Sunday, December 18, 2011

Eclipse Shortcuts && Tips

Eclipse Shortcuts && Tips

အခုတလော အိမ်မှာ စာပြန်လုပ်ရင်း လွယ်ကူတဲ့လေ့ကျင့်ခန်းတွေ တင်ဖို့ ပြင်ဆင်နေပါတယ်။
တချို့ကိစ္စတွေဟာ လုပ်နေကြနည်းတွေနဲ့အသားကျပြီး ပိုလွယ်တာတွေ မလုပ်မိတာတွေရှိတတ်တယ်။ ဒါတွေကို နည်းနည်းလောက်ရေးလိုက်ပါတယ်။ စရေးကြမယ့်လူတွေအတွက် good practise တွေဖြစ်စေမယ်ထင်ပါတယ်။

1.User Library in Ecilpse

Jar files တွေကို ပုံမှန်အားဖြင့်
project right clik>Build Path>>Configure Build Path>>Libraries
အဲဒီရောက်ရင် Jar တွေကို Add Jars လုပ်လိုက်တယ်။

အဲဒီ နည်းလမ်းဟာ အင်မတန်မှ အဆင်ပြေပါတယ်။ တော်တော်လည်းလွယ်ကူပါတယ်။ အခုနောက်ပိုင်းမှာ project အသစ်တစ်ခု ရှိတိုင်း လိုတဲ့ jar files တွေ ထပ်ထပ်ထည့်နေရတာ tedious ဖြစ်ရတယ်။ အဲဒီတော့ Eclipse မှာ user library လေးလုပ်ထားလိုက်ရင် နောက် project တွေကို develop လုပ်တဲ့အခါ jar files add နေရတဲ့ အလုပ်တစ်ခုသက်သာသွားမှာပါ။ Jar File အစား user lib တစ်ခုတည်း add လုပ်ရင် လိုအပ်တဲ့ jar တွေ အကုန်ရနိုင်ပါတယ်။

User Library အသစ်တစ်ခု create လုပ်ဖို့ကို Eclipse Menu ထဲက Window>>Preference ထဲသွားပြီး search box မှာ user လို့ရိုက်ထည့်လိုက်ပါ။ Java Build Path>>User Libraries ဆိုတာတွေ့ရင် User Libraries ကို click ခေါက်ပါ။ ပြီးရင် ညာဘက်မှာ New လုပ်ပါ။ New လုပ်ပြီး နာမည်ကို myUserLibs လို့ပေးတယ်ဆိုပါတော့။ myUserLibs ကို click လုပ်ပြီး Add Jars လုပ်ပါ။ လိုချင်တဲ့ Jars files တွေ တစ်ခါတည်း ချိတ်ထားလိုက်ပါ။

အဲဒီ ကိစ္စပြီးရင်
project right clik>Build Path>>Configure Build Path>>Libraries ပြန်သွားပါ။
Add Jars အစား Add Library ရွေးပါ။ User Library ရွေးပြီး next လုပ်ပါ။ အဲဒီမှာ အခုန create လုပ်ထားတဲ့ myUserLibs ကိုတွေ့ပါလိမ့်မယ်။ ရွေးလိုက်ပါ။ အဲဒါပါပဲ။

မထူးခြားပေမယ့် အဆင်ပြေ အသုံးတည့်ပါတယ်။

၂.Ctr+Shift+O (ကွန်ထရိုး ရှစ်ဖ် အို)
နောက်ဆုံးက အိုဖြစ်ပါတယ်။ သုညမဟုတ်ပါဘူး။ တခါတလေ ဘာဖြစ်တတ်လဲဆိုတော့ ရှေ့ကရေးသွားတဲ့သူတွေက warning ပြနေတာလေးတွေကို မသန့်ရှင်းသွားတဲ့အခါမျိုးတွေမှာ အသုံးတည့်ပါတယ်။ အထူးသဖြင့် import လုပ်ထားပြီး မသုံးတဲ့ declaration တွေအတွက်တော့ တစ်ခုချင်းလိုက်ဖျက်နေမယ့်အစား control shift O ကို တစ်ပြိုင်နက်နှိပ်လိုက်ရင် အဲဒီ မလိုဘဲ အပိုဖြစ်နေတာတွေကို IDE က ဖျက်ပေးပါတယ်။

၃။Ctrl+1 (Quick Fix)

ပထမပုံမှာ ကြည့်ရင် Book ဆိုတဲ့ Class က ဘယ်ကမှန်းမသိပါဘူး။ Book က ဒီ example မှာတော့ ကျွန်တော်ရေးထားတဲ့ bean တစ်ခုဖြစ်ပါတယ်။ model package အောက်မှာရှိပါတယ်။ သိပ်မပျင်းတဲ့သူတွေကတော့ import model.Book; လို့ရေးလိုက်ကြမှာပဲ။ ပျင်းချင်လည်းရပါတယ်။ တခါတလေ package အားလုံးကို အာဂုံမဆောင်နိုင်တဲ့အခါမှတော့ အဲဒီ Class ပေါ်မှာ cursor ကို ထားပြီး ctrl+1 လုပ်လိုက်ရင် IDE ကနေ suggest တော်မူပါလိမ့်မယ်။













အောက်ကပုံမှာ suggest လုပ်ထားတာတွေ့နိုင်ပါတယ်။ Book ဆိုတဲ့ class နှစ်ခုရှိတယ်။ ဘယ်ဟာကိုရွေးမလဲမေးပါတယ်။ ကျွန်တော်ရေးထားတဲ့ class က model package အောက်မှာလို့ အခုနကပြောထားတာကို သတိရမယ်ဆိုရင် ဘယ်ဟာကို ရွေးရမယ်ဆိုတာ သိလောက်ပါပြီ။ အဲဒါကို ရွေးလိုက်ရုံနဲ့ import ပေးပါလိမ့်မယ်။ Eclipse မှာ အဲဒါတွေပါပါတယ်။ များများသုံးပေးပါ။












၎။getters and setters

ငယ်တုန်းကတော့ အဲဒါတွေ သိပ်ပျင်းတယ်။ Java Bean တွေရေးရင် အမြဲတမ်းမပါမဖြစ်ဟာ getters and setters ပဲ။ Bean ဆိုလို့ Bean နဲ့ Class ဘာကွာလဲဆိုတဲ့မေးခွန်းတွေရှိပါတယ်။ bean ကတော့ no arg constructor ပါမယ်။ သူ့အထဲက private variableတွေအတွက် public method နဲ့အထုတ်အသွင်းလုပ်နိုင်ဖို့ getters နဲ့ setters ပါမယ်။ reusable ဖြစ်အောင်ရေးထားတာဖြစ်တဲ့အတွက် မလိုအပ်တာတွေကို bean ထဲမထည့်ကြဘူး။ ၀ါသနာပါရင်တော့ ဖြည့်စွက်ရေးလို့ရတယ်။ ကျွန်တော့်အကြိုက်အရတော့ Bean ကို Bean သန့်သန့်လေးပဲထားလေ့ရှိတယ်။ လိုရင် တခြား Helper တစ်ခုခုရေးမယ်။ interface တစ်ခုခုထဲ implements လုပ်ပြီး ရေးချင်လည်းရေးမယ်။ bean ကိုတော့ ရိုးရိုှးရင်းရှင်းပဲထားလိုက်တယ်။ Bean မှာပါတဲ့ Getter, Setter တွေသိပ်များလာရင် ရေးနေရတာ ပျင်းစရာသိပ်ကောင်းတယ်။ Eclipse team ကလည်း ဒါကိုသိပါတယ်။

Bean/Classတစ်ခု ရေးနေတဲ့အခါ
 private String name;
 private int id;
 private String nric;

စတာတွေရေးပြီးရင် right click  နှိပ်ပြီး source ထဲက Generate Getters and Setters ထဲဝင်ပြီး အဲဒီ private variables တွေကို select မှတ်ပြီး OK လုပ်လိုက်ရင် getters တွေ setters တွေ အော်တိုမစ်တစ် လှလှပပလေး ရေးပြီးသားဖြစ်ပါတယ်။ Thank U Eclipse.

၅။ Ctrl+Click

Method တွေဖြစ်ဖြစ်၊ class တွေဖြစ်ဖြစ်၊ control click နဲ့သွားကြည့်ရှာကြည်ရင် မြန်မြန်ရောက်ပြီး error ကိုလည်း ခဏလေးတွေ့နိုင်ပါတယ်။ အဲဒါတွေကို java ရေးနေတဲ့လူတွေ အားလုံး သိကြပါတယ်။ မသိသေးတဲ့ စရေးတဲ့လူတွေအတွက်တော့ အဲဒါတွေဟာ အရေးကြီးပါတယ်။ ကျောင်းတွေမှာ IDE မသင်ပေးလိုက်တဲ့အတွက် IDE အကြောင်းကိုလည်း အချိန်နည်းနည်းယူပြီး လေ့လာသင့်ပါတယ်။ ဒါမှ ကိုယ်သုံးနေတဲ့ IDE ဟာ ဘာတွေ support လုပ်လည်းပိုသိနိုင်ပါလိမ့်မယ်။

Regards,
Zero

No comments: