကဲ Boxing သင်ခန်းစာ ဆုံးလေ၏။ ။
Regards,
Zero.
Ref:
http://javaeye.wordpress.com/2008/06/17/boxing-and-unboxing-conversion/
http://docs.oracle.com/javase/1.5.0/docs/relnotes/features.html
http://forums.techarena.in/software-development/1297430.htm
http://docs.oracle.com/javase/1.5.0/docs/relnotes/features.html
http://forums.techarena.in/software-development/1297430.htm
No comments:
Post a Comment